iMyanmarHouse.com - Best Property Website for Myanmar
×

အရြယ္ေရာက္လာၿပီ ခ်စ္တတ္လာတာနဲ႔ အမွ် ခ်စ္သူရည္စားေတြေတာ့ ထားဖူးၾကပါတယ္။ အခုလက္ရွိလည္း ခ်စ္သူရွိခ်င္ရွိေနမွာေပါ့ေနာ္။ တစ္ဘ၀စာအတြက္ရည္ရြယ္တယ္ဆိုရင္ ခ်စ္သူကို ဒီလိုစကားေတြ ဒီလိုအျပဳအမူေတြမလုပ္မိဖို႔အႀကံျပဳခ်င္ပါတယ္။

ဘာမွမဟုတ္ေတာ့ဘူး

တခါတေလမွာ စိတ္မၾကည္တာမ်ိဳး စိတ္ရႈပ္လာတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ခ်စ္သူႏွစ္ဦးစကားမ်ားၾကတဲ့အခါမွာ ဘာမွမဟုတ္ေတာ့ဘူး။ ဘာျဖစ္ျဖစ္ဂရုမစိုက္ဘူးဆိုတဲ့ စကားေတြ မေျပာသင့္ပါဘူး။ ဒါက အေသးအမႊားလို႔ထင္ခ်င္ထင္မိပါလိမ့္မယ္။ အခ်ိန္ယူရွင္းျပသင့္ပါတယ္။ ခ်စ္သူႏွစ္ဦးၾကားမွာ ၾကာလာရင္ အဖုအထစ္ေလးေတြျဖစ္လာတတ္ပါတယ္။

ဘယ္ေတာ့မွ (သို႔) အၿမဲတမ္း

ဘယ္ေတာ့မွ အၿမဲတမ္းဆိုတ့ဲ စကားရပ္မွာ အေကာင္းဖက္ကိုေဆာင္တာရွိသလို အႏုတ္ဖက္ကိုေဆာင္တာရွိပါတယ္။ ရွင္ကကၽြန္မအတြက္ဆို ဘယ္ေတာ့မွ မစဥ္းစားေပးဘူး။ ရွင္က ကၽြန္မကိုဆို အၿမဲတမ္းေ၀ဖန္ေနတာပဲ။ စတဲ့ အႏုတ္ဖက္ကိုေဆာင္တဲ့ ဘယ္ေတာ့မွ အၿမဲတမ္းဆိုတဲ့ စကားကို ေဒါသထြက္ေနတုန္းပဲျဖစ္ျဖစ္ မေျပာသင့္ပါဘူး။ အၿမဲတမ္းစိတ္အေႏွာင့္အယွက္ျဖစ္ေအာင္လုပ္တယ္ စသျဖင့္မေျပာသင့္ပါဘူး။

၀မ္းနည္းပါတယ္ ဒါေပမဲ့

ကိုယ့္ကို ခ်စ္သူကစိတ္ဆိုးလို႔ တစ္ခုခုကိုေမးတဲ့အခါ ကိုယ္ကျပန္ေခ်ာ့တဲ့အခါမွာေပါ့။ ကိုယ္စိတ္မေကာင္းပါဘူး။ ဒါေပမဲ့ဆိုတဲ့ ေစာတကတက္တဲ့ ဆင္ျခင္ေတြ မေပးသင့္ပါဘူး။ သူ႔ကို တျခားနည္းနဲ႔ အခ်ိန္ယူရွင္းျပသင့္ပါတယ္။

နာမည္ေခၚျခင္း

မွန္ပါတယ္။ ေဒါသထြက္လာဆိုရင္ နာမည္ေခၚၿပီး ရန္ျဖစ္ၾကတာ။ ခ်စ္သူႏွစ္ဦး အရင္ကတည္းက တစ္ေယာက္ကိုယ္တစ္ေယာက္ နာမည္ေခၚရင္ေတာ့တစ္မ်ိဳးေပါ့။ ဒါမွမဟုတ္တျခားခ်စ္စႏိုးေခၚေနက်နာမည္လည္း ရွိခ်င္ရွိမွာပါ။ ရန္ျဖစ္တဲအခါမွာ နာမည္ေခၚတာဟာ သူ႔ကို နာက်င္ေစပါတယ္။

သင့္ရည္းစားေဟာင္းကိုေခၚလာျခင္း

ဘာအေၾကာင္းျပခ်က္ေကာင္းေကာင္းမွမရွိဘဲ သင့္ရည္းစားေဟာင္းနဲ႔ဆက္သြယ္စကားေျပာတာ။ သူ႔ကိုေခၚၿပီး မိတ္ဆက္ေပးတာမ်ိဳးက သင့္ခ်စ္သူကို စိတ္မလံုၿခံဳမႈေတြ သင့္အတိတ္ကဆက္ဆံေရးဟာ သူ႔အေပၚ ၿခိမ္းေျခာက္မႈေတြ ျဖစ္ေစပါတယ္။ အတိတ္ကိုအတိတ္မွာပဲထားခဲ့ၿပီး လက္ရွိခ်စ္သူကိုသာတန္ဖိုးထားပါ။

ငါနင့္ကိုထားခဲ့ေတာ့မယ္

ေတာ္ၿပီ ထြက္သြားေတာ့မယ္။ ငါနင့္ကိုထားခဲ့ေတာ့မယ္ဆိုတဲ့ စကားကို စိတ္ပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစမေျပာသင့္ပါဘူး။ ဒါဟာ ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ အရမ္းကိုထိခိုက္ေစပါတယ္။

တိတ္ဆိတ္ေနျခင္း

ခ်စ္သူႏွစ္ဦးဆိုတာ ေျပာစရာစကားေတြေဖာင္ဖြဲ႔မကုန္ႏိုင္ေအာင္ရွိၾကမွာပါ။ တစ္ေယာက္ကိုတစ္ေယာက္စကားမေျပာဘဲ အၾကာႀကီးတိတ္ဆိတ္မေနသင့္ပါဘူး။

Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

အရွယ်ရောက်လာပြီ ချစ်တတ်လာတာနဲ့ အမျှ ချစ်သူရည်စားတွေတော့ ထားဖူးကြပါတယ်။ အခုလက်ရှိလည်း ချစ်သူရှိချင်ရှိနေမှာပေါ့နော်။ တစ်ဘဝစာအတွက်ရည်ရွယ်တယ်ဆိုရင် ချစ်သူကို ဒီလိုစကားတွေ ဒီလိုအပြုအမူတွေမလုပ်မိဖို့အကြံပြုချင်ပါတယ်။

ဘာမှမဟုတ်တော့ဘူး

တခါတလေမှာ စိတ်မကြည်တာမျိုး စိတ်ရှုပ်လာတာမျိုးတွေဖြစ်တတ်ပါတယ်။ ချစ်သူနှစ်ဦးစကားများကြတဲ့အခါမှာ ဘာမှမဟုတ်တော့ဘူး။ ဘာဖြစ်ဖြစ်ဂရုမစိုက်ဘူးဆိုတဲ့ စကားတွေ မပြောသင့်ပါဘူး။ ဒါက အသေးအမွှားလို့ထင်ချင်ထင်မိပါလိမ့်မယ်။ အချိန်ယူရှင်းပြသင့်ပါတယ်။ ချစ်သူနှစ်ဦးကြားမှာ ကြာလာရင် အဖုအထစ်လေးတွေဖြစ်လာတတ်ပါတယ်။

ဘယ်တော့မှ (သို့) အမြဲတမ်း

ဘယ်တော့မှ အမြဲတမ်းဆိုတဲ့ စကားရပ်မှာ အကောင်းဖက်ကိုဆောင်တာရှိသလို အနုတ်ဖက်ကိုဆောင်တာရှိပါတယ်။ ရှင်ကကျွန်မအတွက်ဆို ဘယ်တော့မှ မစဉ်းစားပေးဘူး။ ရှင်က ကျွန်မကိုဆို အမြဲတမ်းဝေဖန်နေတာပဲ။ စတဲ့ အနုတ်ဖက်ကိုဆောင်တဲ့ ဘယ်တော့မှ အမြဲတမ်းဆိုတဲ့ စကားကို ဒေါသထွက်နေတုန်းပဲဖြစ်ဖြစ် မပြောသင့်ပါဘူး။ အမြဲတမ်းစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တယ် စသဖြင့်မပြောသင့်ပါဘူး။

ဝမ်းနည်းပါတယ် ဒါပေမဲ့

ကိုယ့်ကို ချစ်သူကစိတ်ဆိုးလို့ တစ်ခုခုကိုမေးတဲ့အခါ ကိုယ်ကပြန်ချော့တဲ့အခါမှာပေါ့။ ကိုယ်စိတ်မကောင်းပါဘူး။ ဒါပေမဲ့ဆိုတဲ့ စောတကတက်တဲ့ ဆင်ခြင်တွေ မပေးသင့်ပါဘူး။ သူ့ကို တခြားနည်းနဲ့ အချိန်ယူရှင်းပြသင့်ပါတယ်။

နာမည်ခေါ်ခြင်း

မှန်ပါတယ်။ ဒေါသထွက်လာဆိုရင် နာမည်ခေါ်ပြီး ရန်ဖြစ်ကြတာ။ ချစ်သူနှစ်ဦး အရင်ကတည်းက တစ်ယောက်ကိုယ်တစ်ယောက် နာမည်ခေါ်ရင်တော့တစ်မျိုးပေါ့။ ဒါမှမဟုတ်တခြားချစ်စနိုးခေါ်နေကျနာမည်လည်း ရှိချင်ရှိမှာပါ။ ရန်ဖြစ်တဲအခါမှာ နာမည်ခေါ်တာဟာ သူ့ကို နာကျင်စေပါတယ်။

သင့်ရည်းစားဟောင်းကိုခေါ်လာခြင်း

ဘာအကြောင်းပြချက်ကောင်းကောင်းမှမရှိဘဲ သင့်ရည်းစားဟောင်းနဲ့ဆက်သွယ်စကားပြောတာ။ သူ့ကိုခေါ်ပြီး မိတ်ဆက်ပေးတာမျိုးက သင့်ချစ်သူကို စိတ်မလုံခြုံမှုတွေ သင့်အတိတ်ကဆက်ဆံရေးဟာ သူ့အပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်စေပါတယ်။ အတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီး လက်ရှိချစ်သူကိုသာတန်ဖိုးထားပါ။

ငါနင့်ကိုထားခဲ့တော့မယ်

တော်ပြီ ထွက်သွားတော့မယ်။ ငါနင့်ကိုထားခဲ့တော့မယ်ဆိုတဲ့ စကားကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေမပြောသင့်ပါဘူး။ ဒါဟာ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ အရမ်းကိုထိခိုက်စေပါတယ်။

တိတ်ဆိတ်နေခြင်း

ချစ်သူနှစ်ဦးဆိုတာ ပြောစရာစကားတွေဖောင်ဖွဲ့မကုန်နိုင်အောင်ရှိကြမှာပါ။ တစ်ယောက်ကိုတစ်ယောက်စကားမပြောဘဲ အကြာကြီးတိတ်ဆိတ်မနေသင့်ပါဘူး။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top