iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ေလမွာေတာ့ လူတစ္ေယာက္အေပၚမွာ အခ်စ္လို႔ ထင္ေယာင္ ထင္မွား ျဖစ္ေစတဲ့ ခံစားခ်က္ေတြျဖစ္ေပၚတတ္ပါတယ္။ဒါေၾကာင့္ ဒီလူကေတာ့ ငါရွာေနတဲ့ သူပဲ။ငါ့အတြက္ပဲ လို႔ စိတ္ထဲမွာ ထင္ေယာင္ ထင္မွား ျဖစ္တာမ်ိဳး ရွိတတ္ပါတယ္။ဒီလူဟာ ကိုယ့္အတြက္ ဟုတ္၊မဟုတ္ ကို ေအာက္မွာ ေဖာ္ျပ ထားတဲ့ အခ်က္ေတြ( ကိုယ့္ခံစားခ်က္နဲ႔သူ႔ဘက္က အျပဳအမႈတစ္ခ်ိဳ႕ကို ) စမ္းစစ္အေျဖရွာၾကည့္ပါ။

(၁)ခ်ိဳ႕ယြင္းခ်က္ကို လက္မခံႏိုင္တာ

အားလံုး ျပည့္စံုတဲ့ သူဆိုတာ မရွိပါဘူး။လူတိုင္းမွာ ခ်ိဳ႕ယြင္းခ်က္ေလးေတြေတာ့ အနည္းနဲ႔အမ်ားရွိတတ္ပါတယ္။လူတစ္္ေယာက္ရဲ႕ ခ်ိဳ႕ယြင္းခ်က္ေတြကို လက္ ခံမေပးႏိုင္ရင္ ဒီလူကို ခ်စ္တယ္လို႔ ေျပာလို႔မရပါဘူး။ေအာင္ျမင္တဲ့ Relation ship တစ္ခုဟာ လံုး၀ perfect ျဖစ္တဲ့ လူႏွစ္ေယာက္ ေတြ႔ဆံုေန လို႔ မဟုတ္ ပါဘူး။တစ္ဦးရဲ႕ ျပစ္ခ်က္၊ခ်ိဳ႕ယြင္းခ်က္ကို တစ္ဦးက နားလည္မႈနဲ႔ အျပန္အလွန္ လက္ခံေပးထားၾကလို႔ပါ။ဒါေၾကာင့္ ဒီလူရဲ႕ ခ်ိဳ႕ယြင္းခ်က္ေတြအတြက္ သင့္စိ တ္ထဲမွာ ၀န္ထုပ္၀န္ပိုး တစ္ခုလို ခံစားေနရရင္္ ဒီလူဟာ သင္ရွာ ေနတဲ့ သူမဟုတ္ပါဘူး။

(၂)ရင္ခုန္ စိတ္လႈပ္ရွားမႈ မရွိတာ

သူ႔ကို ျမင္ေနေပမယ့္ ရင္ခုန္စိတ္လႈပ္ရွားမႈမရွိတာမ်ိဳးပါ။ဒီလို ေျပာလို႔ တကယ္ခ် စ္တဲ့ စံုတြဲေတြတိုင္း (၂၄)နာရီလံုး ရင္ခုန္ေနတယ္လို႔ ဆိုလိုတာေတာ့ မဟုတ္ ပါဘူး။သူနဲ႔ေတြ႕ဖို႔အိမ္က ထြက္လာတဲ့ အခ်ိန္မွာ စိတ္ထဲမွာ ရင္ခုန္စိတ္လႈပ္ ရွားတာမ်ိိဳး။သူနဲ႔အတူ ေတြ႔ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ရင္ခုန္စိတ္လႈပ္ရွားတ့ဲ ခံစား ခ်က္မ်ိဳး လံုး၀မျဖစ္မိတာ၊ေတြ႔တဲ့ အခ်ိန္မွာလည္း စိတ္ထဲမွာ ေပ်ာ္ ရႊင္မိတဲ့ စိိတ္မ်ိဳး လုံး၀ မျဖစ္မိတာမ်ိဳးပါ။

(၃)ကိုယ့္အနာဂါတ္ plan ထဲမွာ သူမပါတာ

သူ႔ကိုသာ သင့္စိတ္ထဲမွာ တကယ္အေလးအနက္ထားတယ္ဆိုရင္ သင့္ရဲ႕ အနာဂါတ္ plan ထဲမွာလည္း သူလည္း ပါကို ပါရမွာပါ။တကယ္လို႔ သင့္အ စီအစဥ္ထဲမွာ သူ႔ကို လံုး၀ထည့္သြင္းထားတာမ်ိဳး မရွိဘူးဆိုရင္ေ တာ့ ေသခ်ာပါ တယ္။ သူဟာ သင့္အတြက္ မဟုတ္ပါဘူး။

(၄)အနားရွိခ်ိန္မွာ သက္ေသာင့္သက္သာ မခံစားရတာ
 ကိုယ္ခ်စ္တဲ့ သူအနားမွာ ေနရရင္္ လူတိုင္း ေပ်ာ္ရႊင္ၿပီး သက္ေသာင့္သက္သာ ခံစားခ်က္မ်ိဳး ခံစားေနရမွာပါ။အဲ့ဒီလို မဟုတ္ပဲ ဒီလူအနားမွာ ေနရတာဟာ စိတ္ထဲမွာ သက္ေသာင့္သက္သာ မရွိဘူး၊စိတ္က်ဥ္းၾကပ္ေနသလို ခံစားေနရ မယ္။ခံစားခ်က္က ၾကည္ႏူးေနရမယ့္ အစား စိတ္မသက္မသာ ျဖစ္ေနတာ၊ တစ္ခုခု ကို ထိန္းခ်ဳပ္ သတိထားေနရတဲ့ စိတ္ခံစားခ်က္မ်ိဳး ဥပမာ-စကားမွား သြားမွာကို အပူတျပင္းစိုးရိမ္ေနတာမ်ိဳးပါ။

(၅)မယံုၾကည္တာ
ဒီလူဟာ သင့္စိတ္ထဲမွာ စိုးရိမ္ဖို႔ လံုး၀မလိုပဲ ရင္္ဖြင့္ႏိုင္တဲ့ သူမ်ိဳးလား.? တကယ္ လို႔ အဲ့ဒီလို မဟုတ္ဘူး။သင္သူ႔ကို စိိတ္တိုင္းက် ရင္ဖြင့္ရမွာ စိုးရိမ္ေနရတယ္ ဆိုရင္လည္း သူဟာ သင့္အတြက္ မဟုတ္ပါဘူး။သင့္္ရဲ႕ ျပႆနာေတြကို သူ႔ကို ယံုယံုၾကည္ၾကည္ရင္ ဖြင့္ဖို႔ စိတ္ထဲမွာ မရဲျဖစ္ေနတယ္ဆိုတာဟာလည္း ဒီလူ ဟာ သင့္အတြက္ မဟုတ္ဘူးဆိုတာကို ျပေနတဲ့ လကၡဏာပါ။
ဒါေတာ့ သင္နဲ႔ပတ္သက္တဲ့ ခံစားခ်က္ေတြကို ၾကည့္ၿပီး ကိုယ့္အတြက္ ဟုတ္ ၊မဟုတ္ ဆံုးျဖတ္ရမယ့္ အခ်က္ေတြပါ။တစ္ဖက္လူကို ၾကည့္ၿပီး စမ္းစစ္ ခ်င္္ ရ င္ေတာ့ ကိုယ္ရွိေနတာေတာင္မွ တျခားမိန္းကေလးေတြကို အာ ရံုေရာက္ေ န တာမ်ိဳး၊ကိုယ္နဲ႔ဆံုဖို႔ ေတြ႕ဖို႔ ေျပာတိုင္း အေၾကာင္းျပေရွာင္ေနတာမ်ိဳး၊ သင္မ ႀကိဳ က္တဲ့ အျပဳအမႈကို သူ႔ဘက္က တက္ႏိုင္သမွ် ျပဳျပင္ေျပာင္းလဲလို စိတ္ လံုး၀မရွိ တာမ်ိဳး၊ကိုယ့္ရဲ႕ ၀ါသနာနဲ႔ရည္မွန္းခ်က္အေပၚ ေလးစားမႈမရွိတာ၊စိတ္ညစ္ေနခ်ိန္ ၊အခက္အခဲေတြ႔ေနခ်ိန္မွာ အနားမွာမရွိတာ၊သင့္အေပၚ ၾကမ္းတမ္းတဲ့ ကိုယ္္ အမူအရာ၊ႏႈတ္အမႈအရာေတြနဲ႔ ျပဳမႈဆက္ဆံေနရင္လည္း ဒီလူဟာ သင့္ အတြက္မဟုတ္ပါဘူး။

Credit:shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

တစ်ခါတစ်လေမှာတော့ လူတစ်ယောက်အပေါ်မှာ အချစ်လို့ ထင်ယောင် ထင်မှား ဖြစ်စေတဲ့ ခံစားချက်တွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့် ဒီလူကတော့ ငါရှာနေတဲ့ သူပဲ။ငါ့အတွက်ပဲ လို့ စိတ်ထဲမှာ ထင်ယောင် ထင်မှား ဖြစ်တာမျိုး ရှိတတ်ပါတယ်။ဒီလူဟာ ကိုယ့်အတွက် ဟုတ်၊မဟုတ် ကို အောက်မှာ ဖော်ပြ ထားတဲ့ အချက်တွေ( ကိုယ့်ခံစားချက်နဲ့သူ့ဘက်က အပြုအမှုတစ်ချို့ကို ) စမ်းစစ်အဖြေရှာကြည့်ပါ။

(၁)ချို့ယွင်းချက်ကို လက်မခံနိုင်တာ

အားလုံး ပြည့်စုံတဲ့ သူဆိုတာ မရှိပါဘူး။လူတိုင်းမှာ ချို့ယွင်းချက်လေးတွေတော့ အနည်းနဲ့အများရှိတတ်ပါတယ်။လူတစ်ယောက်ရဲ့ ချို့ယွင်းချက်တွေကို လက် ခံမပေးနိုင်ရင် ဒီလူကို ချစ်တယ်လို့ ပြောလို့မရပါဘူး။အောင်မြင်တဲ့ Relation ship တစ်ခုဟာ လုံး၀ perfect ဖြစ်တဲ့ လူနှစ်ယောက် တွေ့ဆုံနေ လို့ မဟုတ် ပါဘူး။တစ်ဦးရဲ့ ပြစ်ချက်၊ချို့ယွင်းချက်ကို တစ်ဦးက နားလည်မှုနဲ့ အပြန်အလှန် လက်ခံပေးထားကြလို့ပါ။ဒါကြောင့် ဒီလူရဲ့ ချို့ယွင်းချက်တွေအတွက် သင့်စိ တ်ထဲမှာ ဝန်ထုပ်ဝန်ပိုး တစ်ခုလို ခံစားနေရရင် ဒီလူဟာ သင်ရှာ နေတဲ့ သူမဟုတ်ပါဘူး။

(၂)ရင်ခုန် စိတ်လှုပ်ရှားမှု မရှိတာ

သူ့ကို မြင်နေပေမယ့် ရင်ခုန်စိတ်လှုပ်ရှားမှုမရှိတာမျိုးပါ။ဒီလို ပြောလို့ တကယ်ချ စ်တဲ့ စုံတွဲတွေတိုင်း (၂၄)နာရီလုံး ရင်ခုန်နေတယ်လို့ ဆိုလိုတာတော့ မဟုတ် ပါဘူး။သူနဲ့တွေ့ဖို့အိမ်က ထွက်လာတဲ့ အချိန်မှာ စိတ်ထဲမှာ ရင်ခုန်စိတ်လှုပ် ရှားတာမျိုး။သူနဲ့အတူ တွေ့ဖို့ ပြင်ဆင်နေချိန်မှာ ရင်ခုန်စိတ်လှုပ်ရှားတဲ့ ခံစား ချက်မျိုး လုံးဝမဖြစ်မိတာ၊တွေ့တဲ့ အချိန်မှာလည်း စိတ်ထဲမှာ ပျော် ရွှင်မိတဲ့ စိတ်မျိုး လုံး၀ မဖြစ်မိတာမျိုးပါ။

(၃)ကိုယ့်အနာဂါတ် plan ထဲမှာ သူမပါတာ

သူ့ကိုသာ သင့်စိတ်ထဲမှာ တကယ်အလေးအနက်ထားတယ်ဆိုရင် သင့်ရဲ့ အနာဂါတ် plan ထဲမှာလည်း သူလည်း ပါကို ပါရမှာပါ။တကယ်လို့ သင့်အ စီအစဉ်ထဲမှာ သူ့ကို လုံးဝထည့်သွင်းထားတာမျိုး မရှိဘူးဆိုရင်ေ တာ့ သေချာပါ တယ်။ သူဟာ သင့်အတွက် မဟုတ်ပါဘူး။

(၄)အနားရှိချိန်မှာ သက်သောင့်သက်သာ မခံစားရတာ
 ကိုယ်ချစ်တဲ့ သူအနားမှာ နေရရင် လူတိုင်း ပျော်ရွှင်ပြီး သက်သောင့်သက်သာ ခံစားချက်မျိုး ခံစားနေရမှာပါ။အဲ့ဒီလို မဟုတ်ပဲ ဒီလူအနားမှာ နေရတာဟာ စိတ်ထဲမှာ သက်သောင့်သက်သာ မရှိဘူး၊စိတ်ကျဉ်းကြပ်နေသလို ခံစားနေရ မယ်။ခံစားချက်က ကြည်နူးနေရမယ့် အစား စိတ်မသက်မသာ ဖြစ်နေတာ၊ တစ်ခုခု ကို ထိန်းချုပ် သတိထားနေရတဲ့ စိတ်ခံစားချက်မျိုး ဥပမာ-စကားမှား သွားမှာကို အပူတပြင်းစိုးရိမ်နေတာမျိုးပါ။

(၅)မယုံကြည်တာ
ဒီလူဟာ သင့်စိတ်ထဲမှာ စိုးရိမ်ဖို့ လုံးဝမလိုပဲ ရင်ဖွင့်နိုင်တဲ့ သူမျိုးလား.? တကယ် လို့ အဲ့ဒီလို မဟုတ်ဘူး။သင်သူ့ကို စိတ်တိုင်းကျ ရင်ဖွင့်ရမှာ စိုးရိမ်နေရတယ် ဆိုရင်လည်း သူဟာ သင့်အတွက် မဟုတ်ပါဘူး။သင့်ရဲ့ ပြဿနာတွေကို သူ့ကို ယုံယုံကြည်ကြည်ရင် ဖွင့်ဖို့ စိတ်ထဲမှာ မရဲဖြစ်နေတယ်ဆိုတာဟာလည်း ဒီလူ ဟာ သင့်အတွက် မဟုတ်ဘူးဆိုတာကို ပြနေတဲ့ လက္ခဏာပါ။
ဒါတော့ သင်နဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ကြည့်ပြီး ကိုယ့်အတွက် ဟုတ် ၊မဟုတ် ဆုံးဖြတ်ရမယ့် အချက်တွေပါ။တစ်ဖက်လူကို ကြည့်ပြီး စမ်းစစ် ချင် ရ င်တော့ ကိုယ်ရှိနေတာတောင်မှ တခြားမိန်းကလေးတွေကို အာ ရုံရောက်ေ န တာမျိုး၊ကိုယ်နဲ့ဆုံဖို့ တွေ့ဖို့ ပြောတိုင်း အကြောင်းပြရှောင်နေတာမျိုး၊ သင်မ ကြို က်တဲ့ အပြုအမှုကို သူ့ဘက်က တက်နိုင်သမျှ ပြုပြင်ပြောင်းလဲလို စိတ် လုံးဝမရှိ တာမျိုး၊ကိုယ့်ရဲ့ ဝါသနာနဲ့ရည်မှန်းချက်အပေါ် လေးစားမှုမရှိတာ၊စိတ်ညစ်နေချိန် ၊အခက်အခဲတွေ့နေချိန်မှာ အနားမှာမရှိတာ၊သင့်အပေါ် ကြမ်းတမ်းတဲ့ ကိုယ် အမူအရာ၊နှုတ်အမှုအရာတွေနဲ့ ပြုမှုဆက်ဆံနေရင်လည်း ဒီလူဟာ သင့် အတွက်မဟုတ်ပါဘူး။

Credit:shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top