iMyanmarHouse.com - Best Property Website for Myanmar
×

မိမိကုိယ္ကို လူမွန္လုိ႔ ထင္တတ္ၾကသူေတြရဲ႕ ပတ္၀န္းက်င္မွာ လူေတာ္ေတာ္မ်ားမ်ားက သူ႕ကုိဆက္ဆံတဲ့အခါ နည္းနည္း ရွိန္ေနတဲ့သေဘာေလးေတြ ရွိတတ္ပါတယ္။ အခ်စ္ေရးမွာလည္း လက္စလက္န ရွိတဲ့သူေတြကုိ ေတာ္ေတာ္မ်ားမ်ားက ခ်ဥ္းကပ္ဖုိ႔ မႀကိဳးစားပဲ ရွိန္ေနတာမ်ိဳး ရွိတတ္ပါတယ္။ တကယ္လုိ႔ သင့္ ပတ္၀န္းက်င္က အမ်ိဳးသားေတြမွာ ေအာက္ပါ အခ်က္ေတြနဲ႔ ကုိက္ညီေနတယ္ဆုိရင္ သူတုိ႔ သင့္ကုိ ရွိန္ေနတဲ့ သေဘာပါ။

(၁) အနီးအနားမွာေတာ့ရွိတယ္ ဒါေပမယ့္ ဘာမွမေျပာဘူး

သင့္ အနီးအနားမွာ ေကာင္ေလးေတြ ရွိခ်င္ရွိမယ္၊ ဒါေပမယ့္ သင့္ကို အဖက္လုပ္ လာစကားေျပာတဲ့သူ မရွိသေလာက္ ရွားတယ္ဆုိရင္ေတာ့ သူတုိ႔ သင့္အေၾကာင္းကုိ သိလုိ႔ ရွိန္ေနတယ္ ဆုိရမွာပါ။
(၂) သေဘာက်တယ္ ၀န္မခံဘူး

တစ္ခ်ိဳ႕က သင့္ကိုေတာ့ သေဘာက်ၾကပါတယ္။ ဒါကုိ သင္ကုိယ္တုိင္လည္း သိရွိ ခံစားမိတာမ်ိဳးလည္း ရွိခ်င္ ရွိႏုိင္ပါတယ္။ တိတ္တိတ္ကေလး ႀကိတ္ သေဘာက်လုိ႔ သင္ မသိတာမ်ိဳးလည္း ရွိႏုိင္ပါတယ္။ ဒီလုိ သေဘာက်ေပမယ့္ သူုတုိ႕က ဒါကုိ ၀န္ခံဖုိ႔ ၀န္ေလးေနတတ္ပါတယ္။

(၃) မ်က္လုံးခ်င္း အဆက္အသြယ္ကင္းတယ္

လူတစ္ေယာက္ကုိ ရွိန္ေနတယ္ ေၾကာက္ေနတယ္ ရြံ႕ေနတယ္ဆုိရင္ ဘယ္သူမဆုိ မ်က္လုံးခ်င္း စုိက္ၾကည့္ခ်င္ၾကမွာ မဟုတ္ပါဘူး။ သင့္ဘာသာ သင္ ႐ုပ္ရည္က ဘယ္ေလာက္ပဲ လွပေနပါေစ ေၾကာက္တဲ့သူကေတာ့ သင္ သတိမထားမိ
ခ်ိန္မွာ ခုိးၾကည့္ခ်င္ၾကည့္မယ္ ဒီအတုိင္းကေတာ့ မျမင္ခ်င္ေယာင္ ေဆာင္ေနမွာပါ။
(၄) စကားေျပာရင္လည္း သာမန္ပဲ

မျဖစ္မေန စကားေျပာရတဲ့အခါမ်ိဳဳးမွာ သူတုိ႔က သင့္ကို သာမန္ဆက္ဆံေရးပုံစံနဲ႔ စကားေျပာမွာပါ။ RS တစ္ခုခုကို ရည္
စူးၿပီး ေျမစမ္း ခရမ္းပ်ိဳးစကားေတြကုိ သင္ ၾကားရမွာ မဟုတ္ပါဘူး။ ဒါကလည္း သင့္ကုိ ပုဂၢိဳလ္ေရးအရ ရွိန္ေနတဲ့ သေဘာပါ။
(၅) သင္ရွိေနျခင္းအတြက္ သူတုိ႔မွာ မေပါ့မပါးပုံစံ ျဖစ္ေနတယ္

သင္နဲ႔အတူတူ ကားတစ္စီးတည္း၊ တစ္႐ုံးခန္းတည္း၊ တစ္စားပြဲတည္းမွာ ရွိေနတဲ့ အခါမ်ိဳးမွာ သင့္ကုိ ရွိန္ေနၾကတဲ့သူ
ေတြဟာ သာမန္အားျဖင့္ စကားမ်ားသူမ်ား ျဖစ္ရင္ေတာင္၊ သင္ရွိေနတဲ့အခါ ႏႈတ္ဆိတ္ေနတာမ်ိဳး ျဖစ္ပါလိမ့္မယ္။ သူတုိ႔
မွာ သင္ရွိေနျခင္းက မလြတ္လပ္ဖူး ခံစားရလုိ႔ပါ။

(၆) သင့္ အတင္းအဖ်င္းေတြကို တစ္ျခားသူေတြဆီကေန ျပန္ၾကားရမယ္

သင္ဟာ ဘယ္လုိအမ်ိဳးသမီးတစ္ေယာက္ျဖစ္ေၾကာင္းကုိ အေကာင္းက နည္းနည္း အဆုိးက မ်ားမ်ား သင္ ျပန္ၾကားရပါ
လိမ့္မယ္။ ဒီအခ်က္ေတြဟာ သင့္ရဲ႕ ဆင္ျခင္ဉာဏ္နည္းတာနဲ႔အမွ် ပုဂၢိဳလ္ေရးဘ၀ကို ပုိဆုိးေစတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။
(၇) စကားသံေတြ တိတ္သြားတယ္

သင္ မရွိခ်ိန္မွာ သူတုိ႔တစ္ေတြ စကား၀ုိင္းဟာ လက္ပံပင္ ဆက္ရက္က်သလုိ ဆူညံေနႏုိင္ပါတယ္။ ဒါေပမယ့္ သင္ ေရာက္လာတဲ့ ခဏမွာေတာ့ ခ်က္ခ်င္းပဲ အသံေတြ တိတ္သြားတတ္ပါတယ္။ ဆရာတစ္ေယာက္ စာသင္ခန္းထဲ ၀င္လာတဲ့ပုံစံမ်ိဳးေပါ့။ ဒါကလည္း သင့္ကို သူတုိ႔ ရွိန္ေနၿပီဆုိတာ သိသာတဲ့ အခ်က္ပါဘဲ။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိမိကိုယ်ကို လူမှန်လို့ ထင်တတ်ကြသူတွေရဲ့ ပတ်ဝန်းကျင်မှာ လူတော်တော်များများက သူ့ကိုဆက်ဆံတဲ့အခါ နည်းနည်း ရှိန်နေတဲ့သဘောလေးတွေ ရှိတတ်ပါတယ်။ အချစ်ရေးမှာလည်း လက်စလက်န ရှိတဲ့သူတွေကို တော်တော်များများက ချဉ်းကပ်ဖို့ မကြိုးစားပဲ ရှိန်နေတာမျိုး ရှိတတ်ပါတယ်။ တကယ်လို့ သင့် ပတ်ဝန်းကျင်က အမျိုးသားတွေမှာ အောက်ပါ အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် သူတို့ သင့်ကို ရှိန်နေတဲ့ သဘောပါ။

(၁) အနီးအနားမှာတော့ရှိတယ် ဒါပေမယ့် ဘာမှမပြောဘူး

သင့် အနီးအနားမှာ ကောင်လေးတွေ ရှိချင်ရှိမယ်၊ ဒါပေမယ့် သင့်ကို အဖက်လုပ် လာစကားပြောတဲ့သူ မရှိသလောက် ရှားတယ်ဆိုရင်တော့ သူတို့ သင့်အကြောင်းကို သိလို့ ရှိန်နေတယ် ဆိုရမှာပါ။
(၂) သဘောကျတယ် ဝန်မခံဘူး

တစ်ချို့က သင့်ကိုတော့ သဘောကျကြပါတယ်။ ဒါကို သင်ကိုယ်တိုင်လည်း သိရှိ ခံစားမိတာမျိုးလည်း ရှိချင် ရှိနိုင်ပါတယ်။ တိတ်တိတ်ကလေး ကြိတ် သဘောကျလို့ သင် မသိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလို သဘောကျပေမယ့် သူုတို့က ဒါကို ဝန်ခံဖို့ ဝန်လေးနေတတ်ပါတယ်။

(၃) မျက်လုံးချင်း အဆက်အသွယ်ကင်းတယ်

လူတစ်ယောက်ကို ရှိန်နေတယ် ကြောက်နေတယ် ရွံ့နေတယ်ဆိုရင် ဘယ်သူမဆို မျက်လုံးချင်း စိုက်ကြည့်ချင်ကြမှာ မဟုတ်ပါဘူး။ သင့်ဘာသာ သင် ရုပ်ရည်က ဘယ်လောက်ပဲ လှပနေပါစေ ကြောက်တဲ့သူကတော့ သင် သတိမထားမိ
ချိန်မှာ ခိုးကြည့်ချင်ကြည့်မယ် ဒီအတိုင်းကတော့ မမြင်ချင်ယောင် ဆောင်နေမှာပါ။
(၄) စကားပြောရင်လည်း သာမန်ပဲ

မဖြစ်မနေ စကားပြောရတဲ့အခါမျိုုးမှာ သူတို့က သင့်ကို သာမန်ဆက်ဆံရေးပုံစံနဲ့ စကားပြောမှာပါ။ RS တစ်ခုခုကို ရည်
စူးပြီး မြေစမ်း ခရမ်းပျိုးစကားတွေကို သင် ကြားရမှာ မဟုတ်ပါဘူး။ ဒါကလည်း သင့်ကို ပုဂ္ဂိုလ်ရေးအရ ရှိန်နေတဲ့ သဘောပါ။
(၅) သင်ရှိနေခြင်းအတွက် သူတို့မှာ မပေါ့မပါးပုံစံ ဖြစ်နေတယ်

သင်နဲ့အတူတူ ကားတစ်စီးတည်း၊ တစ်ရုံးခန်းတည်း၊ တစ်စားပွဲတည်းမှာ ရှိနေတဲ့ အခါမျိုးမှာ သင့်ကို ရှိန်နေကြတဲ့သူ
တွေဟာ သာမန်အားဖြင့် စကားများသူများ ဖြစ်ရင်တောင်၊ သင်ရှိနေတဲ့အခါ နှုတ်ဆိတ်နေတာမျိုး ဖြစ်ပါလိမ့်မယ်။ သူတို့
မှာ သင်ရှိနေခြင်းက မလွတ်လပ်ဖူး ခံစားရလို့ပါ။

(၆) သင့် အတင်းအဖျင်းတွေကို တစ်ခြားသူတွေဆီကနေ ပြန်ကြားရမယ်

သင်ဟာ ဘယ်လိုအမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းကို အကောင်းက နည်းနည်း အဆိုးက များများ သင် ပြန်ကြားရပါ
လိမ့်မယ်။ ဒီအချက်တွေဟာ သင့်ရဲ့ ဆင်ခြင်ဉာဏ်နည်းတာနဲ့အမျှ ပုဂ္ဂိုလ်ရေးဘဝကို ပိုဆိုးစေတဲ့ အချက်တွေ ဖြစ်ပါတယ်။
(၇) စကားသံတွေ တိတ်သွားတယ်

သင် မရှိချိန်မှာ သူတို့တစ်တွေ စကားဝိုင်းဟာ လက်ပံပင် ဆက်ရက်ကျသလို ဆူညံနေနိုင်ပါတယ်။ ဒါပေမယ့် သင် ရောက်လာတဲ့ ခဏမှာတော့ ချက်ချင်းပဲ အသံတွေ တိတ်သွားတတ်ပါတယ်။ ဆရာတစ်ယောက် စာသင်ခန်းထဲ ဝင်လာတဲ့ပုံစံမျိုးပေါ့။ ဒါကလည်း သင့်ကို သူတို့ ရှိန်နေပြီဆိုတာ သိသာတဲ့ အချက်ပါဘဲ။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top