iMyanmarHouse.com - Best Property Website for Myanmar
×

လူလတ္ပိုင္း အရြယ္အမ်ားအျပားက ႏြားႏို႔ေသာက္ဖို႔ မလိုအပ္ေတာ့ဘူးလို႔ ထင္ျမင္ ယူဆလ်က္ ရွိပါတယ္။ ဒါေပမဲ့ ႏြားႏို႔နဲ႔ ႏြားႏို႔က ထြက္တဲ့ ပစၥည္းေတြဟာအာဟာရၾကြယ္ဝတဲ့ အစားအစာေတြျဖစ္တယ္ ဆိုတာကိုေတာ့ လူတိုင္းက သတိမထားမိၾကပါဘူး။ ႏြားႏို႔ဟာ လူ႔ခႏၶာကိုယ္အတြက္ တစ္သက္တာလံုး လိုအပ္တဲ့ အာဟာရဓာတ္ အနည္းဆံုး ၁၅ မ်ဳိး အထိ ပါဝင္ ေနပါတယ္။

ဟန္ခ်က္ညီတဲ့ အစားအစာျဖစ္ၿပီး အာဟာရလည္း ျဖစ္တာေၾကာင့္ ႏြားႏို႔ဟာ လူလတ္ပိုင္းအရြယ္ ခႏၶာကိုယ္ က်န္းမာေရးကို ထိန္းညိႇ ထားေစေရးနဲ႔ ကိုယ္ခႏၶာ အစိတ္အပိုင္းမ်ားရဲ႕ စြမ္းအား အရည္အေသြး ျမႇင့္တင္ေရးတို႔အတြက္ သိပ္ကို အေရးႀကီးၿပီး အဖိုးတန္တဲ့ အက်ဳိး သက္ေရာက္မႈ ေပးေစႏိုင္တယ္လို႔လည္း သိရပါတယ္။

တ႐ုတ္ ျပည္သူ ျပည္သားေတြမွာ ေယဘုယ် ကယ္လ္စီယမ္ဓာတ္ခ်ဳိ႕တဲ့ေနတာဟာ တကယ့္အျဖစ္မွန္ တစ္ခုပါ။ ေန႔စဥ္ အစားအစာထဲမွာ ကယ္လ္စီယမ္ ၈ဝဝ ကေန၁၂ဝဝ မီလီဂရမ္ ကမၻာ့က်န္းမာေရး(WHO) က ဆိုေပမဲ့ တ႐ုတ္ ျပည္သူေတြရဲ႕ ထဲမွာက ကယ္လ္စီ ယလီလီဂရမ္ ၄ဝဝ က်င္သာ ပါရွိပါတယ္။ ဒီလိုျဖစ္ရတာဟာ တ႐ုတ္လူမ်ဳိးေတြရဲ႕ ေန႔စဥ္အ စားအေသာက္ ဖြဲ႕စည္းမႈက သီးအရြက္ေတြသာ အဓိက ျဖစ္ေနေလေတာ့ ကယ္လ္စီယမ္ပါ ဝင္မႈ နည္းပါးေနလို႔ပါ။ တစ္ခါ အသီးအရြက္၊ ဆန္၊ ဂ်ဳံျဖဴစတဲ့ အစားအစာမ်ဳိးမွာ ပါဝင္တဲ့ အက္စစ္ဓာတ္ေတြေၾကာင့္ ကယ္လ္စီယမ္ စုပ္ယူႏိုင္မႈကို ထိခိုက္ေစျပန္ပါတယ္။ ဒါေၾကာင့္ လည္း တ႐ုတ္ လူမ်ဳိးေတြကို ကယ္လ္စီယမ္ ဓာတ္ခ်ဳိ႕တဲ့ လူမ်ဳိးလို႔ ေျပာၾကပါတယ္။ ကယ္လ္စီယမ္ဟာ လူ႔ဘဝ တစ္ေလွ်ာက္လံုးရဲ႕ ျဖစ္စဥ္မွာ မျဖစ္မေန ပါဝင္ေနရတာပါ။ လူလတ္ပိုင္း အရြယ္ေတြမွာ ကယ္လ္စီယမ္ ဓာတ္ခ်ဳိ႕တဲ့ခဲ့ရင္ ခ်ဳိ႕ယြင္းခ်က္ လကၡဏာေတြ ေပၚ

ေပါက္လာ တတ္ပါတယ္။ အ႐ိုးပြဆတ္တဲ့ လကၡဏာ၊ အ႐ိုးက်ဳိးလြယ္ျပီး အ႐ိုးက်ဳိး သြားရင္ ျပန္ဆက္ဖို႔နဲ႔ ေကာင္းမြန္ဖို႔ အခ်ိန္ၾကာတတ္တယ္။ ကယ္လ္စီယမ္ ခ်ဳိ႕တဲ့ရင္ အူတြင္း အက်ဳိးျပဳ ပိုးမႊားေတြ မတိုးပြား ႏိုင္ပါဘူး။ ေသြးအတြင္း ကယ္လ္စီယမ္ဓာတ္ မလံုေလာက္တဲ့အတြက္ ၾကြက္တက္တာေတြကို ျဖစ္ေပၚေစတယ္။ ထို႔အတူပဲ ထူးကဲတဲ့ ေဖာေရာင္ မႈေတြရဲ႕ အဓိက အေၾကာင္းအရင္း ကလည္း ကယ္လ္စီယမ္ ခ်ဳိ႕တဲ့မႈေၾကာင့္ ျဖစ္ပါတယ္။

အမွန္တကယ္ပဲ လူ႔ခႏၶာကိုယ္မွာ ကယ္လ္စီယမ္ဓာတ္ လံုလံုေလာက္ေလာက္ ရွိတယ္ဆိုရင္ အထက္မွာ ေဖာ္ျပခဲ့တဲ့ လကၡဏာမ်ား မျဖစ္ပြား ေစတဲ့အျပင္ အေရျပား၊ ဆံပင္၊ ေခြၽးေပါက္ စတဲ့ ဆဲလ္မ်ားရဲ႕ ပံုမွန္အေနအထားကို ေစာင့္ေရွာက္ေပးႏိုင္ၿပီး ႏွလံုးေရာဂါ ျဖစ္ပြားမႈ ႏႈန္းကို ေလွ်ာ့ခ်ႏိုင္ေျခ ရွိပါတယ္။ မ်က္ေမွာက္ကာလမွာ ႏိုင္ငံ အသီးသီးက ႏြားႏို႔အသံုးျပဳ (ကယ္လ္စီ ယမ္ျဖည့္ဆည္းမႈ)ကိုအလြန္ အေလးထား ၾကပါတယ္။ ကယ္လ္စီယမ္ဓာတ္ ခ်ဳိ႕တဲ့ျခင္းရဲ႕ အက်ဳိးဆက္ အေနနဲ႔ အ႐ိုးပြဆတ္ ေရာဂါ osteoporosis ဟာ လူေတြကို အဓိက ဒုကၡေပးတဲ့ ေရာဂါပါပဲ။ ႏြားႏို႔နဲ႔ ႏြားႏို႔ထြက္ ပစၥည္းျဖစ္တဲ့ သဘာဝ ကယ္လ္စီယမ္ဓာတ္ျဖင့္ အ႐ိုးပြဆတ္ ေရာဂါနဲ႔ တျခား ေရာဂါေတြကို ကာကြယ္တာဟာ ႏိုင္ငံ အသီးသီးရဲ႕ ေဆးသိပၸံ ေလာကက အသိအမွတ္ျပဳတဲ့ ဘံုအယူအဆ တစ္ရပ္ ျဖစ္လာခဲ့ပါၿပီ။ ။

Credit:ျမ၀တီ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူလတ်ပိုင်း အရွယ်အများအပြားက နွားနို့သောက်ဖို့ မလိုအပ်တော့ဘူးလို့ ထင်မြင် ယူဆလျက် ရှိပါတယ်။ ဒါပေမဲ့ နွားနို့နဲ့ နွားနို့က ထွက်တဲ့ ပစ္စည်းတွေဟာအာဟာရကြွယ်ဝတဲ့ အစားအစာတွေဖြစ်တယ် ဆိုတာကိုတော့ လူတိုင်းက သတိမထားမိကြပါဘူး။ နွားနို့ဟာ လူ့ခန္ဓာကိုယ်အတွက် တစ်သက်တာလုံး လိုအပ်တဲ့ အာဟာရဓာတ် အနည်းဆုံး ၁၅ မျိုး အထိ ပါဝင် နေပါတယ်။

ဟန်ချက်ညီတဲ့ အစားအစာဖြစ်ပြီး အာဟာရလည်း ဖြစ်တာကြောင့် နွားနို့ဟာ လူလတ်ပိုင်းအရွယ် ခန္ဓာကိုယ် ကျန်းမာရေးကို ထိန်းညှိ ထားစေရေးနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းများရဲ့ စွမ်းအား အရည်အသွေး မြှင့်တင်ရေးတို့အတွက် သိပ်ကို အရေးကြီးပြီး အဖိုးတန်တဲ့ အကျိုး သက်ရောက်မှု ပေးစေနိုင်တယ်လို့လည်း သိရပါတယ်။

တရုတ် ပြည်သူ ပြည်သားတွေမှာ ယေဘုယျ ကယ်လ်စီယမ်ဓာတ်ချို့တဲ့နေတာဟာ တကယ့်အဖြစ်မှန် တစ်ခုပါ။ နေ့စဉ် အစားအစာထဲမှာ ကယ်လ်စီယမ် ၈ဝဝ ကနေ၁၂ဝဝ မီလီဂရမ် ကမ္ဘာ့ကျန်းမာရေး(WHO) က ဆိုပေမဲ့ တရုတ် ပြည်သူတွေရဲ့ ထဲမှာက ကယ်လ်စီ ယလီလီဂရမ် ၄ဝဝ ကျင်သာ ပါရှိပါတယ်။ ဒီလိုဖြစ်ရတာဟာ တရုတ်လူမျိုးတွေရဲ့ နေ့စဉ်အ စားအသောက် ဖွဲ့စည်းမှုက သီးအရွက်တွေသာ အဓိက ဖြစ်နေလေတော့ ကယ်လ်စီယမ်ပါ ဝင်မှု နည်းပါးနေလို့ပါ။ တစ်ခါ အသီးအရွက်၊ ဆန်၊ ဂျုံဖြူစတဲ့ အစားအစာမျိုးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်တွေကြောင့် ကယ်လ်စီယမ် စုပ်ယူနိုင်မှုကို ထိခိုက်စေပြန်ပါတယ်။ ဒါကြောင့် လည်း တရုတ် လူမျိုးတွေကို ကယ်လ်စီယမ် ဓာတ်ချို့တဲ့ လူမျိုးလို့ ပြောကြပါတယ်။ ကယ်လ်စီယမ်ဟာ လူ့ဘဝ တစ်လျှောက်လုံးရဲ့ ဖြစ်စဉ်မှာ မဖြစ်မနေ ပါဝင်နေရတာပါ။ လူလတ်ပိုင်း အရွယ်တွေမှာ ကယ်လ်စီယမ် ဓာတ်ချို့တဲ့ခဲ့ရင် ချို့ယွင်းချက် လက္ခဏာတွေ ပေါ်

ပေါက်လာ တတ်ပါတယ်။ အရိုးပွဆတ်တဲ့ လက္ခဏာ၊ အရိုးကျိုးလွယ်ပြီး အရိုးကျိုး သွားရင် ပြန်ဆက်ဖို့နဲ့ ကောင်းမွန်ဖို့ အချိန်ကြာတတ်တယ်။ ကယ်လ်စီယမ် ချို့တဲ့ရင် အူတွင်း အကျိုးပြု ပိုးမွှားတွေ မတိုးပွား နိုင်ပါဘူး။ သွေးအတွင်း ကယ်လ်စီယမ်ဓာတ် မလုံလောက်တဲ့အတွက် ကြွက်တက်တာတွေကို ဖြစ်ပေါ်စေတယ်။ ထို့အတူပဲ ထူးကဲတဲ့ ဖောရောင် မှုတွေရဲ့ အဓိက အကြောင်းအရင်း ကလည်း ကယ်လ်စီယမ် ချို့တဲ့မှုကြောင့် ဖြစ်ပါတယ်။

အမှန်တကယ်ပဲ လူ့ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်ဓာတ် လုံလုံလောက်လောက် ရှိတယ်ဆိုရင် အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာများ မဖြစ်ပွား စေတဲ့အပြင် အရေပြား၊ ဆံပင်၊ ချွေးပေါက် စတဲ့ ဆဲလ်များရဲ့ ပုံမှန်အနေအထားကို စောင့်ရှောက်ပေးနိုင်ပြီး နှလုံးရောဂါ ဖြစ်ပွားမှု နှုန်းကို လျှော့ချနိုင်ခြေ ရှိပါတယ်။ မျက်မှောက်ကာလမှာ နိုင်ငံ အသီးသီးက နွားနို့အသုံးပြု (ကယ်လ်စီ ယမ်ဖြည့်ဆည်းမှု)ကိုအလွန် အလေးထား ကြပါတယ်။ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်းရဲ့ အကျိုးဆက် အနေနဲ့ အရိုးပွဆတ် ရောဂါ osteoporosis ဟာ လူတွေကို အဓိက ဒုက္ခပေးတဲ့ ရောဂါပါပဲ။ နွားနို့နဲ့ နွားနို့ထွက် ပစ္စည်းဖြစ်တဲ့ သဘာဝ ကယ်လ်စီယမ်ဓာတ်ဖြင့် အရိုးပွဆတ် ရောဂါနဲ့ တခြား ရောဂါတွေကို ကာကွယ်တာဟာ နိုင်ငံ အသီးသီးရဲ့ ဆေးသိပ္ပံ လောကက အသိအမှတ်ပြုတဲ့ ဘုံအယူအဆ တစ်ရပ် ဖြစ်လာခဲ့ပါပြီ။ ။

Credit:မြဝတီ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top