iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြပဲ မနာလို ဝန္တိုတတ္ၾကတာ မဟုတ္ပါဘူး။ ေယာက္်ားေလးေတြလည္း မနာလိုတတ္ၾကပါတယ္။ မနာလိုတာထက္ သူတို႕မုန္းတဲ့ မိန္းမမ်ိဳးေတြေတာင္ ရွိေသး။

1) ပိုက္ဆံရွာနိုင္တဲ့မိန္းမ။

မိန္းကေလးတစ္ေယာက္ဟာ သူ႕ေျခေထာက္ေပၚသူရပ္တည္နိုင္သြားၿပီဆိုရင္ အပ်ိဳႀကီးျဖစ္ဖို႕ ၇၅% ေသခ်ာသြားပါၿပီ။ ကုိယ္ကုိယ္တိုင္ ေအာင္ျမင္ေနမွေတာ့ အိမ္ေထာင္ဦးစီးဆိုတာကို မလိုေတာ့ဘူးေလ။ အဲ့လိုမိန္းမမ်ိဳးကို ေယာက္်ားေတြမုန္းတယ္။

2) ထက္လြန္းတဲ့မိန္းမ။

ေနရာတကာမွာ ကြ်မ္းက်င္တယ္။ သူမ်ားေရွ႕က ေခါင္းေဆာင္နိုင္တယ္။ သြက္လက္တက္ၾကြတယ္။ ဦးေဆာင္ဦးရြက္ျပဳတတ္တယ္။ ေဖာ္ေရြၿပီး အေပါင္းအသင္းဝင္ဆံ့တယ္။ အဲ့ဒါဆို အမုန္းခံရၿပီသာမွတ္။

3) စာဖတ္နာတဲ့မိန္းမ။

စာလည္းႏွံ႕ႏွံ႕စပ္စပ္ဖတ္။ စကားကလည္း ေျပာတတ္။ ခ်က္က်လက္က်လည္းသိ။ အဲ့အမိေတာ့ လူမုန္းမ်ားပါၿပီ။ ေယာက္်ားေတြက သူတို႕သာနိုင္ခ်င္တာ။ သူတို႕ကို အခ်က္အလက္နဲ႕ ဂဃနဏ ျပန္ေျပာနိုင္တဲ့သူဆို သိပ္အျမင္ကပ္တာရယ္။

4) မာနရွိေသာမိန္းမ။

မာနႀကီးတာ အေျခာက္တိုက္ဘဝင္ျမင့္ေနတာကို ေျပာတာ မဟုတ္ဘူးေနာ္။ ကုိယ့္မာနေလးနဲ႕ ကုိယ္ေနတတ္တဲ့မိန္းမမ်ိဳးကို ေျပာတာ။ ေယာက္်ားေတြက သိတဲ့အတိုင္း သူတို႕ပဲအုပ္စိုးခ်င္တာေလ။ ကလန္ကဆန္လုပ္ရင္ ႀကိဳက္တာမဟုတ္ဘူးရယ္။ ကုိယ့္မာနေလးခံေနၿပီး နည္းနည္းကန္႕လန္႕တိုက္ၾကည့္။ ေျပာပါလိမ့္မယ္ ရပ္ကြက္ပတ္ၿပီး ဒါမ်ိဳးဆို သူတို႕က သိပ္မုန္းတာ။

ေယာင္းတို႔ေရာ အဲဒီအထဲပါေနၿပီလား။:P

မွတ္ခ်က္။ ဒီလိုမိန္းမမ်ိဳးေတြကို မုန္းတယ္ဆိုတဲ့ ေယာက်္ားေတြက သူတစ္ပါးကို အရမ္းကို အုပ္ခ်ဳပ္ခ်င္ စိုးမိုးခ်င္ၿပီး အတၱၾကီးမားလွတဲ့ ေယာက်္ားသားမ်ားသာၿဖစ္ပါေၾကာင္း။
Credit:For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version


မိန်းကလေးတွေပဲ မနာလို ဝန်တိုတတ်ကြတာ မဟုတ်ပါဘူး။ ယောက်ျားလေးတွေလည်း မနာလိုတတ်ကြပါတယ်။ မနာလိုတာထက် သူတို့မုန်းတဲ့ မိန်းမမျိုးတွေတောင် ရှိသေး။

1) ပိုက်ဆံရှာနိုင်တဲ့မိန်းမ။

မိန်းကလေးတစ်ယောက်ဟာ သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်သွားပြီဆိုရင် အပျိုကြီးဖြစ်ဖို့ ၇၅% သေချာသွားပါပြီ။ ကိုယ်ကိုယ်တိုင် အောင်မြင်နေမှတော့ အိမ်ထောင်ဦးစီးဆိုတာကို မလိုတော့ဘူးလေ။ အဲ့လိုမိန်းမမျိုးကို ယောက်ျားတွေမုန်းတယ်။

2) ထက်လွန်းတဲ့မိန်းမ။

နေရာတကာမှာ ကျွမ်းကျင်တယ်။ သူများရှေ့က ခေါင်းဆောင်နိုင်တယ်။ သွက်လက်တက်ကြွတယ်။ ဦးဆောင်ဦးရွက်ပြုတတ်တယ်။ ဖော်ရွေပြီး အပေါင်းအသင်းဝင်ဆံ့တယ်။ အဲ့ဒါဆို အမုန်းခံရပြီသာမှတ်။

3) စာဖတ်နာတဲ့မိန်းမ။

စာလည်းနှံ့နှံ့စပ်စပ်ဖတ်။ စကားကလည်း ပြောတတ်။ ချက်ကျလက်ကျလည်းသိ။ အဲ့အမိတော့ လူမုန်းများပါပြီ။ ယောက်ျားတွေက သူတို့သာနိုင်ချင်တာ။ သူတို့ကို အချက်အလက်နဲ့ ဂဃနဏ ပြန်ပြောနိုင်တဲ့သူဆို သိပ်အမြင်ကပ်တာရယ်။

4) မာနရှိသောမိန်းမ။

မာနကြီးတာ အခြောက်တိုက်ဘဝင်မြင့်နေတာကို ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်မာနလေးနဲ့ ကိုယ်နေတတ်တဲ့မိန်းမမျိုးကို ပြောတာ။ ယောက်ျားတွေက သိတဲ့အတိုင်း သူတို့ပဲအုပ်စိုးချင်တာလေ။ ကလန်ကဆန်လုပ်ရင် ကြိုက်တာမဟုတ်ဘူးရယ်။ ကိုယ့်မာနလေးခံနေပြီး နည်းနည်းကန့်လန့်တိုက်ကြည့်။ ပြောပါလိမ့်မယ် ရပ်ကွက်ပတ်ပြီး ဒါမျိုးဆို သူတို့က သိပ်မုန်းတာ။

ယောင်းတို့ရော အဲဒီအထဲပါနေပြီလား။:P

မှတ်ချက်။ ဒီလိုမိန်းမမျိုးတွေကို မုန်းတယ်ဆိုတဲ့ ယောကျ်ားတွေက သူတစ်ပါးကို အရမ်းကို အုပ်ချုပ်ချင် စိုးမိုးချင်ပြီး အတ္တကြီးမားလှတဲ့ ယောကျ်ားသားများသာဖြစ်ပါကြောင်း။
Credit:For Her Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top