iMyanmarHouse.com - Best Property Website for Myanmar
×

မတ္လေနာက္ဆံုးပတ္ ဘီဘီစီ သတင္း ထုတ္ျပန္ခ်က္အရ ''ညဘက္အေပါ့ မၾကာခဏ သြားျခင္းသည္ အစားအစာ တြင္ ဆားပါဝင္မႈမ်ားျခင္းႏွင့္ ဆက္ႏႊယ္ေနေၾကာင္း'' ဂ်ပန္ႏုိင္ငံမွ သုေတသီမ်ား၏ ေတြ႕ရွိခ်က္ကို တင္ျပထားသည္။

ပံုမွန္ဇီဝျဖစ္စဥ္အရ ေရေသာက္မ်ားလွ်င္ ဆီးမ်ားမ်ား သြားႏိုင္ပါသည္။ ထို႔ေၾကာင့္ ညအိပ္ခါနီး ေရေသာက္မႈ မ်ားပါက အိပ္ေရးပ်က္ေလာက္ေအာင္ ဆီးသြားမ်ားမည္ျဖစ္ပါသည္။ ထို႔ျပင္ သင္သည္ တစ္စံုတစ္ခုေသာ ကိစၥအတြက္ စိတ္ပူ ပန္မႈမ်ားေနသည္ဆိုပါက ဆီးမၾကာခဏ သြားခ်င္စိတ္လည္း ျဖစ္လာႏိုင္ပါသည္။ ဥပမာ အခ်ိဳ႕လူမ်ားဆိုလွ်င္ စာေမးပြဲ နီးသည့္အခါ ေန႔ေရာညပါ ဆီးခဏခဏသြားၿပီး စာေမးပြဲေျဖၿပီးသည့္ အခါ အားလံုးပံုမွန္ ျပန္ျဖစ္သြားတတ္ပါသည္။

ဘီယာကဲ့သို႔ေသာ ယမကာကို ညဘက္ေသာက္လွ်င္ ဆီးအမ်ားႀကီး ညဘက္သြားႏိုင္ပါသည္။ ထုိ႔ျပင္ ဆီးေဆးကို ညေနဘက္တြင္ ေသာက္မည္ဆိုပါက ညဘက္ ဆီးမၾကာခဏသြားၿပီး အိပ္ေရးပ်က္ႏိုင္ပါသည္။ ဆီးခ်ဳိေရာဂါ ေဝဒနာ ရွင္မ်ားတြင္ ေသြးအတြင္း သၾကားဓာတ္မ်ားေနပါက ယင္းသၾကားဓာတ္သည္ ဆီးထဲသို႔ပါသြားသည္။ သၾကားဓာတ္ သည္ေရကိုဆြဲယူတတ္သည့္ သေဘာသဘာဝရွိသျဖင့္ ေသြးတြင္းသၾကားဓာတ္မ်ားလွ်င္ ဆီးပမာဏမ်ားမ်ားသြားေလ့ ရွိသည္။

ဆီးလမ္းေၾကာင္းအတြင္း ပိုးဝင္ျခင္းသည္ အမ်ဳိးသမီးမ်ားတြင္ အျဖစ္မ်ားသည္။ ဆီးလမ္းေၾကာင္းအတြင္း ပိုးရွိလွ်င္ လည္း ဆီးပူျခင္း၊ က်ဥ္ျခင္းတို႔ႏွင့္အတူ ခဏခဏ ဆီးသြားလိုစိတ္လည္း ျဖစ္တတ္ပါသည္။ အသက္အရြယ္ႀကီးလာ သည့္ ေယာက္်ားမ်ားတြင္ ပေရာစတိတ္ေခၚ ဆီးက်ိတ္ႀကီးလာေလ့ရွိသည္။ ထို႔ေၾကာင့္ မိမိအသက္ရလာၿပီး ဆီးခဏ ခဏသြားလွ်င္ ဆီးက်ိတ္ႀကီးျခင္း ျဖစ္ႏိုင္သျဖင့္ ဆရာဝန္ႏွင့္ တိုင္ပင္ ျပသသင့္သည္။

ဂ်ပန္သုေတသီမ်ားက အစားအစာတြင္ ပါဝင္သည့္ ဆားဓာတ္ႏွင့္ ဆီးသြားျခင္း ဆက္ႏႊယ္ပံုကို ေလ့လာခဲ့သည္။ ၎ တို႔၏ သုေတသနတြင္ ပါဝင္သူ ၃ဝဝ ကို ဆားဓာတ္ေလွ်ာ့၍ စားေစသည့္အခါ ဆီးသြားနည္းေၾကာင္း ေတြ႕ရွိရသည္။ ယင္းသုေတသီမ်ားက ဆားမ်ားမ်ားစားေစၿပီး ဆီးမ်ားမ်ားသြားျခင္းေၾကာင့္ အိပ္ေရးပ်က္ျခင္းကို သံုးလၾကာေလ့လာ ခဲ့ပါသည္။ ေနာက္တစ္ဖန္ ၎တို႔ကို ဆားနည္းနည္းပဲစားေစၿပီး ဆီးသြားျခင္းေၾကာင့္ အိပ္ေရးပ်က္ျခင္းကို ေလ့လာခဲ့ သည္။ ေတြ႕ရွိခ်က္မွာ ဆားေလးေလးစားသည့္ အခ်ိန္က ညဘက္တြင္ ႏွစ္ႀကိမ္ထ၍ ဆီးသြားရသူမ်ားသည္ ဆားေပါ့ ေပါ့စားသည့္အခါ တစ္ႀကိမ္သာ ဆီးထသြားရေၾကာင္း ေတြ႕ရသည္။

ဤကဲ့သို႔ ဆီးအႀကိမ္ေရ ေလ်ာ့က်ျခင္းသည္ ညဘက္တြင္သာမက ေန႔ဘက္အလုပ္လုပ္ခ်ိန္တြင္ပါ ေလ်ာ့နည္းေၾကာင္း ေတြ႕ရွိရသည္။ညဘက္အိပ္ေရးဝသျဖင့္ ေန႔ဘက္အလုပ္လုပ္သည့္အခါ ပိုမိုလန္းဆန္းတက္ၾကြေၾကာင္း ဝန္ခံၾက သည္။ ဤသတင္း၏ အဆိုအရ ညဘက္ဆီးထသြားျခင္းႏွင့္ ပတ္သက္၍ အသက္ ၅ဝ ေက်ာ္အရြယ္ရွိေသာ လူဦး ေရ၏ ထက္ဝက္ခန္႔မွာ ညဘက္ဆီးထသြားရေၾကာင္း သိရသည္။ အသက္ ၇ဝ ေက်ာ္လူႀကီးမ်ားတြင္ တစ္ညလွ်င္ ႏွစ္ႀကိမ္ခန္႔ ဆီးထသြားရေၾကာင္း ေတြ႕ရွိရသည္။ ညဘက္ ဆီးထသြားသည့္အႀကိမ္ အေရအတြက္မ်ားေလ အိပ္ေရး ပ်က္ေလျဖစ္ပါသည္။ ညအိပ္ေရးပ်က္ၿပီဆိုလွ်င္ စိတ္ဖိစီးမႈမ်ားျခင္း၊ ႏုံးခ်ည့္ျခင္း၊ စိတ္တိုလြယ္ျခင္းမ်ား ျဖစ္ေပၚေစ သည္။
ဤသို႔ အသက္အရြယ္ႀကီးလာလွ်င္ ညဘက္ဆီးပိုသြားသည္ဆိုသည့္ အခ်က္သည္ ေဟာ္မုန္း ေျပာင္းလဲမႈမ်ားေၾကာင့္ ေလာဟု စဥ္းစားဖြယ္ျဖစ္သည္။ အမ်ဳိးသားမ်ားတြင္ အသက္ႀကီးလာသည္ႏွင့္အမွ် ဆီးက်ိတ္သည္ အနည္းႏွင့္အမ်ား လိုက္၍ႀကီးလာပါသည္။ ႀကီးလာေသာ ဆီးက်ိတ္က ဆီးသြားလမ္းေၾကာင္းကို ဖိသျဖင့္ ဆီးသြားရသည့္အႀကိမ္ ပိုမ်ား လာျခင္းျဖစ္ပါသည္။ ထိုသို႔ဆိုလွ်င္ အမ်ဳိးသမီးမ်ားတြင္ အသက္ႀကီးလာေသာအခါ ညဘက္ဆီးသြားသည့္ အႀကိမ္ပို မ်ားလာျခင္းမွာ အဘယ့္ေၾကာင့္ျဖစ္သနည္း။

ကြၽႏု္ပ္တို႔ေန႔စဥ္ ဆားပမာဏ မည္မွ်သံုးစြဲ သင့္ပါသလဲ။ ဤဘီဘီစီသတင္း ေဆာင္းပါးအရ အဂၤလန္ႏိုင္ငံရွိ အရြယ္ ေရာက္ၿပီးသူမ်ားတြင္ ဆားပမာဏ ေျခာက္ဂရမ္ထက္ပို၍ မစားသံုးသင့္ေၾကာင္း အႀကံျပဳ ထားပါသည္။ ယင္းပမာဏ သည္ ဆိုဒီယမ္ ၂ ဒသမ ၄ ဂရမ္ႏွင့္ညီမွ်ေၾကာင္း တင္ျပထားပါသည္။
တစ္ႏွစ္မွ သံုးႏွစ္အရြယ္တြင္ ဆားေန႔စဥ္စားသံုးမႈ ႏွစ္ဂရမ္ထက္ မပိုသင့္ပါ။ ၇ ႏွစ္မွ ၁ဝ ႏွစ္အရြယ္ ကေလးမ်ားတြင္ ငါးဂရမ္ထက္မပိုသင့္ပါ။ အသက္ ၁၁ ႏွစ္ ေက်ာ္လာၿပီဆိုလွ်င္ လူႀကီးမ်ားကဲ့သို႔ပင္ ေျခာက္ဂရမ္အထိ တိုး၍စားႏိုင္ သည္ဟု ဆိုပါသည္။ မည္သည့္ အစားအစာမ်ားတြင္ ဆားပါဝင္မႈမ်ား သနည္း။ ေပါင္မုန္႔ႏွင့္ေကြကာ စီရီရယ္မ်ားသည္ အရသာအားျဖင့္ မငန္ေသာ္လည္း ဆားပါဝင္မႈမ်ားပါသည္။ ကြၽႏု္ပ္တို႔ႏိုင္ငံတြင္ ေခါက္ဆြဲ၊ နံျပား၊ အီၾကာေကြး၊ ပလာ တာစသည္တို႔တြင္ ဆိုဒါပါသျဖင့္ ဆားပါဝင္မႈ မ်ားပါသည္။ အေနာက္တိုင္း အစားအစာမ်ားျဖစ္သည့္ ဝက္ဆားနယ္ ေျခာက္၊ ဝက္ေပါင္ေျခာက္၊ ဒိန္ခဲ၊ အာလူးေၾကာ္၊ အီတလီေခါက္ဆြဲ အခ်ဥ္ရည္မ်ားတြင္လည္း ဆားပါဝင္မႈမ်ားပါသည္။ ကြၽႏ္ုပ္တို ့ေန႔စဥ္ နံနက္စာအျဖစ္ အားလံုးႀကိဳက္သည့္ မုန္႔ဟင္း ခါး၏ ဆားပါဝင္မႈပမာဏ ဘယ္လိုသေဘာရပါသလဲ။ ေခါက္ဆြဲကဲ့သို႔မုန္႔ဖတ္မွာေတာ့ ဆိုဒါမပါဝင္ပါ။

သို႔ပါေသာ္လည္း မုန္႔ဟင္းခါးဟင္းရည္မွာပါေသာ အခ်ဳိမႈန္႔၊ အသားမႈန္႔၊ ငံျပာရည္တို႔သည္ ဆားပမာဏမ်ားတာေတြ ခ်ည္းပဲျဖစ္ပါသည္။ ရခိုင္မုန္႔တီလည္း အတူတူပင္ ျဖစ္ပါသည္။ အလွဴမွာ လူတိုင္းႀကိဳက္ေသာ ပဲထမင္း၊ ေထာပတ္ ထမင္း၊ ဒံေပါက္၊ ၾကက္ဆီထ မင္း၊ နတ္သုဒၶါဆိုရင္ေရာ ဆားပါဝင္မႈမ်ားသလား။ သူတို႔ေတြကိုခ်က္သည့္ အခါမွာထည့္ သည့္ အခ်ဳိမႈန္႔၊ အသားမႈန္႔၊ ဒပ္ခ်ီမႈန္႔တို႔သည္လည္း ဆားပမာဏမ်ားပါသည္။

ညဘက္တြင္ တစ္ခါတေလ ထြက္စားၾကသည့္ အကင္၊ ေဟာ့ေပါ့၊ ေၾကးအိုး၊ ဒင္ဆမ္းေတြဆိုလွ်င္လည္း အခ်ဳိမႈန္႔၊ အသားမႈန္႔ပါဝင္မႈမ်ားပါသည္။ ျမန္မာ႐ိုးရာ အစားအစာျဖစ္သည့္ လက္ဖက္သုပ္၊ ဂ်င္းသုပ္တုိ႔မွာလည္း အခ်ဳိမႈန္႔ေတြ ပါဝင္မည္ဆိုပါက ဆားပမာဏ မ်ားသြားႏိုင္သည္။ ဝက္အူေခ်ာင္း၊ ဝက္သားခ်ဥ္၊ ပုစြန္ခ်ဥ္၊ ငါးေလးခ်ဥ္၊ မွ်စ္ခ်ဥ္၊ မုန္ ညင္းခ်ဥ္၊ ဆီတို႔ဟူး၊ ငါးပိ၊ ငါးေျခာက္၊ ပုစြန္ေျခာက္၊ ငံျပာရည္တို႔မွာလည္း ဆားဓာတ္မ်ားသည္။
မုန္႔ပ်ားသလက္၊ ေရမုန္႔၊ မုန္႔လင္မယား၊ ဆီထမင္းတို႔သည္ ျမန္မာ႐ိုးရာ အစားအစာ ျဖစ္လင့္ကစား အခ်ဳိမႈန္႔ ထည့္ လိုက္မည္ဆိုပါက ဆားပါဝင္မႈ မ်ားသြားပါမည္။ အစားအစာမ်ားကို ဝယ္ယူမသံုးစြဲမီ ထုပ္ပိုး ပစၥည္းတြင္ ဆားပါဝင္မႈ ပ မာဏကို သတိျပဳသင့္သည္။ ( ဥပမာ ဘီစကြတ္၊ အခ်ဳိရည္၊ အသင့္စား ပစၥည္းမ်ား)ဤသတင္းအရ ၁ဝဝ ဂရမ္ပစၥည္း တြင္ ဆား ၁ ဒသမ ၅ ဂရမ္ပါဝင္ပါက ဆားပါဝင္မႈ မ်ားသည္ဟု သတ္မွတ္သည္။ ဤသို႔ေသာ အစားအစာမ်ားတြင္ သတိျပဳဆိုေသာ အနီေရာင္ အမွတ္တံဆိပ္ကပ္သင့္ပါသည္။

ကြၽႏ္ုပ္တို႔အားလံုး ညဘက္အိပ္ေရးဝဝအိပ္ၿပီး က်န္းမာလန္းဆန္းေစရန္ ဆားဓာတ္ႏွင့္ ဆားပါဝင္မႈမ်ားေသာ အစား အစာမ်ားကို ေလွ်ာ့စားၾကပါစို႔ဟု တိုက္တြန္းလိုက္ရပါသည္။

Credit:ျမ၀တီ
https://www.facebook.com/mwdmedia

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မတ်လနောက်ဆုံးပတ် ဘီဘီစီ သတင်း ထုတ်ပြန်ချက်အရ ''ညဘက်အပေါ့ မကြာခဏ သွားခြင်းသည် အစားအစာ တွင် ဆားပါဝင်မှုများခြင်းနှင့် ဆက်နွှယ်နေကြောင်း'' ဂျပန်နိုင်ငံမှ သုတေသီများ၏ တွေ့ရှိချက်ကို တင်ပြထားသည်။

ပုံမှန်ဇီဝဖြစ်စဉ်အရ ရေသောက်များလျှင် ဆီးများများ သွားနိုင်ပါသည်။ ထို့ကြောင့် ညအိပ်ခါနီး ရေသောက်မှု များပါက အိပ်ရေးပျက်လောက်အောင် ဆီးသွားများမည်ဖြစ်ပါသည်။ ထို့ပြင် သင်သည် တစ်စုံတစ်ခုသော ကိစ္စအတွက် စိတ်ပူ ပန်မှုများနေသည်ဆိုပါက ဆီးမကြာခဏ သွားချင်စိတ်လည်း ဖြစ်လာနိုင်ပါသည်။ ဥပမာ အချို့လူများဆိုလျှင် စာမေးပွဲ နီးသည့်အခါ နေ့ရောညပါ ဆီးခဏခဏသွားပြီး စာမေးပွဲဖြေပြီးသည့် အခါ အားလုံးပုံမှန် ပြန်ဖြစ်သွားတတ်ပါသည်။

ဘီယာကဲ့သို့သော ယမကာကို ညဘက်သောက်လျှင် ဆီးအများကြီး ညဘက်သွားနိုင်ပါသည်။ ထို့ပြင် ဆီးဆေးကို ညနေဘက်တွင် သောက်မည်ဆိုပါက ညဘက် ဆီးမကြာခဏသွားပြီး အိပ်ရေးပျက်နိုင်ပါသည်။ ဆီးချိုရောဂါ ဝေဒနာ ရှင်များတွင် သွေးအတွင်း သကြားဓာတ်များနေပါက ယင်းသကြားဓာတ်သည် ဆီးထဲသို့ပါသွားသည်။ သကြားဓာတ် သည်ရေကိုဆွဲယူတတ်သည့် သဘောသဘာဝရှိသဖြင့် သွေးတွင်းသကြားဓာတ်များလျှင် ဆီးပမာဏများများသွားလေ့ ရှိသည်။

ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်းသည် အမျိုးသမီးများတွင် အဖြစ်များသည်။ ဆီးလမ်းကြောင်းအတွင်း ပိုးရှိလျှင် လည်း ဆီးပူခြင်း၊ ကျဉ်ခြင်းတို့နှင့်အတူ ခဏခဏ ဆီးသွားလိုစိတ်လည်း ဖြစ်တတ်ပါသည်။ အသက်အရွယ်ကြီးလာ သည့် ယောက်ျားများတွင် ပရောစတိတ်ခေါ် ဆီးကျိတ်ကြီးလာလေ့ရှိသည်။ ထို့ကြောင့် မိမိအသက်ရလာပြီး ဆီးခဏ ခဏသွားလျှင် ဆီးကျိတ်ကြီးခြင်း ဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင် ပြသသင့်သည်။

ဂျပန်သုတေသီများက အစားအစာတွင် ပါဝင်သည့် ဆားဓာတ်နှင့် ဆီးသွားခြင်း ဆက်နွှယ်ပုံကို လေ့လာခဲ့သည်။ ၎င်း တို့၏ သုတေသနတွင် ပါဝင်သူ ၃ဝဝ ကို ဆားဓာတ်လျှော့၍ စားစေသည့်အခါ ဆီးသွားနည်းကြောင်း တွေ့ရှိရသည်။ ယင်းသုတေသီများက ဆားများများစားစေပြီး ဆီးများများသွားခြင်းကြောင့် အိပ်ရေးပျက်ခြင်းကို သုံးလကြာလေ့လာ ခဲ့ပါသည်။ နောက်တစ်ဖန် ၎င်းတို့ကို ဆားနည်းနည်းပဲစားစေပြီး ဆီးသွားခြင်းကြောင့် အိပ်ရေးပျက်ခြင်းကို လေ့လာခဲ့ သည်။ တွေ့ရှိချက်မှာ ဆားလေးလေးစားသည့် အချိန်က ညဘက်တွင် နှစ်ကြိမ်ထ၍ ဆီးသွားရသူများသည် ဆားပေါ့ ပေါ့စားသည့်အခါ တစ်ကြိမ်သာ ဆီးထသွားရကြောင်း တွေ့ရသည်။

ဤကဲ့သို့ ဆီးအကြိမ်ရေ လျော့ကျခြင်းသည် ညဘက်တွင်သာမက နေ့ဘက်အလုပ်လုပ်ချိန်တွင်ပါ လျော့နည်းကြောင်း တွေ့ရှိရသည်။ညဘက်အိပ်ရေးဝသဖြင့် နေ့ဘက်အလုပ်လုပ်သည့်အခါ ပိုမိုလန်းဆန်းတက်ကြွကြောင်း ဝန်ခံကြ သည်။ ဤသတင်း၏ အဆိုအရ ညဘက်ဆီးထသွားခြင်းနှင့် ပတ်သက်၍ အသက် ၅ဝ ကျော်အရွယ်ရှိသော လူဦး ရေ၏ ထက်ဝက်ခန့်မှာ ညဘက်ဆီးထသွားရကြောင်း သိရသည်။ အသက် ၇ဝ ကျော်လူကြီးများတွင် တစ်ညလျှင် နှစ်ကြိမ်ခန့် ဆီးထသွားရကြောင်း တွေ့ရှိရသည်။ ညဘက် ဆီးထသွားသည့်အကြိမ် အရေအတွက်များလေ အိပ်ရေး ပျက်လေဖြစ်ပါသည်။ ညအိပ်ရေးပျက်ပြီဆိုလျှင် စိတ်ဖိစီးမှုများခြင်း၊ နုံးချည့်ခြင်း၊ စိတ်တိုလွယ်ခြင်းများ ဖြစ်ပေါ်စေ သည်။
ဤသို့ အသက်အရွယ်ကြီးလာလျှင် ညဘက်ဆီးပိုသွားသည်ဆိုသည့် အချက်သည် ဟော်မုန်း ပြောင်းလဲမှုများကြောင့် လောဟု စဉ်းစားဖွယ်ဖြစ်သည်။ အမျိုးသားများတွင် အသက်ကြီးလာသည်နှင့်အမျှ ဆီးကျိတ်သည် အနည်းနှင့်အများ လိုက်၍ကြီးလာပါသည်။ ကြီးလာသော ဆီးကျိတ်က ဆီးသွားလမ်းကြောင်းကို ဖိသဖြင့် ဆီးသွားရသည့်အကြိမ် ပိုများ လာခြင်းဖြစ်ပါသည်။ ထိုသို့ဆိုလျှင် အမျိုးသမီးများတွင် အသက်ကြီးလာသောအခါ ညဘက်ဆီးသွားသည့် အကြိမ်ပို များလာခြင်းမှာ အဘယ့်ကြောင့်ဖြစ်သနည်း။

ကျွနု်ပ်တို့နေ့စဉ် ဆားပမာဏ မည်မျှသုံးစွဲ သင့်ပါသလဲ။ ဤဘီဘီစီသတင်း ဆောင်းပါးအရ အင်္ဂလန်နိုင်ငံရှိ အရွယ် ရောက်ပြီးသူများတွင် ဆားပမာဏ ခြောက်ဂရမ်ထက်ပို၍ မစားသုံးသင့်ကြောင်း အကြံပြု ထားပါသည်။ ယင်းပမာဏ သည် ဆိုဒီယမ် ၂ ဒသမ ၄ ဂရမ်နှင့်ညီမျှကြောင်း တင်ပြထားပါသည်။
တစ်နှစ်မှ သုံးနှစ်အရွယ်တွင် ဆားနေ့စဉ်စားသုံးမှု နှစ်ဂရမ်ထက် မပိုသင့်ပါ။ ၇ နှစ်မှ ၁ဝ နှစ်အရွယ် ကလေးများတွင် ငါးဂရမ်ထက်မပိုသင့်ပါ။ အသက် ၁၁ နှစ် ကျော်လာပြီဆိုလျှင် လူကြီးများကဲ့သို့ပင် ခြောက်ဂရမ်အထိ တိုး၍စားနိုင် သည်ဟု ဆိုပါသည်။ မည်သည့် အစားအစာများတွင် ဆားပါဝင်မှုများ သနည်း။ ပေါင်မုန့်နှင့်ကွေကာ စီရီရယ်များသည် အရသာအားဖြင့် မငန်သော်လည်း ဆားပါဝင်မှုများပါသည်။ ကျွနု်ပ်တို့နိုင်ငံတွင် ခေါက်ဆွဲ၊ နံပြား၊ အီကြာကွေး၊ ပလာ တာစသည်တို့တွင် ဆိုဒါပါသဖြင့် ဆားပါဝင်မှု များပါသည်။ အနောက်တိုင်း အစားအစာများဖြစ်သည့် ဝက်ဆားနယ် ခြောက်၊ ဝက်ပေါင်ခြောက်၊ ဒိန်ခဲ၊ အာလူးကြော်၊ အီတလီခေါက်ဆွဲ အချဉ်ရည်များတွင်လည်း ဆားပါဝင်မှုများပါသည်။ ကျွန်ုပ်တို့နေ့စဉ် နံနက်စာအဖြစ် အားလုံးကြိုက်သည့် မုန့်ဟင်း ခါး၏ ဆားပါဝင်မှုပမာဏ ဘယ်လိုသဘောရပါသလဲ။ ခေါက်ဆွဲကဲ့သို့မုန့်ဖတ်မှာတော့ ဆိုဒါမပါဝင်ပါ။

သို့ပါသော်လည်း မုန့်ဟင်းခါးဟင်းရည်မှာပါသော အချိုမှုန့်၊ အသားမှုန့်၊ ငံပြာရည်တို့သည် ဆားပမာဏများတာတွေ ချည်းပဲဖြစ်ပါသည်။ ရခိုင်မုန့်တီလည်း အတူတူပင် ဖြစ်ပါသည်။ အလှူမှာ လူတိုင်းကြိုက်သော ပဲထမင်း၊ ထောပတ် ထမင်း၊ ဒံပေါက်၊ ကြက်ဆီထ မင်း၊ နတ်သုဒ္ဓါဆိုရင်ရော ဆားပါဝင်မှုများသလား။ သူတို့တွေကိုချက်သည့် အခါမှာထည့် သည့် အချိုမှုန့်၊ အသားမှုန့်၊ ဒပ်ချီမှုန့်တို့သည်လည်း ဆားပမာဏများပါသည်။

ညဘက်တွင် တစ်ခါတလေ ထွက်စားကြသည့် အကင်၊ ဟော့ပေါ့၊ ကြေးအိုး၊ ဒင်ဆမ်းတွေဆိုလျှင်လည်း အချိုမှုန့်၊ အသားမှုန့်ပါဝင်မှုများပါသည်။ မြန်မာရိုးရာ အစားအစာဖြစ်သည့် လက်ဖက်သုပ်၊ ဂျင်းသုပ်တို့မှာလည်း အချိုမှုန့်တွေ ပါဝင်မည်ဆိုပါက ဆားပမာဏ များသွားနိုင်သည်။ ဝက်အူချောင်း၊ ဝက်သားချဉ်၊ ပုစွန်ချဉ်၊ ငါးလေးချဉ်၊ မျှစ်ချဉ်၊ မုန် ညင်းချဉ်၊ ဆီတို့ဟူး၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငံပြာရည်တို့မှာလည်း ဆားဓာတ်များသည်။
မုန့်ပျားသလက်၊ ရေမုန့်၊ မုန့်လင်မယား၊ ဆီထမင်းတို့သည် မြန်မာရိုးရာ အစားအစာ ဖြစ်လင့်ကစား အချိုမှုန့် ထည့် လိုက်မည်ဆိုပါက ဆားပါဝင်မှု များသွားပါမည်။ အစားအစာများကို ဝယ်ယူမသုံးစွဲမီ ထုပ်ပိုး ပစ္စည်းတွင် ဆားပါဝင်မှု ပ မာဏကို သတိပြုသင့်သည်။ ( ဥပမာ ဘီစကွတ်၊ အချိုရည်၊ အသင့်စား ပစ္စည်းများ)ဤသတင်းအရ ၁ဝဝ ဂရမ်ပစ္စည်း တွင် ဆား ၁ ဒသမ ၅ ဂရမ်ပါဝင်ပါက ဆားပါဝင်မှု များသည်ဟု သတ်မှတ်သည်။ ဤသို့သော အစားအစာများတွင် သတိပြုဆိုသော အနီရောင် အမှတ်တံဆိပ်ကပ်သင့်ပါသည်။

ကျွန်ုပ်တို့အားလုံး ညဘက်အိပ်ရေးဝဝအိပ်ပြီး ကျန်းမာလန်းဆန်းစေရန် ဆားဓာတ်နှင့် ဆားပါဝင်မှုများသော အစား အစာများကို လျှော့စားကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

Credit:မြဝတီ
https://www.facebook.com/mwdmedia

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top