iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္လက္တြဲေဖာ္ရဲ႕ ဖုန္းကို ယူၾကည့္မယ္ဆုိရင္ သင့္ဘက္က အမ်ားၾကီးစဥ္းစားထားသင့္ပါတယ္။ သူ႔အေပၚ သင့္ဘက္က စိုးမိုးႏုိင္လို႔ပဲ ျဖစ္ျဖစ္၊ သင့္အႏြံတာ ခံလို႔ပဲ ျဖစ္ျဖစ္ ဖုန္းကို ယူၾကည့္တယ္ဆိုတာ တစ္ဖက္လူရဲ႕ ပုဂၢိဳလ္ေရးဘဝထဲကို ခ်ိဳးေဖာက္ဝင္ေရာက္သလို ျဖစ္ေနပါတယ္။ ႏွစ္ဦးသားေပ်ာ္ရႊင္ဖို႔ မရွိဘူးဆိုရင္ေတာ့ ဖုန္းကို ယူၾကည့္ဖို႔ ေသခ်ာစဥ္းစားရမွာ ျဖစ္ပါတယ္။

၁ - အားလံုးပ်က္စီးႏုိင္

သင္ယူၾကည့္လို႔ သင့္ရဲ႕လူက တစ္ေယာက္ေယာက္နဲ႔ စကားေျပာထားတာမ်ိဳး ေတြ႕တယ္ဆိုပါဆို႔။ ဒီအခ်က္ေလးတစ္ခုေၾကာင့္နဲ႔ တည္ေဆာက္ထားတဲ့ ႏွစ္ဦးသားဆက္ဆံေရးတစ္ခုလံုး ပ်က္စီးသြားႏုိင္ပါတယ္။  သင့္ရဲ႕လူက လိမ္ေနတယ္လို႔ သံသယရွိတယ္ဆိုရင္  တိုက္ရိုက္စကားေျပာျခင္းက ပိုေကာင္းပါတယ္။  ပုဂၢိဳလ္ေရးအရ စည္းျခားထားရမယ့္အစား ဖုန္းကိုယူၾကည့္ျပီး သူ႔ဘက္က မွားေၾကာင္း သက္ေသျပတယ္ဆိုတာဟာ ျပႆနာကို ေပါက္ဆိန္နဲ႔ ေပါက္သလို ျဖစ္ေနပါတယ္။ သင့္အတြက္ တစ္ပူေပၚ ႏွစ္ပူဆင့္တဲ့ ကိစၥမ်ိဳးေတြ ျဖစ္လာႏုိင္ပါတယ္။

၂ - ဘာလုပ္မလဲ

ယူၾကည့္လို႔ သူ႔ဘက္က လိမ္လည္မႈေတြ ရွိတာကို ေတြ႕တယ္ဆိုရင္ သင့္ဘက္က ဘာလုပ္မလဲဆိုတာ တစ္ခါတည္း စဥ္းစားျပီးမွ ၾကည့္ပါ။ ႏွစ္ဦးသားဆက္ဆံေရးကို ျပတ္စဲခ်င္တယ္ဆိုရင္ ဖုန္းကို ယူၾကည့္ျပီး သက္ေသျပတာထက္ တျခားနည္းလမ္းေတြ အမ်ားၾကီးရွိပါတယ္။ ဖုန္းကို ယူၾကည့္ျပီး အျပစ္ရွာတာ၊ သဝန္တိုတာေတြဟာ ႏွစ္ဦးသားဆက္ဆံေရးကို ထိခိုက္ဖို႔ပဲ ရွိပါတယ္။

၃ - ဘာမွမေတြ႕ဘူး

သင့္ဘက္က ထင္တာကေတာ့ ယူၾကည့္လိုက္ရင္ ဘာမွမေတြ႕ဘူး။ ဒီလိုဘာမွမေတြ႕ရင္ ႏွစ္ဦးသားၾကား ဘာမွထိခိုက္စရာလည္း မရွိေတာ့ဘူးလို႔ ေတြးပါတယ္။ ဒီလို ထင္ျမင္မႈဟာ မွားယြင္းပါတယ္။ သင္နဲ႔ ပတ္သက္ရင္ သင့္ရဲ႕လူဟာ လြပ္လပ္တယ္ဆိုတဲ့ခံစားမႈကို မရေတာ့ပါဘူး။ သင္နဲ႔ပတ္သက္ရင္ စိတ္မွာ အက်ဥ္းအက်ပ္ျဖစ္ေနျပီး စတြဲခါစမွာေတာ့  ျပႆနာမရွိေပမယ့္ ေရရွည္မွာ ျပႆနာ ျဖစ္လာႏုိင္ပါတယ္။

၄ - တံု႔ျပန္မႈ

သင္က သူ႔ဖုန္းကို ၾကည့္တယ္ဆိုရင္ သူကလည္း သင့္ဖုန္းကို ၾကည့္ဖို႔ ေတာင္းဆိုလာႏုိင္ပါတယ္။ ဒါကိုေတာ့ ထည့္တြက္ထားပါ။ ပထမေတာ့ သူက ဒီလိုျပန္ၾကည့္ဖို႔ ေမ့ေနႏုိင္ေပမယ့္ ျပႆနာ တက္တဲ့အခါမ်ိဳးမွာ ရုတ္တရက္ သတိရျပီး သင့္ဖုန္းကိုလည္း ျပန္ၾကည့္မယ္လို႔ ေတာင္းဆုိလာမွာပါ။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ့်လက်တွဲဖော်ရဲ့ ဖုန်းကို ယူကြည့်မယ်ဆိုရင် သင့်ဘက်က အများကြီးစဉ်းစားထားသင့်ပါတယ်။ သူ့အပေါ် သင့်ဘက်က စိုးမိုးနိုင်လို့ပဲ ဖြစ်ဖြစ်၊ သင့်အနွံတာ ခံလို့ပဲ ဖြစ်ဖြစ် ဖုန်းကို ယူကြည့်တယ်ဆိုတာ တစ်ဖက်လူရဲ့ ပုဂ္ဂိုလ်ရေးဘဝထဲကို ချိုးဖောက်ဝင်ရောက်သလို ဖြစ်နေပါတယ်။ နှစ်ဦးသားပျော်ရွှင်ဖို့ မရှိဘူးဆိုရင်တော့ ဖုန်းကို ယူကြည့်ဖို့ သေချာစဉ်းစားရမှာ ဖြစ်ပါတယ်။

၁ - အားလုံးပျက်စီးနိုင်

သင်ယူကြည့်လို့ သင့်ရဲ့လူက တစ်ယောက်ယောက်နဲ့ စကားပြောထားတာမျိုး တွေ့တယ်ဆိုပါဆို့။ ဒီအချက်လေးတစ်ခုကြောင့်နဲ့ တည်ဆောက်ထားတဲ့ နှစ်ဦးသားဆက်ဆံရေးတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။  သင့်ရဲ့လူက လိမ်နေတယ်လို့ သံသယရှိတယ်ဆိုရင်  တိုက်ရိုက်စကားပြောခြင်းက ပိုကောင်းပါတယ်။  ပုဂ္ဂိုလ်ရေးအရ စည်းခြားထားရမယ့်အစား ဖုန်းကိုယူကြည့်ပြီး သူ့ဘက်က မှားကြောင်း သက်သေပြတယ်ဆိုတာဟာ ပြဿနာကို ပေါက်ဆိန်နဲ့ ပေါက်သလို ဖြစ်နေပါတယ်။ သင့်အတွက် တစ်ပူပေါ် နှစ်ပူဆင့်တဲ့ ကိစ္စမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၂ - ဘာလုပ်မလဲ

ယူကြည့်လို့ သူ့ဘက်က လိမ်လည်မှုတွေ ရှိတာကို တွေ့တယ်ဆိုရင် သင့်ဘက်က ဘာလုပ်မလဲဆိုတာ တစ်ခါတည်း စဉ်းစားပြီးမှ ကြည့်ပါ။ နှစ်ဦးသားဆက်ဆံရေးကို ပြတ်စဲချင်တယ်ဆိုရင် ဖုန်းကို ယူကြည့်ပြီး သက်သေပြတာထက် တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ ဖုန်းကို ယူကြည့်ပြီး အပြစ်ရှာတာ၊ သဝန်တိုတာတွေဟာ နှစ်ဦးသားဆက်ဆံရေးကို ထိခိုက်ဖို့ပဲ ရှိပါတယ်။

၃ - ဘာမှမတွေ့ဘူး

သင့်ဘက်က ထင်တာကတော့ ယူကြည့်လိုက်ရင် ဘာမှမတွေ့ဘူး။ ဒီလိုဘာမှမတွေ့ရင် နှစ်ဦးသားကြား ဘာမှထိခိုက်စရာလည်း မရှိတော့ဘူးလို့ တွေးပါတယ်။ ဒီလို ထင်မြင်မှုဟာ မှားယွင်းပါတယ်။ သင်နဲ့ ပတ်သက်ရင် သင့်ရဲ့လူဟာ လွပ်လပ်တယ်ဆိုတဲ့ခံစားမှုကို မရတော့ပါဘူး။ သင်နဲ့ပတ်သက်ရင် စိတ်မှာ အကျဉ်းအကျပ်ဖြစ်နေပြီး စတွဲခါစမှာတော့  ပြဿနာမရှိပေမယ့် ရေရှည်မှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။

၄ - တုံ့ပြန်မှု

သင်က သူ့ဖုန်းကို ကြည့်တယ်ဆိုရင် သူကလည်း သင့်ဖုန်းကို ကြည့်ဖို့ တောင်းဆိုလာနိုင်ပါတယ်။ ဒါကိုတော့ ထည့်တွက်ထားပါ။ ပထမတော့ သူက ဒီလိုပြန်ကြည့်ဖို့ မေ့နေနိုင်ပေမယ့် ပြဿနာ တက်တဲ့အခါမျိုးမှာ ရုတ်တရက် သတိရပြီး သင့်ဖုန်းကိုလည်း ပြန်ကြည့်မယ်လို့ တောင်းဆိုလာမှာပါ။

Credit:duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top