iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ဘက္အျဖစ္၊ ေ႐ြးခ်ယ္တဲ့အခါမွာ လက္တေလာ မ်က္ျမင္တစ္ခုတည္းကို အေျခခံေ႐ြးခ်ယ္တာထက္စာရင္ အားသာခ်က္ အားနာခ်က္ေတြကို အတိုင္းအတာတစ္ခုအထိ အခ်ိန္ေပးၿပီး ေလ့လာသင့္ပါတယ္။ တကယ္လို႔ သင္နဲ႔ နီးစပ္တဲ့ အမ်ိဳးသားေတြထဲမွာ ေအာက္ပါအရည္အခ်င္းတစ္ခု (သို႔) တစ္ခုထက္ပိုတဲ့ အမ်ိဳးသားမ်ိဳး ေတြ႕ခဲ့ရင္ေတာ့ လက္လြတ္မခံသင့္ေၾကာင္း  အႀကံေပးခ်င္ပါတယ္။

(၁) သင့္ရဲ႕အခ်ိဳးမက်တဲ့ ခႏၶာကိုယ္ကို တန္ဖိုးထားသူ

အကယ္၍ သင္က ပိန္ကပ္ကပ္ ခႏၶာကိုယ္၊ အ႐ိုးေငါေငါထြက္ေနတဲ့ ေဘာ္ဒီ၊ ၀၀ဖိုင့္ဖိုင့္ျဖစ္ေနတဲ့ ေဘာ္ဒီကို ပိုင္ဆိုင္ထား သူဆိုရင္ တစ္ခ်ိဳ႕ေတြက ဘယ္ေလာက္ပဲ ကဲ့ရယ္ၾကပါေစ၊ တစ္စုံတစ္ေယာက္ေသာ အမ်ိဳးသားက ဒီခႏၶာကိုယ္ေလးကိုမွ တြယ္တာေနမိေၾကာင္း၊ သင္ ရိပ္မိသိရွိခဲ့ရင္ အဲဒီလို ေကာင္ေလးကို လက္လႊတ္မခံလိုက္ပါနဲ႔။

(၂) သင္ငိုတာေတြ႕ရင္ အလိုလို မ်က္ရည္လည္တတ္တဲ့ အမ်ိဳးသား
လူတိုင္း သင့္ခံစားခ်က္ေတြကို အားအားယားယား လိုက္ၿပီးခံစားေပးႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီအတြက္ သင့္မွာ စိုးရိမ္ဖို႔ မရွိပါဘူး။ အေၾကာင္းကေတာ့ သင့္ရဲ႕ခံစားခ်က္နဲ႔ ျပဳမူလႈပ္ရွားျခင္းေတြကို အခ်ိန္သက္သက္ေပးၿပီး နားလည္ႏိုင္
မယ့္ တစ္စုံတစ္ေယာက္က ရွိေနမွာပါ။ သင္ရယ္ရင္ ရယ္မယ္၊ သင္ေပ်ာ္ရင္ ေပ်ာ္မယ္၊ သင္ငိုရင္ သူမ်က္ရည္ဝဲမယ္ … ဒီလိုေယာက္်ားမ်ိဳးဆို အမိသာ ဖက္ထားေပေတာ့။

(၃) ဖခင္တစ္ေယာက္လို ဦးေဆာင္ႏိုင္သူ

သင့္စိတ္ထဲမွာ အမ်ိဳးသားေတြ အမ်ားႀကီးကို တစ္ဦးခ်င္း ယွဥ္ၾကည့္တဲ့အခါ သင္လုပ္ေဆာင္ရန္ရွိတဲ့ လုပ္ငန္းေဆာင္တာ
ေတြ၊ ကိစၥဝိစၥေတြ၊ အခက္အခဲေတြကို ဖခင္တစ္ေယာက္က အိမ္ေထာင္တစ္ခုကို ေျဖရွင္းလုပ္ကိုင္ေပးသလိုမ်ိဳး လုပ္ေဆာင္
ေပတဲ့ အမ်ိဳးသားတစ္ေယာက္ကို ကြက္ကြက္ကြင္းကြင္း ျမင္ေတြ႕ရတယ္ဆိုရင္လည္း ဒီလိုလူမ်ိဳးကို သင္ လက္မလႊတ္ပါနဲ႔။

(၄) ေယာက္်ားစစ္စစ္ ျဖစ္ရင္
ေယာက္်ားစစ္စစ္ ျဖစ္ျဖစ္မျဖစ္ကိုေတာ့ ဒီအတိုင္း အျမင္နဲ႔ ဆုံးျဖတ္လိုက္လို႔ မရပါဘူး။ သြားစမ္းၾကည့္စရာလည္း မလိုပါဘူး။ ဒါေပမယ့္ ေလ့လာတတ္ဖို႔ေတာ့ လိုပါတယ္။ ဥပမာ တစ္စုံတစ္ေယာက္ေသာ အမ်ိဳးသားဟာ တာဝန္ယူမႈ တာဝန္ခံမႈ၊ အမ်ိဳးသမီးေတြအေပၚ ၾကင္နာသနားမႈ၊ အႏၲရာယ္တို႔ေတြ႕တဲ့အခါ ရဲရဲရင္ဆိုင္မႈ၊ အားငယ္သူကို အားေပးကူညီမႈ၊ လူသားဆန္မႈ စတဲ့ အခ်က္ကေလးေတြနဲ႔ ျပည့္စုံေနရင္ ဧကႏၲ ေယာက္်ားအစစ္ပါဘဲ။

(၅) မိဘအေပၚ တတ္သိလိမၼာတဲ့သူ
လူတစ္ေယာက္ရဲ႕ လူေနမႈစ႐ိုက္ကို သိခ်င္ရင္ သူ႔မိဘေတြကို သူ ဘယ္လိုဆက္ဆံသလဲဆိုတာကို သိထားရင္ လုံေလာက္ပါတယ္။ လူဆိုတာ သူငယ္ခ်င္းအခ်င္းခ်င္းကိုေတာ့ လူမႈေရးအရ သူတို႔ရဲ႕ ဆိုးဝါးတဲ့စိတ္ဓာတ္ေတြကို ဖုံးကြယ္ ဆက္ဆံၾကပါတယ္။ ဒါေပမယ့္ မိဘကိုေတာ့ အရွိကိုအရွိတိုင္း ဆက္ဆံၾကပါတယ္။ တစ္ခ်ိဳ႕က မိဘကို အရမ္းသိ တတ္တယ္။ ေန႔စဥ္နဲ႔အမွ် ျပဳစုေစာင့္ေရွာက္ရတာကို ဂုဏ္ယူၾကတယ္။ ေကာင္းေကာင္းမြန္မြန္စားေစၿပီး၊ ေဆးဝါးေစာင့္ ေရွာက္မႈ၊ ကိုယ္ဖိရင္ဖိ ျပဳစုမႈေတြမွာ ေပ်ာ္ၾကပါတယ္။

တစ္ခ်ိဳ႕က်ေတာ့ သူစိမ္းေတြ၊ သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြေပၚမွာ အလြန္ေကာင္းသေလာက္၊ မိဘေတြကိုက်ေတာ့ ဓားႀကိမ္းႀကိမ္းလိုက္၊ ကေလာ္တုတ္လိုက္၊ ၿခိမ္းေျခာက္လိုက္စသျဖင့္ ဆက္ဆံတတ္ၾကပါတယ္။ တစ္ခါတေလ လူၾကား သူၾကားမွာ ျပန္ေအာ္ေျပာတာမ်ိဳးေတာင္ ရွိတတ္ပါတယ္။ ဒီလိုလူမ်ိဳးဆိုရင္ေတာ့ ေ႐ႊထြက္ေနပါေစ ရေအာင္ ေရွာင္ပါ။

Credit:Aunty May

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

အိမ်ထောင်ဘက်အဖြစ်၊ ရွေးချယ်တဲ့အခါမှာ လက်တလော မျက်မြင်တစ်ခုတည်းကို အခြေခံရွေးချယ်တာထက်စာရင် အားသာချက် အားနာချက်တွေကို အတိုင်းအတာတစ်ခုအထိ အချိန်ပေးပြီး လေ့လာသင့်ပါတယ်။ တကယ်လို့ သင်နဲ့ နီးစပ်တဲ့ အမျိုးသားတွေထဲမှာ အောက်ပါအရည်အချင်းတစ်ခု (သို့) တစ်ခုထက်ပိုတဲ့ အမျိုးသားမျိုး တွေ့ခဲ့ရင်တော့ လက်လွတ်မခံသင့်ကြောင်း  အကြံပေးချင်ပါတယ်။

(၁) သင့်ရဲ့အချိုးမကျတဲ့ ခန္ဓာကိုယ်ကို တန်ဖိုးထားသူ

အကယ်၍ သင်က ပိန်ကပ်ကပ် ခန္ဓာကိုယ်၊ အရိုးငေါငေါထွက်နေတဲ့ ဘော်ဒီ၊ ၀၀ဖိုင့်ဖိုင့်ဖြစ်နေတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထား သူဆိုရင် တစ်ချို့တွေက ဘယ်လောက်ပဲ ကဲ့ရယ်ကြပါစေ၊ တစ်စုံတစ်ယောက်သော အမျိုးသားက ဒီခန္ဓာကိုယ်လေးကိုမှ တွယ်တာနေမိကြောင်း၊ သင် ရိပ်မိသိရှိခဲ့ရင် အဲဒီလို ကောင်လေးကို လက်လွှတ်မခံလိုက်ပါနဲ့။

(၂) သင်ငိုတာတွေ့ရင် အလိုလို မျက်ရည်လည်တတ်တဲ့ အမျိုးသား
လူတိုင်း သင့်ခံစားချက်တွေကို အားအားယားယား လိုက်ပြီးခံစားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအတွက် သင့်မှာ စိုးရိမ်ဖို့ မရှိပါဘူး။ အကြောင်းကတော့ သင့်ရဲ့ခံစားချက်နဲ့ ပြုမူလှုပ်ရှားခြင်းတွေကို အချိန်သက်သက်ပေးပြီး နားလည်နိုင်
မယ့် တစ်စုံတစ်ယောက်က ရှိနေမှာပါ။ သင်ရယ်ရင် ရယ်မယ်၊ သင်ပျော်ရင် ပျော်မယ်၊ သင်ငိုရင် သူမျက်ရည်ဝဲမယ် … ဒီလိုယောက်ျားမျိုးဆို အမိသာ ဖက်ထားပေတော့။

(၃) ဖခင်တစ်ယောက်လို ဦးဆောင်နိုင်သူ

သင့်စိတ်ထဲမှာ အမျိုးသားတွေ အများကြီးကို တစ်ဦးချင်း ယှဉ်ကြည့်တဲ့အခါ သင်လုပ်ဆောင်ရန်ရှိတဲ့ လုပ်ငန်းဆောင်တာ
တွေ၊ ကိစ္စဝိစ္စတွေ၊ အခက်အခဲတွေကို ဖခင်တစ်ယောက်က အိမ်ထောင်တစ်ခုကို ဖြေရှင်းလုပ်ကိုင်ပေးသလိုမျိုး လုပ်ဆောင်
ပေတဲ့ အမျိုးသားတစ်ယောက်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရတယ်ဆိုရင်လည်း ဒီလိုလူမျိုးကို သင် လက်မလွှတ်ပါနဲ့။

(၄) ယောက်ျားစစ်စစ် ဖြစ်ရင်
ယောက်ျားစစ်စစ် ဖြစ်ဖြစ်မဖြစ်ကိုတော့ ဒီအတိုင်း အမြင်နဲ့ ဆုံးဖြတ်လိုက်လို့ မရပါဘူး။ သွားစမ်းကြည့်စရာလည်း မလိုပါဘူး။ ဒါပေမယ့် လေ့လာတတ်ဖို့တော့ လိုပါတယ်။ ဥပမာ တစ်စုံတစ်ယောက်သော အမျိုးသားဟာ တာဝန်ယူမှု တာဝန်ခံမှု၊ အမျိုးသမီးတွေအပေါ် ကြင်နာသနားမှု၊ အန္တရာယ်တို့တွေ့တဲ့အခါ ရဲရဲရင်ဆိုင်မှု၊ အားငယ်သူကို အားပေးကူညီမှု၊ လူသားဆန်မှု စတဲ့ အချက်ကလေးတွေနဲ့ ပြည့်စုံနေရင် ဧကန္တ ယောက်ျားအစစ်ပါဘဲ။

(၅) မိဘအပေါ် တတ်သိလိမ္မာတဲ့သူ
လူတစ်ယောက်ရဲ့ လူနေမှုစရိုက်ကို သိချင်ရင် သူ့မိဘတွေကို သူ ဘယ်လိုဆက်ဆံသလဲဆိုတာကို သိထားရင် လုံလောက်ပါတယ်။ လူဆိုတာ သူငယ်ချင်းအချင်းချင်းကိုတော့ လူမှုရေးအရ သူတို့ရဲ့ ဆိုးဝါးတဲ့စိတ်ဓာတ်တွေကို ဖုံးကွယ် ဆက်ဆံကြပါတယ်။ ဒါပေမယ့် မိဘကိုတော့ အရှိကိုအရှိတိုင်း ဆက်ဆံကြပါတယ်။ တစ်ချို့က မိဘကို အရမ်းသိ တတ်တယ်။ နေ့စဉ်နဲ့အမျှ ပြုစုစောင့်ရှောက်ရတာကို ဂုဏ်ယူကြတယ်။ ကောင်းကောင်းမွန်မွန်စားစေပြီး၊ ဆေးဝါးစောင့် ရှောက်မှု၊ ကိုယ်ဖိရင်ဖိ ပြုစုမှုတွေမှာ ပျော်ကြပါတယ်။

တစ်ချို့ကျတော့ သူစိမ်းတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေပေါ်မှာ အလွန်ကောင်းသလောက်၊ မိဘတွေကိုကျတော့ ဓားကြိမ်းကြိမ်းလိုက်၊ ကလော်တုတ်လိုက်၊ ခြိမ်းခြောက်လိုက်စသဖြင့် ဆက်ဆံတတ်ကြပါတယ်။ တစ်ခါတလေ လူကြား သူကြားမှာ ပြန်အော်ပြောတာမျိုးတောင် ရှိတတ်ပါတယ်။ ဒီလိုလူမျိုးဆိုရင်တော့ ရွှေထွက်နေပါစေ ရအောင် ရှောင်ပါ။

Credit:Aunty May

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top