iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ဆုိတာ လူေတြ အထြတ္အျမတ္အနဲ႔ တသသထားတဲ့ ကိုယ္အဂၤါအစိတ္အပုိင္းတစ္ခုပဲ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ မ်ိဳး႐ုိးအရ ဆံပင္ပါးၾကၿပီး၊ တစ္ခ်ိဳ႕က အသက္ 20 ေလာက္အထိ ဆံပင္ေကာင္းေနရက္နဲ႔ တျဖည္းျဖည္း ကၽြတ္သြားလုိ႔ ပါးသြားၾကသူေတြလည္း ရွိပါတယ္။ တစ္ခ်ိဳ႕က အသက္က 30 မေက်ာ္ေသးဘူး ထိပ္ေျပာင္သူ ေခါင္းေျပာင္သူေတြလည္း ရွိေနပါ
တယ္။ အဲဒီေတာ့ ဆံပင္အတြက္ တန္ဖုိးနည္းနည္းနဲ႔ ထိေရာက္တဲ့ အိမ္သုံးေဆး၀ါးေလးေတြကို ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။ ဆံပင္အတြက္ ထိေရာက္လုိ႔ ယုံယုံၾကည္ၾကည္ သုံးစြဲေစခ်င္ပါတယ္။

(၁) အုန္းႏုိ႔+အုန္းဆီအုန္းသီးအဆံကေန အုန္းႏႈိ႔ထုတ္ယူပါ။ ေခါင္းမွာအသုံးျပဳမွာမုိ႔ ပမာဏကို မိမိဘာသာ စိတ္ႀကိဳက္ခ်ိန္ဆပါ။ အုန္းႏုိ႔ရလာၿပီဆုိရင္ ေခါင္းဦးေရျပားထဲထိ တဖြဖြႏွိပ္နည္းနဲ႔ စိမ့္ေအာင္လူးပါ။ ဆယ္မိနစ္ေလာက္အထိ အခ်ိန္ေပးၿပီး လူးေပးပါ။ ၿပီးရင္ သဘက္တစ္ထည္နဲ႔ မိနစ္ 30 ေလာက္ ေပါင္းထားေပးပါ။ တစ္ပတ္လွ်င္ အနည္းဆုံးႏွစ္ႀကိမ္လုပ္ေပးပါက ဆံပင္ေပါက္ႏႈန္း ျပန္ေကာင္းလာပါလိမ့္မယ္။

(၂) ဆီးျဖဴသီးအဆီ၊ အယ္လ္မြန္သီးအဆီ၊ ပဲနံ႔သာဆီ

ဆီးျဖဴသီးအဆီကေတာ့ အေတာ္ေလး ရွားပါတယ္။ ေအာက္ျပည္ေအာက္ရြာေနသူအဖုိ႔ေတာ့ ဆီးသီးအျဖဴလုိ႔ ထင္စရာရွိပါတယ္။ ဆီးျဖဴသီးက ဆီးျဖဴသီးသာ ျဖစ္ပါတယ္။ ဆီးသီးမ်ိဳးရင္း မဟုတ္ပါ။ အပင္မွာ ဆူးမရွိပါ။ ဆီျဖဴသီးအဆီ မရႏုိင္ရင္ေတာ့ အယ္လ္မြန္အဆီနဲ႔ ပံနံ႔သာကေန ထုတ္လုပ္ထားတဲ့ အဆီကို ေရမခ်ိဳးခင္ တစ္နာရီေလာက္အလုိကတည္းက နံပတ္
(၁)နည္းအတုိင္း သုတ္လိမ္းေပးပါ။ ၿပီးရင္ ေရစင္ေအာင္ ေလွ်ာ္ခ်လုိက္ပါ။
(၃) ဒန္းရြက္၊ တေရာ္၊ ကင္ပြန္း

လူသုံးအမ်ားဆုံး၊ တန္ဖုိးအနည္းဆုံးနဲ႔၊ အထိေရာက္ဆုံးနည္းျဖစ္မယ္ ထင္ပါတယ္။ အညာဘက္မွာေတာ့ ဒီကုန္ၾကမ္းက အလြယ္တစ္ကူ ရွာလုိ႔ရပါတယ္။ သုံးမယ္စလုံးရရင္ သုံးမယ္စလုံး ဆတူေရာၿပီး၊ ဆံပင္ေပါင္းတင္ေဆးအျဖစ္ သုံးႏုိင္ပါ
တယ္။ အလြန္ထိေရာက္တဲ့ ေဆးျဖစ္ပါတယ္။

(၄) ကုလားပဲမႈန္႔+ဒိန္ခ်ဥ္

ကုလားပဲအမႈန္႔နဲ႔ ဒိန္ခ်ဥ္ကုိ ဆဆူေရာစပ္ၿပီး ဆံပင္နဲ႔ ဦးေရျပားကို ေပါင္းတင္တဲ့ နည္းျဖစ္ပါတယ္။ ဒိန္ခ်ဥ္မရရင္လည္း သဘာ၀ ႏြားႏုိ႔ကုိ သုံးလုိ႔ရပါတယ္။ ဆံပင္နဲ႔ ဦးေရျပားကုိ ထိေရာက္ေအာင္ ဖြဖြေလးနယ္တဲ့နည္းနဲ႔ မိနစ္ 30 ေလာက္ၾကာေအာင္ သဘက္နဲ႔ ေပါင္းတင္ထားလုိက္ပါ။ တစ္ပတ္ကို ႏွစ္ႀကိမ္မွ သုံးႀကိမ္အထိ လုပ္ေပးႏုိင္ပါတယ္။
(၅) ပ်ားရည္+သံလြင္ဆီ

ဒီနည္းကလည္း အမ်ိဳးသမီးေတြေတာ္ေတာ္မ်ားမ်ား ေရွးအစဥ္အဆက္ကတည္းက သုံးလာခဲ့တဲ့နည္းျဖစ္ပါတယ္။ သုံးနည္းကလည္း ႐ုိးရွင္းၿပီး အလြန္ထိေရာက္ပါတယ္။ တစ္ပတ္လွ်င္ အနည္းဆုံး သုံးႀကိမ္ခန္႔ သုံးျပဳႏုိင္ၿပီး၊ တစ္လအတြင္း ဆံပင္ေပါက္အား ငါးလအထိ သိသိသာသာ ေကာင္းလာမွာ ျဖစ္ပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဆံပင်ဆိုတာ လူတွေ အထွတ်အမြတ်အနဲ့ တသသထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ချို့ မျိုးရိုးအရ ဆံပင်ပါးကြပြီး၊ တစ်ချို့က အသက် 20 လောက်အထိ ဆံပင်ကောင်းနေရက်နဲ့ တဖြည်းဖြည်း ကျွတ်သွားလို့ ပါးသွားကြသူတွေလည်း ရှိပါတယ်။ တစ်ချို့က အသက်က 30 မကျော်သေးဘူး ထိပ်ပြောင်သူ ခေါင်းပြောင်သူတွေလည်း ရှိနေပါ
တယ်။ အဲဒီတော့ ဆံပင်အတွက် တန်ဖိုးနည်းနည်းနဲ့ ထိရောက်တဲ့ အိမ်သုံးဆေးဝါးလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်အတွက် ထိရောက်လို့ ယုံယုံကြည်ကြည် သုံးစွဲစေချင်ပါတယ်။


(၁) အုန်းနို့+အုန်းဆီအုန်းသီးအဆံကနေ အုန်းနှို့ထုတ်ယူပါ။ ခေါင်းမှာအသုံးပြုမှာမို့ ပမာဏကို မိမိဘာသာ စိတ်ကြိုက်ချိန်ဆပါ။ အုန်းနို့ရလာပြီဆိုရင် ခေါင်းဦးရေပြားထဲထိ တဖွဖွနှိပ်နည်းနဲ့ စိမ့်အောင်လူးပါ။ ဆယ်မိနစ်လောက်အထိ အချိန်ပေးပြီး လူးပေးပါ။ ပြီးရင် သဘက်တစ်ထည်နဲ့ မိနစ် 30 လောက် ပေါင်းထားပေးပါ။ တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ်လုပ်ပေးပါက ဆံပင်ပေါက်နှုန်း ပြန်ကောင်းလာပါလိမ့်မယ်။

(၂) ဆီးဖြူသီးအဆီ၊ အယ်လ်မွန်သီးအဆီ၊ ပဲနံ့သာဆီ

ဆီးဖြူသီးအဆီကတော့ အတော်လေး ရှားပါတယ်။ အောက်ပြည်အောက်ရွာနေသူအဖို့တော့ ဆီးသီးအဖြူလို့ ထင်စရာရှိပါတယ်။ ဆီးဖြူသီးက ဆီးဖြူသီးသာ ဖြစ်ပါတယ်။ ဆီးသီးမျိုးရင်း မဟုတ်ပါ။ အပင်မှာ ဆူးမရှိပါ။ ဆီဖြူသီးအဆီ မရနိုင်ရင်တော့ အယ်လ်မွန်အဆီနဲ့ ပံနံ့သာကနေ ထုတ်လုပ်ထားတဲ့ အဆီကို ရေမချိုးခင် တစ်နာရီလောက်အလိုကတည်းက နံပတ်
(၁)နည်းအတိုင်း သုတ်လိမ်းပေးပါ။ ပြီးရင် ရေစင်အောင် လျှော်ချလိုက်ပါ။
(၃) ဒန်းရွက်၊ တရော်၊ ကင်ပွန်း

လူသုံးအများဆုံး၊ တန်ဖိုးအနည်းဆုံးနဲ့၊ အထိရောက်ဆုံးနည်းဖြစ်မယ် ထင်ပါတယ်။ အညာဘက်မှာတော့ ဒီကုန်ကြမ်းက အလွယ်တစ်ကူ ရှာလို့ရပါတယ်။ သုံးမယ်စလုံးရရင် သုံးမယ်စလုံး ဆတူရောပြီး၊ ဆံပင်ပေါင်းတင်ဆေးအဖြစ် သုံးနိုင်ပါ
တယ်။ အလွန်ထိရောက်တဲ့ ဆေးဖြစ်ပါတယ်။

(၄) ကုလားပဲမှုန့်+ဒိန်ချဉ်

ကုလားပဲအမှုန့်နဲ့ ဒိန်ချဉ်ကို ဆဆူရောစပ်ပြီး ဆံပင်နဲ့ ဦးရေပြားကို ပေါင်းတင်တဲ့ နည်းဖြစ်ပါတယ်။ ဒိန်ချဉ်မရရင်လည်း သဘာ၀ နွားနို့ကို သုံးလို့ရပါတယ်။ ဆံပင်နဲ့ ဦးရေပြားကို ထိရောက်အောင် ဖွဖွလေးနယ်တဲ့နည်းနဲ့ မိနစ် 30 လောက်ကြာအောင် သဘက်နဲ့ ပေါင်းတင်ထားလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။
(၅) ပျားရည်+သံလွင်ဆီ

ဒီနည်းကလည်း အမျိုးသမီးတွေတော်တော်များများ ရှေးအစဉ်အဆက်ကတည်းက သုံးလာခဲ့တဲ့နည်းဖြစ်ပါတယ်။ သုံးနည်းကလည်း ရိုးရှင်းပြီး အလွန်ထိရောက်ပါတယ်။ တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်ခန့် သုံးပြုနိုင်ပြီး၊ တစ်လအတွင်း ဆံပင်ပေါက်အား ငါးလအထိ သိသိသာသာ ကောင်းလာမှာ ဖြစ်ပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top