iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေကာင္ေလးကိုယ့္အေပၚ ရိုးသြားမွာ၊စိတ္၀င္စားမႈေလ်ာ႔သြားမွာကို မိန္း ကေလးတိုင္း အရမး္စိုးရိမ္တတ္ၾကပါတယ္။ဒါေၾကာင့္လည္း ခ်စ္သူေကာင္ေ လးကိုယ့္အေပၚ ရိုးအီမသြားရေအာင္ ကိုယ္တတ္ႏိုင္တဲ့ နည္းေတြသံုးၿပီး ႀကိဳး စားတတ္ၾကပါတယ္။ဒါေပမယ့္ နည္းလမ္းမွန္မွ ထိေရာက္မွာပါ။ခ်စ္သူေကာင္ေ လးရဲ႕ စိတ္ကို တျခားဘယ္သူ႔ဆီမွမေရာက္ပဲ  ကိုယ့္တစ္ေယာက္တည္းဆီမွာပဲ အၿမဲရွိေနေစခ်င္လား..?အခ်ိန္ေတြ ဘယ္ေလာက္ပဲ ၾကာသြားပါေစ၊ ကိုယ့္ အေ ပၚမွာ ထားတဲ့ သူ႔ရဲ႕ အခ်စ္နဲ႔စိတ္၀င္စားမႈေတြက နည္းနည္းေလးမွာမေလာ်႔ပဲ အၿမဲရွိေနေစခ်င္တယ္ဆုိရင္ေတာ့…

#အံ့အားေအာင္ လုပ္

တသမတ္တည္း သမရိုးက်နည္းအတိုင္းမသြားပဲ ခ်စ္သူကို ရုတ္တရက္ အံ့အား ၀မ္းသာသြားေအာင္ တစ္ခုခုလုပ္ေပးတာမ်ိဳး၊ေျပာရရင္ေတာ့ သူ႔အတြက္ Surprise လုပ္ေပးရမွာပါ။ကိုယ္ဘာလုပ္မယ္ဆိုတာကို သူအၿမဲတမ္း ခန္႔မွန္းလို႔ မရေအာင္ေနပါ။ဒါမွသာ သူ႔အတြက္ သင္ဟာ ရင္ခုန္စိတ္လႈပ္ရွား စရာေကာင္မေလးျဖစ္လာမွာပါ။

#2 ကိုယ့္ကိုယ္ကို မေျပာင္းလဲပါနဲ႔

သင့္ကို သင္ျဖစ္ေနလို႔ သူက လာႀကိဳက္တာပါ။ခ်စ္သူေတြျဖစ္ၿပီးမွ ကိုယ့္စ တိုင္ေတြကို ေျပာင္းပစ္တာမ်ိဳး မလုပ္ပါနဲ႔။ကုိယ့္ဆီမွာ သူမႀကိဳက္တဲ့ အခ်က္ ရွိေနရင္ေတာ့(မေကာင္းတဲ့အရာမဟုတ္ရင္)သင့္ကိုယ္သင္ ေျပာင္းလဲေပးစရာ မလိုပါဘူး။သင့္စတိုင္အတုိင္းပဲ သင္ေနပါ။အားလံုးကိုသူ႔အႀကိဳက္လိုက္ၿပီး ေျပာင္းေပးေနရင္ ေယာက္်ားေတြရဲ႕ သဘာ၀အတိုင္းေနာက္ပိုင္းက်ရင္ သင့္ကို ၿငီးေငြ႔သြားပါလိမ့္မယ္။

#ခႏၶာကိုယ္ရဲ႕အနံ႔ကို ဂရုစိုက္

လူတစ္ေယာက္အတြက္က ရုပ္ရည္တင္မဟုတ္ပါဘူး။ကိုယ္သင္းရနံ႔ဟာလည္း အရမ္းအေရးပါပါတယ္။ခ်စ္လာတာ ဘယ္ႏွစ္ႏွစ္ပဲ ရွိရွိ၊ဘယ္ေလာက္ပဲ ၾကာၾကာ နံေစာ္ေနတဲ့ အေျခအေနမ်ိဳးနဲ႔ ခ်စ္သူကို မေတြ႔ပါနဲ႔။သင့္ရဲ႕ ကိုယ္နံ႔ကို အၿမဲ ဂရုစိုက္ပါ။အနံ႔ဟာလည္း လူတစ္ေယာက္ကို စြဲေဆာင္တဲ့ ေနရာမွာ အေရး အႀကီးဆံုး အခ်က္ေတြထဲက တစ္ခုပါ။ဘယ္လို အေၾကာင္း ကိစၥေတြပဲရွိေနေန တစ္ကိုယ္ရည္သန္႔ရွင္းေရးကိုေတာ့ အၿမဲဂရုစိုက္ပါ။

#သူ႔သူငယ္ခ်င္းေတြ ေလးစားေအာင္ေန

ေယာက္်ားေတြရဲ႕ စိတ္ဟာ ၿပိဳင္ဆိုင္လုိစိတ္ႀကီးပါတယ္။သူ႔အေပါင္းအသင္း မိတ္ေဆြေတြၾကားထဲမွာ သူဟာ ခ်စ္သူေကာင္းေကာင္းကို ရထားတယ္ဆိုၿပီး ဂုုဏ္ယူ၀့ံၾကြားလိုတဲ့ စိတ္ေယာက္်ားတိုင္းမွာရွိပါတယ္။ဒါေၾကာင့္ သင္ဟာ သင့္ခ်စ္သူရဲ႕သူငယ္ခ်င္းေတြအျမင္မွာလည္း အထင္ႀကီးေလးစားစရာေကာင္းတဲ့ မိန္းကေလးတစ္ေယာက္အျဖစ္ ရွိေနေအာင္ ႀကိဳးစားေပးသင့္ပါတယ္။ဒါမွသာ သင့္ခ်စ္သူကလည္း သင့္ကို ခ်စ္သူအျဖစ္ေတာ္ထားရတာကို အေပါင္္းအသ င္းေတြၾကား ဂုဏ္ယူ၀ံ့ၾကြားႏိုင္မွာပါ။

# ခ်စ္သူ၀ါသနာပါတဲ့ အရာေတြကို လိုက္ၿပီး စိတ္၀င္စားပါ

လူတစ္ေယာက္ေယာက္နဲ႔တစ္ေယာက္အႀကိဳက္၊၀ါသနာတစ္ထပ္တည္းက် တူႏိုင္ဖုိ႔ ဆိုတာ ဘယ္လုိမွမျဖစ္ႏိုင္ပါဘူး။ဒါေပမယ့္ ခ်စ္သူေတြ ျဖစ္ လာၿပီ ဆုိရင္ေတာ့ တစ္ေယာက္အႀကိဳက္၊တစ္ေယာက္ ၀ါသနာကို လံုး၀ ပစ္ပယ္ ထားတာမ်ိဳးေတာ့ မလုပ္သင့္ပါဘူး။ကိုယ့္ခ်စ္သူဘာႀကိဳက္တတ္တယ္၊ သူ ဘာေၾကာင့္ ဒါကို ႀကိဳက္တယ္ဆိုတာကို အနည္းဆံုးေတာ့ သိေအာင္ ႀကိဳးစား သင့္ပါတယ္။ခ်စ္သူ၀ါသနာပါတဲ့ အရာကို ႏွံ႔ႏွံ႔စပ္စပ္မဟုတ္ေတာင္ တီးမိေခါက္ မိေလာက္တဲ့ အဆင့္ေလာက္အထိေတာ့ သိထားသင့္ပါတယ္။

#စိတ္ဓါတ္က်တဲ့ အခ်ိန္တိုင္းအနားမွာရွိေနေပးပါ

မိန္းကေလးေတြမွ စိတ္အားငယ္တတ္၊စိတ္ညစ္တတ္တာ မဟုတ္ပါဘူး။ေ ယာ က္်ားေလးေတြမွာလည္း စိတ္ညစ္တဲ့ ၊စိတ္ဓါတ္က်တဲ့ အခ်ိန္ေတြရွိပါတယ္။ကိုယ္ ကပဲ သူ႔ပုခံုးကိုမွီခ်င္ေနလို႔မရပါဘူး။သူ႔ကိုလည္း ကိုယ့္ရဲ႕ပခံုးေပၚမွာ မွီခိုင္းၿပီး အားေပးႏွစ္သိမ့္တာမ်ိဳးလည္း လုပ္ေပးရပါမယ္။ကိုယ့္ခ်စ္သူအေပၚမွာ အၿမဲတမ္း ကေလးတစ္ေယာက္လို႔ ဆိုးႏြဲ႔ေနလို႔ မရပါဘူး။တစ္ခါတစ္ေလမွာေတာ့ မိခင္ တစ္ေယာက္ရဲ႕ ႏွလံုးသားမ်ိဳးနဲ႔ခ်စ္သူကို ဆက္ဆံေပးပါ။

#ထက္ျမက္ေနပါေစ

ထက္ျမက္တဲ့ေယာက္်ားေလးကို ခ်စ္သူေတာ္ထားမယ္ဆုိရင္ ဒီအခ်က္ကို လံုး၀ သတိထားပါ။ကိုယ့္ဟာ သူနဲ႔ level တူမဟုတ္ရင္ေတာင္မွ သူေျပာတဲ့ အေၾကာ င္းအရာေတြကို သူနဲ႔အတူတူေဆြးေႏြးႏိုင္ေလာက္တဲ့ အဆင့္ေလာက္ေတာ့ ရွိေနမွရပါမယ္။ကိုယ့္ကိုယ္ကို ယံုၾကည္မႈအျပည့္ရွိၿပီး ထက္ျမက္ေနတဲ့ မိန္း ကေလးမ်ိဳးကို ေယာက္်ားေတြက ပိုစိတ္၀င္စားတတ္ၾကပါတယ္။ခပ္တံုးတံုးမိန္းမ တစ္ေယာက္ပဲျဖစ္ေနမယ္ဆုိရင္ေတာ့ ခ်စ္သူရဲ႕ စိတ္၀င္စားမႈကို ေရရွည္ပိုင္ဆိုင္ခြင့္ရမွာမဟုတ္ပါဘူး။

#ကိုယ့္္ေကာင္ေလးရဲ႕ မိသားစုေတြကို အပိုင္ခ်ဳပ္ပါ

ဘယ္လိုေယာက္်ားမ်ိဳးမဆို ကိုယ့္ခ်စ္သူနဲ႔ကိုယ့္မိသားစု အဆင္ေျပေန တာကိုပဲ ျမင္ခ်င္ၾကသူေတြခ်ည္းပါ။ဒါေၾကာင့္ လူတစ္ေယာက္ကို ခ်စ္ၿပီဆုိရင္ေတာ့ သူ႔မိ သားစုနဲ႔ပါ အဆင္ေျပေအာင္ေနတတ္ဖို႔က သင့္တာ၀န္ျဖစ္သြားပါၿပီ။သူ႔ မိသား စု၊သူ႔အသိုင္းအ၀ိုင္းနဲ႔သင့့္ျမတ္ေအာင္ေနမျပႏိုင္လို႔ကေတာ့ သင္တုိ႔ၾကားမွာ တစ္ခ်ိန္ခ်ိန္ျပႆနာေပၚေပါက္လာႏိုင္ပါတယ္။

#ခ်စ္သူကို Role တင္္ေပး

ကိုယ့္ခ်စ္သူရဲ႕ စိတ္ပိုင္းဆိုင္ရာ ေက်နပ္မႈအတြက္ သူ႔ကို Role တင္ေပးတာ မ်ိဳးလည္း လုပ္ေပးရပါမယ္။ေယာက္်ားတိုင္းရဲ႕ စိတ္ထဲမွာ လူေပၚလူေဇာ္ လုပ္ ခ်င္တဲ့ စိတ္ကေတာ့ အနည္းနဲ႔အမ်ားဆိုသလို ရွိပါတယ္။သူ႔ကို သင့္ဘယ္ေ လာက္ အားကိုးတယ္္ဆိုတာမ်ိဳး၊ေတာ္တယ္ဆိုၿပီး ခ်ီးက်ဴးေပးတာမ်ိဳး လုပ္ပါ။သူ႔ ကို သင္က ေလးစားအထင္ႀကီးေၾကာင္းကိုလည္း ျပေပးပါ။

#နည္းနည္းေခ်ပါ

ခ်စ္သူအတြက္ အခ်ိန္ေပးပါ။အတူေလွ်ာက္လည္တာမ်ိဳး လုပ္ေပးပါ။ဒါေပမယ့္ ဘယ္ အခ်ိန္ေကာက္ေခၚေခၚ အၿမဲ အသင့္ျဖစ္ေနတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔။ ခ်ိန္းလိုက္ တာနဲ႔ ခ်က္ခ်င္းေကာက္ထသြားတာမ်ိဳးထက္္ ဒီေန႔ေတာ့မအားဘူး။ ဘယ္ေန႔မွ အားမယ္ဆိုတာမ်ိဳးလုပ္ေပးပါ။ကိုယ့္ဘက္ကေန သူ႔ကို အသည္းအ သန္လို လားေနတဲ့ ပံုမ်ိဳး မျဖစ္ပါေစနဲ႔။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူကောင်လေးကိုယ့်အပေါ် ရိုးသွားမှာ၊စိတ်ဝင်စားမှုလျော့သွားမှာကို မိန်း ကလေးတိုင်း အရမ်းစိုးရိမ်တတ်ကြပါတယ်။ဒါကြောင့်လည်း ချစ်သူကောင်ေ လးကိုယ့်အပေါ် ရိုးအီမသွားရအောင် ကိုယ်တတ်နိုင်တဲ့ နည်းတွေသုံးပြီး ကြိုး စားတတ်ကြပါတယ်။ဒါပေမယ့် နည်းလမ်းမှန်မှ ထိရောက်မှာပါ။ချစ်သူကောင်ေ လးရဲ့ စိတ်ကို တခြားဘယ်သူ့ဆီမှမရောက်ပဲ  ကိုယ့်တစ်ယောက်တည်းဆီမှာပဲ အမြဲရှိနေစေချင်လား..?အချိန်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ၊ ကိုယ့် အေ ပါ်မှာ ထားတဲ့ သူ့ရဲ့ အချစ်နဲ့စိတ်ဝင်စားမှုတွေက နည်းနည်းလေးမှာမလောျ့ပဲ အမြဲရှိနေစေချင်တယ်ဆိုရင်တော့…

#အံ့အားအောင် လုပ်

တသမတ်တည်း သမရိုးကျနည်းအတိုင်းမသွားပဲ ချစ်သူကို ရုတ်တရက် အံ့အား ဝမ်းသာသွားအောင် တစ်ခုခုလုပ်ပေးတာမျိုး၊ပြောရရင်တော့ သူ့အတွက် Surprise လုပ်ပေးရမှာပါ။ကိုယ်ဘာလုပ်မယ်ဆိုတာကို သူအမြဲတမ်း ခန့်မှန်းလို့ မရအောင်နေပါ။ဒါမှသာ သူ့အတွက် သင်ဟာ ရင်ခုန်စိတ်လှုပ်ရှား စရာကောင်မလေးဖြစ်လာမှာပါ။

#2 ကိုယ့်ကိုယ်ကို မပြောင်းလဲပါနဲ့

သင့်ကို သင်ဖြစ်နေလို့ သူက လာကြိုက်တာပါ။ချစ်သူတွေဖြစ်ပြီးမှ ကိုယ့်စ တိုင်တွေကို ပြောင်းပစ်တာမျိုး မလုပ်ပါနဲ့။ကိုယ့်ဆီမှာ သူမကြိုက်တဲ့ အချက် ရှိနေရင်တော့(မကောင်းတဲ့အရာမဟုတ်ရင်)သင့်ကိုယ်သင် ပြောင်းလဲပေးစရာ မလိုပါဘူး။သင့်စတိုင်အတိုင်းပဲ သင်နေပါ။အားလုံးကိုသူ့အကြိုက်လိုက်ပြီး ပြောင်းပေးနေရင် ယောက်ျားတွေရဲ့ သဘာဝအတိုင်းနောက်ပိုင်းကျရင် သင့်ကို ငြီးငွေ့သွားပါလိမ့်မယ်။

#ခန္ဓာကိုယ်ရဲ့အနံ့ကို ဂရုစိုက်

လူတစ်ယောက်အတွက်က ရုပ်ရည်တင်မဟုတ်ပါဘူး။ကိုယ်သင်းရနံ့ဟာလည်း အရမ်းအရေးပါပါတယ်။ချစ်လာတာ ဘယ်နှစ်နှစ်ပဲ ရှိရှိ၊ဘယ်လောက်ပဲ ကြာကြာ နံစော်နေတဲ့ အခြေအနေမျိုးနဲ့ ချစ်သူကို မတွေ့ပါနဲ့။သင့်ရဲ့ ကိုယ်နံ့ကို အမြဲ ဂရုစိုက်ပါ။အနံ့ဟာလည်း လူတစ်ယောက်ကို စွဲဆောင်တဲ့ နေရာမှာ အရေး အကြီးဆုံး အချက်တွေထဲက တစ်ခုပါ။ဘယ်လို အကြောင်း ကိစ္စတွေပဲရှိနေနေ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုတော့ အမြဲဂရုစိုက်ပါ။

#သူ့သူငယ်ချင်းတွေ လေးစားအောင်နေ

ယောက်ျားတွေရဲ့ စိတ်ဟာ ပြိုင်ဆိုင်လိုစိတ်ကြီးပါတယ်။သူ့အပေါင်းအသင်း မိတ်ဆွေတွေကြားထဲမှာ သူဟာ ချစ်သူကောင်းကောင်းကို ရထားတယ်ဆိုပြီး ဂုုဏ်ယူဝံ့ကြွားလိုတဲ့ စိတ်ယောက်ျားတိုင်းမှာရှိပါတယ်။ဒါကြောင့် သင်ဟာ သင့်ချစ်သူရဲ့သူငယ်ချင်းတွေအမြင်မှာလည်း အထင်ကြီးလေးစားစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ရှိနေအောင် ကြိုးစားပေးသင့်ပါတယ်။ဒါမှသာ သင့်ချစ်သူကလည်း သင့်ကို ချစ်သူအဖြစ်တော်ထားရတာကို အပေါင်းအသ င်းတွေကြား ဂုဏ်ယူဝံ့ကြွားနိုင်မှာပါ။

# ချစ်သူဝါသနာပါတဲ့ အရာတွေကို လိုက်ပြီး စိတ်ဝင်စားပါ

လူတစ်ယောက်ယောက်နဲ့တစ်ယောက်အကြိုက်၊ဝါသနာတစ်ထပ်တည်းကျ တူနိုင်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါပေမယ့် ချစ်သူတွေ ဖြစ် လာပြီ ဆိုရင်တော့ တစ်ယောက်အကြိုက်၊တစ်ယောက် ဝါသနာကို လုံး၀ ပစ်ပယ် ထားတာမျိုးတော့ မလုပ်သင့်ပါဘူး။ကိုယ့်ချစ်သူဘာကြိုက်တတ်တယ်၊ သူ ဘာကြောင့် ဒါကို ကြိုက်တယ်ဆိုတာကို အနည်းဆုံးတော့ သိအောင် ကြိုးစား သင့်ပါတယ်။ချစ်သူဝါသနာပါတဲ့ အရာကို နှံ့နှံ့စပ်စပ်မဟုတ်တောင် တီးမိခေါက် မိလောက်တဲ့ အဆင့်လောက်အထိတော့ သိထားသင့်ပါတယ်။

#စိတ်ဓါတ်ကျတဲ့ အချိန်တိုင်းအနားမှာရှိနေပေးပါ

မိန်းကလေးတွေမှ စိတ်အားငယ်တတ်၊စိတ်ညစ်တတ်တာ မဟုတ်ပါဘူး။ေ ယာ က်ျားလေးတွေမှာလည်း စိတ်ညစ်တဲ့ ၊စိတ်ဓါတ်ကျတဲ့ အချိန်တွေရှိပါတယ်။ကိုယ် ကပဲ သူ့ပုခုံးကိုမှီချင်နေလို့မရပါဘူး။သူ့ကိုလည်း ကိုယ့်ရဲ့ပခုံးပေါ်မှာ မှီခိုင်းပြီး အားပေးနှစ်သိမ့်တာမျိုးလည်း လုပ်ပေးရပါမယ်။ကိုယ့်ချစ်သူအပေါ်မှာ အမြဲတမ်း ကလေးတစ်ယောက်လို့ ဆိုးနွဲ့နေလို့ မရပါဘူး။တစ်ခါတစ်လေမှာတော့ မိခင် တစ်ယောက်ရဲ့ နှလုံးသားမျိုးနဲ့ချစ်သူကို ဆက်ဆံပေးပါ။

#ထက်မြက်နေပါစေ

ထက်မြက်တဲ့ယောက်ျားလေးကို ချစ်သူတော်ထားမယ်ဆိုရင် ဒီအချက်ကို လုံး၀ သတိထားပါ။ကိုယ့်ဟာ သူနဲ့ level တူမဟုတ်ရင်တောင်မှ သူပြောတဲ့ အကြော င်းအရာတွေကို သူနဲ့အတူတူဆွေးနွေးနိုင်လောက်တဲ့ အဆင့်လောက်တော့ ရှိနေမှရပါမယ်။ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ထက်မြက်နေတဲ့ မိန်း ကလေးမျိုးကို ယောက်ျားတွေက ပိုစိတ်ဝင်စားတတ်ကြပါတယ်။ခပ်တုံးတုံးမိန်းမ တစ်ယောက်ပဲဖြစ်နေမယ်ဆိုရင်တော့ ချစ်သူရဲ့ စိတ်ဝင်စားမှုကို ရေရှည်ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ပါဘူး။

#ကိုယ့်ကောင်လေးရဲ့ မိသားစုတွေကို အပိုင်ချုပ်ပါ

ဘယ်လိုယောက်ျားမျိုးမဆို ကိုယ့်ချစ်သူနဲ့ကိုယ့်မိသားစု အဆင်ပြေနေ တာကိုပဲ မြင်ချင်ကြသူတွေချည်းပါ။ဒါကြောင့် လူတစ်ယောက်ကို ချစ်ပြီဆိုရင်တော့ သူ့မိ သားစုနဲ့ပါ အဆင်ပြေအောင်နေတတ်ဖို့က သင့်တာဝန်ဖြစ်သွားပါပြီ။သူ့ မိသား စု၊သူ့အသိုင်းအဝိုင်းနဲ့သင့်မြတ်အောင်နေမပြနိုင်လို့ကတော့ သင်တို့ကြားမှာ တစ်ချိန်ချိန်ပြဿနာပေါ်ပေါက်လာနိုင်ပါတယ်။

#ချစ်သူကို Role တင်ပေး

ကိုယ့်ချစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုအတွက် သူ့ကို Role တင်ပေးတာ မျိုးလည်း လုပ်ပေးရပါမယ်။ယောက်ျားတိုင်းရဲ့ စိတ်ထဲမှာ လူပေါ်လူဇော် လုပ် ချင်တဲ့ စိတ်ကတော့ အနည်းနဲ့အများဆိုသလို ရှိပါတယ်။သူ့ကို သင့်ဘယ်ေ လာက် အားကိုးတယ်ဆိုတာမျိုး၊တော်တယ်ဆိုပြီး ချီးကျူးပေးတာမျိုး လုပ်ပါ။သူ့ ကို သင်က လေးစားအထင်ကြီးကြောင်းကိုလည်း ပြပေးပါ။

#နည်းနည်းချေပါ

ချစ်သူအတွက် အချိန်ပေးပါ။အတူလျှောက်လည်တာမျိုး လုပ်ပေးပါ။ဒါပေမယ့် ဘယ် အချိန်ကောက်ခေါ်ခေါ် အမြဲ အသင့်ဖြစ်နေတာမျိုးတော့ မဖြစ်ပါစေနဲ့။ ချိန်းလိုက် တာနဲ့ ချက်ချင်းကောက်ထသွားတာမျိုးထက် ဒီနေ့တော့မအားဘူး။ ဘယ်နေ့မှ အားမယ်ဆိုတာမျိုးလုပ်ပေးပါ။ကိုယ့်ဘက်ကနေ သူ့ကို အသည်းအ သန်လို လားနေတဲ့ ပုံမျိုး မဖြစ်ပါစေနဲ့။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top