iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အရသာနဲ႔ ကၽြဲေကာသီးဟာ လူကို က်န္းမာေစတဲ့ သစ္သီးတစ္မ်ိဳး ျဖစ္ပါတယ္။ ကၽြဲေကာသီးေလးကို ဆားေလးနဲ႔တုိ႔စားလိုက္ရရင္ ရင္ပူေနတာေတာင္ သက္သာသြားသလိုပါပဲ။ သူက အ႐ိုးနဲ႔သြားေတြကိုလည္း က်န္းမာေစပါသတဲ့။ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတယ္။ အစာေၾကေစတယ္။ ေသြးေပါင္ခ်ိန္ မွန္ေစၿပီး ေသြးအားနည္းတာကို ကာကြယ္တယ္။ တျခားေကာင္းက်ိဳးေတြကိုေရာ သင္ သိပါသလား?

၁။ ေခ်ာေမြ႕တဲ့အေရျပား

ကၽြဲေကာသီးမွာ ပါဝင္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြက အသားအေရ ေခ်ာေမြ႕ေျပျပစ္ေစဖုိ႔ မ်ားစြာသက္ေရာက္မႈရွိပါတယ္။ ေတာက္ပၿပီး က်န္းမာတဲ့အသားအေရကို လိုခ်င္ရင္ေတာ့ မ်ားမ်ားသာစား။

၂။ ႏုပ်ိဳေစတယ္

ဓာတ္တုိးဆန္႔က်င္ဂုဏ္သတၱိ (antioxidant)ေတြ ရွိေနလို႔လည္း အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးႏုိင္တာပါ။ အထူးသျဖင့္ အေရျပား က်ံဳ႕ႏိုင္ဆန္႔ႏိုင္မႈ ေလ်ာ့နည္းျခင္းနဲ႔ မ်က္ႏွာေပၚမွာ တင္းတိပ္ေပါက္ျခင္းတုိ႔လို အရြယ္မတုိင္မီ အိုမင္းျခင္းေတြ မျဖစ္ေစပါဘူး။

၃။ မ်က္ႏွာေပါင္းတင္

သူက ပိုးမႊားေတြရန္ကိုလည္း ဖယ္ရွားေပးပါေသးတယ္။ အသီးကို အရည္ညႇစ္ၿပီး မ်က္ႏွာမွာ သုတ္ထားလိုက္။ ေျခာက္သြားမွ ေရေဆးခ်လိုက္ရင္ မ်က္ႏွာေပၚမွာ ကပ္ၿငိေနတဲ့ ဘက္တီးရီးယားေတြ စင္သြားပါလိမ့္မယ္။

၄။ ဝိတ္က်ေစ

ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ဖုိ႔ ႀကိဳးစားေနရင္ေတာ့ ကၽြဲေကာသီးေဖ်ာ္ရည္ မ်ားမ်ားေသာက္ပါ။ အဆီေတြကို ေလာင္ကၽြမ္းေပးမယ့္ အင္ဇိုင္းပါဝင္လို႔ ခႏၶာကိုယ္တြင္းရွိ အခ်ိဳဓာတ္နဲ႔ ကစီဓာတ္စုပ္ယူမႈကို ေလ်ာ့က်ေစပါတယ္။

၅။ ကိုလက္စထေရာေလ်ာ့ခ်ေပး

ေသြးတြင္းရွိ အဆီဓာတ္ (cholesterol) ပမာဏကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ အသည္းကေန ကိုလက္စထေရာထုတ္လႊတ္မႈေတြကို ေလ်ာ့က်ေစႏိုင္တာမို႔ ကၽြဲေကာသီးကို စားျခင္းဟာ ခႏၶာကိုယ္အတြက္ေတာ့ ေကာင္းက်ိဳးျဖစ္ေစႏိုင္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချိုချိုချဉ်ချဉ်အရသာနဲ့ ကျွဲကောသီးဟာ လူကို ကျန်းမာစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ကျွဲကောသီးလေးကို ဆားလေးနဲ့တို့စားလိုက်ရရင် ရင်ပူနေတာတောင် သက်သာသွားသလိုပါပဲ။ သူက အရိုးနဲ့သွားတွေကိုလည်း ကျန်းမာစေပါသတဲ့။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ အစာကြေစေတယ်။ သွေးပေါင်ချိန် မှန်စေပြီး သွေးအားနည်းတာကို ကာကွယ်တယ်။ တခြားကောင်းကျိုးတွေကိုရော သင် သိပါသလား?

၁။ ချောမွေ့တဲ့အရေပြား

ကျွဲကောသီးမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အသားအရေ ချောမွေ့ပြေပြစ်စေဖို့ များစွာသက်ရောက်မှုရှိပါတယ်။ တောက်ပပြီး ကျန်းမာတဲ့အသားအရေကို လိုချင်ရင်တော့ များများသာစား။

၂။ နုပျိုစေတယ်

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ (antioxidant)တွေ ရှိနေလို့လည်း အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တာပါ။ အထူးသဖြင့် အရေပြား ကျုံ့နိုင်ဆန့်နိုင်မှု လျော့နည်းခြင်းနဲ့ မျက်နှာပေါ်မှာ တင်းတိပ်ပေါက်ခြင်းတို့လို အရွယ်မတိုင်မီ အိုမင်းခြင်းတွေ မဖြစ်စေပါဘူး။

၃။ မျက်နှာပေါင်းတင်

သူက ပိုးမွှားတွေရန်ကိုလည်း ဖယ်ရှားပေးပါသေးတယ်။ အသီးကို အရည်ညှစ်ပြီး မျက်နှာမှာ သုတ်ထားလိုက်။ ခြောက်သွားမှ ရေဆေးချလိုက်ရင် မျက်နှာပေါ်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေ စင်သွားပါလိမ့်မယ်။

၄။ ဝိတ်ကျစေ

ကိုယ်အလေးချိန် လျော့ချဖို့ ကြိုးစားနေရင်တော့ ကျွဲကောသီးဖျော်ရည် များများသောက်ပါ။ အဆီတွေကို လောင်ကျွမ်းပေးမယ့် အင်ဇိုင်းပါဝင်လို့ ခန္ဓာကိုယ်တွင်းရှိ အချိုဓာတ်နဲ့ ကစီဓာတ်စုပ်ယူမှုကို လျော့ကျစေပါတယ်။

၅။ ကိုလက်စထရောလျော့ချပေး

သွေးတွင်းရှိ အဆီဓာတ် (cholesterol) ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။ အသည်းကနေ ကိုလက်စထရောထုတ်လွှတ်မှုတွေကို လျော့ကျစေနိုင်တာမို့ ကျွဲကောသီးကို စားခြင်းဟာ ခန္ဓာကိုယ်အတွက်တော့ ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။

Credit:duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top