iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္အတြက္ အိမ္  ေထာင္ကြဲဆိုတဲ့ အသံုးအႏႈန္းဟာ နာက်င္စရာေကာင္းတယ္လို႔ ခံစားရဖြယ္ရွိပါတယ္။ အိမ္ေထာင္ကြဲလိုက္လုိ႔ ဘ၀ႀကီးဟာ စုတ္ျပတ္သတ္သြားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ အိမ္ေထာင္ကြဲလိုက္ၿပီးေတာ့မွ သင့္အေနနဲ႔ ပိုအက်ိဳးရွိတာေတြ ခံစားလာရတာေတြ ရွိႏိုင္သလို ေကာင္းက်ိဳးေတြလည္း ရွိတာပါပဲ။ ဒါကို အမွားလို႔ ကိုယ္ကထင္ျမင္ရင္ ဒီအမွားမ်ိဳး ေနာင္မျဖစ္ေအာင္ အေတြ႕အႀကံဳ၊ သင္ခန္းစာအျဖစ္ ေျပာင္းလဲပစ္ႏိုင္ရပါမယ္။  တကယ္ေတာ့ အိမ္ေထာင္ကြဲလိုက္တာဟာ လြတ္လပ္ျခင္းတစ္မ်ိဳးကို ခံစားရတာလို႔ေတာင္ ဆိုၾကပါတယ္။ ဒါ့ေၾကာင့္ မျဖစ္ႏိုင္တဲ့အဆံုး လမ္းခြဲလိုက္ၾကတဲ့ ခ်စ္သူနွစ္ဦးလိုပဲ ေယာက်ၤားနဲ႔မိန္းမ အိမ္ေထာင္ကြဲၿပီဆိုရင္ ေကာင္းက်ိဳးေတြလည္း သင့္အတြက္ ရွိေနပါတယ္။ အဲ့ဒါေတြကေတာ့

၁။ေရရွည္မွာ ကေလးေတြက သင့္ကို ေက်းဇူးတင္ပါလိမ့္မယ္။

သင့္မွာ ကေလးရွိတယ္ဆုိရင္ ကေလးေတြက ေရရွည္မွာ သင့္ေက်းဇူးကို နားလည္လာပါလိမ့္မယ္။ တစ္ခ်ိန္လံုး ျပသနာတက္၊ ရန္ျဖစ္ေနတဲ့ မိဘေတြကို ၾကည့္ၿပီး ေပ်ာ္ရႊင္ေနတဲ့ ကေလးေတာ့ မရွိႏိုင္ပါဘူး။ ဘယ္သူမဆို ကိုယ့္မိဘေတြ တစ္ဦးနဲ႔တစ္ဦး ၾကင္ၾကင္နာနာရွိတာမ်ိဳးေတာ့ ျမင္ေတြ႕ခ်င္ၾကမွာပါပဲ။ ဘယ္လိုမွ မျဖစ္ႏို္င္ေတာ့တဲ့အဆံုး ကြဲကြာေတာ့မယ္ဆုိရင္ ကေလးေတြကို နားလည္ေအာင္ ေျပာျပပါ။ ကြဲကြာတုန္းအစပိုင္း သင့္ကေလးေတြဟာ ခံစားရႏိုင္ေပမယ့္ ေနာက္ပိုင္း သင့္ေက်းဇူးကို သူတုိ႔ နားလည္သေဘာေပါက္လာပါလိမ့္မယ္။

၂။သင့္ကိုတကယ္သေဘာက်ခ်စ္ခင္သူနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထုိင္သြားဖုိ႔ အခြင့္အလမ္း ရွာေတြ႕လာႏိုင္ပါတယ္။

သင့္ဘယ္လိုေနေန သင့္ကို မေကာင္းေျပာဆုိေနတဲ့သူ၊ သင့္ကို စိတ္မ၀င္စားေတာ့တဲ့ လင္ေယာက်ၤားမ်ိဳးနဲ႔အတူ ေနမယ့္အစား ဘယ္သူမဆို ကိုယ့္ကိုတကယ္ခ်စ္ခင္ၿပီး ျမတ္ႏိုးတဲ့သူနဲ႔သာ အတူေနထုိင္ခ်င္မွာပါ။ ဒီေတာ့ ခုလို ကြာရွင္းလိုက္လို႔ သင့္ဘ၀ႀကီး ၿပီးဆံုးသြားတာမ်ိဳး မဟုတ္ဘူးဆုိတာ သိထားပါ။ သင့္ကိုတကယ္ခ်စ္တဲ့သူနဲ႔ ဆံုႏိုင္တဲ့ အခြင့္အေရးကို ဖန္တီးယူလိုက္တယ္လုိ႔ ေတြးပါ။ အမွားအႀကီးႀကီးတစ္ခု က်ဴးလြန္သြားၿပီတဲ့ အိမ္ေထာင္ေရးဟာ ၀န္ခံလိုက္တာနဲ႔အမွ်၊ ေနာက္ထပ္ နာက်င္စရာ စကားေတြ တစ္ဦးနဲ႔တစ္ဦး ေျပာဆုိေနဦးမွာျဖစ္သလို၊ ရန္ျဖစ္၊ ျပသနာေတြတက္နဲ႔ တစ္သက္လံုး စိတ္ဆင္းရဲစရာ ဘ၀နဲ႔ ေနသြားရပါလိမ့္မယ္။

၃။ကိုယ့္အားကိုယ္ကိုးၿပီး ဘ၀ကို ျဖတ္သန္းလာနိုင္မွာ ျဖစ္သလို ေပ်ာ္ရႊင္ျခင္းအသီးအပြင့္ကို သင္ခံစားလာရပါလိမ့္မယ္။

ကြာရွင္းတယ္ဆိုတာ က်ရံႈးတာမ်ိဳး မဟုတ္ပါဘူး။ ႏွစ္ေယာက္သား လမ္းခြဲၿပီးသည့္တုိင္ တစ္ဦးနဲ႔တစ္ဦး ေတြ႕ခ်င္ရင္ ေတြ႕ႏိုင္ပါတယ္။ စကားေျပာႏိုင္ပါတယ္။ ကေလးေတြရွိရင္လည္း  ဒီလိုအေျခအေနမ်ိုးကို သေဘာက်မွာပါ။ ရန္သူလို ေနတာမ်ိဳး မဟုတ္ပဲ မိတ္ေဆြသေဘာမ်ိဳး ေနထုိင္တာမ်ိဳးပါ။ ဒါေပမယ့္ ဇာတ္လမ္းေတာ့ ျပန္မစမိပါေစနဲ႔။ သင့္ဘ၀ကို ခိုင္မာစြာ တည္ေဆာက္ႏိုင္ဖုိ႔ ႀကိဳးစားပါ။ ေပ်ာ္ရႊင္ျခင္းကို ဖန္တီးပါ။ ဒီ့ထက္ေကာင္းတဲ့ ဆက္ဆံေရးတစ္ခု ရွာေဖြတည္ေဆာက္ပါ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


လူတစ်ယောက်အတွက် အိမ်ထောင်ကွဲဆိုတဲ့ အသုံးအနှုန်းဟာ နာကျင်စရာကောင်းတယ်လို့ ခံစားရဖွယ်ရှိပါတယ်။ အိမ်ထောင်ကွဲလိုက်လို့ ဘဝကြီးဟာ စုတ်ပြတ်သတ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ အိမ်ထောင်ကွဲလိုက်ပြီးတော့မှ သင့်အနေနဲ့ ပိုအကျိုးရှိတာတွေ ခံစားလာရတာတွေ ရှိနိုင်သလို ကောင်းကျိုးတွေလည်း ရှိတာပါပဲ။ ဒါကို အမှားလို့ ကိုယ်ကထင်မြင်ရင် ဒီအမှားမျိုး နောင်မဖြစ်အောင် အတွေ့အကြုံ၊ သင်ခန်းစာအဖြစ် ပြောင်းလဲပစ်နိုင်ရပါမယ်။  တကယ်တော့ အိမ်ထောင်ကွဲလိုက်တာဟာ လွတ်လပ်ခြင်းတစ်မျိုးကို ခံစားရတာလို့တောင် ဆိုကြပါတယ်။ ဒါ့ကြောင့် မဖြစ်နိုင်တဲ့အဆုံး လမ်းခွဲလိုက်ကြတဲ့ ချစ်သူနှစ်ဦးလိုပဲ ယောကျၤားနဲ့မိန်းမ အိမ်ထောင်ကွဲပြီဆိုရင် ကောင်းကျိုးတွေလည်း သင့်အတွက် ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ရေရှည်မှာ ကလေးတွေက သင့်ကို ကျေးဇူးတင်ပါလိမ့်မယ်။

သင့်မှာ ကလေးရှိတယ်ဆိုရင် ကလေးတွေက ရေရှည်မှာ သင့်ကျေးဇူးကို နားလည်လာပါလိမ့်မယ်။ တစ်ချိန်လုံး ပြသနာတက်၊ ရန်ဖြစ်နေတဲ့ မိဘတွေကို ကြည့်ပြီး ပျော်ရွှင်နေတဲ့ ကလေးတော့ မရှိနိုင်ပါဘူး။ ဘယ်သူမဆို ကိုယ့်မိဘတွေ တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာရှိတာမျိုးတော့ မြင်တွေ့ချင်ကြမှာပါပဲ။ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အဆုံး ကွဲကွာတော့မယ်ဆိုရင် ကလေးတွေကို နားလည်အောင် ပြောပြပါ။ ကွဲကွာတုန်းအစပိုင်း သင့်ကလေးတွေဟာ ခံစားရနိုင်ပေမယ့် နောက်ပိုင်း သင့်ကျေးဇူးကို သူတို့ နားလည်သဘောပေါက်လာပါလိမ့်မယ်။

၂။သင့်ကိုတကယ်သဘောကျချစ်ခင်သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ အခွင့်အလမ်း ရှာတွေ့လာနိုင်ပါတယ်။

သင့်ဘယ်လိုနေနေ သင့်ကို မကောင်းပြောဆိုနေတဲ့သူ၊ သင့်ကို စိတ်မဝင်စားတော့တဲ့ လင်ယောကျၤားမျိုးနဲ့အတူ နေမယ့်အစား ဘယ်သူမဆို ကိုယ့်ကိုတကယ်ချစ်ခင်ပြီး မြတ်နိုးတဲ့သူနဲ့သာ အတူနေထိုင်ချင်မှာပါ။ ဒီတော့ ခုလို ကွာရှင်းလိုက်လို့ သင့်ဘဝကြီး ပြီးဆုံးသွားတာမျိုး မဟုတ်ဘူးဆိုတာ သိထားပါ။ သင့်ကိုတကယ်ချစ်တဲ့သူနဲ့ ဆုံနိုင်တဲ့ အခွင့်အရေးကို ဖန်တီးယူလိုက်တယ်လို့ တွေးပါ။ အမှားအကြီးကြီးတစ်ခု ကျူးလွန်သွားပြီတဲ့ အိမ်ထောင်ရေးဟာ ဝန်ခံလိုက်တာနဲ့အမျှ၊ နောက်ထပ် နာကျင်စရာ စကားတွေ တစ်ဦးနဲ့တစ်ဦး ပြောဆိုနေဦးမှာဖြစ်သလို၊ ရန်ဖြစ်၊ ပြသနာတွေတက်နဲ့ တစ်သက်လုံး စိတ်ဆင်းရဲစရာ ဘဝနဲ့ နေသွားရပါလိမ့်မယ်။

၃။ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို ဖြတ်သန်းလာနိုင်မှာ ဖြစ်သလို ပျော်ရွှင်ခြင်းအသီးအပွင့်ကို သင်ခံစားလာရပါလိမ့်မယ်။

ကွာရှင်းတယ်ဆိုတာ ကျရှုံးတာမျိုး မဟုတ်ပါဘူး။ နှစ်ယောက်သား လမ်းခွဲပြီးသည့်တိုင် တစ်ဦးနဲ့တစ်ဦး တွေ့ချင်ရင် တွေ့နိုင်ပါတယ်။ စကားပြောနိုင်ပါတယ်။ ကလေးတွေရှိရင်လည်း  ဒီလိုအခြေအနေမျိုးကို သဘောကျမှာပါ။ ရန်သူလို နေတာမျိုး မဟုတ်ပဲ မိတ်ဆွေသဘောမျိုး နေထိုင်တာမျိုးပါ။ ဒါပေမယ့် ဇာတ်လမ်းတော့ ပြန်မစမိပါစေနဲ့။ သင့်ဘဝကို ခိုင်မာစွာ တည်ဆောက်နိုင်ဖို့ ကြိုးစားပါ။ ပျော်ရွှင်ခြင်းကို ဖန်တီးပါ။ ဒီ့ထက်ကောင်းတဲ့ ဆက်ဆံရေးတစ်ခု ရှာဖွေတည်ဆောက်ပါ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top