iMyanmarHouse.com - Best Property Website for Myanmar
×

ေခတ္ကိုက သတင္းအခ်က္အလက္ေခတ္ဆိုေပမယ္႔ တစ္ခါတစ္ေလက်ေတာ႔လည္း သတင္းအခ်က္အလက္ေတြဟာ ေဖာငး္ပြလြန္းသလို ခံစားရပါတယ္။ Facebook လိုမ်ိဳး လူမႈကြန္ယက္ေတြ ေပၚလာၿပီးေနာက္မွာ လူေတြဟာ လုပ္သမွ်၊ ျဖစ္သမွ် အရာရာတိုငး္ကို လူမႈကြန္ယက္ေပၚ မွ်ေ၀ေလ႔ရွိၾကၿပီး တစ္ခ်ိဳ႕အခ်က္ေတြဟာဆိုရင္ မိမိရဲ႕လံုၿခံဳေရးကို ထိပါးေစသည္အထိ ျဖစ္တတ္ပါတယ္။ မိမိရဲ႕ ခ်စ္ေရးခ်စ္ရာ အေၾကာင္းအရာေတြဟာလည္း ဒီလုိပါပဲ။ ေဖ႔ဘုတ္ေပၚမွာ မတင္သင္႔တဲ႔ ခ်စ္ေရးခ်စ္ရာအေၾကာင္း (၄) မ်ိဳး ကေတာ႔....

၁ - မိမိခ်စ္သူရဲ႕ မေကာင္းေၾကာင္း။

ေရွးတုန္းက စကားေလးလိုေပါ႔ အိမ္တြင္းကအပူ အိမ္ျပင္မထြက္ေစနဲ႔တဲ႔။ ကိုယ္ေတြႏွစ္ဦးသားၾကားမွာ ႀကံဳေတြရတဲ႔ ျပႆနာေတြအေပၚ လူတိုင္းကိုတင္ျပေနစရာမလိုပါဘူး။ မိမိခ်စ္သူရဲ႕ဂုဏ္ဟာ မိမိရဲ႕ဂုဏ္ပါပဲ။

၂ - အရမ္းကိုသဲသဲလႈပ္ျပေနတဲ႔ဓါတ္ပံုေတြ။

မခ်စ္ျပရဘူးမဟုတ္ဘူး ခ်စ္ျပပါ။ ဒါေပမယ္႔ လူေတြမ်က္စိဆံပင္ေမႊး ဆူးေလာက္ေအာင္ေတာ႔ မျဖစ္ေစနဲ႔ေပါ႔။ ဒီလိုပံုေတြအေပၚ အားက်ျပေနသူ ရွိေကာငး္ရွိႏိုင္ေပမယ္႔ ေနာက္ကြယ္မွာ ေ၀ဖန္ျပစ္တင္သူမရွိဘူးလို႔လည္း ေျပာမရပါဘူး။

၃ - သင္႔ခ်စ္သူရဲ႕ ကိုယ္ေရးကိုယ္တာအေၾကာင္းအရာေတြ။

ဥပမာ သူ႔ရဲ႕ေျခပစ္လက္ပစ္အိပ္ေနတဲ႔ ပံုေလးေတြ၊ သင္တို႔ႏွစ္ဦးသား အျပန္အလွန္ပို႔ထားတဲ႔ မတ္စ္ေစ႔ေလးေတြကုိ လူမႈကြန္ယက္ေပၚက သူငယ္ခ်င္းေတြနဲ႔ မွ်ေ၀ျခင္းက သင္႔ဘက္အျမင္နဲ႔ ခ်စ္စရာေကာင္းခ်င္ေကာင္းေနေပမယ္႔ သူ႔ဘက္မွာေတာ႔ အနည္းငယ္ကသိကေအာင္႔ျဖစ္စရာ ရွိႏိုင္ပါတယ္။

၄ - သူနဲ႔ျပတ္သြားၿပီဆိုတဲ႔အေၾကာငး္ေတြ။

ဒါကေတာ႔ မိန္းကေလးအမ်ားစုလုပ္တတ္ၾကပါတယ္။ ခ်စ္သူနဲ႔ ရန္ျဖစ္တုန္းခဏမွာ ျပတ္ၿပီဘာညာနဲ႔ တင္တတ္ၾကေပမယ္႔ တကယ္လည္း ျပတ္ၾကတာ မဟုတ္ပါဘူး။ ၿပီးေတာ႔ ဒီလိုအေၾကာင္းအရာမ်ိဳးဟာလည္း ေသခ်ာမစဥ္းစားပဲ မတင္သင္႔ဘူးမဟုတ္လား?

Credit:momolay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ခေတ်ကိုက သတင်းအချက်အလက်ခေတ်ဆိုပေမယ့် တစ်ခါတစ်လေကျတော့လည်း သတင်းအချက်အလက်တွေဟာ ဖောင်းပွလွန်းသလို ခံစားရပါတယ်။ Facebook လိုမျိုး လူမှုကွန်ယက်တွေ ပေါ်လာပြီးနောက်မှာ လူတွေဟာ လုပ်သမျှ၊ ဖြစ်သမျှ အရာရာတိုင်းကို လူမှုကွန်ယက်ပေါ် မျှဝေလေ့ရှိကြပြီး တစ်ချို့အချက်တွေဟာဆိုရင် မိမိရဲ့လုံခြုံရေးကို ထိပါးစေသည်အထိ ဖြစ်တတ်ပါတယ်။ မိမိရဲ့ ချစ်ရေးချစ်ရာ အကြောင်းအရာတွေဟာလည်း ဒီလိုပါပဲ။ ဖေ့ဘုတ်ပေါ်မှာ မတင်သင့်တဲ့ ချစ်ရေးချစ်ရာအကြောင်း (၄) မျိုး ကတော့....

၁ - မိမိချစ်သူရဲ့ မကောင်းကြောင်း။

ရှေးတုန်းက စကားလေးလိုပေါ့ အိမ်တွင်းကအပူ အိမ်ပြင်မထွက်စေနဲ့တဲ့။ ကိုယ်တွေနှစ်ဦးသားကြားမှာ ကြုံတွေရတဲ့ ပြဿနာတွေအပေါ် လူတိုင်းကိုတင်ပြနေစရာမလိုပါဘူး။ မိမိချစ်သူရဲ့ဂုဏ်ဟာ မိမိရဲ့ဂုဏ်ပါပဲ။

၂ - အရမ်းကိုသဲသဲလှုပ်ပြနေတဲ့ဓါတ်ပုံတွေ။

မချစ်ပြရဘူးမဟုတ်ဘူး ချစ်ပြပါ။ ဒါပေမယ့် လူတွေမျက်စိဆံပင်မွှေး ဆူးလောက်အောင်တော့ မဖြစ်စေနဲ့ပေါ့။ ဒီလိုပုံတွေအပေါ် အားကျပြနေသူ ရှိကောင်းရှိနိုင်ပေမယ့် နောက်ကွယ်မှာ ဝေဖန်ပြစ်တင်သူမရှိဘူးလို့လည်း ပြောမရပါဘူး။

၃ - သင့်ချစ်သူရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေ။

ဥပမာ သူ့ရဲ့ခြေပစ်လက်ပစ်အိပ်နေတဲ့ ပုံလေးတွေ၊ သင်တို့နှစ်ဦးသား အပြန်အလှန်ပို့ထားတဲ့ မတ်စ်စေ့လေးတွေကို လူမှုကွန်ယက်ပေါ်က သူငယ်ချင်းတွေနဲ့ မျှဝေခြင်းက သင့်ဘက်အမြင်နဲ့ ချစ်စရာကောင်းချင်ကောင်းနေပေမယ့် သူ့ဘက်မှာတော့ အနည်းငယ်ကသိကအောင့်ဖြစ်စရာ ရှိနိုင်ပါတယ်။

၄ - သူနဲ့ပြတ်သွားပြီဆိုတဲ့အကြောင်းတွေ။

ဒါကတော့ မိန်းကလေးအများစုလုပ်တတ်ကြပါတယ်။ ချစ်သူနဲ့ ရန်ဖြစ်တုန်းခဏမှာ ပြတ်ပြီဘာညာနဲ့ တင်တတ်ကြပေမယ့် တကယ်လည်း ပြတ်ကြတာ မဟုတ်ပါဘူး။ ပြီးတော့ ဒီလိုအကြောင်းအရာမျိုးဟာလည်း သေချာမစဉ်းစားပဲ မတင်သင့်ဘူးမဟုတ်လား?

Credit:momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top