iMyanmarHouse.com - Best Property Website for Myanmar
×

ဘယာကိုတကယ္ပဲအခ်ိန္ျပည့္ဝတ္ထားသင့္ရဲ႕လား။ တကယ္လို႔ အခ်ိန္ျပည့္ဝတ္ထားမယ္ဆို ဘာျဖစ္လာႏိုင္သလဲ..

Bra ကို အခ်ိန္ျပည့္မဝတ္သင့္တဲ့ အေကာင္းဆုံးအေၾကာင္းျပခ်က္ကေတာ့ သင္ လုံးဝ လြတ္လပ္သြားပါလိမ့္မယ္။ သင့္ကို တစ္စုံတစ္ခုက ခ်ဳပ္ကိုင္ထားသလို မလြတ္မလပ္ခံစားရတဲ့ ခံစားခ်က္ရဲ႕ အဓိကတရားခံကေတာ့ သင္ဝတ္ထားတဲ့ Bra ေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္။ အထူးသျဖင့္ အခုလို ပူအိုက္ကြၽမ္းေလာင္ေနတဲ့ ေႏြရာသီမ်ိဳးမွာ အျပင္ကေနျပန္ေရာက္တာနဲ႔ Bra ကို ခြၽတ္ထားသင့္ပါတယ္။

သင္က ေခ်ာေမာလွပတဲ့မိန္းကေလးတစ္ေယာက္ပါ။ ျပစ္မ်ိဳးမွဲ႔မထင္ကိုယ္ခႏၶာကို ရရွိဖို႔အတြက္ Bra ကို ခြၽတ္ခ်ိန္တန္ ခြၽတ္ေပးပါ။ ဘာျဖစ္လို႔လဲဆိုရင္ Bra ကို အခ်ိန္ျပည့္ဝတ္ထားျခင္းအားျဖင့္ သင့္ရဲ႕ေနာက္ေက်ာနဲ႔ ရင္ဘတ္ေတြမွာ Bra ႀကိဳးရာေတြနဲ႔ ကံမေကာင္းရင္ အသားမာဒဏ္ရာေတြပါ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ မဝတ္မျဖစ္ အခ်ိန္ၾကာၾကာဝတ္ရေတာ့မယ္ဆိုရင္လည္း Bra ႀကိဳးေတြကို ေပ်ာ့ေပ်ာင္းတဲ့အေနအထားေရာက္တဲ့အထိ ေလွ်ာ့ခ်ထားသင့္တယ္လို႔ အႀကံေပးခ်င္ပါတယ္။

သင္တို႔ကို ၾကပ္ၾကပ္မတ္မတ္သတိေပးခ်င္တာကေတာ့ အိပ္ရာဝင္တဲ့အခ်ိန္မွာ Bra ကို လုံးဝလုံးဝခြၽတ္ထားဖို႔ပါပဲ။ ညဖက္ေတြမွာ ေကာင္းမြန္စြာအိပ္မေပ်ာ္ေအာင္ ဒုကၡေပးေနတဲ့ အဓိကတရားခံကေတာ့ ေကာ္ဖီတစ္ခြက္မဟုတ္ပါဘူးေနာ္။ သူမွသူပါပဲ။ Bra ကို ဝတ္အိပ္ျခင္းအားျဖင့္ သင့္အတြက္ ဘာေကာင္းက်ိဳးမွ ရရွိမွာ မဟုတ္ပါဘူး။

က်န္းမာေရးရႈေထာင့္ကၾကည့္မယ္ဆိုရင္လည္း Bra ခြၽတ္လိုက္တဲ့အခ်ိန္မွာ ရင္သားမွာရွိတဲ့ေသြးေၾကာေတြရဲ႕ေသြးလွည့္ပတ္မႈက ပိုမိုေကာင္းမြန္လာမွာျဖစ္ၿပီး အသက္ရွဴလမ္းေၾကာင္းကိုလည္း ပိုမိုအေထာက္အပံ့ျဖစ္ပါတယ္။ တစ္ကိုယ္ရည္သန႔္ရွင္းေရးအေနနဲ႔ဆိုရင္လည္း ေခြၽးနဲ႔ ကိုယ္တြင္းနံ႔ေတြက Bra ဝတ္ထားတဲ့အခါ ပိုမိုထြက္ေနမွာမို႔လို႔ ဂ႐ုစိုက္သင့္ပါတယ္။

Bra ကို အခ်ိန္ျပည့္မဝတ္လို႔ သင့္ရဲ႕ရင္သားႏွစ္မႊာ ေလွ်ာ့ရဲပုံပ်က္သြားမွာ စိုးရိမ္ေနပါသလား။ ဒီဘက္ေခတ္မွာ Bra ဝတ္ဖို႔အတြက္ အခ်ိန္ေတြစီမံခန႔္ခြဲဖို႔ကေတာ့ လုံးဝလိုအပ္ေနပါၿပီေနာ္။ ဒါေပမယ့္လည္း သင့္ရဲ႕ က်န္းမာေရးနဲ႔ သင့္ရဲ႕ လြတ္လပ္မႈအတြက္ သင္ ဦးစားေပးမလား။ ဒါကေတာ့ သင့္ရဲ႕ ေ႐ြးခ်ယ္မႈပဲျဖစ္ပါတယ္ရွင္။

Credit:myanmarload
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ဘယာကိုတကယ်ပဲအချိန်ပြည့်ဝတ်ထားသင့်ရဲ့လား။ တကယ်လို့ အချိန်ပြည့်ဝတ်ထားမယ်ဆို ဘာဖြစ်လာနိုင်သလဲ..

Bra ကို အချိန်ပြည့်မဝတ်သင့်တဲ့ အကောင်းဆုံးအကြောင်းပြချက်ကတော့ သင် လုံးဝ လွတ်လပ်သွားပါလိမ့်မယ်။ သင့်ကို တစ်စုံတစ်ခုက ချုပ်ကိုင်ထားသလို မလွတ်မလပ်ခံစားရတဲ့ ခံစားချက်ရဲ့ အဓိကတရားခံကတော့ သင်ဝတ်ထားတဲ့ Bra ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် အခုလို ပူအိုက်ကျွမ်းလောင်နေတဲ့ နွေရာသီမျိုးမှာ အပြင်ကနေပြန်ရောက်တာနဲ့ Bra ကို ချွတ်ထားသင့်ပါတယ်။

သင်က ချောမောလှပတဲ့မိန်းကလေးတစ်ယောက်ပါ။ ပြစ်မျိုးမှဲ့မထင်ကိုယ်ခန္ဓာကို ရရှိဖို့အတွက် Bra ကို ချွတ်ချိန်တန် ချွတ်ပေးပါ။ ဘာဖြစ်လို့လဲဆိုရင် Bra ကို အချိန်ပြည့်ဝတ်ထားခြင်းအားဖြင့် သင့်ရဲ့နောက်ကျောနဲ့ ရင်ဘတ်တွေမှာ Bra ကြိုးရာတွေနဲ့ ကံမကောင်းရင် အသားမာဒဏ်ရာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မဝတ်မဖြစ် အချိန်ကြာကြာဝတ်ရတော့မယ်ဆိုရင်လည်း Bra ကြိုးတွေကို ပျော့ပျောင်းတဲ့အနေအထားရောက်တဲ့အထိ လျှော့ချထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။

သင်တို့ကို ကြပ်ကြပ်မတ်မတ်သတိပေးချင်တာကတော့ အိပ်ရာဝင်တဲ့အချိန်မှာ Bra ကို လုံးဝလုံးဝချွတ်ထားဖို့ပါပဲ။ ညဖက်တွေမှာ ကောင်းမွန်စွာအိပ်မပျော်အောင် ဒုက္ခပေးနေတဲ့ အဓိကတရားခံကတော့ ကော်ဖီတစ်ခွက်မဟုတ်ပါဘူးနော်။ သူမှသူပါပဲ။ Bra ကို ဝတ်အိပ်ခြင်းအားဖြင့် သင့်အတွက် ဘာကောင်းကျိုးမှ ရရှိမှာ မဟုတ်ပါဘူး။

ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း Bra ချွတ်လိုက်တဲ့အချိန်မှာ ရင်သားမှာရှိတဲ့သွေးကြောတွေရဲ့သွေးလှည့်ပတ်မှုက ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး အသက်ရှူလမ်းကြောင်းကိုလည်း ပိုမိုအထောက်အပံ့ဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးအနေနဲ့ဆိုရင်လည်း ချွေးနဲ့ ကိုယ်တွင်းနံ့တွေက Bra ဝတ်ထားတဲ့အခါ ပိုမိုထွက်နေမှာမို့လို့ ဂရုစိုက်သင့်ပါတယ်။

Bra ကို အချိန်ပြည့်မဝတ်လို့ သင့်ရဲ့ရင်သားနှစ်မွှာ လျှော့ရဲပုံပျက်သွားမှာ စိုးရိမ်နေပါသလား။ ဒီဘက်ခေတ်မှာ Bra ဝတ်ဖို့အတွက် အချိန်တွေစီမံခန့်ခွဲဖို့ကတော့ လုံးဝလိုအပ်နေပါပြီနော်။ ဒါပေမယ့်လည်း သင့်ရဲ့ ကျန်းမာရေးနဲ့ သင့်ရဲ့ လွတ်လပ်မှုအတွက် သင် ဦးစားပေးမလား။ ဒါကတော့ သင့်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်ရှင်။

Credit:myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top