iMyanmarHouse.com - Best Property Website for Myanmar
×
ပေါင်မုန့်အဖြူ
အမဲသား
ကွတ်ကီး
ဆော်ဒါ
Credit:trend myanmar
#Unicode Version
အစာချေဖျက်မှုက နေ့စဉ်ပုံမှန်စားသောက်မှုမှာ အဓိကဦးစားပေး ဖြစ်သင့်ပါတယ်။ အစာေချေဖျက်မှု ဂရုစိုက်ပေးခြင်းက ကိုယ်အလေးချိန်ကျဆင်းရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ပြီးတော့ တာရှည်ခံဆေးနဲ့ ဓာတုဆေးတွေနဲ့လုပ်ထားသော အဆီအဆိမ့်များတဲ့ အစားအစာတွေ မစားသုံးသင့်ပါဘူး။
ပေါင်မုန့်အဖြူ
ပေါင်မုန့်အဖြူနဲ့ ပါစတာ (pasta) တို့ကို စွန့်လွှတ်သင့်ပါပြီ။ ပေါင်မုန့်ဖြူနဲ့ ဂျုံနှစ်ခုကြား အဓိကကွဲပြားခြားနားချက်က ဂျုံမှုန့်ကို အရောင်ချွတ်တဲ့အခါ အာဟာရဓာတ်အများစုနဲ့ antioxidant တွေ ပြောင်သလင်းခါသွားစေပါတယ်။ အရသာ အနည်းငယ်ပိုရှိသွားနိုင်ပေမယ့် ကယ်လိုရီ ဗလာဖြစ်ကာ အစာချေဖျက်မှု နှေးကွေးစေပါတယ်။
အမဲသား
မွေးမြူရေးခြံထွက် အမဲသား ဝယ်ယူစားသုံးမှု ရပ်တန့်ပါ။ ဒီမွေးမြူရေးခြံထွက် အမဲသားတွေမှာ အစာအိမ်အတွင်းရှိ အကျိုးပြုဘက်တီးရီးယားတွေ ပျက်စီးစေတဲ့ antibiotics ပမာဏလွန်ကဲစွာ ပါဝင်ပြီး ကိုယ်အလေးချိန်ပိုတက်စေပါတယ်။
ကွတ်ကီး
ကျန်းမာရေးနဲ့ညီညွတ်တဲ့ Omega-3 ရောမသွားပါနဲ့။ Omega-6 အဆီအက်ဆစ်တို့က အစာခြေဖျက်မှုမှာ အန္တရာယ်ကြီးကြီးမားမားဖြစ်စေနိုင်ပါတယ်။ Omega-6 အဆီအက်ဆစ်တို့က အဝလွန်မှုနဲ့ ဆက်စပ်ပြီး ဖူးရောင်မှုအားပေးတယ်လို့ သိရပါတယ်။ Omega-6 အဆီအက်ဆစ်တွေပါတဲ့ အစားအစာတွေထဲမှာ ကွတ်ကီးမုန့်၊ ဝက်သားနဲ့ ထောပတ်တို့ ပါဝင်ပါတယ်။
ဆော်ဒါ
ဆော်ဒါအစား ရိုးရိုးရေကိုသာ သောက်ပါ။ ဆော်ဒါနဲ့ သကြားရည်မြင့်မားစွာပါဝင်တဲ့ တခြားသောက်ဖွယ်အချိုရည်တို့က အစာချေဖျက်မှုကို အကြီးအကျယ်ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ သကြားရည်က ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ဦးနှောက်သွေးကြောပြတ်ရောဂါစတဲ့ ရောဂါတွေဖြစ်ပွားခြင်းနဲ့ ဆက်နွယ်ပါတယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top