iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်က္စတင္ဘီဘာတစ္ေယာက္ အရက္မူးၿပီး ကားေမာင္းခဲ့လို႔ လြန္ခဲ့တဲ့ ၃ ႏွစ္က အဖမ္းခံခဲ့ရဖူးတာ မွတ္မိၾကမလားပဲ။ အခု သူ ေျပာင္းလဲသြားၿပီလို႔ ေဂ်ဘီက ေျပာပါတယ္။

ေဂ်ဘီဟာ ၂၀၁၄ ခုႏွစ္ ဇန္နဝါရီလက ႐ိုက္ကူးထားတဲ့ မႈခင္းဓာတ္ပံုနဲ႔ အခု ျပံဳးရယ္ေနတဲ့ ဓာတ္ပံုကို ယွဥ္တြဲဟာ သူ႔ရဲ႕အင္စတာဂရမ္မွာ တင္ခဲ့တာ ျဖစ္ပါတယ္။

"ဒီပံုကို သေဘာက်တယ္။ ဘာလို႔လဲဆုိေတာ့ ကၽြန္ေတာ္ ေရာက္ခ်င္တဲ့ေနရာကို မေရာက္ေသးေပမဲ့ ကၽြန္ေတာ္ အရင္တုန္းက ရွိေနခဲ့တဲ့ ေနရာမွာ မဟုတ္ေတာ့လို႔ပါပဲ။ အေကာင္းဆံုးက မလာေသးပါဘူး။ ယံုလား" လို႔ ေဂ်ဘီက ေရးထားခဲ့ပါတယ္။

အခု အသက္ ၂၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဘီဘာဟာ ၂၀၁၄ ခုႏွစ္ ဇန္နဝါရီလ ၂၃ ရက္ေန႔မွာ အရက္မူးၿပီး သူ႔ရဲ႕ Lamborghini ကားကို အျမန္ေမာင္းႏွင္လာကာ အဖမ္းမခံဘဲ ရဲေတြကို ဆဲဆုိမႈနဲ႔ မီယာမီကမ္းေျခမွာ အဖမ္းခံခဲ့ရပါတယ္။ အဆင္အျခင္မဲ့ ကားေမာင္းမႈနဲ႔ ေအးေအးေဆးေဆး အဖမ္းမခံျခင္းတုိ႔နဲ႔ အျပစ္ရွိိေၾကာင္း ေတြ႕ရွိတဲ့အတြက္ ေဒါသထိန္းသိမ္းမႈအတန္းမ်ား တက္ေရာက္ရကာ ပရဟိတလုပ္ငန္းကို ေဒၚလာ ၅၀,၀၀၀ လွဴဒါန္းခဲ့ရပါတယ္။

၂၀၁၃ ဒီဇင္ဘာလတုန္းကလည္း ေတာ္ရြန္တိုမွာ ဇိမ္ခံကားဒ႐ိုင္ဘာတစ္ဦးကို ႐ိုင္း႐ိုင္းစိုင္းစိုင္းေျပာဆုိျပဳမူတဲ့အတြက္ ေဂ်ဘီအဖမ္းခံခဲ့ရပါေသးတယ္။ ေနာက္ပိုင္းမွာ အဲဒီအမႈကို ႐ုတ္သိမ္းခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၄ ခုႏွစ္ ဇန္နဝါရီ လဆန္းပိုင္းမွာလည္း အိမ္နီးခ်င္းတစ္ဦးရဲ႕အိမ္ကို ၾကက္ဥနဲ႔ ေပါက္လို႔ဆုိၿပီး တုိင္ၾကားလို႔ စံုစမ္းစစ္ေဆးဖို႔ ေလာ့ဆန္းဂ်လိစ္မွာရွိတဲ့ ေဂ်ဘီရဲ႕အိမ္ကို ရဲေတြက ဝင္ေရာက္ရွာေဖြခဲ့ပါေသးတယ္။ အဲဒီအိမ္ထဲမွာ မူးယစ္ေဆးေတြ ေတြ႕ခဲ့ၿပီး ေဂ်ဘီရဲ႕ေနာက္လိုက္တစ္ဦးကို ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။
၂၀၁၄ ဇန္နဝါရီလမွာေတာ့ ေဂ်ဘီဟာ ၾကက္ဥနဲ႔ ေပါက္တဲ့ ရမ္းကားမႈစြဲခ်က္မွာ အျပစ္မရွိေၾကာင္း ျငင္းဆိုခဲ့ၿပီး ပ်က္စီးမႈအတြက္ ေဒးလာ ၈၀,၀၀၀ ေလ်ာ္ဖို႔ သေဘာတူခဲ့ပါတယ္။ သူ႔ရဲ႕ခံဝန္ကာလကေတာ့ ၂၀၁၅ ခုႏွစ္ ႏိုဝင္ဘာလမွာ ျပည့္သြားခဲ့ပါတယ္။

အခုေတာ့ ေဂ်ဘီဟာ လြန္ခဲ့တဲ့လအနည္းငယ္ကစလုိ႔ သူ႔ရဲ႕ Purpose Tour ကို စတင္ခဲ့ကာ ဝင္ေငြက ေဒၚလာ သန္း ၂၀၀ နားေတာင္ ကပ္လာခဲ့ပါၿပီ။ သူ႔ရဲ႕ႏိုင္ငံတကာ ခရီးစဥ္က မၿပီးဆံုးေသးသလို ေဖ်ာ္ေျဖမႈေတြ က်န္ေသးတဲ့အတြက္ အေကာင္းဆံုးေတြ မလာေသးဘူးလို႔ ေဂ်ဘီေျပာတာလည္း မွန္ႏုိင္ပါတယ္။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဂျက်စတင်ဘီဘာတစ်ယောက် အရက်မူးပြီး ကားမောင်းခဲ့လို့ လွန်ခဲ့တဲ့ ၃ နှစ်က အဖမ်းခံခဲ့ရဖူးတာ မှတ်မိကြမလားပဲ။ အခု သူ ပြောင်းလဲသွားပြီလို့ ဂျေဘီက ပြောပါတယ်။

ဂျေဘီဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ရိုက်ကူးထားတဲ့ မှုခင်းဓာတ်ပုံနဲ့ အခု ပြုံးရယ်နေတဲ့ ဓာတ်ပုံကို ယှဉ်တွဲဟာ သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

"ဒီပုံကို သဘောကျတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ရောက်ချင်တဲ့နေရာကို မရောက်သေးပေမဲ့ ကျွန်တော် အရင်တုန်းက ရှိနေခဲ့တဲ့ နေရာမှာ မဟုတ်တော့လို့ပါပဲ။ အကောင်းဆုံးက မလာသေးပါဘူး။ ယုံလား" လို့ ဂျေဘီက ရေးထားခဲ့ပါတယ်။

အခု အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဘီဘာဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အရက်မူးပြီး သူ့ရဲ့ Lamborghini ကားကို အမြန်မောင်းနှင်လာကာ အဖမ်းမခံဘဲ ရဲတွေကို ဆဲဆိုမှုနဲ့ မီယာမီကမ်းခြေမှာ အဖမ်းခံခဲ့ရပါတယ်။ အဆင်အခြင်မဲ့ ကားမောင်းမှုနဲ့ အေးအေးဆေးဆေး အဖမ်းမခံခြင်းတို့နဲ့ အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် ဒေါသထိန်းသိမ်းမှုအတန်းများ တက်ရောက်ရကာ ပရဟိတလုပ်ငန်းကို ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့ရပါတယ်။

၂၀၁၃ ဒီဇင်ဘာလတုန်းကလည်း တော်ရွန်တိုမှာ ဇိမ်ခံကားဒရိုင်ဘာတစ်ဦးကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုပြုမူတဲ့အတွက် ဂျေဘီအဖမ်းခံခဲ့ရပါသေးတယ်။ နောက်ပိုင်းမှာ အဲဒီအမှုကို ရုတ်သိမ်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှာလည်း အိမ်နီးချင်းတစ်ဦးရဲ့အိမ်ကို ကြက်ဥနဲ့ ပေါက်လို့ဆိုပြီး တိုင်ကြားလို့ စုံစမ်းစစ်ဆေးဖို့ လော့ဆန်းဂျလိစ်မှာရှိတဲ့ ဂျေဘီရဲ့အိမ်ကို ရဲတွေက ဝင်ရောက်ရှာဖွေခဲ့ပါသေးတယ်။ အဲဒီအိမ်ထဲမှာ မူးယစ်ဆေးတွေ တွေ့ခဲ့ပြီး ဂျေဘီရဲ့နောက်လိုက်တစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
၂၀၁၄ ဇန်နဝါရီလမှာတော့ ဂျေဘီဟာ ကြက်ဥနဲ့ ပေါက်တဲ့ ရမ်းကားမှုစွဲချက်မှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး ပျက်စီးမှုအတွက် ဒေးလာ ၈၀,၀၀၀ လျော်ဖို့ သဘောတူခဲ့ပါတယ်။ သူ့ရဲ့ခံဝန်ကာလကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ပြည့်သွားခဲ့ပါတယ်။

အခုတော့ ဂျေဘီဟာ လွန်ခဲ့တဲ့လအနည်းငယ်ကစလို့ သူ့ရဲ့ Purpose Tour ကို စတင်ခဲ့ကာ ဝင်ငွေက ဒေါ်လာ သန်း ၂၀၀ နားတောင် ကပ်လာခဲ့ပါပြီ။ သူ့ရဲ့နိုင်ငံတကာ ခရီးစဉ်က မပြီးဆုံးသေးသလို ဖျော်ဖြေမှုတွေ ကျန်သေးတဲ့အတွက် အကောင်းဆုံးတွေ မလာသေးဘူးလို့ ဂျေဘီပြောတာလည်း မှန်နိုင်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top