iMyanmarHouse.com - Best Property Website for Myanmar
×

ဝမ္းတစ္လံုးေကာင္းရင္ ေခါင္းမခဲဆိုတဲ့ စကားအတိုင္း၊ နိစၥဓူဝ ပါးစပ္မွ သြင္းလာေသာ အစာသစ္မ်ားကို ခႏၶာကိုယ္က အာဟာရအျဖစ္ စုပ္ယူၿပီးေနာက္ မလိုလားအပ္ေသာ အစာေဟာင္းမ်ားကို မစင္အျဖစ္ အနည္းဆံုး တစ္ေန႔တစ္ႀကိမ္ စြန္႔ထုတ္ေပးမွသာ က်န္းမာေရးနဲ႔ ညီၫြတ္ေစမွာပါ။ တခ်ိဳ႕သူမ်ားက ႏွစ္ရက္တစ္ခါသာ ဝမ္းသြားေလ့ရွိၿပီး ထို႔ထက္ပို၍ ဝမ္းမသြားျခင္းကိုေတာ့ ဝမ္းခ်ဳပ္တယ္လို႔ ေခၚပါတယ္။ စားေသာက္မႈ စနစ္မက်ျခင္း၊ အိပ္ခ်ိန္ မမွန္ျခင္း၊ အထိုင္မ်ား၍ ကိုယ္လက္လႈပ္ရွားမႈ နည္းျခင္း၊ ေရေသာက္နည္းျခင္း စသည္တို႔ေၾကာင့္ အရြယ္သံုးပါးမေရြး ဝမ္းခ်ဳပ္ေနၾကပါတယ္။ ဝမ္းသြားခ်င္စိတ္ ရွိတာကို လ်စ္လ်ဴ႐ႈမထားဘဲ အခ်ိန္ေပး၍ အိမ္သာတက္တဲ့ အက်င့္ကို ေမြးျမဴရပါမယ္။ ဝမ္းခ်ဳပ္တာ ၾကာလာတာနဲ႔အမွ် စျမင္းခံလာၿပီး အတင္းအားစိုက္၍ ညႇစ္ထုတ္ရျခင္းေၾကာင့္ လိပ္ေခါင္းေရာဂါ၊ စအိုကြဲျခင္း စတဲ့ ေနာက္ဆက္တြဲ ေဝဒနာေတြ ျဖစ္ေစပါတယ္။

ဒါေတြေၾကာင့္လည္း ဝမ္းခ်ဳပ္ေစႏိုင္

(၁) မူးယစ္ေဆးဝါး သံုးစြဲသူမ်ား၊ aspirin ႏွင့္ ibuprofen စတဲ့ အကိုက္အခဲေပ်ာက္ ေဆးဝါးမ်ား၊ ကယ္လ္စီယမ္နဲ႔ သံဓာတ္အားေဆးမ်ားက ဝမ္းခ်ဳပ္ေစပါတယ္။ (၂) ဝမ္းသြားျခင္းအတြက္ ဝမ္းပိတ္ေဆးမ်ားစြာ ေသာက္သံုးျခင္းေၾကာင့္လည္း ေခတၱ ဝမ္းခ်ဳပ္သြားေစပါတယ္။ (၃) ႏြားႏို႔က ဝမ္းမခ်ဳပ္ေစပါဘူး။ သို႔ေသာ္ ႏြားႏို႔ကို ျပန္လည္ ျပဳျပင္ထားေသာ ခ်ိစ္၊ ဒိန္ခဲ စတဲ့ ႏို႔ထြက္ပစၥည္းမ်ားနဲ႔ အဆီဓာတ္မ်ားေသာ အသားတို႔က အစာမေၾက ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစပါတယ္။ (၄) ရင္ပူျခင္းကို ေပ်ာက္ေစတဲ့ Antacids ေဆးဝါးမ်ား၊ ေသြးက်ေဆးမ်ား၊ Antihistamines ဓာတ္ပါေသာ ယားနာ ေပ်ာက္ေဆးမ်ား၊ စိတ္က်ေဝဒနာသည္မ်ားနဲ႔ စိတ္က်ျခင္းကို ကုသေပးတဲ့ Antidepressant ေဆးဝါးမ်ားက ဝမ္းခ်ဳပ္ေစလို႔ အမွ်င္ဓာတ္မ်ားေသာ အစားအစာမ်ားစားရင္ ေရမ်ားမ်ား ေသာက္ေပးပါ။ (၅) Crohn's disease (ေခၚ) အစာေျခလမ္းေၾကာင္း နာတာရွည္ေရာဂါမ်ားနဲ႔ ulcerative colitis (ေခၚ) အူမႀကီး အေျမႇးေရာင္ရမ္းျခင္းေၾကာင့္ ဝမ္းခ်ဳပ္ေစပါတယ္။ (၆) အမ်ိဳးသမီးမ်ား ရာသီလာစဥ္ ကာလမ်ား၊ ကိုယ္ဝန္ေဆာင္ခ်ိန္မ်ားနဲ႔ ကေလးမီးဖြားၿပီးစ အခ်ိန္မ်ားမွာ ဝမ္းခ်ဳပ္ေလ့ ရွိပါတယ္။ (၇) ဆီးခ်ိဳေရာဂါက အာ႐ံုေၾကာမ်ားကို ပ်က္စီးသြားၿပီး အစာကို ေကာင္းစြာ မေခ်ဖ်က္ႏိုင္ေတာ့ဘဲ ဝမ္းခ်ဳပ္လာေစပါတယ္။ (၈) လည္ပင္း အက်ိတ္ဂလင္း ေရာဂါတစ္မ်ိဳးျဖစ္တဲ့ Hypothyroid က ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ကို ေႏွးေကြးေစကာ ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစပါတယ္။ (၉) ေခ်ာကလက္ ေလွ်ာ့စားပါ။ ၂၀၀၅ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံ ေဆးသုေတသီမ်ားက နာတာရွည္ ဝမ္းခ်ဳပ္သူမ်ားကို ေလ့လာ ဆန္းစစ္တဲ့အခါ ေခ်ာကလက္ စားသံုးမႈမ်ားသူေတြမွာ ပိုမိုဝမ္းခ်ဳပ္ေစေၾကာင္း ေလ့လာ ေတြ႕ရွိခဲ့ပါတယ္။ (၁၀) အသင့္စား အစားေသာက္မ်ား၊ အေၾကာ္အေလွာ္မ်ားက ဝမ္းခ်ဳပ္ေစပါတယ္။ (၁၁) ေကာ္ဖီနဲ႔ လက္ဖက္ရည္ ျဖတ္ပါ။ (၁၂) ေဆးလိပ္နဲ႔ အရက္မ်ား မေသာက္ပါနဲ႔။

ဒီလို သက္သာေအာင္ လုပ္လို႔ရ

(၁) နံနက္အိပ္ရာထ ေသာက္ေရ သံုးခြက္ ဆက္တိုက္ ေသာက္ေပးျခင္းက အူေတြကို အလုပ္လုပ္ေစလို႔ ဝမ္းသြားေစပါတယ္။ (ေန႔စဥ္ ေရရွစ္ခြက္မွ ၁၀-ခြက္အထိ ေသာက္တဲ့အက်င့္ကို ေမြးျမဴပါ) (၂) သံပရာသီးကလည္း ဝမ္းခ်ဳပ္ျခင္းမွ သက္သာေစလို႔ နံနက္အိပ္ရာထ အစာမစားခင္မွာ ေရေႏြး တစ္ဖန္ခြက္ထဲကို သံပရာသီးတစ္လံုး ညႇစ္ၿပီး၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ဆားအနည္းငယ္ ေဖ်ာ္၍ ေသာက္ပါ။ (၃) ပဲသီး၊ ဟင္းႏုနယ္ စတဲ့ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ားနဲ႔ လိေမၼာ္သီး၊ သစ္ေတာ္သီးကဲ့သို႔ အရည္ရႊမ္းၿပီး အမွ်င္မ်ားတဲ့ သစ္သီးမ်ား စားပါ။ (၄) အမွ်င္ဓာတ္ ေပါမ်ားေသာ ဂုန္ေလွ်ာ္ေစ့က အစာေၾကေစၿပီး ဝမ္းခ်ဳပ္ျခင္းကို သက္သာ ေပ်ာက္ကင္းေစပါတယ္။ (၅) ႏြားႏို႔ပူပူ ေသာက္ျခင္းက အူမႀကီးကို ေကာင္းစြာ လႈံ႕ေဆာ္ေပးတာေၾကာင့္ ဝမ္းမခ်ဳပ္ေစေတာ့ပါဘူး (သို႔မဟုတ္) ညအိပ္ရာဝင္ခါနီး ႏြားႏို႔ပူပူထဲမွာ ေထာပတ္ကို လက္ဖက္ရည္ဇြန္းတစ္ဇြန္း ပမာဏ ခပ္၍ ေသာက္ျခင္းျဖင့္ နံနက္ပိုင္း ေရွာေရွာ႐ႈ႐ ဝမ္းသက္ေစပါတယ္။ (၆) နံနက္ေစာေစာ ၁၅-မိနစ္ခန္႔ လမ္းသြက္သြက္ ေလွ်ာက္ျခင္းက အူမ်ားကို လႈပ္ရွားကာ ဝမ္းသြားေစပါတယ္။ (၇) သဖန္းသီး၊ ပဲကတၱီပါ၊ ေျမပဲ၊ စြန္ပလြန္သီး၊ ပဲပင္ေပါက္ စားေပးပါ။ (၈) မာလကာသီး (အူနီ) အမွည့္ကလည္း ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။ (၈) ႀကံရည္၊ ခရမ္းခ်ဥ္သီးနဲ႔ beet root (ေခၚ) သၾကား မုန္လာဥ (ေခၚ) ေသြးေရာင္ကဲ့သို႔ မုန္လာဥနီ အလံုးတို႔ကလည္း ဝမ္းသက္ေစလို႔ စားေပးပါ။ (၉) နံနက္တိုင္း သေဘၤာသီးမွည့္မွည့္ စားပါ။ (၁၀) ပန္းသီးကလည္း ဝမ္းခ်ဳပ္ျခင္းကို ေကာင္းက်ိဳးျပဳတဲ့ အတြက္ တစ္ေန႔ႏွစ္လံုး မွန္မွန္ စားသင့္ပါတယ္။ (၁၁) အရြက္မွာ အေမြးေလးေတြပါတဲ့ ကုလားျမင္းခြာရြက္ပင္၏ အပြင့္ကို သၾကားနဲ႔ ႀကိတ္၍စားပါ။ (၁၂) ၾကက္ဟင္းခါးသီးကို ေသာက္ေရ၊ ဆားတို႔နဲ႔ စိမ္ၿပီး ေသာက္ပါ။ (၁၃) ၾကက္ဟင္းခါးသီးကို ေရနံဆီျဖင့္ စိမ္၍ ဝမ္းဗိုက္ကို လိမ္းေပးပါ။ (၁၄) ႀကိတ္မွန္ရြက္ ၂၅-က်ပ္သားကို ထန္းလ်က္ ၁၀-က်ပ္သား၊ အရည္ညႇစ္ၿပီးေသာ ေရွာက္သီးဖတ္ ၁၀- က်ပ္သား၊ ပါးပါးလွီးထားတဲ့ ၾကက္သြန္နီ ၁၀-က်ပ္သား၊ စမံုမ်ိဳးငါးပါးကို အမႈန္႔ႏွစ္ပဲ၊ စားဆီတို႔ျဖင့္ ေရာခ်က္ထားေသာ ႀကိတ္မွန္ရြက္ယိုကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းခန္႔ တစ္ေန႔သံုးႀကိမ္ စားေပးပါ။

Credit:ေပါက္ေပါက္

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဆိုတဲ့ စကားအတိုင်း၊ နိစ္စဓူဝ ပါးစပ်မှ သွင်းလာသော အစာသစ်များကို ခန္ဓာကိုယ်က အာဟာရအဖြစ် စုပ်ယူပြီးနောက် မလိုလားအပ်သော အစာဟောင်းများကို မစင်အဖြစ် အနည်းဆုံး တစ်နေ့တစ်ကြိမ် စွန့်ထုတ်ပေးမှသာ ကျန်းမာရေးနဲ့ ညီညွတ်စေမှာပါ။ တချို့သူများက နှစ်ရက်တစ်ခါသာ ဝမ်းသွားလေ့ရှိပြီး ထို့ထက်ပို၍ ဝမ်းမသွားခြင်းကိုတော့ ဝမ်းချုပ်တယ်လို့ ခေါ်ပါတယ်။ စားသောက်မှု စနစ်မကျခြင်း၊ အိပ်ချိန် မမှန်ခြင်း၊ အထိုင်များ၍ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ရေသောက်နည်းခြင်း စသည်တို့ကြောင့် အရွယ်သုံးပါးမရွေး ဝမ်းချုပ်နေကြပါတယ်။ ဝမ်းသွားချင်စိတ် ရှိတာကို လျစ်လျူရှုမထားဘဲ အချိန်ပေး၍ အိမ်သာတက်တဲ့ အကျင့်ကို မွေးမြူရပါမယ်။ ဝမ်းချုပ်တာ ကြာလာတာနဲ့အမျှ စမြင်းခံလာပြီး အတင်းအားစိုက်၍ ညှစ်ထုတ်ရခြင်းကြောင့် လိပ်ခေါင်းရောဂါ၊ စအိုကွဲခြင်း စတဲ့ နောက်ဆက်တွဲ ဝေဒနာတွေ ဖြစ်စေပါတယ်။

ဒါတွေကြောင့်လည်း ဝမ်းချုပ်စေနိုင်

(၁) မူးယစ်ဆေးဝါး သုံးစွဲသူများ၊ aspirin နှင့် ibuprofen စတဲ့ အကိုက်အခဲပျောက် ဆေးဝါးများ၊ ကယ်လ်စီယမ်နဲ့ သံဓာတ်အားဆေးများက ဝမ်းချုပ်စေပါတယ်။ (၂) ဝမ်းသွားခြင်းအတွက် ဝမ်းပိတ်ဆေးများစွာ သောက်သုံးခြင်းကြောင့်လည်း ခေတ္တ ဝမ်းချုပ်သွားစေပါတယ်။ (၃) နွားနို့က ဝမ်းမချုပ်စေပါဘူး။ သို့သော် နွားနို့ကို ပြန်လည် ပြုပြင်ထားသော ချိစ်၊ ဒိန်ခဲ စတဲ့ နို့ထွက်ပစ္စည်းများနဲ့ အဆီဓာတ်များသော အသားတို့က အစာမကြေ ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ (၄) ရင်ပူခြင်းကို ပျောက်စေတဲ့ Antacids ဆေးဝါးများ၊ သွေးကျဆေးများ၊ Antihistamines ဓာတ်ပါသော ယားနာ ပျောက်ဆေးများ၊ စိတ်ကျဝေဒနာသည်များနဲ့ စိတ်ကျခြင်းကို ကုသပေးတဲ့ Antidepressant ဆေးဝါးများက ဝမ်းချုပ်စေလို့ အမျှင်ဓာတ်များသော အစားအစာများစားရင် ရေများများ သောက်ပေးပါ။ (၅) Crohn's disease (ခေါ်) အစာခြေလမ်းကြောင်း နာတာရှည်ရောဂါများနဲ့ ulcerative colitis (ခေါ်) အူမကြီး အမြှေးရောင်ရမ်းခြင်းကြောင့် ဝမ်းချုပ်စေပါတယ်။ (၆) အမျိုးသမီးများ ရာသီလာစဉ် ကာလများ၊ ကိုယ်ဝန်ဆောင်ချိန်များနဲ့ ကလေးမီးဖွားပြီးစ အချိန်များမှာ ဝမ်းချုပ်လေ့ ရှိပါတယ်။ (၇) ဆီးချိုရောဂါက အာရုံကြောများကို ပျက်စီးသွားပြီး အစာကို ကောင်းစွာ မချေဖျက်နိုင်တော့ဘဲ ဝမ်းချုပ်လာစေပါတယ်။ (၈) လည်ပင်း အကျိတ်ဂလင်း ရောဂါတစ်မျိုးဖြစ်တဲ့ Hypothyroid က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေကာ ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ (၉) ချောကလက် လျှော့စားပါ။ ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆေးသုတေသီများက နာတာရှည် ဝမ်းချုပ်သူများကို လေ့လာ ဆန်းစစ်တဲ့အခါ ချောကလက် စားသုံးမှုများသူတွေမှာ ပိုမိုဝမ်းချုပ်စေကြောင်း လေ့လာ တွေ့ရှိခဲ့ပါတယ်။ (၁၀) အသင့်စား အစားသောက်များ၊ အကြော်အလှော်များက ဝမ်းချုပ်စေပါတယ်။ (၁၁) ကော်ဖီနဲ့ လက်ဖက်ရည် ဖြတ်ပါ။ (၁၂) ဆေးလိပ်နဲ့ အရက်များ မသောက်ပါနဲ့။

ဒီလို သက်သာအောင် လုပ်လို့ရ

(၁) နံနက်အိပ်ရာထ သောက်ရေ သုံးခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ်စေလို့ ဝမ်းသွားစေပါတယ်။ (နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ) (၂) သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။ (၃) ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ။ (၄) အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။ (၅) နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေတော့ပါဘူး (သို့မဟုတ်) ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရ ဝမ်းသက်စေပါတယ်။ (၆) နံနက်စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွားစေပါတယ်။ (၇) သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက် စားပေးပါ။ (၈) မာလကာသီး (အူနီ) အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ (၈) ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root (ခေါ်) သကြား မုန်လာဥ (ခေါ်) သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံးတို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ။ (၉) နံနက်တိုင်း သင်္ဘောသီးမှည့်မှည့် စားပါ။ (၁၀) ပန်းသီးကလည်း ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စားသင့်ပါတယ်။ (၁၁) အရွက်မှာ အမွေးလေးတွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍စားပါ။ (၁၂) ကြက်ဟင်းခါးသီးကို သောက်ရေ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ။ (၁၃) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းပေးပါ။ (၁၄) ကြိတ်မှန်ရွက် ၂၅-ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် စားပေးပါ။

Credit:ပေါက်ပေါက်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top