iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတြဟာ တစ္ဦးနဲ႕တစ္ဦး ခ်စ္ၾကတာပါပဲ။ လူမႈကြန္ယက္ေတြေပၚမွာလည္း ခ်စ္ေၾကာင္း ၾကိဳက္ေၾကာင္း ပို႕စ္လုပ္ေနၾကတာပဲ။ ဒါေပမယ့္ သင္တုိ႕ႏွစ္ဦးဟာ တကယ္ကို စိတ္တူကိုယ္တူနဲ႕ အားလံုးအားက်ရတဲ့ စံုတြဲ၊ တစ္ဦးကို တစ္ဦး နားလည္မႈအျပည့္ရွိတဲ့ အမိုက္စား စံုတြဲ ဟုတ္မဟုတ္ဆုိတာ ဒီအခ်က္ကေလးေတြ ၾကည့္ရံုနဲ႕ သိႏိုင္ပါတယ္။ သင္တုိ႕ႏွစ္ဦး တကယ္ကို ဒီအခ်က္ေတြနဲ႕ ကိုက္ညီတယ္ဆုိရင္ေတာ့ ဒီေဆာင္းပါးေလးကေန တစ္ဆင့္ ကြန္ဂရက္က်ဴေလးရွင္း လုပ္လိုက္ပါရေစ။

၁။ႏွစ္ေယာက္စလံုး ကုိယ့္အားကိုယ့္ကိုးသူေတြ ျဖစ္ၾကတယ္။

သင္တုိ႕ႏွစ္ဦးစလံုးဟာ အလုပ္ကိုယ္စီ ရွိၾကသလို သက္ဆုိင္ရာ လူမႈေရးနယ္ပယ္ေတြမွာလည္း အဆင္ေျပစြာ က်င္လည္ႏိုင္ၾကတယ္။ ေပါင္းသင္းဆက္ဆံႏိုင္ၾကတယ္။ တစ္ေယာက္ရဲ႕ ဘ၀ကို ေနာက္တစ္ေယာက္ က ေဘးနားကေန အတင္း၀င္ပါေနရတာမ်ိဳး မရွိဘူး။ ဆုိလိုတာက သင္တုိ႕တစ္ဦးခ်င္းစီမွာ စိတ္လံုျခံဳမႈ၊ ကိုယ့္ကိုကုိယ္ ယံုၾကည္မႈေတြ ရွိေနၾကတယ္။ ဒီလို ျမင္ရတာ စိတ္ခ်မ္းသာစရာ တစ္ခုပဲေလ။ ကိုယ့္ခ်စ္သူေနာက္ တစ္ေကာက္ေကာက္လိုက္ျပီး ဘာအလုပ္မွ မရွိ၊ အခ်စ္ကလြဲျပီး ဘာမွ စိတ္မ၀င္စားတဲ့သူေတြထက္ အမ်ားၾကီးေကာင္းမြန္သာလြန္တဲ့ ဘ၀တစ္ခုကို သင္တုိ႕ႏွစ္ဦး ပိုင္ဆုိင္ထားပါတယ္။

၂။တစ္ဦးနဲ႕တစ္ဦး ဆုိရွယ္မီဒီယာေတြေပၚ အရွက္ခြဲေျပာဆုိျခင္း မလုပ္ၾကဘူး။

သင္တုိ႕ႏွစ္ဦး ျပသနာတက္တယ္ပဲထား။ ဒါနဲ႕ပတ္သက္ျပီး သင္တုိ႕ႏွစ္ဦးစလံုးဟာ ကိုယ့္သိကၡာကိုယ္အျမဲ ထိန္းသိမ္းျပီး ဆဲဆိုတာမ်ိဳး မလုပ္တတ္သလို ခုျဖစ္တဲ့အေၾကာင္းအရာကို ေဖ့စ္ဘြတ္ခ္ေပၚတင္ျပီး ကုိယ့္ခ်စ္သူကို အရွက္မခြဲတတ္ၾကပါဘူး။

၃။ဆုိရွယ္မီဒီယာတင္ မဟုတ္ပဲ တစ္ဦးနဲ႕တစ္ဦး ဘယ္ေလာက္ခ်စ္ေၾကာင္း မၾကာခဏေျပာတတ္ၾကတယ္။

လူေတြက တစ္ေယာက္ကုိတစ္ေယာက္ ခ်စ္တယ္ဆုိတာ လူေတြၾကားထဲ ေျပာမွသာ ေကာင္းတယ္ထင္ေနၾကတာပါ။ အမွန္တကယ္ကို ကိုယ့္ခ်စ္သူကို ကိုယ့္ဖြင့္ဟတာ ေဖ့စ္ဘြတ္ခ္ေပၚမွမဟုတ္ဘူးေလ။ သူ႔မ်က္ႏွာကိုၾကည့္ျပီး သူဟာ ကုိယ့္အတြက္ ဘယ္ေလာက္ထိ အေရးပါေၾကာင္းေျပာေတာ့ ပိုမေကာင္းဘူးလား။ သင္တုိ႕ႏွစ္ဦးေရာ ခုလို မၾကာခဏ ေျပာျဖစ္ၾကပါသလား။

၄။တစ္ခါတစ္ေလေတာ့ သူနဲ႕သေဘာထားကြဲလြဲတာေတြ ရွိပါတယ္။

သင္တုိ႕ႏွစ္ဦးဟာ ခဏခဏ မဟုတ္ေပမယ့္ တစ္ခါတစ္ေလေတာ့ ျပသနာျဖစ္တတ္တယ္။ တစ္ေယာက္အျမင္နဲ႕တစ္ေယာက္ မတူတာမ်ိဳးေတြ ရွိတတ္တယ္။ ဒါဟာ ဘာမွမျဖစ္ပါဘူး။ လူတစ္ေယာက္နဲ႕တစ္ေယာက္ စိတ္သေဘာထားခ်င္း မတူညီတာကေတာ့ ရွိမွာပါပဲ။ တစ္ခ်ိန္လံုး ျပသနာတက္ေနတာထက္စာရင္ တစ္ခါတစ္ေလ ျပသနာတက္တာေလးေတြကေနတစ္ဆင့္ သူ႕အျမင္က ဘယ္လိုရွိတယ္၊ သူ႔အၾကိဳက္က ဘယ္လုိရွိတယ္ဆုိတာ သိလာျပီး တစ္ဦးနဲ႕တစ္ဦး ေလးစားသမႈနဲ႕ ဆက္လက္ ဆက္ဆံေနေသးတယ္ဆုိရင္ ဒါဟာ အေတာ္ေကာင္းမြန္တဲ့ အခ်စ္ေရးပါ။

၅။ဘယ္ေလာက္အခ်ိန္ၾကာၾကာ တြဲလာခဲ့ျပီးျဖစ္ပါေစ တစ္ေယာက္နဲ႕တစ္ေယာက္ဆြဲေဆာင္မႈရွိေနၾကတယ္။

အမိုက္စား အတြဲေတြဆုိတာ အခ်ိန္ဘယ္ေလာက္ၾကာၾကာ တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္ေမတၱာေတြ ရင့္သန္ေနတာမ်ိဳး၊ တစ္ဦးက တစ္ဦးအတြက္ ဆက္စီျဖစ္ေနတာမ်ိဳးပါ။ "ငါတုိ႕တြဲတာၾကာျပီ လာ ငယ္ငယ္တုန္းကလို ဘားေလးတစ္ခုေလာက္သြားျပီး ၁၈ႏွစ္အရြယ္တုန္းကလို ေနၾကရေအာင္"လို႕ေတာ့ မဟုတ္ပါဘူး။ တစ္ဦးနဲ႕တစ္ဦး အခ်ိန္ၾကေပမယ့္ ခ်စ္ေမတၱာလံုး၀ေလ်ာ့မသြားဘူးဆုိတာကို ျပသေနတာပါပဲ။

၆။တစ္ေယာက္ေအာင္ျမင္မႈအတြက္ တစ္ေယာက္က အျမဲ စိတ္တူကိုယ္တူ ေပ်ာ္ရႊင္ေပးၾကတယ္။

တကယ္ခ်စ္ၾကတဲ့ စံုတြဲေတြဆုိတာ တစ္ေယာက္ျဖစ္လာဖုိ႕ တစ္ေယာက္က အတတ္ႏိုင္ဆံုး ပံ့ပိုးေပးၾကသလို တစ္ေယာက္ေအာင္ျမင္မႈအတြက္ တစ္ေယာက္က စိတ္ထဲက ထပ္တူၾကည္ႏူးပီတိျဖစ္တာမ်ိဳးပါ။ ကိုယ့္ခ်စ္သူက စိတ္ပင္ပန္းဆင္းရဲေနမယ္ဆုိရင္လည္း သူတုိ႕အတြက္ အျမဲအသင့္ရွိေနတတ္သလို ကိုယ့္ခ်စ္သူ ေပ်ာ္ရႊင္ေနတာကို အျမဲျမင္ရေအာင္ တစ္ဖက္က ၾကိဳးစားေပးေနၾကတာမ်ိဳးေပါ့။

၇။တစ္ေယာက္ ၀ါသနာပါတာကို တစ္ေယာက္က သေဘာတူ ပံံ့ပိုးေပးၾကတယ္။

ကိုယ့္ခ်စ္သူရဲ႕ ၀ါသနာက အူေၾကာင္ေၾကာင္ႏိုင္ေနပါေစ၊ ကိုယ္နဲ႕မတူတဲ့ ၀ါသနာမ်ိဳးရွိေနရင္ေတာင္ သူတုိ႕ေပ်ာ္ရႊင္တဲ့အရာေတြ လုုပ္ေဆာင္ႏိုင္ဖုိ႕ အားေပးေနတာမ်ိဳးေပါ့။ ဒီလို စံုတြဲမ်ိဳးဆုိတာ ေတြ႔ရခဲပါတယ္။

၈။သင္တုိ႕ႏွစ္ဦးမွာ တူညီတာေတြ ေတာ္ေတာ္မ်ားမ်ားရွိေနတယ္။

တစ္ေယာက္နဲ႕တစ္ေယာက္ မတူညီ၊ သေဘာထား ဘယ္ေလာက္မတုိက္ဆုိင္ေနပါေစ၊ နားလည္ေပးျပီး တူညီတဲ့အရာေတြကိုေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ တန္ဖိုးထား ေ၀မ်ွေပးသြားတဲ့ အတြဲေတြ ရွိပါတယ္။ ဒါ ေတာ္ေတာ္ေလး ေကာင္းတဲ့အရာပါ။ လူေတြက ကိုယ္နဲ႕မတူညီရင္ ဒါအမွားလုိ႕ ထင္ၾကပါတယ္။ ဒါမလုပ္သင့္ဘူးလို႕ သတ္မွတ္ၾကတာမ်ားပါတယ္။ သင့္ခ်စ္သူကေတာ့ ဒီလို မဟုတ္ပဲ နားလည္ေပးႏိုင္သူ၊ ေ၀မ်ွလက္ခံႏိုင္သူဆုိရင္ သင္တုိ႕အတြဲဟာ အျမဲတမ္းေပ်ာ္ရႊင္ေနရမယ့္ အတြဲပါပဲ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ချစ်သူတွေဟာ တစ်ဦးနဲ့တစ်ဦး ချစ်ကြတာပါပဲ။ လူမှုကွန်ယက်တွေပေါ်မှာလည်း ချစ်ကြောင်း ကြိုက်ကြောင်း ပို့စ်လုပ်နေကြတာပဲ။ ဒါပေမယ့် သင်တို့နှစ်ဦးဟာ တကယ်ကို စိတ်တူကိုယ်တူနဲ့ အားလုံးအားကျရတဲ့ စုံတွဲ၊ တစ်ဦးကို တစ်ဦး နားလည်မှုအပြည့်ရှိတဲ့ အမိုက်စား စုံတွဲ ဟုတ်မဟုတ်ဆိုတာ ဒီအချက်ကလေးတွေ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ သင်တို့နှစ်ဦး တကယ်ကို ဒီအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေ တစ်ဆင့် ကွန်ဂရက်ကျူလေးရှင်း လုပ်လိုက်ပါရစေ။

၁။နှစ်ယောက်စလုံး ကိုယ့်အားကိုယ့်ကိုးသူတွေ ဖြစ်ကြတယ်။

သင်တို့နှစ်ဦးစလုံးဟာ အလုပ်ကိုယ်စီ ရှိကြသလို သက်ဆိုင်ရာ လူမှုရေးနယ်ပယ်တွေမှာလည်း အဆင်ပြေစွာ ကျင်လည်နိုင်ကြတယ်။ ပေါင်းသင်းဆက်ဆံနိုင်ကြတယ်။ တစ်ယောက်ရဲ့ ဘဝကို နောက်တစ်ယောက် က ဘေးနားကနေ အတင်းဝင်ပါနေရတာမျိုး မရှိဘူး။ ဆိုလိုတာက သင်တို့တစ်ဦးချင်းစီမှာ စိတ်လုံခြုံမှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ရှိနေကြတယ်။ ဒီလို မြင်ရတာ စိတ်ချမ်းသာစရာ တစ်ခုပဲလေ။ ကိုယ့်ချစ်သူနောက် တစ်ကောက်ကောက်လိုက်ပြီး ဘာအလုပ်မှ မရှိ၊ အချစ်ကလွဲပြီး ဘာမှ စိတ်မဝင်စားတဲ့သူတွေထက် အများကြီးကောင်းမွန်သာလွန်တဲ့ ဘဝတစ်ခုကို သင်တို့နှစ်ဦး ပိုင်ဆိုင်ထားပါတယ်။

၂။တစ်ဦးနဲ့တစ်ဦး ဆိုရှယ်မီဒီယာတွေပေါ် အရှက်ခွဲပြောဆိုခြင်း မလုပ်ကြဘူး။

သင်တို့နှစ်ဦး ပြသနာတက်တယ်ပဲထား။ ဒါနဲ့ပတ်သက်ပြီး သင်တို့နှစ်ဦးစလုံးဟာ ကိုယ့်သိက္ခာကိုယ်အမြဲ ထိန်းသိမ်းပြီး ဆဲဆိုတာမျိုး မလုပ်တတ်သလို ခုဖြစ်တဲ့အကြောင်းအရာကို ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး ကိုယ့်ချစ်သူကို အရှက်မခွဲတတ်ကြပါဘူး။

၃။ဆိုရှယ်မီဒီယာတင် မဟုတ်ပဲ တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ချစ်ကြောင်း မကြာခဏပြောတတ်ကြတယ်။

လူတွေက တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာ လူတွေကြားထဲ ပြောမှသာ ကောင်းတယ်ထင်နေကြတာပါ။ အမှန်တကယ်ကို ကိုယ့်ချစ်သူကို ကိုယ့်ဖွင့်ဟတာ ဖေ့စ်ဘွတ်ခ်ပေါ်မှမဟုတ်ဘူးလေ။ သူ့မျက်နှာကိုကြည့်ပြီး သူဟာ ကိုယ့်အတွက် ဘယ်လောက်ထိ အရေးပါကြောင်းပြောတော့ ပိုမကောင်းဘူးလား။ သင်တို့နှစ်ဦးရော ခုလို မကြာခဏ ပြောဖြစ်ကြပါသလား။

၄။တစ်ခါတစ်လေတော့ သူနဲ့သဘောထားကွဲလွဲတာတွေ ရှိပါတယ်။

သင်တို့နှစ်ဦးဟာ ခဏခဏ မဟုတ်ပေမယ့် တစ်ခါတစ်လေတော့ ပြသနာဖြစ်တတ်တယ်။ တစ်ယောက်အမြင်နဲ့တစ်ယောက် မတူတာမျိုးတွေ ရှိတတ်တယ်။ ဒါဟာ ဘာမှမဖြစ်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်း မတူညီတာကတော့ ရှိမှာပါပဲ။ တစ်ချိန်လုံး ပြသနာတက်နေတာထက်စာရင် တစ်ခါတစ်လေ ပြသနာတက်တာလေးတွေကနေတစ်ဆင့် သူ့အမြင်က ဘယ်လိုရှိတယ်၊ သူ့အကြိုက်က ဘယ်လိုရှိတယ်ဆိုတာ သိလာပြီး တစ်ဦးနဲ့တစ်ဦး လေးစားသမှုနဲ့ ဆက်လက် ဆက်ဆံနေသေးတယ်ဆိုရင် ဒါဟာ အတော်ကောင်းမွန်တဲ့ အချစ်ရေးပါ။

၅။ဘယ်လောက်အချိန်ကြာကြာ တွဲလာခဲ့ပြီးဖြစ်ပါစေ တစ်ယောက်နဲ့တစ်ယောက်ဆွဲဆောင်မှုရှိနေကြတယ်။

အမိုက်စား အတွဲတွေဆိုတာ အချိန်ဘယ်လောက်ကြာကြာ တစ်ယောက်နဲ့တစ်ယောက် ချစ်မေတ္တာတွေ ရင့်သန်နေတာမျိုး၊ တစ်ဦးက တစ်ဦးအတွက် ဆက်စီဖြစ်နေတာမျိုးပါ။ "ငါတို့တွဲတာကြာပြီ လာ ငယ်ငယ်တုန်းကလို ဘားလေးတစ်ခုလောက်သွားပြီး ၁၈နှစ်အရွယ်တုန်းကလို နေကြရအောင်"လို့တော့ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး အချိန်ကြပေမယ့် ချစ်မေတ္တာလုံးဝလျော့မသွားဘူးဆိုတာကို ပြသနေတာပါပဲ။

၆။တစ်ယောက်အောင်မြင်မှုအတွက် တစ်ယောက်က အမြဲ စိတ်တူကိုယ်တူ ပျော်ရွှင်ပေးကြတယ်။

တကယ်ချစ်ကြတဲ့ စုံတွဲတွေဆိုတာ တစ်ယောက်ဖြစ်လာဖို့ တစ်ယောက်က အတတ်နိုင်ဆုံး ပံ့ပိုးပေးကြသလို တစ်ယောက်အောင်မြင်မှုအတွက် တစ်ယောက်က စိတ်ထဲက ထပ်တူကြည်နူးပီတိဖြစ်တာမျိုးပါ။ ကိုယ့်ချစ်သူက စိတ်ပင်ပန်းဆင်းရဲနေမယ်ဆိုရင်လည်း သူတို့အတွက် အမြဲအသင့်ရှိနေတတ်သလို ကိုယ့်ချစ်သူ ပျော်ရွှင်နေတာကို အမြဲမြင်ရအောင် တစ်ဖက်က ကြိုးစားပေးနေကြတာမျိုးပေါ့။

၇။တစ်ယောက် ဝါသနာပါတာကို တစ်ယောက်က သဘောတူ ပံံ့ပိုးပေးကြတယ်။

ကိုယ့်ချစ်သူရဲ့ ဝါသနာက အူကြောင်ကြောင်နိုင်နေပါစေ၊ ကိုယ်နဲ့မတူတဲ့ ဝါသနာမျိုးရှိနေရင်တောင် သူတို့ပျော်ရွှင်တဲ့အရာတွေ လုုပ်ဆောင်နိုင်ဖို့ အားပေးနေတာမျိုးပေါ့။ ဒီလို စုံတွဲမျိုးဆိုတာ တွေ့ရခဲပါတယ်။

၈။သင်တို့နှစ်ဦးမှာ တူညီတာတွေ တော်တော်များများရှိနေတယ်။

တစ်ယောက်နဲ့တစ်ယောက် မတူညီ၊ သဘောထား ဘယ်လောက်မတိုက်ဆိုင်နေပါစေ၊ နားလည်ပေးပြီး တူညီတဲ့အရာတွေကိုတော့ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထား ဝေမျှပေးသွားတဲ့ အတွဲတွေ ရှိပါတယ်။ ဒါ တော်တော်လေး ကောင်းတဲ့အရာပါ။ လူတွေက ကိုယ်နဲ့မတူညီရင် ဒါအမှားလို့ ထင်ကြပါတယ်။ ဒါမလုပ်သင့်ဘူးလို့ သတ်မှတ်ကြတာများပါတယ်။ သင့်ချစ်သူကတော့ ဒီလို မဟုတ်ပဲ နားလည်ပေးနိုင်သူ၊ ဝေမျှလက်ခံနိုင်သူဆိုရင် သင်တို့အတွဲဟာ အမြဲတမ်းပျော်ရွှင်နေရမယ့် အတွဲပါပဲ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top