iMyanmarHouse.com - Best Property Website for Myanmar
×




Credit:trend myanmar

#Unicode Version
US က သုတေသနတစ်ခုမှာ တစ်ယောက်တည်း အထီးကျန်နေခြင်းက ဖျားနားခြင်းကို ပိုပြီးဆိုးဝါးစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ American Psychological Association ရဲ့သုတေသနမှာ အထီးကျန်နေတဲ့ သူတွေဟာ နေမကောင်းတဲ့အချိန်အတွင်း လူမှုဆက်ဆံရေး အားကောင်းတဲ့သူတွေထက် ပိုပြီးဆိုးရွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။

“လူတွေရဲ့ အရည်အသွေးကို လိုက်ရှာပြီး အကဲဖြတ်ထားတာပါ။ သင်က အခန်းထဲမှာ အောင်းပြီး အထီးကျန်ကောင်း ကျန်နေနိုင်ပါတယ်။ ဒီလိုဖြစ်တာက သင်အအေးမိရောဂါတွေ ၊ဖျားနာမှုတွေ ဖြစ်တဲ့အခါ ပိုပြီး ဆိုးဝါးစေတယ်"လို့ စာရေးဆရာAngie LeRoy က ဒီ အထီးကျန်မှုနဲ့နေ့တိုင်းဖျားနာမှုကြားက ဖြစ်ရပ်ကို ပြန်ပြီး ဝေမျှဖို့ LeRoy နဲ့သူမရဲ့ အဖွဲ့ဟာ ကျန်းမာတဲ့အရွယ်ရောက်သူ ၂၁၃ ယောက်ကို မေးခွန်းတွေနဲ့ စစ်တမ်းကောက်ပြီး သူတို့ရဲ့ အအေးမိ အဖျားဝင်ပြီး ဖြစ်လာတဲ့ စိတ်ခံစားမှုတွေကို မေးမြန်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အအေးမိ၊ ဖျားတတ်တဲ့သူ ၁၅၉ ယောက်ကို မေးမြန်းလိုက်တဲ့အခါ အထီးကျန်မှုများများလေလေ ဖျားတဲ့ Level မြင့်လေဖြစ်ပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် LeRoyက ဆရာဝန်တွေကိုလည်း လူနာတွေကို နေမကောင်းလို့လာကုသရင် စိတ်ပိုင်းဆိုင်ရာတွေကို ဂရုစိုက်ဖို့ပါ တိုက်တွန်းထားပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top