iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ကတကယ့္ကို ေကာင္းတဲ့ ဆန္းက်ယ္တဲ့ အရာတစ္ခုပါ။ဘယ္လိုမ်ိဳးလဲလို႔ ေျပာျပရင္ေတာ့ စကားနဲ႔ပံုေဖာ္ဖို႔ခက္ပါတယ္။ေသခ်ာတာကေတာ့ အဲ့ဒီအခ်စ္က ရင္ခုန္စိတ္လႈပ္ရွားမႈနဲ႔ေပ်ာ္ရႊင္မႈေတြကိုပဲ ယူလာေပးတာေတာ့ မဟုတ္ပါဘူး။ တစ္ခါတစ္ေလမွာ လူကို ၾကည္ႏူးေပ်ာ္ရႊင္ေစတယ္။တစ္ခါတစ္္ခါ က်ေတာ့ ေၾကကြဲ၀မ္းနည္းေစပါတယ္။လူတစ္ေယာက္ေယာက္နဲ႔ တစ္ေယာက္အေပၚ မူတည္ၿပီး အခ်စ္ဆိုတဲ့ အရာႀကီးကလည္း မတူပဲ ကြဲျပားတတ္ပါတယ္။တစ္ခ်ိဳ႕ အတြက္ေတာ့ အခ်စ္ကေပ်ာ္စရာျဖစ္ေနၿပီး ခ်ိဳၿမိန္ေကာင္းခ်ိဳၿမိန္ႏိုင္ေပမယ့္ တစ္ ခ်ိဳ႕အတြက္ကေတာ့ အရမ္းခါးေနတတ္ပါတယ္။ဒါေၾကာင့္ အခ်စ္ရဲ႕ ခါး သက္မႈ ကို ခံစားဖူးသူေတြ၊တစ္နည္းအားျဖင့္ အသည္းကြဲဖူးသူေတြတိုင္း ေတြ႕ႀကံဳခဲ့ဖူး တဲ့၊အသည္းကြဲဖူးသူမွသာ နားလည္ႏိုင္မယ့္ အေျခအေနေတြရွိပါတယ္။အဲ့ဒါေတြ ကေတာ့…

(၁)ဟာသကားေတြ ၾကည့္ရင္းနဲ႔ ငိုတာ

အသည္းကြဲဖူးသူတိုင္း အထူးသျဖင့္ မိန္းကေလးတိုင္း ဒီလိုအေျခအေနနဲ႔ ႀကံဳဖူး မွာပါ။ၾကည့္ေနတာက ဟာသကားေပမယ့္ ကုိယ္တစ္ေယာက္တည္း ၿခံဳးပဲြခ်ငိုေနတာမ်ိဳးပါ။

(၂)ဖုန္းမဆက္နဲ႔လို႔ ကိုယ့္ကိုယ္ကို သတိေပး

လမ္းခြဲလိုက္ၿပီ၊ဇာတ္လမ္းက ျပတ္ၿပီဆိုတာ သိေနေပမယ့္္ ဖုန္းေခၚခ်င္လြန္းလို႔ လက္ယားေနတဲ့ အခ်ိန္မ်ိဳးနဲ႔ ႀကံဳဖူးမွာပါ။ေခၚကလည္းေခၚခ်င္၊စိတ္ထဲ ကေန လည္း မေခၚနဲ႔၊သူကနင့္ကို ႀကိဳက္တာမဟုတ္ဘူးလို႔ ကိုယ့္ကိုယ္ကို သတိေ ပးေနရတ့ဲ ေခၚမယ္၊မေခၚနဲ႔ဆိုတဲ့ လြန္ဆြဲပြဲမ်ိဳးနဲ႔ အသည္းကြဲဖူးသူတိုင္း ႏႊဲခဲ့ဖူးမွာပါ။

(၃)ဘီယာ၊၀ိုင္ေသာက္

စိတ္ညစ္လြနး္လို႔ ရင္ထဲက ေ၀ဒနာကို ေျဖေဖ်ာက္ႏိုင္ဖုိ႔ ဘီယာ၊အရက္နဲ႔၀ိုင္ရဲ႕ အကူအညီကို ယူလိုက္ရတဲ့ အေျခအေနမ်ိဳးပါ။ဒါေပမယ့္ ခက္တာက ေ၀ဒနာက ေပ်ာက္မသြားတဲ့အျပင္ ပိုသတိရ၊ပို၀မ္းနည္းရတဲ့ ခံစားခ်က္မ်ိဳးကို ခံစားလာရၿပီး မ်က္ရည္္က်ၿခံဳးပြဲခ်ငိုလိုက္မိတဲ့ ကိန္းကို ဆိုက္သြားရတတ္ပါတယ္။

(၄)မူးၿပီး မက္ေဆ့ခ်္ပို႔၊ဖုန္းေခၚ

ေသာက္လိုက္မိၿပီဆိုတာနဲ႔ ဒီအမွားကေတာ့ ေသခ်ာေပါက္ က်ဴးလြန္မိပါၿပီ။မေ သာက္ပဲ ဒီအတိုင္းေနတဲ့ အခ်ိန္ကေတာ့ မဆက္သင့္ဘူးလို႔ ေတြးၿပီး ထိန္းခ်ဳ ပ္ႏိုင္ေပမယ့္၊မူးၿပီဆိုရင္ေတာ့ ခ်စ္္သူေဟာင္းဆီဖုန္းဆက္ (သို႔)မက္ေဆ့ခ်္ပို႔ ေျပာမိေျပာရာေတြ ေျပာလိုက္ၿပီး မနက္က်မွ အရွက္ရရတဲ့ အေျခအေနမ်ိဳးပါ။

(၅)ရင္ထဲမွာ ဟာတာတာ

ဒီခံစားခ်က္ကလည္း တကယ့္ကို ခံရတာဆိုးပါတယ္။ရင္ထဲကပဲ ေအာင့္ေန သလိုလို၊ရင္ထဲမွာ ဟာတာတာႀကီးနဲ႔ဘာျဖစ္ေနတာပါလုိ႔ တစ္ဖက္လူကို နားလည္ေအာင္ ေျပာဖို႔ခက္တဲ့ ေရာဂါပါ။

(၆)ဒိုင္ယာရီ(သို႔)FB ေပၚတင္

ဒိုင္ယာရီမွာ ခံစားခ်က္ေတြ ခ်ေရးၿပီး ရင္ဖြင့္တာကေတာ့ ဒီေန႔ေခတ္မွာ ရွိေတာ့ ရွိတယ္၊ရွားသြားပါၿပီ။FB ေပၚမွာ ခံစားခ်က္ေတြကို သိပ္္ၿပီး တင္ေလ့မရွိတဲ့ သူေတာင္မွ အသည္းကြဲလာၿပီဆိုရင္ေတာ့ FB စာမ်က္ႏွာေတြေပၚမွာ အသည္းကြဲ POSTS ေတြ၊အသည္းကြဲသီခ်င္းေတြကို ဆက္တိုက္ဆုိသလို တင္မိတတ္ပါတယ္။

(၇)ေနကာမ်က္မွန္ေဆာင္လာတာ
အသည္းကြဲသူေတြရဲ႕ အသံုးအေဆာင္ပစၥည္းပါ။လမ္းသြားေနရင္း ဟိုဟာျမင္ လည္း မ်က္ရည္၀ဲ၊ဒီဟာျမင္လည္း စိတ္မေကာင္းျဖစ္ၿပီး ငိုခ်င္လာေတာ့ ေနာက္ ဆံုးေနကာမ်က္မွန္ကို သြားေလရာေဆာင္သြားရတဲ့ အေျခအေနမ်ိဳးပါ။ဒါမွ ကိုယ္ငိုရင္၊မ်က္ရည္၀ဲေနရင္ လူမျမင္ေအာင္ ေဆာင္ရတာပါ။
(၈)သူမွသူျဖစ္ေနတာ
နာက်င္ခံစားေနရတဲဲ့ ကုိယ့္ကို သူငယ္ခ်င္းေတြက ေယာက္်ားမရွားပါဘူး (သို႔) မိန္းမမရွားပါဘူး ဆုိၿပီးလာ ႏွစ္သိမ့္ေပးတတ္ၾကပါတယ္။ဒါေပမယ့္ ငါ့အတြက္ေ တာ့ သူတစ္ေယာက္ပဲရွိတယ္၊သူကလြဲၿပီး ဘယ္သူ႔ကိုမွခ်စ္ႏိုင္ေတာ့မွာမဟုတ္ ဘူးဆိုၿပီးအံကိုတင္းတင္းႀကိတ္လို႔ ျပန္တံု႔ျပန္ဖူးတဲ့ အဲ့ဒီလိုအေျခအေနနဲ႔လည္း ႀကံဳဖူးၾကမွာပါ။ဒါေပမယ့္ ဒါေတြအားလံုးက ၿပီးသြားေတာ့လည္း ၿပီးသြားတာပါပဲ။
(၉)သင့္ရဲ႕ အခင္ဆံုးသူငယ္ခ်င္းမွာ မ်က္ကြင္းညိဳ
သင္အသည္းကြဲၿပီဆိုတာနဲ႔ အခ်စ္ဆံုးသူငယ္ခ်င္းကပါ လိုက္ၿပီး အိပ္ေရးပ်က္၊ မ်က္ကြင္းညိဳရေတာ့တာပါပဲ။ညဘက္ေတြ အိပ္မေပ်ာ္တိုင္း သူငယ္ခ်င္းဆီကို ဖုန္းဆက္၊မက္ေဆ့ခ်္ပို႔ၿပီး ႏွိပ္စက္ခဲ့ဖူးၾကမွာပါ။

(၁၀)ေဒါသပုန္ထ

၀မ္းနည္းလို႔ ၀ၿပီးတာနဲ႔ အရင္ရည္းစားေဟာင္းရဲ႕ အျပစ္ေတြကို စျမင္္လာပါၿပီ။ အသည္းစကြဲစမွာေတာ့ မျမင္ေပမယ့္ ေနာက္ပိုင္းနည္းနည္းၾကာလာေတာ့ ဒီလူ ကမေကာင္းဘူးဆိုၿပီး အျပစ္ေတြ၊ခ်ိဳ႕ယြင္းခ်က္ေတြကို ျမင္လာပါတယ္။ကိုယ့္ အေပၚ လုပ္ခဲ့တဲ့ သူ႔ရဲ႕ အျပဳအမႈေတြကို ေတြးၿပီး ေဒါသပုန္ေတြ ထလာပါ လိမ့္မယ္။အဲ့ဒီလိုန႔ဲပဲ ၀မ္းေတြနည္းလိုက္၊ငိုလိုက္၊ေဒါသေတြ ထြက္လိုက္နဲ႔ေနာ က္ဆံုးေတာ့လည္း အားလံုးကို ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ၿပီး ကိုယ္တိုင္ေတာင္ မသိလိုက္ခင္မွာပဲ ကိုယ့္စိတ္က ေနာက္ထပ္အခ်စ္အတြက္ အဆင္သင့္ျဖစ္သြား တတ္ပါတယ္။

Credit:shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အချစ်ကတကယ့်ကို ကောင်းတဲ့ ဆန်းကျယ်တဲ့ အရာတစ်ခုပါ။ဘယ်လိုမျိုးလဲလို့ ပြောပြရင်တော့ စကားနဲ့ပုံဖော်ဖို့ခက်ပါတယ်။သေချာတာကတော့ အဲ့ဒီအချစ်က ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ပျော်ရွှင်မှုတွေကိုပဲ ယူလာပေးတာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ လူကို ကြည်နူးပျော်ရွှင်စေတယ်။တစ်ခါတစ်ခါ ကျတော့ ကြေကွဲဝမ်းနည်းစေပါတယ်။လူတစ်ယောက်ယောက်နဲ့ တစ်ယောက်အပေါ် မူတည်ပြီး အချစ်ဆိုတဲ့ အရာကြီးကလည်း မတူပဲ ကွဲပြားတတ်ပါတယ်။တစ်ချို့ အတွက်တော့ အချစ်ကပျော်စရာဖြစ်နေပြီး ချိုမြိန်ကောင်းချိုမြိန်နိုင်ပေမယ့် တစ် ချို့အတွက်ကတော့ အရမ်းခါးနေတတ်ပါတယ်။ဒါကြောင့် အချစ်ရဲ့ ခါး သက်မှု ကို ခံစားဖူးသူတွေ၊တစ်နည်းအားဖြင့် အသည်းကွဲဖူးသူတွေတိုင်း တွေ့ကြုံခဲ့ဖူး တဲ့၊အသည်းကွဲဖူးသူမှသာ နားလည်နိုင်မယ့် အခြေအနေတွေရှိပါတယ်။အဲ့ဒါတွေ ကတော့…

(၁)ဟာသကားတွေ ကြည့်ရင်းနဲ့ ငိုတာ

အသည်းကွဲဖူးသူတိုင်း အထူးသဖြင့် မိန်းကလေးတိုင်း ဒီလိုအခြေအနေနဲ့ ကြုံဖူး မှာပါ။ကြည့်နေတာက ဟာသကားပေမယ့် ကိုယ်တစ်ယောက်တည်း ခြုံးပွဲချငိုနေတာမျိုးပါ။

(၂)ဖုန်းမဆက်နဲ့လို့ ကိုယ့်ကိုယ်ကို သတိပေး

လမ်းခွဲလိုက်ပြီ၊ဇာတ်လမ်းက ပြတ်ပြီဆိုတာ သိနေပေမယ့် ဖုန်းခေါ်ချင်လွန်းလို့ လက်ယားနေတဲ့ အချိန်မျိုးနဲ့ ကြုံဖူးမှာပါ။ခေါ်ကလည်းခေါ်ချင်၊စိတ်ထဲ ကနေ လည်း မခေါ်နဲ့၊သူကနင့်ကို ကြိုက်တာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို သတိေ ပးနေရတဲ့ ခေါ်မယ်၊မခေါ်နဲ့ဆိုတဲ့ လွန်ဆွဲပွဲမျိုးနဲ့ အသည်းကွဲဖူးသူတိုင်း နွှဲခဲ့ဖူးမှာပါ။

(၃)ဘီယာ၊ဝိုင်သောက်

စိတ်ညစ်လွန်းလို့ ရင်ထဲက ဝေဒနာကို ဖြေဖျောက်နိုင်ဖို့ ဘီယာ၊အရက်နဲ့ဝိုင်ရဲ့ အကူအညီကို ယူလိုက်ရတဲ့ အခြေအနေမျိုးပါ။ဒါပေမယ့် ခက်တာက ဝေဒနာက ပျောက်မသွားတဲ့အပြင် ပိုသတိရ၊ပိုဝမ်းနည်းရတဲ့ ခံစားချက်မျိုးကို ခံစားလာရပြီး မျက်ရည်ကျခြုံးပွဲချငိုလိုက်မိတဲ့ ကိန်းကို ဆိုက်သွားရတတ်ပါတယ်။

(၄)မူးပြီး မက်ဆေ့ချ်ပို့၊ဖုန်းခေါ်

သောက်လိုက်မိပြီဆိုတာနဲ့ ဒီအမှားကတော့ သေချာပေါက် ကျူးလွန်မိပါပြီ။မေ သာက်ပဲ ဒီအတိုင်းနေတဲ့ အချိန်ကတော့ မဆက်သင့်ဘူးလို့ တွေးပြီး ထိန်းချု ပ်နိုင်ပေမယ့်၊မူးပြီဆိုရင်တော့ ချစ်သူဟောင်းဆီဖုန်းဆက် (သို့)မက်ဆေ့ချ်ပို့ ပြောမိပြောရာတွေ ပြောလိုက်ပြီး မနက်ကျမှ အရှက်ရရတဲ့ အခြေအနေမျိုးပါ။

(၅)ရင်ထဲမှာ ဟာတာတာ

ဒီခံစားချက်ကလည်း တကယ့်ကို ခံရတာဆိုးပါတယ်။ရင်ထဲကပဲ အောင့်နေ သလိုလို၊ရင်ထဲမှာ ဟာတာတာကြီးနဲ့ဘာဖြစ်နေတာပါလို့ တစ်ဖက်လူကို နားလည်အောင် ပြောဖို့ခက်တဲ့ ရောဂါပါ။

(၆)ဒိုင်ယာရီ(သို့)FB ပေါ်တင်

ဒိုင်ယာရီမှာ ခံစားချက်တွေ ချရေးပြီး ရင်ဖွင့်တာကတော့ ဒီနေ့ခေတ်မှာ ရှိတော့ ရှိတယ်၊ရှားသွားပါပြီ။FB ပေါ်မှာ ခံစားချက်တွေကို သိပ်ပြီး တင်လေ့မရှိတဲ့ သူတောင်မှ အသည်းကွဲလာပြီဆိုရင်တော့ FB စာမျက်နှာတွေပေါ်မှာ အသည်းကွဲ POSTS တွေ၊အသည်းကွဲသီချင်းတွေကို ဆက်တိုက်ဆိုသလို တင်မိတတ်ပါတယ်။

(၇)နေကာမျက်မှန်ဆောင်လာတာ
အသည်းကွဲသူတွေရဲ့ အသုံးအဆောင်ပစ္စည်းပါ။လမ်းသွားနေရင်း ဟိုဟာမြင် လည်း မျက်ရည်ဝဲ၊ဒီဟာမြင်လည်း စိတ်မကောင်းဖြစ်ပြီး ငိုချင်လာတော့ နောက် ဆုံးနေကာမျက်မှန်ကို သွားလေရာဆောင်သွားရတဲ့ အခြေအနေမျိုးပါ။ဒါမှ ကိုယ်ငိုရင်၊မျက်ရည်ဝဲနေရင် လူမမြင်အောင် ဆောင်ရတာပါ။
(၈)သူမှသူဖြစ်နေတာ
နာကျင်ခံစားနေရတဲ့ ကိုယ့်ကို သူငယ်ချင်းတွေက ယောက်ျားမရှားပါဘူး (သို့) မိန်းမမရှားပါဘူး ဆိုပြီးလာ နှစ်သိမ့်ပေးတတ်ကြပါတယ်။ဒါပေမယ့် ငါ့အတွက်ေ တာ့ သူတစ်ယောက်ပဲရှိတယ်၊သူကလွဲပြီး ဘယ်သူ့ကိုမှချစ်နိုင်တော့မှာမဟုတ် ဘူးဆိုပြီးအံကိုတင်းတင်းကြိတ်လို့ ပြန်တုံ့ပြန်ဖူးတဲ့ အဲ့ဒီလိုအခြေအနေနဲ့လည်း ကြုံဖူးကြမှာပါ။ဒါပေမယ့် ဒါတွေအားလုံးက ပြီးသွားတော့လည်း ပြီးသွားတာပါပဲ။
(၉)သင့်ရဲ့ အခင်ဆုံးသူငယ်ချင်းမှာ မျက်ကွင်းညို
သင်အသည်းကွဲပြီဆိုတာနဲ့ အချစ်ဆုံးသူငယ်ချင်းကပါ လိုက်ပြီး အိပ်ရေးပျက်၊ မျက်ကွင်းညိုရတော့တာပါပဲ။ညဘက်တွေ အိပ်မပျော်တိုင်း သူငယ်ချင်းဆီကို ဖုန်းဆက်၊မက်ဆေ့ချ်ပို့ပြီး နှိပ်စက်ခဲ့ဖူးကြမှာပါ။

(၁၀)ဒေါသပုန်ထ

ဝမ်းနည်းလို့ ဝပြီးတာနဲ့ အရင်ရည်းစားဟောင်းရဲ့ အပြစ်တွေကို စမြင်လာပါပြီ။ အသည်းစကွဲစမှာတော့ မမြင်ပေမယ့် နောက်ပိုင်းနည်းနည်းကြာလာတော့ ဒီလူ ကမကောင်းဘူးဆိုပြီး အပြစ်တွေ၊ချို့ယွင်းချက်တွေကို မြင်လာပါတယ်။ကိုယ့် အပေါ် လုပ်ခဲ့တဲ့ သူ့ရဲ့ အပြုအမှုတွေကို တွေးပြီး ဒေါသပုန်တွေ ထလာပါ လိမ့်မယ်။အဲ့ဒီလိုနဲ့ပဲ ဝမ်းတွေနည်းလိုက်၊ငိုလိုက်၊ဒေါသတွေ ထွက်လိုက်နဲ့နော က်ဆုံးတော့လည်း အားလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး ကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ကိုယ့်စိတ်က နောက်ထပ်အချစ်အတွက် အဆင်သင့်ဖြစ်သွား တတ်ပါတယ်။


Credit:shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top