iMyanmarHouse.com - Best Property Website for Myanmar
×

အဆိပ္ေတြနဲ႔အသီး

အားလုံးသိၾကတဲ့အသီးပါပဲ။ ႀကဳိက္တဲ.လူလည္း ေတာ္ေတာ္မ်ားမယ္ထင္ပါတယ္။ အထူးသျဖင္. အမ်ဳိးသမီးေတြျဖစ္မယ္ထင္ပါတယ္။ အဲဒါကေတာ့
တညင္းသီးပါ။

တညင္းသီးကုိ English လုိ Djenkol Bean လုိ.ေခၚၿပီး၊ သူ.ရဲ. Scientific name ကေတာ. Pithecolobium -lobatum လုိ.ဆုိပါတယ္။

တညင္းသီးမွာ လူကုိအက်ဳိးျပဳတဲ. ဗီတာမင္ဓာတ္ပါ၀င္မႈ မ႐ွိပါဘူး။ သူ.မွာ ပါ၀င္တာကေတာ.လူကုိ ဒုကၡေပး ႏုိင္တဲ. အဆိပ္ဓာတ္ပါ။

တညင္းသီးမွာ Djenkolic acid ဆုိတဲ.အဆိပ္ေတြ ၀.၃% ကေန ၁.၃% အထိပါ၀င္ပါတယ္။

တညင္းသီးဟာ အဆိပ္သင္. တတ္တဲ.အစားအစာတစ္ခုျဖစ္ပါတယ္။ တညင္းသီးအဆိပ္သင္.တာကုိ Djenkilism လုိ.ေခၚပါတယ္။

အဆုိး႐ြားဆုံးကေတာ. ေက်ာက္ကပ္ႏွစ္ခုစလုံး တစ္ၿပဳိင္နက္ပ်က္စီးၿပီးအသက္ဆုံး႐ႈံး တဲ. အထိ ျဖစ္ႏုိင္တာပါပဲ။

ျမန္မာႏုိင္ငံမွာတညင္သီးေပါတဲ.ရခုိင္ျပည္နယ္၊ကရင္ျပည္နယ္၊ပဲခူးတုိင္း၊ ေ႐ြက်င္နဲ.သံေတာင္ႀကီးေဒသ
ေတြမွာ တညင္းသီးအဆိပ္သင္.မႈ အမ်ားဆုံးေတြ.ရပါတယ္။

တညင္းသီးေပါတဲ. ရာသီမွာ အဆုိးဆုံးျဖစ္ၿပီး ႏွစ္စဥ္ အဆိပ္သင္.မႈေၾကာင္.အသက္ဆုံး႐ႈံးမႈေတြ ႐ွိပါတယ္။

အထူးသျဖင္. အဆိပ္သင္.တဲ.အခါ ေဆး႐ုံတက္ေရာက္ၿပီး စနစ္တက်ကုသမႈ မခံယူရင္ေသဆုံးဖုိ.လမ္းပုိမ်ားတယ္လုိ.ဆုိပါတယ္။

အဆိပ္သင့္ျခင္း

တညင္းသီးအဆိပ္ရဲ. ဖြဲ.စည္းပုံေမာ္လီက်ဳးကေတာ.အပ္ေခ်ာင္းပုံေလးေတြကုိပုတီးသီသလုိ သီထားတဲ.ပုံျဖစ္ပါတယ္။

 ေတာ္ေတာ္႐ွည္ၿပီး တစ္ခုနဲ.တစ္ခုအလြယ္တကူ ခ်ိတ္တြယ္ႏုိင္ပါတယ္။ က်ေနာ္တုိ. ခႏၶာကုိယ္မွာ အဆိပ္ေတြ၀င္လာရင္အသည္းက ပ်က္ျပယ္ေအာင္လုပ္ေပး ပါတယ္။

ေက်ာက္ကပ္ကေတာ.ခႏၶာကုိယ္ကအညစ္အေၾကးေတြကုိ စြန္.ထုတ္ေပးပါတယ္။

တညင္းသီးစားလုိက္ရင္ပါ၀င္တဲ.အဆိပ္ေတြဟာ ေသြးထဲကုိ အရင္ေရာက္သြားပါတယ္။ ၿပီးတဲ.အခါ
အသည္းကုိေရာက္ပါတယ္။ အသည္းဟာ ခႏၶာကုိထဲကုိ ေရာက္လာတဲ. အဆိပ္ေတြကုိ
ပ်က္ျပယ္ေအာင္ လုပ္ေပးႏုိင္ေပမယ့္တညင္းသီးမွာပါတဲ. အဆိပ္ကုိေတာ.ပ်က္ျပယ္ေအာင္
မလုပ္ႏုိင္ဘူးလုိ.ဆုိပါတယ္။

အဲဒီအခါ ေက်ာက္ကပ္ကေနစြန္.ထုတ္ဖို.ႀကဳိးစားရပါတယ္။

ဒါေပမယ္. တညင္းသီးအဆိပ္ေမာ္လီက်ဳးရဲ.တည္ေဆာက္ပုံေၾကာင္. ဆီးျပြန္ငယ္ေလးေတြ ပိတ္ဆုိ.တတ္ပါတယ္။

ေနာက္ၿပီးအပ္ေခ်ာင္းပုံအဆိပ္ေမာ္လီက်ဳးေတြကထုိးလုိ. ေသြးေၾကာေလးေတြေပါက္တတ္္ပါတယ္။

အဲဒီအခါ ဆီးသြားရင္ ေသြးပါတာ၊ ဆီးသြားနည္းတာေတြျဖစ္လာပါမယ္။ ပုိၿပီးဆုိးလာတဲ.အခါ ဆီးလမ္းေၾကာင္းပိတ္ၿပီး ဆီးလုံး၀သြားလုိ.မရျဖစ္လာပါမယ္။

 ေက်ာက္ကပ္ႏွစ္ခုစလုံးက ဆီးမထြက္ႏုိင္လုိ.တင္းလာၿပီး မခံမရပ္ႏုိင္ေအာင္ နာက်င္လာပါမယ္။ ေသြးထဲမွာ Ureaနဲ.အဆိပ္အေတာက္ေတြမ်ားလာၿပီးေဆး႐ုံကုိ အခ်ိန္မီ တက္ေရာက္ကုသမႈမခံယူရင္အသက္ေသဆုံးႏုိင္ပါတယ္။

ဒါကုိ ႐ုတ္တရက္ေက်ာက္ကပ္ပ်က္စီးျခင္း (Acuterenal failure) လုိ.ေခၚပါတယ္။

 ေက်ာက္ကပ္သန္.စင္စက္ (Renal dialysis) နဲ.အခ်ိန္မီကုသ ႏုိင္မွသာ အျမန္ဆုံးသက္သာမွာ ျဖစ္ပါတယ္။

တညင္းသီးစားမယ္ဆုိရင္

တညင္းသီးမွာပါတဲ့အဆိပ္ဓာတ္ဟာ ေရမွာအနည္းငယ္သာ ေပ်ာ္၀င္တဲ.အဆိပ္မ်ဳိးျဖစ္ပါတယ္။ ေပ်ာ္၀င္ႏႈန္းက ၀.၅% သာျဖစ္ပါတယ္။

တညင္းသီးကုိျပဳတ္လုိက္ရင္အဆိပ္ဓာတ္နည္းနည္းသာ ေပ်ာ္၀င္ၿပီးျပည္.၀သြားတဲ့
အတြက္အဆိပ္ေတြ ထပ္ၿပီးမေပ်ာ္ႏုိင္ပါဘူး။ ဒါေၾကာင္..ျပဳတ္တဲ.အခါ တစ္ႀကိမ္တည္းနဲ. မလုံေလာက္ပါဘူး။ အနည္းဆုံး သုံးႀကိမ္မွ ငါးႀကိမ္ထိေရမ်ားမ်ားနဲ. ျပဳတ္ရမွာျဖစ္ပါတယ္။

ျပဳတ္ၿပီတဲ. ေရေတြကုိလည္း သြန္ပစ္ၿပီးေရအသစ္နဲ. ထပ္ျပဳတ္ရမွာပါ။ ဒါဆုိရင္ေတာ. အႏၱရယ္ေတာ္ေတာ္ေလ်ာ.သြားမွာပါ။

တညင္းသီးအဆိပ္ဟာ 300ֹC ေက်ာ္မွသာ ဓာတ္ျပယ္ပ်က္စီးပါတယ္။ ေရဆူမွတ္ဟာ 100ֹC သာ႐ွိတာေၾကာင္.ဘယ္လုိမွ ဓာတ္မျပယ္ႏုိင္ပါဘူး။ တကယ္လုိ.မ်ားမီးဖုတ္ၿပီးစားရင္ အဆိပ္ေတြဟာ ဓာတ္လည္းမျပယ္၊ အျပင္လည္းမေရာက္ေတာ. 100%ခႏၶာကုိယ္ထဲေရာက္ၿပီး ဒုကၡေပးမွာျဖစ္ပါတယ္။

တညင္းသီးကုိ ဆားရည္မွာၾကာၾကာစိမ္ၿပီးစာရင္ေတာ. အဆိပ္ေတြေတာ္ေတာ္ေလးေလ်ာ.နည္း သြားတယ္လုိ.ဆုိပါတယ္။

တညင္းသီး အဆိပ္ဟာ ဆားရည္မွာ အလြယ္တကူေပ်ာ္၀င္ပါတယ္။ သိပၸံနည္းအရ pH မ်ားေလေလ
ေပ်ာ္၀င္မႈ Solubility မ်ားေလေလျဖစ္ပါတယ္။

အနံ.ျပင္းျပင္း၊ အဆိပ္ျပင္းျပင္း

တညင္းသီးစားၿပီးတဲ.အခါ ပါးစပ္မွာနံေနတာ၊ ဆီးသြားရင္ အနံ.ဆုိးတာေတြဟာခႏၶာကုိယ္ထဲမွာ အဆိပ္ေတြ၀င္ေနၿပီလုိ.ဆုိလုိတာပါပဲ။

တညင္းသီးအဆိပ္နဲ.ပတ္သက္ၿပီး WHO(1970), South East Journal of Tropical Medicine(1978) စသျဖင္.ထုတ္ျပန္ေရးသားထားတာေတြလည္း႐ွိပါတယ္လုိ.ဆုိတယ္။

ဒါေၾကာင္.စားၿပီးရင္ ခႏၶာကုိယ္ကုိလည္း ဒုကၡေပးသလုိ အိမ္သာထဲမွာလည္း အနံ.ဆုိးေပးတဲ.
ဒီလုိအသီးကုိ တတ္ႏုိင္သမွ်ေတာ့မစားသင့္ဘူးလုိ႔ထင္ပါတယ္။

(ေဒါက္တာ ခင္ေမာင္လြင္-FAME ၏ က်န္းမာသုတအစီအစဥ္မွ ေကာက္ႏုတ္၍ အက်ဥ္းခ်ဳံးေဖာ္ျပပါသည္။)

မီးအိမ္႐ွင္ေလးမွကူးယူမွ်ေဝသည္။

Credit: ေရာခ္႔ကာ(လင္းေရာင္ျခည္)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့
တညင်းသီးပါ။

တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။

တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။

တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ဝ.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။

တညင်းသီးဟာ အဆိပ်သင်. တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။

အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီးအသက်ဆုံးရှုံး တဲ. အထိ ဖြစ်နိုင်တာပါပဲ။

မြန်မာနိုင်ငံမှာတညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသ
တွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။

တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။

အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်းပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင့်ခြင်း

တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော.အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။

 တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။

ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။

တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ
အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို
ပျက်ပြယ်အောင် လုပ်ပေးနိုင်ပေမယ့်တညင်းသီးမှာပါတဲ. အဆိပ်ကိုတော.ပျက်ပြယ်အောင်
မလုပ်နိုင်ဘူးလို.ဆိုပါတယ်။

အဲဒီအခါ ကျောက်ကပ်ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။

ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။

နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေပေါက်တတ်ပါတယ်။

အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို.မရဖြစ်လာပါမယ်။

 ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို.တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေများလာပြီးဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။

ဒါကို ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်း (Acuterenal failure) လို.ခေါ်ပါတယ်။

 ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ.အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာပါတဲ့အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ဝ.၅% သာဖြစ်ပါတယ်။

တညင်းသီးကိုပြုတ်လိုက်ရင်အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.ဝသွားတဲ့
အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်..ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။

ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီးရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။

တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100%ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။

တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျော.နည်း သွားတယ်လို.ဆိုပါတယ်။

တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ
ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။

တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်.ထုတ်ပြန်ရေးသားထားတာတွေလည်းရှိပါတယ်လို.ဆိုတယ်။

ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ.
ဒီလိုအသီးကို တတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ ကောက်နုတ်၍ အကျဉ်းချုံးဖော်ပြပါသည်။)

မီးအိမ်ရှင်လေးမှကူးယူမျှဝေသည်။

Credit: ရောခ့်ကာ(လင်းရောင်ခြည်)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top