iMyanmarHouse.com - Best Property Website for Myanmar
×

ေရပန္းစားမီဒီယာ ယဥ္ေက်းမႈ၏ စိတ္ပညာ ဆိုတဲ့ စာအုပ္ထဲမွာ ပံုႏွိပ္ ေဖာ္ျပခဲ့တဲ့ ေလ့လာမႈ တစ္ခုအရေတာ့ သင္ဟာ သင့္စမတ္ဖုန္းနဲ႔ အခ်ိန္ပိုျဖဳန္းေလေလ သင့္အခ်စ္ေရဟာလည္း စိတ္ေက်နပ္မႈေတြ ေလ်ာ့နည္းေလေလ ျဖစ္တယ္လို႔ သိရွိရပါတယ္။

ထို ေလ့လာမႈေတာ့ အခ်စ္ေရး တစ္ခု ပိုင္ဆိုင္ထားတဲ့ ေကာလိပ္ေက်ာင္းသား ၁၇၀ ေယာက္ ပါ၀င္ၿပီး သူတို႔ကို စမတ္ဖုန္းေတြနဲ႔ ပတ္သက္တဲ့ အေလ့အက်င့္ ေတြ ၊ သူတို႔ရဲ ႔ စမတ္ဖုန္းေတြအေပၚ ဘယ္ေလာက္ထိ မွီခိုေနတယ္ဆိုတာေတြ နဲ႔ စမတ္ဖုန္းမရွိပဲ တစ္ေန႔တာ ကုန္ဆံုးရတဲ့ အခါ ဘယ္လို ခံစားရလဲ စတာေတြကို ေမးျမန္းခဲ့ပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ေမးခဲ့တဲ့ ေမးခြန္းတစ္ခုကေတာ့ သူတို႔ရဲ ႔ လက္တြဲေဖာ္ေတြအေနနဲ႔ သူတို႔ရဲ ႔ စမတ္ဖုန္းေတြအေပၚ ဘယ္ေလာက္မွီခိုေနတယ္လို႔ ထင္လဲ ဆိုတာပါပဲ။

ရလဒ္အေနနဲ႔ကေတာ့ လူေတြဟာ သူတို႔ရဲ ႔ လက္တြဲေဖာ္ အေနနဲ႔ စမတ္ဖုန္းအေပၚမွာ စိတ္ရွိေနျခင္းကို မနာလို ျဖစ္ၾကတယ္ဆိုတာပါပဲ။ ဒါ့အျပင္ စမတ္ဖုန္းသံုးစြဲမႈ အေပၚ အရမ္းမွီခိုေနသူေတြနဲ႔ ခ်စ္သူက စမတ္ဖုန္းအေပၚ အရမ္းမွီခိုေနတယ္လို႔ ခံစားရသူေတြဟာ အခ်စ္ေရးမွာလည္း စိတ္ေက်နပ္မႈ မရရွိၾကဘူးလို႔ သိရပါတယ္။

တစ္ကယ္ေတာ့ ဒါဟာ မထူးဆန္းပါဘူး။ အေမရိကန္ ျပည္ေထာင္စု ရဲ ႔ လူငယ္ ၂၀ ရာခိုင္ႏႈန္းခန္႔ဟာ လိင္ဆက္ဆံေနစဥ္မွာေတာင္ ဖုန္းသံုးေနေလ့ရွိေနၾကပါတယ္။ ဒါဟာ အခ်စ္ေရးေတြ ပ်က္စီး ၿပိဳကြဲျခင္း ရဲ ႔ အစ ပဲ ျဖစ္ပါတယ္။

သင့္ရဲ ႔ အခ်စ္နဲ႔ တည္ေဆာက္ထားတဲ့ ဘ၀ ကို ပိုမို ေကာင္းမြန္လာေစဖို႔အတြက္ဆိုရင္ေတာ့ သင့္ရဲ ႔ စမတ္ဖုန္းကို ေအာက္ခ်ထားလိုက္ပါ။ အဲဒါဟာ သင့္ကို စိတ္ဖိစီးမႈေတြလည္း ေလ်ာ့နည္းေစၿပီး အိပ္ေရး၀လာေအာင္လည္း ကူညီေပးႏိုင္ပါလိမ့္မယ္။

မယံုရင္ ခ်စ္သူနဲ႔ အတူရွိတဲ့တစ္ေန႔ ၂ ေယာက္လံုးရဲ ႔ ဖုန္းေတြကို Airplane Mode လုပ္ထားၿပီး တစ္ေန႔ေလာက္ျဖတ္သန္းၾကည့္လိုက္ပါ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ရေပန်းစားမီဒီယာ ယဉ်ကျေးမှု၏ စိတ်ပညာ ဆိုတဲ့ စာအုပ်ထဲမှာ ပုံနှိပ် ဖော်ပြခဲ့တဲ့ လေ့လာမှု တစ်ခုအရတော့ သင်ဟာ သင့်စမတ်ဖုန်းနဲ့ အချိန်ပိုဖြုန်းလေလေ သင့်အချစ်ရေဟာလည်း စိတ်ကျေနပ်မှုတွေ လျော့နည်းလေလေ ဖြစ်တယ်လို့ သိရှိရပါတယ်။

ထို လေ့လာမှုတော့ အချစ်ရေး တစ်ခု ပိုင်ဆိုင်ထားတဲ့ ကောလိပ်ကျောင်းသား ၁၇၀ ယောက် ပါဝင်ပြီး သူတို့ကို စမတ်ဖုန်းတွေနဲ့ ပတ်သက်တဲ့ အလေ့အကျင့် တွေ ၊ သူတို့ရဲ့ စမတ်ဖုန်းတွေအပေါ် ဘယ်လောက်ထိ မှီခိုနေတယ်ဆိုတာတွေ နဲ့ စမတ်ဖုန်းမရှိပဲ တစ်နေ့တာ ကုန်ဆုံးရတဲ့ အခါ ဘယ်လို ခံစားရလဲ စတာတွေကို မေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် မေးခဲ့တဲ့ မေးခွန်းတစ်ခုကတော့ သူတို့ရဲ့ လက်တွဲဖော်တွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းတွေအပေါ် ဘယ်လောက်မှီခိုနေတယ်လို့ ထင်လဲ ဆိုတာပါပဲ။

ရလဒ်အနေနဲ့ကတော့ လူတွေဟာ သူတို့ရဲ့ လက်တွဲဖော် အနေနဲ့ စမတ်ဖုန်းအပေါ်မှာ စိတ်ရှိနေခြင်းကို မနာလို ဖြစ်ကြတယ်ဆိုတာပါပဲ။ ဒါ့အပြင် စမတ်ဖုန်းသုံးစွဲမှု အပေါ် အရမ်းမှီခိုနေသူတွေနဲ့ ချစ်သူက စမတ်ဖုန်းအပေါ် အရမ်းမှီခိုနေတယ်လို့ ခံစားရသူတွေဟာ အချစ်ရေးမှာလည်း စိတ်ကျေနပ်မှု မရရှိကြဘူးလို့ သိရပါတယ်။

တစ်ကယ်တော့ ဒါဟာ မထူးဆန်းပါဘူး။ အမေရိကန် ပြည်ထောင်စု ရဲ့ လူငယ် ၂၀ ရာခိုင်နှုန်းခန့်ဟာ လိင်ဆက်ဆံနေစဉ်မှာတောင် ဖုန်းသုံးနေလေ့ရှိနေကြပါတယ်။ ဒါဟာ အချစ်ရေးတွေ ပျက်စီး ပြိုကွဲခြင်း ရဲ့ အစ ပဲ ဖြစ်ပါတယ်။

သင့်ရဲ့ အချစ်နဲ့ တည်ဆောက်ထားတဲ့ ဘ၀ ကို ပိုမို ကောင်းမွန်လာစေဖို့အတွက်ဆိုရင်တော့ သင့်ရဲ့ စမတ်ဖုန်းကို အောက်ချထားလိုက်ပါ။ အဲဒါဟာ သင့်ကို စိတ်ဖိစီးမှုတွေလည်း လျော့နည်းစေပြီး အိပ်ရေးဝလာအောင်လည်း ကူညီပေးနိုင်ပါလိမ့်မယ်။

မယုံရင် ချစ်သူနဲ့ အတူရှိတဲ့တစ်နေ့ ၂ ယောက်လုံးရဲ့ ဖုန်းတွေကို Airplane Mode လုပ်ထားပြီး တစ်နေ့လောက်ဖြတ်သန်းကြည့်လိုက်ပါ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top