iMyanmarHouse.com - Best Property Website for Myanmar
×




 Credit:trend myanmar
ပို့သပေးပါတယ်။

#Unicode Version
သင့်ပတ်ဝန်းကျင်မှာ အထာကျကျနဲ့ လိုက်ဖက်ညီအောင် ဝတ်တတ်စားတဲ့စုံတွဲတွေကို သင်မြင်ဖူးမှာပါ။ သူတို့ကို ကြည့်ပြီး သင်အနေနဲ့အားကျမိမှာလည်း အမှန်ပါ။ Relationship တစ်ခုခုမှာ အစစအရာရာလိုက်ဖက်ညီဖို့လည်း လိုသေးတယ်မဟုတ်ပါလား။ သင့်အနေနဲ့ သင့်ချစ်သူနဲ့အတူတူ အထာကျကျ ဖြစ်နေစေဖို့ တကယ့်ကို လိုက်ဖက်ညီအောင် ဝတ်တတ်စားတတ်တဲ့ စုံတွဲတွေဆီကနေ အောက်က အချက် (၃)ချက်ကို  မဖြစ်မနေ သိကိုသိထားသင့်ပါတယ်။

၁-လိုက်လျောညီထွေရှိတာ
စုံတွဲတွေကြားမှာ မဖြစ်နေသိထားဖို့လိုတဲ့ Tipလေးပါ။သင်တို့နှစ်ယောက်တည်း ရှိနေတဲ့အချိန် တစ်ယောက် ဝတ်တာနဲ့တစ်ယောက် လိုက်ဖက်ညီနေအောင်ဝတ်နေဖို့ မလိုပါဘူး။ ဒါပေမယ့် အပြင်ကိုသွားမယ် ပွဲတွေသွားမယ် လူအများနဲ့ဆက်စပ်ရမယ်ဆိုတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်က ဝတ်တာစားတာ လိုက်ဖက်နေဖို့လိုအပ်ပါတယ်။

၂-အမြဲတမ်းဆင်တူဖြစ်နေဖို့မလိုပါ
စုံတွဲဆိုတိုင်း ဝတ်သမျှအရောင်တူ ပုံစံတူဖြစ်နေဖို့မလိုပါဘူး။ သင့်ပတ်ဝန်းကျင်က အထာကျကျစုံတွဲတွေကိုပဲ ကြည့်လိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီနေရင်ကို ကောင်းကောင်းလုံလောက်နေပါပြီ။

၃-တစ်ယောက်နဲ့တစ်ယောက်ကြည့်ကောင်းစေဖို့ အကြံပေးတတ်ကြတာ
အကြံကောင်းတွေကလည်း သင်တို့နှစ်ယောက်ကို ပြောင်းလဲစေပါတယ်။ သူနဲ့ဘာလိုက်ဖက်လဲ မလိုက်ဖက်သလဲဆိုတာ အပြန်အလှန်အကြံပေးကြရင်း ပိုပြီးပျော်ရွှင်စေမှာဖြစ်သလို သင့်တို့ရဲ့ Fashion Level ကို တစ်ဆင့်ထပ်တက်စေမှာဖြစ်ပါတယ်။
 Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top