iMyanmarHouse.com - Best Property Website for Myanmar
×











(၁) အျခားသူေတြရဲ႕ အမွားေတြကေန သင္ခန္းစာရယူပါ။ သင့္အေနနဲ႕ အမွားေတြအားလံုး ကိုယ္တုိင္ လိုက္လုပ္ၾကည့္ရေလာက္ေအာင္ အသက္မရွည္နိုင္ပါဘူး။

(၂) လူတစ္ေယာက္ဟာ အလြန္အမင္း မရိုးသားသင့္ပါဘူး။ ေျဖာင့္တန္းတဲ့သစ္ပင္ေတြဟာ အရင္ဆံုး အခုတ္ခံရသလို ရိုးသားတဲ့ လူေတြဟာလည္း အရင္ဆံုး ရွင္းထုတ္ခံရတတ္ပါတယ္။

(၃) ေျမြတစ္ေကာင္ဟာ အဆိပ္မရွိလွ်င္ပင္ အဆိပ္ရွိခ်င္ေယာင္ ေဆာင္ေနရပါမယ္။

(၄) မိတ္ေဆြျဖစ္ျခင္းရဲ႕ ေနာက္ကြယ္မွာ ကိုယ့္က်ိဳးၾကည့္မႈအခ်ိဳ႕ ရွိေနတတ္ပါတယ္။ ကိုယ့္က်ိဳးမၾကည့္တဲ့ မိတ္ေဆြစိတ္ဆုိတာ မရွိပါဘူး။ ဒါဟာ လက္ခံရန္ ခက္ခဲလြန္းေပမယ့္ ပကတိ အေျခအေနမွန္ပါပဲ။

(၅) အလုပ္တစ္ခုခု မစတင္မီွ မိမိကိုယ္ကို အျမဲတမ္း ေမးခြန္းသံုးခု ေမးပါ။ “ဒီအလုပ္ကို ဘာေၾကာင့္ လုပ္ေနတာလဲ။ အက်ိဳးရလဒ္ေတြက ဘာေတြလဲ။ ေအာင္ျမင္နုိင္ပါ့မလား။” ဒီေမးခြန္းေတြနဲ႕ပတ္သက္ျပီး ေလးေလးနက္နက္စဥ္းစား၊ ေက်နပ္ေလာက္တဲ့ အေျဖေတြ႕မွသာ ဆက္လက္လုပ္ေဆာင္ပါ။

(၆) ေၾကာက္ရြံ႕မႈ ေပၚလာလွ်င္ ခ်က္ခ်င္းပင္ တိုက္ခုိက္ဖယ္ရွားပစ္လုိက္ပါ။

(၇) ေလာကၾကီးမွာ အၾကီးမားဆံုးစြမ္းအားဆိုတာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ နုပ်ိဳမႈနဲ႕ အလွအပပါ။

(၈) တစ္ခုခု စတင္လုပ္ေဆာင္တဲ့အခါ က်ရံႈးမွာကို မေၾကာက္ပါနဲ႕။ စြန္႕လႊတ္အရံႈး မေပးပါနဲ႕။ ရုိးရိုးသားသား လုပ္ကိုင္ေဆာင္ရြက္တဲ့ လူေတြဟာ အေပ်ာ္ရႊင္ဆံုးလူေတြ ျဖစ္ေနတတ္ပါတယ္။

(၉) ပန္းပြင့္ေတြရဲ႕ ရနံ႕ဟာ ေလႏွင္ရာဘက္သာ ေမြးပ်ံ႕ပါတယ္။ ဒါေပမယ့္ လူတစ္ေယာက္ရဲ႕ ဂုဏ္သတင္းကေတာ့ အရပ္မ်က္ႏွာအားလံုး ပ်ံႏွံ႕ပါတယ္။
(၁၀)ဘုရားသခင္ဆုိတာ ရုပ္တုေတြမွာ ရွိမေနပါဘူး။ သင့္ခံစားခ်က္ဟာ သင္ရဲ႕ ဘုရားသခင္ပါ။ သင့္စိတ္ဟာ သင္ရဲ႕ ဘုရားေက်ာင္းပါ။

(၁၁) လူတစ္ေယာက္ဟာ ဖြားျမင္ျခင္းျဖင့္ ၾကီးျမတ္လာတာမဟုတ္ဘူး။ လုပ္ေဆာင္ခ်က္ျဖင့္သာ ၾကီးျမတ္လာတာပါ။

(၁၂) သင့္ အဆင့္အတန္းထက္ ျမင့္ေနတဲ့လူေတြ၊ နိမ့္က်ေနတဲ့လူေတြနဲ႕ ဘယ္ေတာ့မွ မိတ္ေဆြမဖြဲ႕ပါနဲ႕။ အဲဒီလို မိတ္ေဆြဖြဲ႕မႈမ်ိဳးဟာ ဘယ္လုိေပ်ာ္ရႊင္မႈမ်ိဳးကိုမွ မေပးကမ္းနိုင္ပါဘူး။

(၁၃) သင့္ကေလးကို ပထမ ငါးႏွစ္တာကာလအတြင္း ခ်စ္သူတစ္ဦးလို ဆက္ဆံပါ။ ေနာက္ငါးႏွစ္မွာ ဆူပူၾကိမ္းေမာင္းပါ။ ဆယ့္ေျခာက္ႏွစ္အရြယ္ ေရာက္တဲ့အခါ သူငယ္ခ်င္းလိုဆက္ဆံပါ။ ၾကီးျပင္းအရြယ္ေရာက္လာတဲ့ ကေလးေတြဟာ သင္ရဲ႕ အေကာင္းဆံုး သူငယ္ခ်င္းေတြပါပဲ။

(၁၄) မ်က္မျမင္တစ္ေယာက္အတြက္ မွန္တစ္ခ်ပ္ဟာ အသံုးမဝင္သလို လူမိုက္တစ္ေယာက္အတြက္ စာအုပ္ေတြဟာလည္း အသံုးမဝင္ပါဘူး။

(၁၅) ပညာဆုိတာ အေကာင္းဆံုး မိတ္ေဆြပါ။ ပညာတတ္တစ္ေယာက္ကို ေနရာတိုင္းက ေလးစားတန္ဖိုးထားပါတယ္။ ပညာဟာ အလွတရားနဲ႕ ငယ္ရြယ္နုပ်ိဳမႈကို အနိုင္ယူပါတယ္။

Credit : ထာ၀ရအလင္းတန္းမ်ား

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...

#Unicode Version

 (၁) အခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာရယူပါ။ သင့်အနေနဲ့ အမှားတွေအားလုံး ကိုယ်တိုင် လိုက်လုပ်ကြည့်ရလောက်အောင် အသက်မရှည်နိုင်ပါဘူး။

(၂) လူတစ်ယောက်ဟာ အလွန်အမင်း မရိုးသားသင့်ပါဘူး။ ဖြောင့်တန်းတဲ့သစ်ပင်တွေဟာ အရင်ဆုံး အခုတ်ခံရသလို ရိုးသားတဲ့ လူတွေဟာလည်း အရင်ဆုံး ရှင်းထုတ်ခံရတတ်ပါတယ်။

(၃) မြွေတစ်ကောင်ဟာ အဆိပ်မရှိလျှင်ပင် အဆိပ်ရှိချင်ယောင် ဆောင်နေရပါမယ်။

(၄) မိတ်ဆွေဖြစ်ခြင်းရဲ့ နောက်ကွယ်မှာ ကိုယ့်ကျိုးကြည့်မှုအချို့ ရှိနေတတ်ပါတယ်။ ကိုယ့်ကျိုးမကြည့်တဲ့ မိတ်ဆွေစိတ်ဆိုတာ မရှိပါဘူး။ ဒါဟာ လက်ခံရန် ခက်ခဲလွန်းပေမယ့် ပကတိ အခြေအနေမှန်ပါပဲ။

(၅) အလုပ်တစ်ခုခု မစတင်မှီ မိမိကိုယ်ကို အမြဲတမ်း မေးခွန်းသုံးခု မေးပါ။ “ဒီအလုပ်ကို ဘာကြောင့် လုပ်နေတာလဲ။ အကျိုးရလဒ်တွေက ဘာတွေလဲ။ အောင်မြင်နိုင်ပါ့မလား။” ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး လေးလေးနက်နက်စဉ်းစား၊ ကျေနပ်လောက်တဲ့ အဖြေတွေ့မှသာ ဆက်လက်လုပ်ဆောင်ပါ။

(၆) ကြောက်ရွံ့မှု ပေါ်လာလျှင် ချက်ချင်းပင် တိုက်ခိုက်ဖယ်ရှားပစ်လိုက်ပါ။

(၇) လောကကြီးမှာ အကြီးမားဆုံးစွမ်းအားဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ နုပျိုမှုနဲ့ အလှအပပါ။

(၈) တစ်ခုခု စတင်လုပ်ဆောင်တဲ့အခါ ကျရှုံးမှာကို မကြောက်ပါနဲ့။ စွန့်လွှတ်အရှုံး မပေးပါနဲ့။ ရိုးရိုးသားသား လုပ်ကိုင်ဆောင်ရွက်တဲ့ လူတွေဟာ အပျော်ရွှင်ဆုံးလူတွေ ဖြစ်နေတတ်ပါတယ်။

(၉) ပန်းပွင့်တွေရဲ့ ရနံ့ဟာ လေနှင်ရာဘက်သာ မွေးပျံ့ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ဂုဏ်သတင်းကတော့ အရပ်မျက်နှာအားလုံး ပျံနှံ့ပါတယ်။
(၁၀)ဘုရားသခင်ဆိုတာ ရုပ်တုတွေမှာ ရှိမနေပါဘူး။ သင့်ခံစားချက်ဟာ သင်ရဲ့ ဘုရားသခင်ပါ။ သင့်စိတ်ဟာ သင်ရဲ့ ဘုရားကျောင်းပါ။

(၁၁) လူတစ်ယောက်ဟာ ဖွားမြင်ခြင်းဖြင့် ကြီးမြတ်လာတာမဟုတ်ဘူး။ လုပ်ဆောင်ချက်ဖြင့်သာ ကြီးမြတ်လာတာပါ။

(၁၂) သင့် အဆင့်အတန်းထက် မြင့်နေတဲ့လူတွေ၊ နိမ့်ကျနေတဲ့လူတွေနဲ့ ဘယ်တော့မှ မိတ်ဆွေမဖွဲ့ပါနဲ့။ အဲဒီလို မိတ်ဆွေဖွဲ့မှုမျိုးဟာ ဘယ်လိုပျော်ရွှင်မှုမျိုးကိုမှ မပေးကမ်းနိုင်ပါဘူး။

(၁၃) သင့်ကလေးကို ပထမ ငါးနှစ်တာကာလအတွင်း ချစ်သူတစ်ဦးလို ဆက်ဆံပါ။ နောက်ငါးနှစ်မှာ ဆူပူကြိမ်းမောင်းပါ။ ဆယ့်ခြောက်နှစ်အရွယ် ရောက်တဲ့အခါ သူငယ်ချင်းလိုဆက်ဆံပါ။ ကြီးပြင်းအရွယ်ရောက်လာတဲ့ ကလေးတွေဟာ သင်ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေပါပဲ။

(၁၄) မျက်မမြင်တစ်ယောက်အတွက် မှန်တစ်ချပ်ဟာ အသုံးမဝင်သလို လူမိုက်တစ်ယောက်အတွက် စာအုပ်တွေဟာလည်း အသုံးမဝင်ပါဘူး။

(၁၅) ပညာဆိုတာ အကောင်းဆုံး မိတ်ဆွေပါ။ ပညာတတ်တစ်ယောက်ကို နေရာတိုင်းက လေးစားတန်ဖိုးထားပါတယ်။ ပညာဟာ အလှတရားနဲ့ ငယ်ရွယ်နုပျိုမှုကို အနိုင်ယူပါတယ်။

Credit : ထာဝရအလင်းတန်းများ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top