iMyanmarHouse.com - Best Property Website for Myanmar
×

ဂီတေလာကထဲကို ၂၀၁၂ ခုႏွစ္ကတည္းက ၀င္ေရာက္လာခဲ့ျပီး တစ္စထက္တစ္စ ပရိသတ္လက္ခံအားေပးခံလာရသူကေတာ့ ထက္ယံပါ။ သိပ္မၾကာေသးခင္က လူမႈကြန္ယက္ေပၚ ပ်ံ႕ႏွံ႕ခဲ့တဲ့ သူ႕ခ်စ္သူနဲ႕ရိုက္ထားတဲ့ ပံုေတြေၾကာင့္ သူ႕ရဲ႕ အခ်စ္ေရးနဲ႕ပတ္သက္ျပီး ထက္ယံရွိရာသြားေရာက္ေမးျမန္းျဖစ္ခဲ့သလို ဇြန္လ ၉ရက္ေန႕ မႏၱေလးမွာက်င္းပမဲ့ In My Life ရိႈးအတြက္ျပင္ဆင္မႈမ်ားကိုလည္း ေမးျမန္းခဲ့ပါတယ္။

-အခုလက္ရွိ ဂီတလႈပ္ရွားမႈ အေနနဲ႕ ဘာေတြလုပ္ျဖစ္ေနလဲ။

လက္ရွိ လႈပ္ရွားမႈ က မႏၱေလးမွာလုပ္မဲ့ In My Life ဆိုတဲ့ ပြဲအတြက္ကို ကၽြန္ေတာ္သီခ်င္းေလးေတြအားလံုးကုိစုျပီး promo ေၾကာ္ျငာဗီဒီယိုိေလးေပါ့။ ၂ မိနစ္စာ၊ သံုးမိနစ္စာေလာက္ရုိက္ဖို႕စီစဥ္ေနတယ္။

-In My Life လို႕ေပးျဖစ္ခဲ့တာကေရာ ဘယ္လုိေၾကာင့္လဲ။

ကၽြန္ေတာ့္ဘ၀မွာ ကၽြန္ေတာ္ဘာေတြလုပ္ခဲ့လဲ။ ဒီပြဲကိုၾကည့္ရင္ ကၽြန္ေတာ္ ၂၀၁၂ ကေန ၂၀၁၇ ခုႏွစ္မွာ ငါးႏွစ္တာအတြင္း ကၽြန္ေတာ္ဘာေတြလုပ္ခဲ့လဲ။ ကၽြန္ေတာ္ဘာလို႕အဆိုေတာ္ျဖစ္လာတာလဲ။ ဘယ္သီခ်င္းေတြေၾကာင့္လဲ။ ဆိုတာ အဲ့ဒီပြဲေလးကိုၾကည့္လိုက္ရင္ သိမယ္ဆိုတဲ့ အဓိပၸါယ္ေပါ့။

-မႏၱေလးမွာလုပ္ျဖစ္သြားတာကေရာ ဘယ္လိုေၾကာင့္လဲ။

ဒီပြဲကိုလုပ္ျဖစ္တာက အဓိက Space Media ကေပါ့။ ကၽြန္ေတာ္ October 18 ထြက္တုန္းက MBC အြန္လိုင္း တီဗီ ေပါ့။ အဲ့ဒီကုမၸဏီကပဲ ဒီပြဲကိုစီစဥ္ျပီး အားလံုးကိုလုပ္ေပးတာပါ။

-သီခ်င္းဘယ္ႏွပုဒ္ေလာက္ေဖ်ာ္ေျဖဖို႕စဥ္းစားထားလဲ။

သီခ်င္းက ၂၅ ပုဒ္နဲ႕အပုဒ္ ၃၀ အတြင္းရွိမယ္။ ၾကာခ်ိန္ကေတာ့ ၃နာရီေလာက္သတ္မွတ္ထားတယ္။ အဲ့ဒီသတ္မွတ္ထားတဲ့ သီခ်င္းေတြထဲမွာမွ ပရိသတ္မသိေသးတဲ့ သီခ်င္းအသစ္ ၅ပုဒ္ေလာက္ပါမယ္။ ဟိုး Offical ထြက္ခဲ့တဲ့ အစပိုင္းကေန အခုခ်ိန္ထိ သီခ်င္းေတြပါမယ္။ ေနာက္ထူးျခားတာတစ္ခုက ကုိေမာင္ေမာင္သီဟနဲ႕လုပ္ထားတဲ့ တာဗိုဒရမ္ရဲ႕ သီခ်င္းေတြလဲ ပါပါလိမ့္မယ္။

-ပြဲေန႕နဲ႕ ေနရာေလးကိုလဲသိခ်င္ပါတယ္။

ေျခာက္လပိုင္း ၉ ရက္ေန႕ ေသာၾကာေန႕က်ပါတယ္။ လုပ္တဲ့ ေနရာက မႏၱေလးပါ။ Diamond Plaza အေပၚဆံုးထပ္မွာ ရိႈးလုပ္ေနက်ေနရာရွိပါတယ္။ မိုးလံုေလလံုေပါ့။ အဲ့ဒီမွာလုပ္မွာပါ။ ရန္ကုန္မွာလဲ လုပ္ေပးခ်င္ပါတယ္။ သို႕ေသာ္ မႏၱေလးမွာ လုပ္ျဖစ္သြားတယ္ေပါ့ေနာ္။ ရန္ကုန္မွာလဲလုပ္ေပးပါမယ္။ သို႕ေသာ္ရန္ကုန္ကလူေတြကိုလဲ မႏၱေလးမွာ လာအားေပးမယ္ဆုိရင္ ကၽြန္ေတာ့္ဖက္က အမ်ားၾကီးတာ၀န္ေက်ေအာင္စီစဥ္ေပးဖို႕စဥ္းစားထားပါတယ္။

-အဲ့ဒါကဘယ္လိုစီစဥ္ေပးမွာလဲ။

အဲ့ဒါက အခုေလာေလာဆယ္ ကၽြန္ေတာ့္ Fan ေတြနဲ႕ညွိေနတုန္းပါ။ အဓိက သြားေရးလာေရးပဲ အခက္အခဲျဖစ္တာေပါ့။ အဲ့ဒါကို အဆင္ေျပေအာင္လုပ္ေပးဖို႕ စီစဥ္ေနပါတယ္။ အဓိက We Love Fan ေတြေပါ့။ သူတို႕ကလုိက္ၾကည့္ခ်င္တဲ့အတြက္ အိမ္ကိုေတာင္ေျပာေနၾကပါတယ္။ ေနာက္ မိတၳီလာေမြးရပ္ေျမကလူေတြကိုလဲ မႏၱေလးပြဲကိုလာၾကည့္ႏုိင္ေအာင္စီစဥ္ေနပါတယ္။

-ရန္ကုန္မွာမလုပ္ပဲ ဘာလို႕မႏၱေလးမွာေရြးလုပ္ခဲ့တာလဲ။

မႏၱေလးမွာေရြးလုပ္ျဖစ္ခဲ့တာက တစ္အခ်က္ ကၽြန္ေတာ့္ကို ရန္ကုန္ကေနစျပီး လူသိလာတယ္။ ရန္ကုန္ပြဲေတြမွာလဲ ကၽြန္ေတာ့္ကိုေတြ႕ရတယ္။ ေနာက္တစ္ခုက မႏၱေလးက ပရိသတ္ေတြက်ေတာ့ ကၽြန္ေတာ္မႏၱေလးသြားမွေတြ႕ရတယ္။ ကၽြန္ေတာ္က နယ္ဖက္မွာ သြားဆိုရတာ နည္းတဲ့အတြက္ သူတုိ႕နဲ႕အေတြ႕ရနည္းတယ္။ အဲ့ဒီအခ်က္ရယ္။ ေနာက္တစ္ခ်က္က ရန္ကုန္မွာပြဲလုပ္ဖို႕အတြက္ ေနရာေစ်းႏႈန္းရက္ယူရတာ အဆင္မေျပဘူး။ ေနာက္ဆံုးအေရးၾကီးဆံုးတစ္ခ်က္က မိတၳီလာကလူေတြက ကၽြန္ေတာ့္ဇာတိဆိုေတာ့ သူတို႕ေတြက မႏၱေလးဆိုရင္ေတာ့ လာၾကည့္လို႕ရတယ္ေပါ့။ ကၽြန္ေတာ့္မိသားစုအတြက္၊ ကၽြန္ေတာ့္အမ်ိဳးေတြအတြက္ေတြးျပီးေတာ့ မႏၱေလးမွာေရြးခ်ယ္ျပီးလုပ္ျဖစ္သြားတာပါ။

-လက္မွတ္ေစ်းႏႈန္းေတြကေရာ ဘယ္လိုသတ္မွတ္ထားလဲ။

လက္မွတ္ေတြကေတာ့ အားလံုးပြဲေတြသတ္မွတ္သလိုပဲ သတ္မွတ္ပါလိမ့္မယ္။ သံုးမ်ိဳးေလာက္ရွိမယ္။ အားလံုးကေတာ့ confirm မျဖစ္ေသးဘူး။ ၅လပိုင္းမွာမွစျပီး အားလံုးကုိ ေၾကညာသြားမွာပါ။

-တြဲဆိုေပးမဲ့သူေတြကေရာ ဘယ္ႏွေယာက္ေလာက္ပါလဲ။

တြဲဆိုေပးမဲ့သူေတြက ၁၁ ေယာက္ေပါ့။ အဲ့ဒီ ၁၁ ေယာက္က ဘယ္သူေတြလဲဆိုေတာ့ ကၽြန္ေတာ့္ အႏုပညာအလုပ္ေတြစတင္လုပ္ကုိင္ခဲ့တဲ့ အခ်ိန္ကတည္းက ပါ၀င္ပတ္သက္ခဲ့တဲ့သူေတြပါပဲ။ ကိုJၾကီး၊ ကုိၾကက္ဖ၊ ကုိရဲေလး၊ ရဲရင့္ေအာင္၊ ေရႊထူး၊ X-box ၊ lil’z ၊ Y-zet ၊ ျပံဳးျမသြယ္၊ ေမာင္သီဟ ေပါ့။ ကၽြန္ေတာ့္ပြဲမွာက ဟာမိုနီသမားေတြရယ္လို႕မပါပါဘူး။ ကၽြန္ေတာ္နဲ႕အတူတူ တြဲဖက္ျပီးေတာ့ performance လုပ္ေပးမဲ့ Singer အသစ္ေလးေယာက္လဲပါပါလိမ့္မယ္။ ကၽြန္ေတာ့္ကို Vocal train ေပးမဲ့ဆရာ  ဆရာအိမ္မင္းထက္ စီစဥ္ျပီးေတာ့ အဲ့ဒါေတြအားလံုးကိုလုပ္ေပးေနပါတယ္။ ျပီးေတာ့ ကၽြန္ေတာ္ကိုယ္တိုင္လဲကမွာပါ။

-ဂ်င္းအက်ီၤေလးေတြလဲ ေရာင္းတာေတြ႕ရတယ္။

အဲ့ဒါက ကၽြန္ေတာ္ေရာင္းတာမဟုတ္ပါဘူး။ ကၽြန္ေတာ္က ဒီဇုိင္းထုတ္ေပးလိုက္တာပါ။ ဘာလို႕လဲဆိုေတာ့ ကၽြန္ေတာ့္ Fan ေတြက Fan shirt ေလးေတြလုပ္ၾကတယ္ေပါ့။ အဲ့ဒါေလးေတြက ေရရွည္မခံဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္လဲ ညီတူမွ်တူျဖစ္ေနတာမဟုတ္ေတာ့ ကၽြန္ေတာ္သာဒီဇိုင္းတစ္ခုဆြဲျပီးထုတ္ေပးလိုက္မယ္ဆုိရင္ ကၽြန္ေတာ့ Fan ေတြကို တစ္ပံုစံတည္းနဲ႕ပဲေတြ႕ရမယ္။ ပိုျပီးလဲထင္ရွားမယ္။ ကၽြန္ေတာ္လုပ္ေပးတဲ့ဒီဇိုင္း၊ ကၽြန္ေတာ့္ လိုဂိုနဲ႕ဆိုေတာ့ သူတို႕လဲေပ်ာ္မယ္ထင္ျပီးလုပ္ေပးျဖစ္သြားတာပါ။ ေစ်းႏႈန္းကေတာ့ ၂၀၀၀၀ ပါ။ အထည္ ၁၀၀ ပဲ ထုတ္ထားတယ္။ ကုန္တဲ့ဟာေတြေတာင္ ကုန္ေနျပီ။ ပြဲနီးမွ အက်ီၤေတြထပ္လုပ္ဖို႕စီစဥ္ထားပါတယ္။ In My Life ပြဲနီးရင္ ေနာက္ထပ္ ဒီဇိုင္းတစ္မ်ိဳးထပ္ထုတ္ပါမယ္။

-လက္ရွိ အခ်စ္ေရးကေရာ ဘယ္လိုရွိလဲ။

လက္ရွိ အခ်စ္ေရးက အရမ္းစိတ္၀င္စားၾကတယ္။ ဘယ္လိုေတြေျပာရမလဲဆိုေတာ့ လူေတြက အခုမွစိတ္၀င္စားေနလုိ႕ပါ။ လူတိုင္းမွာ အခ်စ္ေရးရွိတယ္။ ဟုတ္ျပီ။ ကၽြန္ေတာ္ အခ်စ္ေရး အဆင္မေျပေတာ့ ဘာလုပ္ေပးမွာလဲ။ ဟုတ္ျပီ။ ကၽြန္ေတာ္မွာ ရည္းစားမရွိရင္ေရာ ရွာေပးမွာလား။ အကုန္လံုးက၀ိုင္းခ်စ္မွာလား။ အိုေခ ဘာမွလဲမဟုတ္ဘူးေလ။ ကၽြန္ေတာ့္ သီခ်င္းကိုၾကိဳက္လို႕သူတုိ႕ကအားေပးေနတာျဖစ္တဲ့အတြက္ ကၽြန္ေတာ့္အခ်စ္ေရးမွာ ကၽြန္ေတာ္အဆင္မေျပရင္ အသည္းကြဲသီခ်င္းထြက္လာလိမ့္မယ္။ ကၽြန္ေတာ့္အခ်စ္ေရးမွာ အဆင္ေျပေနရင္ အခ်စ္သီခ်င္းထြက္လာလိ့မ္မယ္။ သူတုိ႕က ကၽြန္ေတာ္ျဖစ္သမွ်သာ လုိက္ခံစားေပးမယ္ဆုိရင္  အားလံုးအဆင္ေျပသြားျပီလို႕ေျပာျပခ်င္ပါတယ္။

-လက္ရွိ အခ်စ္ေရးကေရာ အဆင္ေျပေနလား။

ေျပပါတယ္။ အဆင္ေျပတာေပါ့။ မေျပလဲ ေျပေအာင္လုပ္ရမယ္။ ကၽြန္ေတာ့္မွာတာ၀န္အရမ္းၾကီးတယ္။ ပြဲအတြက္စီစဥ္ေနတဲ့အခ်ိန္ အခ်စ္ေရးေၾကာင့္ အသည္းေတြကြဲျပီး လမ္းေဘးမွာ အရက္ေသာက္ေနလို႕မရဘူး။ ကၽြန္ေတာ္အဆင္ေျပေအာင္ေနတယ္။ အခ်စ္ေရးတင္မကဘူး။ က်န္းမာေရးပါ အဆင္ေျပေအာင္ စက္ဘီးစီးေနတယ္လို႕ပဲ ကၽြန္ေတာ္ေျပာခ်င္ပါတယ္။

-အခုေနာက္ပိုင္းမွာ စံုတြဲပံုေလးေတြတက္လာေတြ႕ရတယ္။

ၾကာပါျပီ။ ကၽြန္ေတာ့္ကို စသိခဲ့တဲ့ တစ္ကုိယ္ေတာ္အေခြ New Album မထြက္ခင္ကတည္းက ကၽြန္ေတာ့္ဘ၀ေလးနဲ႕ကၽြန္ေတာ္ပါပဲ။ ဒါေပမဲ့ လူေတြက ဘာျဖစ္လဲဆိုေတာ့ အဲ့ဒီတုန္းက ဂရုမစိုက္ၾကဘူး။ ကၽြန္ေတာ္လဲပံုမွန္ပါပဲ။ ကၽြန္ေတာ့္ေဖ့စ္ဘြတ္ထဲမွာ ၀င္ၾကည့္ၾကည့္ ကၽြန္ေတာ့္မွာ ရည္းစားရွိလား။ မရွိလားဆိုတာ သိရမွာပါ။ သို႕ေသာ္ ေနာက္ပိုင္း သူတို႕တကယ္စိတ္၀င္စားလာျပီး ကၽြန္ေတာ့္အေၾကာင္းကို ႏိႈက္ႏိႈက္ခၽြတ္ခၽြတ္လိုက္ေလ့လာျပီဆိုမွ ေၾသာ္ဆုိျပီးသိသြားၾကတာပါ။ ဒါပါပဲ။ ဒါေပမဲ့ ဘာျဖစ္လဲ။ ကၽြန္ေတာ့္ကို သူတို႕သီခ်င္းၾကိဳက္တာပဲေလ။ ဓာတ္ပံုေလးတင္ေတာ့လဲ ကၽြန္ေတာ္နဲ႕ပတ္သက္တဲ့သူေတြအားလံုးကို သူတို႕လိုက္ခ်စ္ေပးလိုက္ရံုပဲေပါ့။ ကၽြန္ေတာ့္ခ်စ္သူမွမဟုတ္ဘူး။ ကၽြန္ေတာ့္ကို ခ်စ္တဲ့သူေတြအားလံုးအျပင္ ကၽြန္ေတာ့္ကိုခ်စ္ေနတဲ့ အားေပးေနတဲ့သူေတြကအစ ကၽြန္ေတာ့္ဘ၀ရဲ႕ အစိတ္အပိုင္းတစ္ခုပဲ။ သူတို႕ေတြအားလံုးက အစိတ္အပိုင္းေတြပဲ။ သူတို႕ေတြမရွိလို႕မရဘူး။ သူတို႕မရွိရင္ ထက္ယံဆိုတာလဲျဖစ္လာစရာ အေၾကာင္းမရွိသလုိ ထက္ယံဆိုတာလဲ ကၽြန္ေတာ္တစ္ေယာက္တည္းသတ္မွတ္ထားတဲ့ နာမည္မဟုတ္ဘူး။ သူတို႕နဲ႕သတ္မွတ္မွရတာ ေဘးကလူေတြသတ္မွတ္မွရတာ အဲ့ဒီေတာ့ ကၽြန္ေတာ္ခ်စ္တဲ့အရာေတြအားလံုးကို ခ်စ္ေပးပါလို႕ပဲေျပာခ်င္ပါတယ္။

-ခ်စ္သူသက္တမ္းက ဘယ္ေလာက္ေလာက္ရွိသြားျပီလဲ။

ခ်စ္သူသက္တမ္းက ၂ ႏွစ္ေက်ာ္၊ သံုးႏွစ္ထဲေရာက္ေနပါျပီ။

-တခ်ိဳ႕မိန္းကေလးပရိသတ္ေတြဆိုရင္ အစ္ကုိတို႕အတြဲပံုေလးေတြ တက္လာေတာ့မွ ရည္းစားရွိေနတာ အခုမွသိတယ္ဆုိတဲ့ Caption ေလးေတြနဲ႕ Share ၾကတဲ့ အေပၚမွာ ဘယ္လိုခံစားရလဲ။

ဘယ္လိုမွမခံစားရပါဘူး။ ကၽြန္ေတာ္လိုခ်င္တာ ပရိသတ္အစစ္ပါ။ ကၽြန္ေတာ့မွာ မိန္းမရလို႕ကေလးရလို႕ကၽြန္ေတာ့္သီခ်င္းကိုမၾကိဳက္တဲ့သူရွိရင္ မၾကိဳက္နဲ႕ေပါ့။ ရွင္းရွင္းေလးပဲ။ ကၽြန္ေတာ္သီခ်င္းဆိုလာခဲ့တာ လူတိုင္းကိုလိုက္ၾကိဳက္ဖို႕မွမဟုတ္တာ ကၽြန္ေတာ့္ဘ၀နဲ႕ကၽြန္ေတာ္ပါပဲ။ ကၽြန္ေတာ့္ကိုနားလည္ေပးေစခ်င္ပါတယ္။ ကၽြန္ေတာ့္မိသားစုနဲ႕ကၽြန္ေတာ္ သူလဲသူ႕မိသားစုနဲ႕သူ ၊ သူ႕ဘဲနဲ႕သူပဲ။ သေဘာတရားကရွင္းရွင္းေလးပဲ။ ကၽြန္ေတာ္ကသူတုိ႕ကို entertain လုပ္ေပးေနတာ ကၽြန္ေတာ္ကအဆိုေတာ္ သီခ်င္းထုတ္ေပးဖုိ႕ပဲ။ က်န္တာက ကၽြန္ေတာ့္ဟာကၽြန္ေတာ္ ကတံုးပဲျဖစ္ေနပါေစ။ သြားေခါေခါဘာျဖစ္ျဖစ္ ကၽြန္ေတာ္လုပ္တဲ့လုပ္ရပ္နဲ႕ဘာမွမဆုိင္ဘူး။ သူတို႕ကကၽြန္ေတာ္လုပ္တဲ့လုပ္ရပ္ကို အားေပးတာမဟုတ္ဘူး။ ကၽြန္ေတာ့္ရဲ႕ သီခ်င္းကိုအားေပးတာ။ အိုေခ ကၽြန္ေတာ့္လုပ္ရပ္ကို အားေပးတဲ့သူဆုိရင္ေတာ့ ေဆာရီးပါလို႕ပဲေျပာခ်င္ပါတယ္။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဂီတလောကထဲကို ၂၀၁၂ ခုနှစ်ကတည်းက ဝင်ရောက်လာခဲ့ပြီး တစ်စထက်တစ်စ ပရိသတ်လက်ခံအားပေးခံလာရသူကတော့ ထက်ယံပါ။ သိပ်မကြာသေးခင်က လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့တဲ့ သူ့ချစ်သူနဲ့ရိုက်ထားတဲ့ ပုံတွေကြောင့် သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ထက်ယံရှိရာသွားရောက်မေးမြန်းဖြစ်ခဲ့သလို ဇွန်လ ၉ရက်နေ့ မန္တလေးမှာကျင်းပမဲ့ In My Life ရှိုးအတွက်ပြင်ဆင်မှုများကိုလည်း မေးမြန်းခဲ့ပါတယ်။

-အခုလက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

လက်ရှိ လှုပ်ရှားမှု က မန္တလေးမှာလုပ်မဲ့ In My Life ဆိုတဲ့ ပွဲအတွက်ကို ကျွန်တော်သီချင်းလေးတွေအားလုံးကိုစုပြီး promo ကြော်ငြာဗီဒီယိုလေးပေါ့။ ၂ မိနစ်စာ၊ သုံးမိနစ်စာလောက်ရိုက်ဖို့စီစဉ်နေတယ်။

-In My Life လို့ပေးဖြစ်ခဲ့တာကရော ဘယ်လိုကြောင့်လဲ။

ကျွန်တော့်ဘဝမှာ ကျွန်တော်ဘာတွေလုပ်ခဲ့လဲ။ ဒီပွဲကိုကြည့်ရင် ကျွန်တော် ၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်မှာ ငါးနှစ်တာအတွင်း ကျွန်တော်ဘာတွေလုပ်ခဲ့လဲ။ ကျွန်တော်ဘာလို့အဆိုတော်ဖြစ်လာတာလဲ။ ဘယ်သီချင်းတွေကြောင့်လဲ။ ဆိုတာ အဲ့ဒီပွဲလေးကိုကြည့်လိုက်ရင် သိမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။

-မန္တလေးမှာလုပ်ဖြစ်သွားတာကရော ဘယ်လိုကြောင့်လဲ။

ဒီပွဲကိုလုပ်ဖြစ်တာက အဓိက Space Media ကပေါ့။ ကျွန်တော် October 18 ထွက်တုန်းက MBC အွန်လိုင်း တီဗီ ပေါ့။ အဲ့ဒီကုမ္ပဏီကပဲ ဒီပွဲကိုစီစဉ်ပြီး အားလုံးကိုလုပ်ပေးတာပါ။

-သီချင်းဘယ်နှပုဒ်လောက်ဖျော်ဖြေဖို့စဉ်းစားထားလဲ။

သီချင်းက ၂၅ ပုဒ်နဲ့အပုဒ် ၃၀ အတွင်းရှိမယ်။ ကြာချိန်ကတော့ ၃နာရီလောက်သတ်မှတ်ထားတယ်။ အဲ့ဒီသတ်မှတ်ထားတဲ့ သီချင်းတွေထဲမှာမှ ပရိသတ်မသိသေးတဲ့ သီချင်းအသစ် ၅ပုဒ်လောက်ပါမယ်။ ဟိုး Offical ထွက်ခဲ့တဲ့ အစပိုင်းကနေ အခုချိန်ထိ သီချင်းတွေပါမယ်။ နောက်ထူးခြားတာတစ်ခုက ကိုမောင်မောင်သီဟနဲ့လုပ်ထားတဲ့ တာဗိုဒရမ်ရဲ့ သီချင်းတွေလဲ ပါပါလိမ့်မယ်။

-ပွဲနေ့နဲ့ နေရာလေးကိုလဲသိချင်ပါတယ်။

ခြောက်လပိုင်း ၉ ရက်နေ့ သောကြာနေ့ကျပါတယ်။ လုပ်တဲ့ နေရာက မန္တလေးပါ။ Diamond Plaza အပေါ်ဆုံးထပ်မှာ ရှိုးလုပ်နေကျနေရာရှိပါတယ်။ မိုးလုံလေလုံပေါ့။ အဲ့ဒီမှာလုပ်မှာပါ။ ရန်ကုန်မှာလဲ လုပ်ပေးချင်ပါတယ်။ သို့သော် မန္တလေးမှာ လုပ်ဖြစ်သွားတယ်ပေါ့နော်။ ရန်ကုန်မှာလဲလုပ်ပေးပါမယ်။ သို့သော်ရန်ကုန်ကလူတွေကိုလဲ မန္တလေးမှာ လာအားပေးမယ်ဆိုရင် ကျွန်တော့်ဖက်က အများကြီးတာဝန်ကျေအောင်စီစဉ်ပေးဖို့စဉ်းစားထားပါတယ်။

-အဲ့ဒါကဘယ်လိုစီစဉ်ပေးမှာလဲ။

အဲ့ဒါက အခုလောလောဆယ် ကျွန်တော့် Fan တွေနဲ့ညှိနေတုန်းပါ။ အဓိက သွားရေးလာရေးပဲ အခက်အခဲဖြစ်တာပေါ့။ အဲ့ဒါကို အဆင်ပြေအောင်လုပ်ပေးဖို့ စီစဉ်နေပါတယ်။ အဓိက We Love Fan တွေပေါ့။ သူတို့ကလိုက်ကြည့်ချင်တဲ့အတွက် အိမ်ကိုတောင်ပြောနေကြပါတယ်။ နောက် မိတ္ထီလာမွေးရပ်မြေကလူတွေကိုလဲ မန္တလေးပွဲကိုလာကြည့်နိုင်အောင်စီစဉ်နေပါတယ်။

-ရန်ကုန်မှာမလုပ်ပဲ ဘာလို့မန္တလေးမှာရွေးလုပ်ခဲ့တာလဲ။

မန္တလေးမှာရွေးလုပ်ဖြစ်ခဲ့တာက တစ်အချက် ကျွန်တော့်ကို ရန်ကုန်ကနေစပြီး လူသိလာတယ်။ ရန်ကုန်ပွဲတွေမှာလဲ ကျွန်တော့်ကိုတွေ့ရတယ်။ နောက်တစ်ခုက မန္တလေးက ပရိသတ်တွေကျတော့ ကျွန်တော်မန္တလေးသွားမှတွေ့ရတယ်။ ကျွန်တော်က နယ်ဖက်မှာ သွားဆိုရတာ နည်းတဲ့အတွက် သူတို့နဲ့အတွေ့ရနည်းတယ်။ အဲ့ဒီအချက်ရယ်။ နောက်တစ်ချက်က ရန်ကုန်မှာပွဲလုပ်ဖို့အတွက် နေရာဈေးနှုန်းရက်ယူရတာ အဆင်မပြေဘူး။ နောက်ဆုံးအရေးကြီးဆုံးတစ်ချက်က မိတ္ထီလာကလူတွေက ကျွန်တော့်ဇာတိဆိုတော့ သူတို့တွေက မန္တလေးဆိုရင်တော့ လာကြည့်လို့ရတယ်ပေါ့။ ကျွန်တော့်မိသားစုအတွက်၊ ကျွန်တော့်အမျိုးတွေအတွက်တွေးပြီးတော့ မန္တလေးမှာရွေးချယ်ပြီးလုပ်ဖြစ်သွားတာပါ။

-လက်မှတ်ဈေးနှုန်းတွေကရော ဘယ်လိုသတ်မှတ်ထားလဲ။

လက်မှတ်တွေကတော့ အားလုံးပွဲတွေသတ်မှတ်သလိုပဲ သတ်မှတ်ပါလိမ့်မယ်။ သုံးမျိုးလောက်ရှိမယ်။ အားလုံးကတော့ confirm မဖြစ်သေးဘူး။ ၅လပိုင်းမှာမှစပြီး အားလုံးကို ကြေညာသွားမှာပါ။

-တွဲဆိုပေးမဲ့သူတွေကရော ဘယ်နှယောက်လောက်ပါလဲ။

တွဲဆိုပေးမဲ့သူတွေက ၁၁ ယောက်ပေါ့။ အဲ့ဒီ ၁၁ ယောက်က ဘယ်သူတွေလဲဆိုတော့ ကျွန်တော့် အနုပညာအလုပ်တွေစတင်လုပ်ကိုင်ခဲ့တဲ့ အချိန်ကတည်းက ပါဝင်ပတ်သက်ခဲ့တဲ့သူတွေပါပဲ။ ကိုJကြီး၊ ကိုကြက်ဖ၊ ကိုရဲလေး၊ ရဲရင့်အောင်၊ ရွှေထူး၊ X-box ၊ lil’z ၊ Y-zet ၊ ပြုံးမြသွယ်၊ မောင်သီဟ ပေါ့။ ကျွန်တော့်ပွဲမှာက ဟာမိုနီသမားတွေရယ်လို့မပါပါဘူး။ ကျွန်တော်နဲ့အတူတူ တွဲဖက်ပြီးတော့ performance လုပ်ပေးမဲ့ Singer အသစ်လေးယောက်လဲပါပါလိမ့်မယ်။ ကျွန်တော့်ကို Vocal train ပေးမဲ့ဆရာ  ဆရာအိမ်မင်းထက် စီစဉ်ပြီးတော့ အဲ့ဒါတွေအားလုံးကိုလုပ်ပေးနေပါတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လဲကမှာပါ။

-ဂျင်းအကျီၤလေးတွေလဲ ရောင်းတာတွေ့ရတယ်။

အဲ့ဒါက ကျွန်တော်ရောင်းတာမဟုတ်ပါဘူး။ ကျွန်တော်က ဒီဇိုင်းထုတ်ပေးလိုက်တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့် Fan တွေက Fan shirt လေးတွေလုပ်ကြတယ်ပေါ့။ အဲ့ဒါလေးတွေက ရေရှည်မခံဘူး။ တစ်ယောက်နဲ့တစ်ယောက်လဲ ညီတူမျှတူဖြစ်နေတာမဟုတ်တော့ ကျွန်တော်သာဒီဇိုင်းတစ်ခုဆွဲပြီးထုတ်ပေးလိုက်မယ်ဆိုရင် ကျွန်တော့ Fan တွေကို တစ်ပုံစံတည်းနဲ့ပဲတွေ့ရမယ်။ ပိုပြီးလဲထင်ရှားမယ်။ ကျွန်တော်လုပ်ပေးတဲ့ဒီဇိုင်း၊ ကျွန်တော့် လိုဂိုနဲ့ဆိုတော့ သူတို့လဲပျော်မယ်ထင်ပြီးလုပ်ပေးဖြစ်သွားတာပါ။ ဈေးနှုန်းကတော့ ၂၀၀၀၀ ပါ။ အထည် ၁၀၀ ပဲ ထုတ်ထားတယ်။ ကုန်တဲ့ဟာတွေတောင် ကုန်နေပြီ။ ပွဲနီးမှ အကျီၤတွေထပ်လုပ်ဖို့စီစဉ်ထားပါတယ်။ In My Life ပွဲနီးရင် နောက်ထပ် ဒီဇိုင်းတစ်မျိုးထပ်ထုတ်ပါမယ်။

-လက်ရှိ အချစ်ရေးကရော ဘယ်လိုရှိလဲ။

လက်ရှိ အချစ်ရေးက အရမ်းစိတ်ဝင်စားကြတယ်။ ဘယ်လိုတွေပြောရမလဲဆိုတော့ လူတွေက အခုမှစိတ်ဝင်စားနေလို့ပါ။ လူတိုင်းမှာ အချစ်ရေးရှိတယ်။ ဟုတ်ပြီ။ ကျွန်တော် အချစ်ရေး အဆင်မပြေတော့ ဘာလုပ်ပေးမှာလဲ။ ဟုတ်ပြီ။ ကျွန်တော်မှာ ရည်းစားမရှိရင်ရော ရှာပေးမှာလား။ အကုန်လုံးကဝိုင်းချစ်မှာလား။ အိုခေ ဘာမှလဲမဟုတ်ဘူးလေ။ ကျွန်တော့် သီချင်းကိုကြိုက်လို့သူတို့ကအားပေးနေတာဖြစ်တဲ့အတွက် ကျွန်တော့်အချစ်ရေးမှာ ကျွန်တော်အဆင်မပြေရင် အသည်းကွဲသီချင်းထွက်လာလိမ့်မယ်။ ကျွန်တော့်အချစ်ရေးမှာ အဆင်ပြေနေရင် အချစ်သီချင်းထွက်လာလိ့မ်မယ်။ သူတို့က ကျွန်တော်ဖြစ်သမျှသာ လိုက်ခံစားပေးမယ်ဆိုရင်  အားလုံးအဆင်ပြေသွားပြီလို့ပြောပြချင်ပါတယ်။

-လက်ရှိ အချစ်ရေးကရော အဆင်ပြေနေလား။

ပြေပါတယ်။ အဆင်ပြေတာပေါ့။ မပြေလဲ ပြေအောင်လုပ်ရမယ်။ ကျွန်တော့်မှာတာဝန်အရမ်းကြီးတယ်။ ပွဲအတွက်စီစဉ်နေတဲ့အချိန် အချစ်ရေးကြောင့် အသည်းတွေကွဲပြီး လမ်းဘေးမှာ အရက်သောက်နေလို့မရဘူး။ ကျွန်တော်အဆင်ပြေအောင်နေတယ်။ အချစ်ရေးတင်မကဘူး။ ကျန်းမာရေးပါ အဆင်ပြေအောင် စက်ဘီးစီးနေတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။

-အခုနောက်ပိုင်းမှာ စုံတွဲပုံလေးတွေတက်လာတွေ့ရတယ်။

ကြာပါပြီ။ ကျွန်တော့်ကို စသိခဲ့တဲ့ တစ်ကိုယ်တော်အခွေ New Album မထွက်ခင်ကတည်းက ကျွန်တော့်ဘဝလေးနဲ့ကျွန်တော်ပါပဲ။ ဒါပေမဲ့ လူတွေက ဘာဖြစ်လဲဆိုတော့ အဲ့ဒီတုန်းက ဂရုမစိုက်ကြဘူး။ ကျွန်တော်လဲပုံမှန်ပါပဲ။ ကျွန်တော့်ဖေ့စ်ဘွတ်ထဲမှာ ဝင်ကြည့်ကြည့် ကျွန်တော့်မှာ ရည်းစားရှိလား။ မရှိလားဆိုတာ သိရမှာပါ။ သို့သော် နောက်ပိုင်း သူတို့တကယ်စိတ်ဝင်စားလာပြီး ကျွန်တော့်အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်လိုက်လေ့လာပြီဆိုမှ သြော်ဆိုပြီးသိသွားကြတာပါ။ ဒါပါပဲ။ ဒါပေမဲ့ ဘာဖြစ်လဲ။ ကျွန်တော့်ကို သူတို့သီချင်းကြိုက်တာပဲလေ။ ဓာတ်ပုံလေးတင်တော့လဲ ကျွန်တော်နဲ့ပတ်သက်တဲ့သူတွေအားလုံးကို သူတို့လိုက်ချစ်ပေးလိုက်ရုံပဲပေါ့။ ကျွန်တော့်ချစ်သူမှမဟုတ်ဘူး။ ကျွန်တော့်ကို ချစ်တဲ့သူတွေအားလုံးအပြင် ကျွန်တော့်ကိုချစ်နေတဲ့ အားပေးနေတဲ့သူတွေကအစ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ သူတို့တွေအားလုံးက အစိတ်အပိုင်းတွေပဲ။ သူတို့တွေမရှိလို့မရဘူး။ သူတို့မရှိရင် ထက်ယံဆိုတာလဲဖြစ်လာစရာ အကြောင်းမရှိသလို ထက်ယံဆိုတာလဲ ကျွန်တော်တစ်ယောက်တည်းသတ်မှတ်ထားတဲ့ နာမည်မဟုတ်ဘူး။ သူတို့နဲ့သတ်မှတ်မှရတာ ဘေးကလူတွေသတ်မှတ်မှရတာ အဲ့ဒီတော့ ကျွန်တော်ချစ်တဲ့အရာတွေအားလုံးကို ချစ်ပေးပါလို့ပဲပြောချင်ပါတယ်။

-ချစ်သူသက်တမ်းက ဘယ်လောက်လောက်ရှိသွားပြီလဲ။

ချစ်သူသက်တမ်းက ၂ နှစ်ကျော်၊ သုံးနှစ်ထဲရောက်နေပါပြီ။

-တချို့မိန်းကလေးပရိသတ်တွေဆိုရင် အစ်ကိုတို့အတွဲပုံလေးတွေ တက်လာတော့မှ ရည်းစားရှိနေတာ အခုမှသိတယ်ဆိုတဲ့ Caption လေးတွေနဲ့ Share ကြတဲ့ အပေါ်မှာ ဘယ်လိုခံစားရလဲ။

ဘယ်လိုမှမခံစားရပါဘူး။ ကျွန်တော်လိုချင်တာ ပရိသတ်အစစ်ပါ။ ကျွန်တော့မှာ မိန်းမရလို့ကလေးရလို့ကျွန်တော့်သီချင်းကိုမကြိုက်တဲ့သူရှိရင် မကြိုက်နဲ့ပေါ့။ ရှင်းရှင်းလေးပဲ။ ကျွန်တော်သီချင်းဆိုလာခဲ့တာ လူတိုင်းကိုလိုက်ကြိုက်ဖို့မှမဟုတ်တာ ကျွန်တော့်ဘဝနဲ့ကျွန်တော်ပါပဲ။ ကျွန်တော့်ကိုနားလည်ပေးစေချင်ပါတယ်။ ကျွန်တော့်မိသားစုနဲ့ကျွန်တော် သူလဲသူ့မိသားစုနဲ့သူ ၊ သူ့ဘဲနဲ့သူပဲ။ သဘောတရားကရှင်းရှင်းလေးပဲ။ ကျွန်တော်ကသူတို့ကို entertain လုပ်ပေးနေတာ ကျွန်တော်ကအဆိုတော် သီချင်းထုတ်ပေးဖို့ပဲ။ ကျန်တာက ကျွန်တော့်ဟာကျွန်တော် ကတုံးပဲဖြစ်နေပါစေ။ သွားခေါခေါဘာဖြစ်ဖြစ် ကျွန်တော်လုပ်တဲ့လုပ်ရပ်နဲ့ဘာမှမဆိုင်ဘူး။ သူတို့ကကျွန်တော်လုပ်တဲ့လုပ်ရပ်ကို အားပေးတာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ သီချင်းကိုအားပေးတာ။ အိုခေ ကျွန်တော့်လုပ်ရပ်ကို အားပေးတဲ့သူဆိုရင်တော့ ဆောရီးပါလို့ပဲပြောချင်ပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top