iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ကိုးလလြယ္ရတယ္

ကိုယ္ဝန္ကို ကိုးလတိတိ လြယ္ထားရၿပီး ဆယ္လထဲေရာက္မွ ေမြးဖြားတယ္လို႔ ဆုိၾကပါတယ္။ Human Reproduction ေဆးပညာဆိုင္ရာဂ်ာနယ္ရဲ႕ ေဖာ္ျပခ်က္အရ ကိုယ္ဝန္ေဆာင္ထားရတဲ့ ကာလ အပိုင္းအျခားဟာ သီတင္းပတ္ ၅ ပတ္နဲ႔အထက္ ကြာျခားတတ္တယ္လို႔ သိရပါတယ္။ Due Date ဆိုတာကလည္း ဓမၼတာစီးဆင္းမႈ ေနာက္ဆံုးရက္ကို အေျခခံတြက္ခ်က္ကာ မီးဖြားမယ့္ရက္ကို ခန္႔မွန္းရံုသာ ျဖစ္ပါတယ္။ သုေတသန ရလဒ္မ်ားအရ Due Date အတုိင္း မီးဖြားတဲ့ကိုယ္ဝန္ေဆာင္ဆုိတာ ၄% သာ ရွိပါသတဲ့။

။ ဘာေလးေမြးမလဲဲဆုိတာ ဗိုက္ကိုၾကည့္ရင္သိတယ္

ကိုယ္ဝန္လြယ္ထားတဲ့ဗိုက္က ျပန္႔ျပန္႔ကားကားပံုစံေလးဆိုရင္ သမီးေလး၊ လံုးလံုးစူစူ ျဖစ္ေနရင္ သားေလးလို႔ ခန္႔မွန္းၾကတယ္။ ခန္႔မွန္းခ်က္က မွန္တယ္ဆုိရင္ တုိက္ဆုိင္မႈသက္သက္ပါပဲ။ ကိုယ္ဝန္သည္ရဲ႕ဗိုက္အေနအထား ျပင္ပသြင္ျပင္ကိုၾကည့္ၿပီး ေမြးလာတဲ့ကေလးရဲ႕ လိင္ကို အတည္ျပဳလုိ႔ မရပါဘူး။

၃။ ကိုကိုးေထာပတ္က အေၾကာျပတ္တာေပ်ာက္တယ္

ကိုယ္ဝန္ေဆာင္တုိင္း ၾကံဳရတာကေတာ့ အေၾကာျပတ္တာပဲ ျဖစ္ပါတယ္။ ဒါကို ေပ်ာက္ဖုိ႔အတြက္ ကိုကိုးေထာပတ္ (cocoa butter) ကို လိမ္းၾကတယ္။ တကယ္ေတာ့ ကိုကိုးေထာပတ္က အသားအေရကို စိုေျပေစ႐ံုသာ ျဖစ္ပါတယ္။ အေၾကာျပတ္တာကိုေတာ့ မေပ်ာက္ေစပါဘူး။ အခန္႔မသင့္ရင္ နီရဲ ယားယံတာေတြေတာင္ ျဖစ္ႏိုင္တယ္လို႔ CBS News မွာ ေဖာ္ျပဖူးပါတယ္။

၄။ အစားကိုမျဖစ္မေနစားကိုစားရမယ္

ကိုယ္ဝန္ရခါစ အေစာပိုင္းလေတြမွာ အခ်ိဳ႕က အစားမစားႏိုင္ၾကပါဘူး။ "ဗိုက္ႀကီးနာစြဲျခင္း" လို႔ ေခၚၾကတဲ့ အစားမစားႏိုင္ျခင္း၊ ပ်ိဳ႕အန္ျခင္းေတြ ၾကံဳရပါတယ္။ အစာမစားႏိုင္တဲ့အခါမ်ိဳးမွာ အတင္းႀကိတ္မွိတ္ၿပီး စားေနရတာ စိတ္ဖိစီးမႈ ျဖစ္ေစပါတယ္။ အာဟာရျဖစ္မယ့္ အရည္တစ္မ်ိဳးမ်ိဳးနဲ႔ သစ္သီးေတြကို ေရြးခ်ယ္ႏိုင္ပါတယ္။ ထမင္းတစ္နပ္ေလာက္ မစားဘဲၿပီး စြပ္ျပဳတ္ေလးေသာက္လိုက္တာ ျပႆနာမရွိပါဘူးလို႔ က်န္းမာေရးပညာရွင္ေတြက ဆုိပါတယ္။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
၁။ ကိုးလလွယ်ရတယ်

ကိုယ်ဝန်ကို ကိုးလတိတိ လွယ်ထားရပြီး ဆယ်လထဲရောက်မှ မွေးဖွားတယ်လို့ ဆိုကြပါတယ်။ Human Reproduction ဆေးပညာဆိုင်ရာဂျာနယ်ရဲ့ ဖော်ပြချက်အရ ကိုယ်ဝန်ဆောင်ထားရတဲ့ ကာလ အပိုင်းအခြားဟာ သီတင်းပတ် ၅ ပတ်နဲ့အထက် ကွာခြားတတ်တယ်လို့ သိရပါတယ်။ Due Date ဆိုတာကလည်း ဓမ္မတာစီးဆင်းမှု နောက်ဆုံးရက်ကို အခြေခံတွက်ချက်ကာ မီးဖွားမယ့်ရက်ကို ခန့်မှန်းရုံသာ ဖြစ်ပါတယ်။ သုတေသန ရလဒ်များအရ Due Date အတိုင်း မီးဖွားတဲ့ကိုယ်ဝန်ဆောင်ဆိုတာ ၄% သာ ရှိပါသတဲ့။

။ ဘာလေးမွေးမလဲဆိုတာ ဗိုက်ကိုကြည့်ရင်သိတယ်

ကိုယ်ဝန်လွယ်ထားတဲ့ဗိုက်က ပြန့်ပြန့်ကားကားပုံစံလေးဆိုရင် သမီးလေး၊ လုံးလုံးစူစူ ဖြစ်နေရင် သားလေးလို့ ခန့်မှန်းကြတယ်။ ခန့်မှန်းချက်က မှန်တယ်ဆိုရင် တိုက်ဆိုင်မှုသက်သက်ပါပဲ။ ကိုယ်ဝန်သည်ရဲ့ဗိုက်အနေအထား ပြင်ပသွင်ပြင်ကိုကြည့်ပြီး မွေးလာတဲ့ကလေးရဲ့ လိင်ကို အတည်ပြုလို့ မရပါဘူး။

၃။ ကိုကိုးထောပတ်က အကြောပြတ်တာပျောက်တယ်

ကိုယ်ဝန်ဆောင်တိုင်း ကြုံရတာကတော့ အကြောပြတ်တာပဲ ဖြစ်ပါတယ်။ ဒါကို ပျောက်ဖို့အတွက် ကိုကိုးထောပတ် (cocoa butter) ကို လိမ်းကြတယ်။ တကယ်တော့ ကိုကိုးထောပတ်က အသားအရေကို စိုပြေစေရုံသာ ဖြစ်ပါတယ်။ အကြောပြတ်တာကိုတော့ မပျောက်စေပါဘူး။ အခန့်မသင့်ရင် နီရဲ ယားယံတာတွေတောင် ဖြစ်နိုင်တယ်လို့ CBS News မှာ ဖော်ပြဖူးပါတယ်။

၄။ အစားကိုမဖြစ်မနေစားကိုစားရမယ်

ကိုယ်ဝန်ရခါစ အစောပိုင်းလတွေမှာ အချို့က အစားမစားနိုင်ကြပါဘူး။ "ဗိုက်ကြီးနာစွဲခြင်း" လို့ ခေါ်ကြတဲ့ အစားမစားနိုင်ခြင်း၊ ပျို့အန်ခြင်းတွေ ကြုံရပါတယ်။ အစာမစားနိုင်တဲ့အခါမျိုးမှာ အတင်းကြိတ်မှိတ်ပြီး စားနေရတာ စိတ်ဖိစီးမှု ဖြစ်စေပါတယ်။ အာဟာရဖြစ်မယ့် အရည်တစ်မျိုးမျိုးနဲ့ သစ်သီးတွေကို ရွေးချယ်နိုင်ပါတယ်။ ထမင်းတစ်နပ်လောက် မစားဘဲပြီး စွပ်ပြုတ်လေးသောက်လိုက်တာ ပြဿနာမရှိပါဘူးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။


Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top