iMyanmarHouse.com - Best Property Website for Myanmar
×

 ပရိသတ္ႀကီးထဲမွာ ခ်စ္သူစုံတြဲေတြ ပါ၀င္မယ္လုိ႔ ယုံၾကည္ပါတယ္။ ဒါေပမယ့္ ခ်စ္သူစုံတြဲတုိင္းမွာ ခံစားရဖုိ႔ မေသခ်ာတဲ့ ” ႏွစ္ေယာက္တည္းကမာၻစိတ္ဓာတ္”ပုိင္ရွင္ စုံတြဲေတြကေတာ့ ရာခုိင္ႏႈန္းအားျဖင့္ 5% ေလာက္သာ ရွိမယ္ထင္ပါတယ္။ ခ်စ္သူျဖစ္ကာစ၊ အိမ္ေထာင္က်ကာစ အခ်ိန္ေတြကုိေတာ့ ခၽြင္းခ်က္ေပါ့ေလ။ ဒီေတာ့ ဒီလုိ ရွားရွားပါးပါး ႏွစ္ကိုယ့္တစ္စိတ္ ပိုင္ဆုိင္ထားတဲ့ စုံတြဲေတြဟာ ေအာက္ပါအဓိပၸါယ္ေတြနဲ႔ သက္ဆုိင္တယ္ဆုိ
တဲ့အေၾကာင္း  ဂုဏ္ျပဳခ်င္ပါတယ္။

(၁) အတူတူ သက္ေတာင့္သက္သာ ရွိေနတယ္

က်ေနာ္တုိ႔ ကၽြန္မတုိ႔ဆုိတဲ့ နာမ္စားေလးဟာ ခ်စ္ျခင္းေမတၱာေတြနဲ႔ ေပါင္းစပ္ ထြက္ေပၚလာတဲ့ စကားေလးပါ။ သူက အိမ္ကဟာႀကီး စတဲ့ နာမ္စားေတြနဲ႔ တစ္ျခားဆီပါ။ ေဖာ္ျပပါ ႏွစ္ကိုယ့္တစ္စိတ္ နာမ္စားေလးဟာ ႏွစ္ေယာက္သား အတူတူ ေအးေအးခ်မ္းခ်မ္း ရွိေနတဲဲ့ သေဘာပါဘဲ။
(၂) အရာရာ ပြင့္ပြင့္လင္းလင္း ရွိတယ္

ႏွစ္ေယာက္တည္းကမာၻအခ်စ္ကုိ ပုိင္ဆုိင္ဖုိ႔အတြက္ အရာရာ ပြင့္ပြင့္လင္းလင္း ရွိဖုိ႔ကလည္း အလြန္အေရးႀကီးပါတယ္။ ဒီလုိ တစ္ေယာက္နဲ႔တစ္ေယာက္ အရာရာကို ပြင့္ပြင့္လင္းလင္းနဲ႔ ဘ၀ကုိ ျဖတ္သန္းၾကသူေတြမွာသာ သာယာတဲ့ အခ်စ္ခရီးကုိ ေလွ်ာက္လွမ္းေနတယ္လုိ႔ ဆုိရမွာပါ။

က်ေနာ္တုိ႔ ႏွစ္ေယာက္၊ က်ေနာ္တုိ႔အတူတူ-ဆုိတဲ့ စကားရပ္ကေလးေတြဟာ ခ်စ္ခင္ရင္းနီးမႈရဲ႕ သက္ေသပါဘဲ။ ဒီလုိ ပူးတြဲေျပာလုိက္ၿပီဆုိတာနဲ႔ သူငယ္ခ်င္းဆုိရင္ေတာင္ သူတုိ႔အခ်င္းခ်င္း ဘယ္ေလာက္ ရင္းနီးၾကတယ္ဆုိတာ ရိပ္မိေစမွာပါ။ အခ်စ္ေရးမွာေတာ့ ဒီစကားေလးဟာ အနာဂတ္ကာလေတြမွာ အတူတူ ရွိေနမယ္ဆုိတဲ့ သေဘာလည္း သက္ေရာက္ပါတယ္။
(၄) အျပန္အလွန္ ေလးစားမႈ

အျပန္အလွန္ေလးစားမႈနဲ႔ အျပစ္ေျပာစရာမရွိေအာင္ ေနထုိင္ျခင္းကလည္း အိမ္ေထာင္သည္ေတြအတြက္ အလြန္အေရး
ႀကီးတဲ့ က်င့္၀တ္နဲ႔လုပ္ငန္းေဆာင္တာေတြ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ အေပၚယံ ႏွစ္ကိုယ့္တစ္စိတ္သမားေတြ ျဖစ္ၾက
ၿပီး လူေရွ႕သူေရွ႕မွာ ခ်စ္ျပ၊ ကြယ္ရာက်ေတာ့ တသတ္တည္း သတ္ေနၾကတာေတြ ရွိပါတယ္။ ဒါက အျပန္အလွန္   ေလးစားမႈ မရွိျခင္းပါဘဲ။
(၅) မွန္ကန္ေသာ ေရြးခ်ယ္မႈ

ႏွစ္ေယာက္တည္းကမာၻကုိ ပိုင္ဆုိင္ထားတဲ့ ခ်စ္သူေတြမွာ ဘယ္သူ႕မွ ဖိအားေပးတုိက္တြန္းစရာမလုိတဲ့၊ ကိုယ္တုိင္က လည္း အတင္းအဓမၼဖန္တီးထားတာ မဟုတ္တဲ့ သံေယာဇဥ္ကေန အလုိလုိ ျဖစ္ေပၚလာတဲ့ ခ်စ္ခင္ျမတ္ႏုိးမႈေတြနဲ႔ ဖြဲစည္းတည္ေဆာက္ထားပါတယ္။ ဒီအတြက္ သူတုိ႔ေရြးခ်ယ္မႈေတြကို ဘယ္တုန္းကမွ ေနာင္တ မရၾကပါဘူး။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

 ပရိသတ်ကြီးထဲမှာ ချစ်သူစုံတွဲတွေ ပါဝင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ချစ်သူစုံတွဲတိုင်းမှာ ခံစားရဖို့ မသေချာတဲ့ ” နှစ်ယောက်တည်းကမ္ဘာစိတ်ဓာတ်”ပိုင်ရှင် စုံတွဲတွေကတော့ ရာခိုင်နှုန်းအားဖြင့် 5% လောက်သာ ရှိမယ်ထင်ပါတယ်။ ချစ်သူဖြစ်ကာစ၊ အိမ်ထောင်ကျကာစ အချိန်တွေကိုတော့ ချွင်းချက်ပေါ့လေ။ ဒီတော့ ဒီလို ရှားရှားပါးပါး နှစ်ကိုယ့်တစ်စိတ် ပိုင်ဆိုင်ထားတဲ့ စုံတွဲတွေဟာ အောက်ပါအဓိပ္ပါယ်တွေနဲ့ သက်ဆိုင်တယ်ဆို
တဲ့အကြောင်း  ဂုဏ်ပြုချင်ပါတယ်။

(၁) အတူတူ သက်တောင့်သက်သာ ရှိနေတယ်

ကျနော်တို့ ကျွန်မတို့ဆိုတဲ့ နာမ်စားလေးဟာ ချစ်ခြင်းမေတ္တာတွေနဲ့ ပေါင်းစပ် ထွက်ပေါ်လာတဲ့ စကားလေးပါ။ သူက အိမ်ကဟာကြီး စတဲ့ နာမ်စားတွေနဲ့ တစ်ခြားဆီပါ။ ဖော်ပြပါ နှစ်ကိုယ့်တစ်စိတ် နာမ်စားလေးဟာ နှစ်ယောက်သား အတူတူ အေးအေးချမ်းချမ်း ရှိနေတဲ့ သဘောပါဘဲ။
(၂) အရာရာ ပွင့်ပွင့်လင်းလင်း ရှိတယ်

နှစ်ယောက်တည်းကမ္ဘာအချစ်ကို ပိုင်ဆိုင်ဖို့အတွက် အရာရာ ပွင့်ပွင့်လင်းလင်း ရှိဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် အရာရာကို ပွင့်ပွင့်လင်းလင်းနဲ့ ဘဝကို ဖြတ်သန်းကြသူတွေမှာသာ သာယာတဲ့ အချစ်ခရီးကို လျှောက်လှမ်းနေတယ်လို့ ဆိုရမှာပါ။

ကျနော်တို့ နှစ်ယောက်၊ ကျနော်တို့အတူတူ-ဆိုတဲ့ စကားရပ်ကလေးတွေဟာ ချစ်ခင်ရင်းနီးမှုရဲ့ သက်သေပါဘဲ။ ဒီလို ပူးတွဲပြောလိုက်ပြီဆိုတာနဲ့ သူငယ်ချင်းဆိုရင်တောင် သူတို့အချင်းချင်း ဘယ်လောက် ရင်းနီးကြတယ်ဆိုတာ ရိပ်မိစေမှာပါ။ အချစ်ရေးမှာတော့ ဒီစကားလေးဟာ အနာဂတ်ကာလတွေမှာ အတူတူ ရှိနေမယ်ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။
(၄) အပြန်အလှန် လေးစားမှု

အပြန်အလှန်လေးစားမှုနဲ့ အပြစ်ပြောစရာမရှိအောင် နေထိုင်ခြင်းကလည်း အိမ်ထောင်သည်တွေအတွက် အလွန်အရေး
ကြီးတဲ့ ကျင့်ဝတ်နဲ့လုပ်ငန်းဆောင်တာတွေ ဖြစ်ပါတယ်။ တစ်ချို့ကတော့ အပေါ်ယံ နှစ်ကိုယ့်တစ်စိတ်သမားတွေ ဖြစ်ကြ
ပြီး လူရှေ့သူရှေ့မှာ ချစ်ပြ၊ ကွယ်ရာကျတော့ တသတ်တည်း သတ်နေကြတာတွေ ရှိပါတယ်။ ဒါက အပြန်အလှန်   လေးစားမှု မရှိခြင်းပါဘဲ။
(၅) မှန်ကန်သော ရွေးချယ်မှု

နှစ်ယောက်တည်းကမ္ဘာကို ပိုင်ဆိုင်ထားတဲ့ ချစ်သူတွေမှာ ဘယ်သူ့မှ ဖိအားပေးတိုက်တွန်းစရာမလိုတဲ့၊ ကိုယ်တိုင်က လည်း အတင်းအဓမ္မဖန်တီးထားတာ မဟုတ်တဲ့ သံယောဇဉ်ကနေ အလိုလို ဖြစ်ပေါ်လာတဲ့ ချစ်ခင်မြတ်နိုးမှုတွေနဲ့ ဖွဲစည်းတည်ဆောက်ထားပါတယ်။ ဒီအတွက် သူတို့ရွေးချယ်မှုတွေကို ဘယ်တုန်းကမှ နောင်တ မရကြပါဘူး။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top