iMyanmarHouse.com - Best Property Website for Myanmar
×

သင္ ပင္ပန္းတယ္လို႔ ခံစားေနရပါသလား?အဲဒါဆိုရင္ေတာ့ ေကာ္ဖီမေဖ်ာ္လိုက္ပါနဲ႔။ လိေမၼာ္ရည္ ေသာက္ဖို႔ ႀကိဳးစားၾကည့္လိုက္ပါ။

သုေတသန တစ္ခုက ရွာေဖြေတြ႕ရွိခဲ့တာကေတာ့ လက္ရွိမွာ ေပၚျပဴလာ အျဖစ္ဆံုး အခ်ိဳရည္ Orange Juice ဟာ နိုးၾကားမႈ ၊ အာရံုစူးစိုက္မႈ နဲ႔ တံု႔ျပန္မႈ တို႔ကို အားေကာင္းေစႏိုင္တယ္ဆိုတာပါပဲ။ ဒီထက္ပိုၿပီး အသံုး၀င္တာက လိေမၼာ္ရည္ရဲ႕ သက္ေရာက္မႈေတြဟာ နာရီေပါင္းမ်ားစြာထိ အက်ံုဳး၀င္ ေနတာေၾကာင့္ပါ။ မနက္စာ အေနနဲ႔ လိေမၼာ္ရည္ ေသာက္သံုးသူေတြဟာ မြန္းလြဲ ခ်ိန္ေလာက္ထိ လန္းဆန္းေနေစမွာပါ။

ထို သုေတသနမွာေတာ့ ရီဒင္း တကၠသိုလ္က သုေတသီေတြဟာ လူငယ္အမ်ိဳးသား ၂၄ ေယာကကို ဘက္ထရီက တစ္ဆင့္ ၂ ရက္ၾကာ စိတ္ပိုင္းဆိုင္ရာ စစ္ေဆးမႈ ျပဳလုပ္ခဲ့ပါတယ္။ ထို ၂ ရက္ထဲက ၁ ရက္မွာေတာ့ လိေမၼာ္ရည္ တစ္ခြက္ ေသာက္သံုးေစၿပီး က်န္ ၁ ရက္မွာေတာ့ သၾကားရည္ထည့္သြင္းထားၿပီး လိေမၼာ္ရည္လို အရသာမ်ိဳးရွိတဲ့ ေဖ်ာ္ရည္ေတြ ေသာက္သံုးေစခဲ့ပါတယ္။

ထို အမ်ိဳးသားေတြ လိေမၼာ္ရည္ အစစ္ ကို ေသာက္သံုးရတဲ့ေန႔မွာေတာ့ ျမန္ဆန္မႈ နဲ႔ အာရံုစိုက္ႏိုင္မႈ အပိုင္းေတြမွာ ပိုမိုေကာင္းမြန္ေနတာကို စိတ္ပိုင္းဆိုင္ရာ စစ္ေဆးမႈ ေတြအရ သိခဲ့ရပါတယ္။ ဒါ့အျပင္ ထိုအမ်ိဳးသားေတြဟာ ၆ နာရီ အၾကာအထိ လန္းဆန္းေနတာကိုလည္း စစ္ေဆးမႈမွာေတြ႕ခဲ့ ျပန္ပါတယ္။

အဲဒီလို လိေမၼာ္ရည္ ေသာက္ၿပီး လန္းဆန္းေနရျခင္း အေၾကာင္းအရင္းက ေတာ့ Flavonoids လို႔ ေခၚတဲ့ က်န္းမာေရး ေကာင္းမြန္ေစတဲ့ ေဆးဖက္၀င္ ဓါတု ပစၥည္းတစ္မ်ိဳးေၾကာင့္ျဖစ္ၿပီး ထို Flavonoids ကိုေတာ့ လိေမၼာ္ရည္ကဲ့သို႔ေသာ အရည္ရႊမ္းတ့ဲ အ၀ါေရာင္ သစ္သီးေတြနဲ႔ ဟင္းသီးဟင္းရြက္ အမ်ားစု မွာ ရွာေဖြေတြ႕ရွိႏိုင္တယ္လို႔ သိရပါတယ္။

ထို ဓါတု ပစၥည္းဟာ ဦးေႏွာက္ ရဲ႕ ေသြးလည္ပတ္မႈကို ပိုမိုေကာင္းမြန္ေစၿပီး ဦးေႏွာက္ဆဲလ္ေတြၾကားက သတင္းအခ်က္အလက္ ပို႔ေဆာင္မႈ ကို သက္သာ ေခ်ာေမြ႕ေစပါတယ္။  ေနာက္ဆံုး သုေတသန အရေတာ့ တစ္ေန႔ကို လိေမၼာ္ရည္ ၂၄၀ မီလီလီတာ ခန္႔ေသာက္သံုးျခင္းဟာ က်န္းမာေရးအတြက္ အက်ိဳးရွိေစတယ္ဆိုတာပါပဲ။

ထိုေလ့လာမႈ ကိုေတာ့ ဥေရာပ ဂ်ာနယ္တစ္ေစာင္ျဖစ္တဲ့ Journal of Nutririon မွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။
Credit:သစ္ထူးလြင္
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင် ပင်ပန်းတယ်လို့ ခံစားနေရပါသလား?အဲဒါဆိုရင်တော့ ကော်ဖီမဖျော်လိုက်ပါနဲ့။ လိမ္မော်ရည် သောက်ဖို့ ကြိုးစားကြည့်လိုက်ပါ။

သုတေသန တစ်ခုက ရှာဖွေတွေ့ရှိခဲ့တာကတော့ လက်ရှိမှာ ပေါ်ပြူလာ အဖြစ်ဆုံး အချိုရည် Orange Juice ဟာ နိုးကြားမှု ၊ အာရုံစူးစိုက်မှု နဲ့ တုံ့ပြန်မှု တို့ကို အားကောင်းစေနိုင်တယ်ဆိုတာပါပဲ။ ဒီထက်ပိုပြီး အသုံးဝင်တာက လိမ္မော်ရည်ရဲ့ သက်ရောက်မှုတွေဟာ နာရီပေါင်းများစွာထိ အကျုံုးဝင် နေတာကြောင့်ပါ။ မနက်စာ အနေနဲ့ လိမ္မော်ရည် သောက်သုံးသူတွေဟာ မွန်းလွဲ ချိန်လောက်ထိ လန်းဆန်းနေစေမှာပါ။

ထို သုတေသနမှာတော့ ရီဒင်း တက္ကသိုလ်က သုတေသီတွေဟာ လူငယ်အမျိုးသား ၂၄ ယောကကို ဘက်ထရီက တစ်ဆင့် ၂ ရက်ကြာ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ထို ၂ ရက်ထဲက ၁ ရက်မှာတော့ လိမ္မော်ရည် တစ်ခွက် သောက်သုံးစေပြီး ကျန် ၁ ရက်မှာတော့ သကြားရည်ထည့်သွင်းထားပြီး လိမ္မော်ရည်လို အရသာမျိုးရှိတဲ့ ဖျော်ရည်တွေ သောက်သုံးစေခဲ့ပါတယ်။

ထို အမျိုးသားတွေ လိမ္မော်ရည် အစစ် ကို သောက်သုံးရတဲ့နေ့မှာတော့ မြန်ဆန်မှု နဲ့ အာရုံစိုက်နိုင်မှု အပိုင်းတွေမှာ ပိုမိုကောင်းမွန်နေတာကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု တွေအရ သိခဲ့ရပါတယ်။ ဒါ့အပြင် ထိုအမျိုးသားတွေဟာ ၆ နာရီ အကြာအထိ လန်းဆန်းနေတာကိုလည်း စစ်ဆေးမှုမှာတွေ့ခဲ့ ပြန်ပါတယ်။

အဲဒီလို လိမ္မော်ရည် သောက်ပြီး လန်းဆန်းနေရခြင်း အကြောင်းအရင်းက တော့ Flavonoids လို့ ခေါ်တဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ ဆေးဖက်ဝင် ဓါတု ပစ္စည်းတစ်မျိုးကြောင့်ဖြစ်ပြီး ထို Flavonoids ကိုတော့ လိမ္မော်ရည်ကဲ့သို့သော အရည်ရွှမ်းတဲ့ အဝါရောင် သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက် အများစု မှာ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။

ထို ဓါတု ပစ္စည်းဟာ ဦးနှောက် ရဲ့ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ဆဲလ်တွေကြားက သတင်းအချက်အလက် ပို့ဆောင်မှု ကို သက်သာ ချောမွေ့စေပါတယ်။  နောက်ဆုံး သုတေသန အရတော့ တစ်နေ့ကို လိမ္မော်ရည် ၂၄၀ မီလီလီတာ ခန့်သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အကျိုးရှိစေတယ်ဆိုတာပါပဲ။

ထိုလေ့လာမှု ကိုတော့ ဥရောပ ဂျာနယ်တစ်စောင်ဖြစ်တဲ့ Journal of Nutririon မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Credit:သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top