iMyanmarHouse.com - Best Property Website for Myanmar
×

တ႐ုတ္ေဗဒင္ပညာရပ္ဟာ အလြန္နက္နဲတဲ့ ေဟာကိန္းေတြနဲ႔ အခုအခ်ိန္ထိ ေအာင္ျမင္စြာ ရည္တည္ေနတဲ့ ပညာ ရပ္ ျဖစ္ပါတယ္။ တ႐ုတ္ေဗဒင္ ပညာရွင္ေတြဟာ ေဗဒင္က်မ္းေပါင္းမ်ားစြာအနက္ မွဲ႔ေတြအေၾကာင္း၊ မွဲ႔ေပါက္သူေတြရဲ႕ ေရွ႕ျဖစ္အလားအလာေတြအေၾကာင္းကိုလည္း ေဟာကိန္းေတြ ထုတ္ေ၀ခဲ့ပါတယ္။

အခု ေဖာ္ျပမွာကေတာ့ နဖူးျပင္မွာ မွဲ႔ပါသူေတြရဲ႕ ထူးျခားတဲ့ လကၡဏာရပ္ေတြနဲ႔၊ ဘ၀ေနထုိင္မႈပုံစံျဖစ္ပါတယ္။ နဖူူးဧရိ ယာကုိ ပညာရွင္ေတြက နားထင္ရဲ႕ အစပ္မ်ဥ္းႏွစ္ခုၾကားက ဦးေခါင္းေရွ႕ျခမ္းကုိ နဖူးလုိ႔ ဆုိထားပါတယ္။ အဲဒီ နဖူးဧရိ ယာ အတြင္းမွာ မွဲ႔ေတြဟာ အရြယ္အစား၊ ေနရာ ကြဲျပားမႈေတြ ရွိႏုိ္င္ပါတယ္။ အဓိကအားျဖင့္ေတာ့ ဘယ္ျခမ္းညာျခမ္းကုိ သာ ခြဲေဟာၾကပါတယ္။

နဖူးညာဘက္ျခမ္းမွာ မွဲ႔ရွိတယ္ဆုိရင္ ဘုိးဘြားအဆက္ဆက္ ခ်မ္းသာသူ ဘ၀က ဆင္းသတ္ခဲ့ရသူ ျဖစ္ပါတယ္။ အဓိက အားျဖင့္ေတာ့ နဖူးညာျခမ္းမွာ မွဲ႕ရွိလွ်င္ က်န္းမာျခင္းရဲ႕ လကၡဏာျဖစ္ၿပီး၊ လူမႈနယ္ပယ္မွာလည္း အလြန္ေအာင္ျမင္သူ ျဖစ္တတ္ပါတယ္။ လူတကာနဲ႔ ဆက္ဆံေရး အဆင္ေျပလုိ႔ လူခ်စ္လူခင္ အလြန္မ်ားသူေတြ ျဖစ္ၾကပါတယ္။

နဖူးအလယ္တည့္တည့္မွာ မွဲ႔ရွိရင္ေတာ့ ႀကီးပြားၿပီေဟ့ဆုိရင္ လူတကာ လုိက္မမီႏုိင္တဲ့ ႀကီးပြားမႈကို ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ႏုိင္ငံေရးမွာလည္း ေအာင္ျမင္တတ္ၿပီး၊ တန္ခုိးအရွိန္အ၀ါလည္း အလြန္ႀကီးမားတတ္သူေတြ ျဖစ္ၾကပါတယ္။ ဒါေပမယ့္ အနီးဆုံးလူယုံေတြကိုေတာ့ သတိထားေပါင္းသင့္တယ္လုိ႔ ဆုိထားျပန္ပါတယ္။

အကယ္၍ နဖူးဘက္ဘက္ျခမ္းမွာ မဲွ႔ရွိၿပီး၊ နဖူးဧရိယာလည္း က်ဥ္းတယ္ဆုိရင္ အေျပာရခက္သူေတြ၊ လက္ေပါက္ကတ္
သူေတြ အတၱႀကီးသူေတြ၊ အကူအညီတစ္စုံတစ္ရာ ေတာင္းရင္ မေပးလုိသူေတြ ျဖစ္တတ္ပါတယ္။ တစ္ျခားသူေတြက
လည္း သူ႕အေၾကာင္းကုိ သိလုိ႔ ဆက္ဆံေခၚေျပာျခင္း မျပဳၾကလုိ႔ ပတ္၀န္းက်င္မွာ အထီးက်န္ရသူေတြ ျဖစ္တတ္ပါ
တယ္။

Credit:shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

တရုတ်ဗေဒင်ပညာရပ်ဟာ အလွန်နက်နဲတဲ့ ဟောကိန်းတွေနဲ့ အခုအချိန်ထိ အောင်မြင်စွာ ရည်တည်နေတဲ့ ပညာ ရပ် ဖြစ်ပါတယ်။ တရုတ်ဗေဒင် ပညာရှင်တွေဟာ ဗေဒင်ကျမ်းပေါင်းများစွာအနက် မှဲ့တွေအကြောင်း၊ မှဲ့ပေါက်သူတွေရဲ့ ရှေ့ဖြစ်အလားအလာတွေအကြောင်းကိုလည်း ဟောကိန်းတွေ ထုတ်ဝေခဲ့ပါတယ်။

အခု ဖော်ပြမှာကတော့ နဖူးပြင်မှာ မှဲ့ပါသူတွေရဲ့ ထူးခြားတဲ့ လက္ခဏာရပ်တွေနဲ့၊ ဘဝနေထိုင်မှုပုံစံဖြစ်ပါတယ်။ နဖူူးဧရိ ယာကို ပညာရှင်တွေက နားထင်ရဲ့ အစပ်မျဉ်းနှစ်ခုကြားက ဦးခေါင်းရှေ့ခြမ်းကို နဖူးလို့ ဆိုထားပါတယ်။ အဲဒီ နဖူးဧရိ ယာ အတွင်းမှာ မှဲ့တွေဟာ အရွယ်အစား၊ နေရာ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။ အဓိကအားဖြင့်တော့ ဘယ်ခြမ်းညာခြမ်းကို သာ ခွဲဟောကြပါတယ်။

နဖူးညာဘက်ခြမ်းမှာ မှဲ့ရှိတယ်ဆိုရင် ဘိုးဘွားအဆက်ဆက် ချမ်းသာသူ ဘဝက ဆင်းသတ်ခဲ့ရသူ ဖြစ်ပါတယ်။ အဓိက အားဖြင့်တော့ နဖူးညာခြမ်းမှာ မှဲ့ရှိလျှင် ကျန်းမာခြင်းရဲ့ လက္ခဏာဖြစ်ပြီး၊ လူမှုနယ်ပယ်မှာလည်း အလွန်အောင်မြင်သူ ဖြစ်တတ်ပါတယ်။ လူတကာနဲ့ ဆက်ဆံရေး အဆင်ပြေလို့ လူချစ်လူခင် အလွန်များသူတွေ ဖြစ်ကြပါတယ်။

နဖူးအလယ်တည့်တည့်မှာ မှဲ့ရှိရင်တော့ ကြီးပွားပြီဟေ့ဆိုရင် လူတကာ လိုက်မမီနိုင်တဲ့ ကြီးပွားမှုကို ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးမှာလည်း အောင်မြင်တတ်ပြီး၊ တန်ခိုးအရှိန်အဝါလည်း အလွန်ကြီးမားတတ်သူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အနီးဆုံးလူယုံတွေကိုတော့ သတိထားပေါင်းသင့်တယ်လို့ ဆိုထားပြန်ပါတယ်။

အကယ်၍ နဖူးဘက်ဘက်ခြမ်းမှာ မဲှ့ရှိပြီး၊ နဖူးဧရိယာလည်း ကျဉ်းတယ်ဆိုရင် အပြောရခက်သူတွေ၊ လက်ပေါက်ကတ်
သူတွေ အတ္တကြီးသူတွေ၊ အကူအညီတစ်စုံတစ်ရာ တောင်းရင် မပေးလိုသူတွေ ဖြစ်တတ်ပါတယ်။ တစ်ခြားသူတွေက
လည်း သူ့အကြောင်းကို သိလို့ ဆက်ဆံခေါ်ပြောခြင်း မပြုကြလို့ ပတ်ဝန်းကျင်မှာ အထီးကျန်ရသူတွေ ဖြစ်တတ်ပါ
တယ်။

Credit:shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top