iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားတစ္ေယာက္က ေကာင္မေလးတစ္ေယာက္ကို စိတ္၀င္စားတဲ့အခါမွာ ျဖတ္ေက်ာ္ေလ့ရွိတဲ့ အဆင့္ေတြကို  ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ သင့္ကိုမ်ား တစ္စုံတစ္ေယာက္ေသာ ေကာင္ေလးက ေအာက္ပါ အခ်က္ေတြနဲ႔ကိုက္ညီစြာ ခ်ဥ္းကပ္လာတယ္ဆုိရင္ေတာ့ သူ ေသခ်ာေပါက္ သင့္ကို စိတ္၀င္စားေနတယ္ မွတ္ရမွာပါ။

(၁) သင့္ကုိ မၾကာခဏၿပဳံးျပရင္

လူတစ္ေယာက္က ကုိယ္စိတ္၀င္စားတဲ့သူကို ရွိၿပီဆုိရင္ အနည္းဆုံးေတာ့ အၿပဳံးေလးနဲ႔ လူမႈေရးလုပ္တတ္ၾကပါတယ္။ အၿမဲတမ္းေတာ့ ဟုတ္ခ်င္မွ ဟုတ္မွာဆုိေပမယ့္ စိတ္၀င္စားခံရသူေတြမွာ မၾကာခဏေတာ့ ႀကဳံရေလ့ရွိပါတယ္။ တစ္ခါတ ေလ ဒီလူ ငါ့ကို ဘာလုိ႔ၿပဳံးၿပဳံးျပေနတာလဲလုိ႔ေတာင္ ထင္စရာျဖစ္တဲ့အထိပါ။

(၂) ရင္းနီးကၽြမ္း၀င္ဖုိ႔ ႀကိဳးစားရင္

ဘယ္သူပဲျဖစ္ျဖစ္ ကုိယ္စိတ္၀င္စားေနတဲ့သူနဲ႔ အနည္းဆုံးေတာ့ သူငယ္ခ်င္းအျဖစ္မွာ ရွိလုိၾကပါလိမ့္မယ္။ ဒီလုိကမွတစ္ ဆင့္ ရင္းနီးမႈေလွကားထစ္ေတြကို ေက်ာ္နင္းၿပီး၊ အခ်စ္ခရီးတစ္ခုကုိ စတင္ေလွ်ာက္လွမ္းဖုိ႔ စီစဥ္ရတာ ျဖစ္ပါတယ္။ သင့္ကုိ အမ်ိဳးသားတစ္ေယာက္က နီးစပ္ဖုိ႔ႀကိဳးစားလာရင္ သူ သင့္ကို စိတ္၀င္စားေနလုိ႔ပါ။

(၃) ဖုန္းနံပတ္နဲ႔ လူမႈကြန္ယက္အေကာင့္နာမည္ေတြ သိဖုိ႔ ႀကိဳးစားရင္

ဒီအဆင့္မွာပင္ ရပ္မေနပဲ သင့္ရဲ႕ဖုန္းနံပတ္နဲ႔ လူမႈကြန္ယက္အေကာင့္နာမည္ေတြကိုပါ ေတာင္းခံလာၿပီဆုိရင္ေတာ့ သူ သင္နဲ႔ ေသခ်ာေပါက္ဇာတ္လမ္းေတြ ထြင္ေတာ့မွာပါ။
(၄) မေတာ္တဆဟန္နဲ႔ ထိေတြ႕ကိုင္တြယ္မႈေတြ ရွိရင္

ရင္းနီးမႈအတုိင္းအတာ ျမင့္မားလာတာနဲ႔အမွ် သင္တုိ႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးဟာ ပိုၿပီးနီးစပ္လာပါလိမ့္မယ္။ ဒီအဆင့္မွာ ေတာ္ေတာ္မ်ားမ်ားက ႏွစ္ဦးသေဘာ ၾကည္ျဖဴၾကခ်ိန္ျဖစ္လုိ႔ အလြန္ၾကည္ႏူးစရာေကာင္းတဲ့ အခုိက္အတန္႔
ပါဘဲ။ ဘယ္သြားသြား ဘယ္မွာရွိရွိ သူဟာ သင့္အနားမွာ တပူးတြဲတြဲနဲ႔ မသိမသာထိေတြ႕ကိုင္တြယ္မႈေတြ ေသခ်ာေပါက္ လုပ္လာခဲ့ရင္ စိတ္၀င္စားတာထက္ေတာင္ ပုိေနၿပီဆုိတဲ့သေဘာပါ။
(၅) အၿမဲလုိလုိ အနီးအနားမွာပဲရွိရင္

ေနာက္ဆုံးအခ်က္ကေတာ့ နံပတ္ေလးအခ်က္နဲ႔ ဆင္တူေပမယ့္ သူရဲ႕ ရင္းနီးမႈအတုိင္းအတာက ဒီကရီပုိျမင့္ပါတယ္။ သူဟာ ဒီအေျခအေနဆုိရင္ သင့္အိမ္ကိုေတာင္ အ၀င္အထြက္ ရွိေနေလာက္ၿပီ ဆုိရမွာပါ။ ဒီလုိမွဟုတ္ရင္လည္း သင္နဲ႔ ပတ္သက္တဲ့ သူငယ္ခ်င္းေတြနဲ႔ သူနဲ႔ ဆက္ဆံေရးက တကယ့္သူငယ္ခ်င္းအရင္းေခါက္ေခါက္ေတြအတုိင္း ျဖစ္ေနပါလိမ့္ မယ္။ ဒါဆုိ သင့္ကို သူ မၾကာခင္ တရား၀င္ခ်စ္ခြင့္ပန္ေတာ့မွာပါ။

Credit:shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျိုးသားတစ်ယောက်က ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားတဲ့အခါမှာ ဖြတ်ကျော်လေ့ရှိတဲ့ အဆင့်တွေကို  ဖော်ပြထားပါတယ်။ ဒါကြောင့် သင့်ကိုများ တစ်စုံတစ်ယောက်သော ကောင်လေးက အောက်ပါ အချက်တွေနဲ့ကိုက်ညီစွာ ချဉ်းကပ်လာတယ်ဆိုရင်တော့ သူ သေချာပေါက် သင့်ကို စိတ်ဝင်စားနေတယ် မှတ်ရမှာပါ။

(၁) သင့်ကို မကြာခဏပြုံးပြရင်

လူတစ်ယောက်က ကိုယ်စိတ်ဝင်စားတဲ့သူကို ရှိပြီဆိုရင် အနည်းဆုံးတော့ အပြုံးလေးနဲ့ လူမှုရေးလုပ်တတ်ကြပါတယ်။ အမြဲတမ်းတော့ ဟုတ်ချင်မှ ဟုတ်မှာဆိုပေမယ့် စိတ်ဝင်စားခံရသူတွေမှာ မကြာခဏတော့ ကြုံရလေ့ရှိပါတယ်။ တစ်ခါတ လေ ဒီလူ ငါ့ကို ဘာလို့ပြုံးပြုံးပြနေတာလဲလို့တောင် ထင်စရာဖြစ်တဲ့အထိပါ။

(၂) ရင်းနီးကျွမ်းဝင်ဖို့ ကြိုးစားရင်

ဘယ်သူပဲဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားနေတဲ့သူနဲ့ အနည်းဆုံးတော့ သူငယ်ချင်းအဖြစ်မှာ ရှိလိုကြပါလိမ့်မယ်။ ဒီလိုကမှတစ် ဆင့် ရင်းနီးမှုလှေကားထစ်တွေကို ကျော်နင်းပြီး၊ အချစ်ခရီးတစ်ခုကို စတင်လျှောက်လှမ်းဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။ သင့်ကို အမျိုးသားတစ်ယောက်က နီးစပ်ဖို့ကြိုးစားလာရင် သူ သင့်ကို စိတ်ဝင်စားနေလို့ပါ။

(၃) ဖုန်းနံပတ်နဲ့ လူမှုကွန်ယက်အကောင့်နာမည်တွေ သိဖို့ ကြိုးစားရင်

ဒီအဆင့်မှာပင် ရပ်မနေပဲ သင့်ရဲ့ဖုန်းနံပတ်နဲ့ လူမှုကွန်ယက်အကောင့်နာမည်တွေကိုပါ တောင်းခံလာပြီဆိုရင်တော့ သူ သင်နဲ့ သေချာပေါက်ဇာတ်လမ်းတွေ ထွင်တော့မှာပါ။
(၄) မတော်တဆဟန်နဲ့ ထိတွေ့ကိုင်တွယ်မှုတွေ ရှိရင်

ရင်းနီးမှုအတိုင်းအတာ မြင့်မားလာတာနဲ့အမျှ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပိုပြီးနီးစပ်လာပါလိမ့်မယ်။ ဒီအဆင့်မှာ တော်တော်များများက နှစ်ဦးသဘော ကြည်ဖြူကြချိန်ဖြစ်လို့ အလွန်ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်
ပါဘဲ။ ဘယ်သွားသွား ဘယ်မှာရှိရှိ သူဟာ သင့်အနားမှာ တပူးတွဲတွဲနဲ့ မသိမသာထိတွေ့ကိုင်တွယ်မှုတွေ သေချာပေါက် လုပ်လာခဲ့ရင် စိတ်ဝင်စားတာထက်တောင် ပိုနေပြီဆိုတဲ့သဘောပါ။
(၅) အမြဲလိုလို အနီးအနားမှာပဲရှိရင်

နောက်ဆုံးအချက်ကတော့ နံပတ်လေးအချက်နဲ့ ဆင်တူပေမယ့် သူရဲ့ ရင်းနီးမှုအတိုင်းအတာက ဒီကရီပိုမြင့်ပါတယ်။ သူဟာ ဒီအခြေအနေဆိုရင် သင့်အိမ်ကိုတောင် အဝင်အထွက် ရှိနေလောက်ပြီ ဆိုရမှာပါ။ ဒီလိုမှဟုတ်ရင်လည်း သင်နဲ့ ပတ်သက်တဲ့ သူငယ်ချင်းတွေနဲ့ သူနဲ့ ဆက်ဆံရေးက တကယ့်သူငယ်ချင်းအရင်းခေါက်ခေါက်တွေအတိုင်း ဖြစ်နေပါလိမ့် မယ်။ ဒါဆို သင့်ကို သူ မကြာခင် တရားဝင်ချစ်ခွင့်ပန်တော့မှာပါ။


Credit:shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top