iMyanmarHouse.com - Best Property Website for Myanmar
×

၁၈ ႏွစ္ျပည့္ျပီဆုိတဲ့အခါ မဲေပးလို႔ရပါျပီ။ တရားဝင္လက္ထပ္ထိမ္းျမားလို႔ရပါျပီ။ စစ္မႈထမ္းလို႔ရပါျပီ။ ဆိုလိုတာကေတာ့ ၁၈ ႏွစ္ျပည့္ျပီဆိုတာနဲ႔ လူတစ္ေယာက္ဟာ သူ႔ကိုယ္သူ တာဝန္ယူရေတာ့မွာ ျဖစ္ပါတယ္။ ဒီ့အတြက္ ၁၈ ႏွစ္ျပည့္တဲ့ သင့္ကေလးကို သင္ေပးျပီးသားျဖစ္ရမယ့္ အခ်က္ေတြ ရွိပါတယ္။

၁ - ေငြေၾကး စီမံခန္႔ခြဲမႈ

တခ်ိဳ႕မိဘေတြဟာ ေငြေၾကးကို ထိထိေရာက္ေရာက္သံုးစြဲပံုကို သင္ၾကားေပးရာမွာ အလြန္ပါးနပ္ပါတယ္။ သင္ၾကားေပးလို႔ေပးမွန္းမသိေအာင္ ကေလးမွာ အက်င့္ျဖစ္သြားပါတယ္။ အသက္ ၁၈ ႏွစ္ေရာက္လာတဲ့ အခါ သင့္ကေလးဟာ ေငြေၾကးကို ကိုယ္ပိုင္ စီမံခန္႔ခြဲရေတာ့မွာ ျဖစ္ပါတယ္။ ကိုယ္ပိုင္အလုပ္ရွိလာတာ၊ ရပ္ေဝးမွာ ေက်ာင္းတက္တာကစလို႔ မိဘေတြ မပါဘဲ ခရီးထြက္တာေတြ ရွိလာမွာျဖစ္ျပီး ေငြေၾကးကို ကိုယ္တုိင္ သံုးစြဲရေတာ့မွာ ျဖစ္ပါတယ္။ ဒီ့အတြက္ ေငြေၾကးကို စီမံခန္႔ခြဲႏုိင္စြမ္း ရွိရမွာ ျဖစ္ပါတယ္။ 

၂ - ခရီးထြက္ပါ

အသက္ ၁၈ ႏွစ္ေရာက္လာတဲ့အခါ ကေလးေတြဟာ တစ္ကိုယ္တည္းေနတာမ်ားလာပါျပီ။ ငယ္ငယ္တုန္းကလို သင္ေစ်းဝယ္သြားရင္ လိုက္မွာ မဟုတ္ေတာ့ပါဘူး။ အသက္ ၁၅ ေလာက္ေက်ာ္တာနဲ႔ မိဘနဲ႔ တတြဲတြဲေနတာမ်ိဳး မရွိေတာ့ပါဘူး။ ဒါေပမယ့္ သင့္ကေလး အသက္ ၁၈ ႏွစ္ေရာက္လာတဲ့အခါ မိသားစုလိုက္ခရီးထြက္တာမ်ိဳးေတြကိုေတာ့ ဆက္လုပ္ထားသင့္ပါတယ္။ အသက္ၾကီးလာတာေၾကာင့္ သင့္ကေလးကို မေခၚေတာ့ဘူးဆိုတာမ်ိဳးလည္း မလုပ္သင့္ပါဘူး။ မိသားစုလိုက္ခရီးထြက္တာဟာ မိသားစုေႏြးေထြးမႈကို ထိထိေရာက္ေရာက္ ျဖစ္ေပၚေစပါတယ္။ အသက္ၾကီးေပမယ့္ မိသားစုရဲ႕တန္ဖိုးကို သင့္ကေလးလည္း ဆက္လက္ခံစားမိေနမွာ ျဖစ္ပါတယ္။

၃ - အရက္နဲ႔ ေဆး

အရက္ကိုေတာ့ သင့္ကေလးအတြက္ အထူးသတိထားေပးပါ။ မေသာက္ရဘူး၊ မေကာင္းဘူးဆိုျပီး ခ်ဳပ္ခ်ယ္တဲ့ စကားမ်ိဳး ေျပာတာက အဆင္မေျပပါဘူး။ သူတို႔ကေတာ့ စမ္းသပ္မွာပဲ ျဖစ္ပါတယ္။ အေရးၾကီးတာကေတာ့ သင္ကိုယ္တုိင္ သူတို႔ေရွ႕မွာ အရက္ေသာက္ျပီးဆိုးဝါးတဲ့ အျပဳအမူမ်ိဳးေတြမလုပ္ဖို႔ ျဖစ္ပါတယ္။ မိဘေတြ ကိုယ္တုိင္ သူတို႔ေရွ႕မွာ မေသာက္ရင္ ပိုေကာင္းပါတယ္။ ငယ္စဥ္ကတည္းက ကေလးေတြကို လြပ္လပ္တယ္ဆိုတဲ့ ခံစားမႈမ်ိဳး ေပးထားသင့္ပါတယ္။ ဒါေပမယ့္ လြပ္လပ္မႈနဲ႔ အတူ တာဝန္ယူမႈလည္း ရွိရမယ္ဆိုတာကို သင္ၾကားေပးရမွာ ျဖစ္ပါတယ္။

၄ - အေသးစိတ္ေဆြးေႏြး

မိဘအမ်ားစုဟာ ျဖစ္ရပ္တစ္ခုကို ကေလးေတြနဲ႔ အေသးစိတ္မေဆြးေႏြးပါဘူး။ အိမ္ရဲ႕ အၾကီးအကဲေတြဟာ ကေလးေတြကိုမွ မဟုတ္ဘဲ အိမ္သားေတြရဲ႕ ကိစၥကို အေသးစိတ္ေဆြးေႏြးေလ့မရွိပါဘူး။ ကေလးေတြကို အခ်ိန္ေပးျပီး အေသးစိတ္ေဆြးေႏြးဖို႔ လိုပါတယ္။ ဒီအခါ သူ႔ဘက္က ျပႆနာကို အျပည့္အဝ သင္နားလည္ပါမယ္။ ဘယ္ကိစၥမဆို တစ္ဖက္လူ စကားကို အေလးထားနားေထာင္တတ္တဲ့ အက်င့္လည္း ကေလးက သင္ယူသြားမွာ ျဖစ္ပါတယ္။  တခ်ိဳ႕ကိစၥေတြကေတာ့ မိသားစုထမင္းဝိုင္းမွာ၊ ညဘက္တီဗီၾကည့္တဲ့အခါမ်ိဳးမွာ ရယ္ရယ္ေမာေမာနဲ႔ မသိလိုက္မသိဘာသာ ေမးျမန္းရတာမ်ိဳး ျဖစ္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁၈ နှစ်ပြည့်ပြီဆိုတဲ့အခါ မဲပေးလို့ရပါပြီ။ တရားဝင်လက်ထပ်ထိမ်းမြားလို့ရပါပြီ။ စစ်မှုထမ်းလို့ရပါပြီ။ ဆိုလိုတာကတော့ ၁၈ နှစ်ပြည့်ပြီဆိုတာနဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် ၁၈ နှစ်ပြည့်တဲ့ သင့်ကလေးကို သင်ပေးပြီးသားဖြစ်ရမယ့် အချက်တွေ ရှိပါတယ်။

၁ - ငွေကြေး စီမံခန့်ခွဲမှု

တချို့မိဘတွေဟာ ငွေကြေးကို ထိထိရောက်ရောက်သုံးစွဲပုံကို သင်ကြားပေးရာမှာ အလွန်ပါးနပ်ပါတယ်။ သင်ကြားပေးလို့ပေးမှန်းမသိအောင် ကလေးမှာ အကျင့်ဖြစ်သွားပါတယ်။ အသက် ၁၈ နှစ်ရောက်လာတဲ့ အခါ သင့်ကလေးဟာ ငွေကြေးကို ကိုယ်ပိုင် စီမံခန့်ခွဲရတော့မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အလုပ်ရှိလာတာ၊ ရပ်ဝေးမှာ ကျောင်းတက်တာကစလို့ မိဘတွေ မပါဘဲ ခရီးထွက်တာတွေ ရှိလာမှာဖြစ်ပြီး ငွေကြေးကို ကိုယ်တိုင် သုံးစွဲရတော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် ငွေကြေးကို စီမံခန့်ခွဲနိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ်။

၂ - ခရီးထွက်ပါ

အသက် ၁၈ နှစ်ရောက်လာတဲ့အခါ ကလေးတွေဟာ တစ်ကိုယ်တည်းနေတာများလာပါပြီ။ ငယ်ငယ်တုန်းကလို သင်ဈေးဝယ်သွားရင် လိုက်မှာ မဟုတ်တော့ပါဘူး။ အသက် ၁၅ လောက်ကျော်တာနဲ့ မိဘနဲ့ တတွဲတွဲနေတာမျိုး မရှိတော့ပါဘူး။ ဒါပေမယ့် သင့်ကလေး အသက် ၁၈ နှစ်ရောက်လာတဲ့အခါ မိသားစုလိုက်ခရီးထွက်တာမျိုးတွေကိုတော့ ဆက်လုပ်ထားသင့်ပါတယ်။ အသက်ကြီးလာတာကြောင့် သင့်ကလေးကို မခေါ်တော့ဘူးဆိုတာမျိုးလည်း မလုပ်သင့်ပါဘူး။ မိသားစုလိုက်ခရီးထွက်တာဟာ မိသားစုနွေးထွေးမှုကို ထိထိရောက်ရောက် ဖြစ်ပေါ်စေပါတယ်။ အသက်ကြီးပေမယ့် မိသားစုရဲ့တန်ဖိုးကို သင့်ကလေးလည်း ဆက်လက်ခံစားမိနေမှာ ဖြစ်ပါတယ်။

၃ - အရက်နဲ့ ဆေး

အရက်ကိုတော့ သင့်ကလေးအတွက် အထူးသတိထားပေးပါ။ မသောက်ရဘူး၊ မကောင်းဘူးဆိုပြီး ချုပ်ချယ်တဲ့ စကားမျိုး ပြောတာက အဆင်မပြေပါဘူး။ သူတို့ကတော့ စမ်းသပ်မှာပဲ ဖြစ်ပါတယ်။ အရေးကြီးတာကတော့ သင်ကိုယ်တိုင် သူတို့ရှေ့မှာ အရက်သောက်ပြီးဆိုးဝါးတဲ့ အပြုအမူမျိုးတွေမလုပ်ဖို့ ဖြစ်ပါတယ်။ မိဘတွေ ကိုယ်တိုင် သူတို့ရှေ့မှာ မသောက်ရင် ပိုကောင်းပါတယ်။ ငယ်စဉ်ကတည်းက ကလေးတွေကို လွပ်လပ်တယ်ဆိုတဲ့ ခံစားမှုမျိုး ပေးထားသင့်ပါတယ်။ ဒါပေမယ့် လွပ်လပ်မှုနဲ့ အတူ တာဝန်ယူမှုလည်း ရှိရမယ်ဆိုတာကို သင်ကြားပေးရမှာ ဖြစ်ပါတယ်။

၄ - အသေးစိတ်ဆွေးနွေး

မိဘအများစုဟာ ဖြစ်ရပ်တစ်ခုကို ကလေးတွေနဲ့ အသေးစိတ်မဆွေးနွေးပါဘူး။ အိမ်ရဲ့ အကြီးအကဲတွေဟာ ကလေးတွေကိုမှ မဟုတ်ဘဲ အိမ်သားတွေရဲ့ ကိစ္စကို အသေးစိတ်ဆွေးနွေးလေ့မရှိပါဘူး။ ကလေးတွေကို အချိန်ပေးပြီး အသေးစိတ်ဆွေးနွေးဖို့ လိုပါတယ်။ ဒီအခါ သူ့ဘက်က ပြဿနာကို အပြည့်အဝ သင်နားလည်ပါမယ်။ ဘယ်ကိစ္စမဆို တစ်ဖက်လူ စကားကို အလေးထားနားထောင်တတ်တဲ့ အကျင့်လည်း ကလေးက သင်ယူသွားမှာ ဖြစ်ပါတယ်။  တချို့ကိစ္စတွေကတော့ မိသားစုထမင်းဝိုင်းမှာ၊ ညဘက်တီဗီကြည့်တဲ့အခါမျိုးမှာ ရယ်ရယ်မောမောနဲ့ မသိလိုက်မသိဘာသာ မေးမြန်းရတာမျိုး ဖြစ်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top