iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြရဲ႕ လိင္အဂၤါဟာ ခ်စ္တင္းေႏွာျခင္းနဲဲ႔လည္း ဆက္စပ္ေနသလို လူ႔သက္တမ္းနဲ႔ပါ ဆက္ႏႊယ္ေနေၾကာင္း အေမရိကန္ျပည္ေထာင္စု Mississippi တကၠသိုလ္က ျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုက ဆုိလိုက္ပါတယ္။ တင္းရင္းမႈမ႐ွိဘဲ ေပ်ာ့တြဲက်ေနတဲ့ က်ားအဂၤါဟာ လိင္စြမ္းေဆာင္ရည္ကို က်ဆင္းေစပါတယ္။ ေနာက္ထပ္သိရတာကေတာ့ အရြယ္မတိုင္မီေသဆံုးႏိုင္ေျခ ၇၀ ရာခိုင္ႏႈန္းေလာက္ ျမင့္မားေနတယ္ဆုိတာပါပဲ။

ႏွလံုးေသြးေၾကာဆိုင္ရာ အားနည္းျခင္းဟာ အမ်ိဳးသားေတြမွာ လိင္တံေတာင့္တင္းမႈမရွိ ျဖစ္ေစတယ္လို႔လည္း သိရပါတယ္။ ဒါေၾကာင့္မို႔လို႔ က်ားအဂၤါကေတာင့္တင္းမႈမ႐ွိဘူးဆုိရင္ ႏွလံုးမွာ ျပႆနာ႐ွိေနတဲ့လကၡဏာျဖစ္ေၾကာင္း အီလီႏြိဳက္တကၠသိုလ္ေဆးေက်ာင္းရဲ႕ တြဲဖက္ပါေမာကၡ Tobias Köhler ကလည္း ဆိုပါတယ္။

ႏွလံုးကေန က်ားအဂၤါကို စီးဆင္းတဲ့ ေသြးေၾကာေလးေတြက အရမ္းကိုေသးပါတယ္။ ယင္းေသြးေၾကာေလးေတြ ပိတ္ဆို႔ေနရင္ လိင္တံက ေတာင့္တင့္မႈအားနည္းသြားပါတယ္။ ေလ့က်င့္ခန္းမလုပ္ျခင္း၊ အစားအေသာက္မမွန္ျခင္း၊ ေဆးလိပ္ေသာက္ျခင္းေတြေၾကာင့္ အဆုိပါေသြးေၾကာမွ်င္ေလးေတြကို ပိတ္ဆို႔မႈျဖစ္ေစပါတယ္။ ပိတ္ဆို႔မႈအခ်ိန္ၾကာျမင့္လာတဲ့အခါ ပိုႀကီးမားတဲ့ ေသြးေၾကာကိုပါ ကူးစက္သြားပါတယ္။ ႐ုတ္တရက္ႏွလံုးရပ္တန္႔မႈ (heart attack) ျဖစ္ႏိုင္ေျခလည္း မ်ားျပားတာမို႔ က်ားအဂၤါေတာင့္တင္းမႈ မ႐ွိဘူးဆုိရင္ ဆရာဝန္နဲ႔ျပသၿပီး ႏွလံုးက်န္းမာေရးကိုပါ စစ္ေဆးသင့္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အမျိုးသားတွေရဲ့ လိင်အင်္ဂါဟာ ချစ်တင်းနှောခြင်းနဲ့လည်း ဆက်စပ်နေသလို လူ့သက်တမ်းနဲ့ပါ ဆက်နွှယ်နေကြောင်း အမေရိကန်ပြည်ထောင်စု Mississippi တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုက ဆိုလိုက်ပါတယ်။ တင်းရင်းမှုမရှိဘဲ ပျော့တွဲကျနေတဲ့ ကျားအင်္ဂါဟာ လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ နောက်ထပ်သိရတာကတော့ အရွယ်မတိုင်မီသေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းလောက် မြင့်မားနေတယ်ဆိုတာပါပဲ။

နှလုံးသွေးကြောဆိုင်ရာ အားနည်းခြင်းဟာ အမျိုးသားတွေမှာ လိင်တံတောင့်တင်းမှုမရှိ ဖြစ်စေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်မို့လို့ ကျားအင်္ဂါကတောင့်တင်းမှုမရှိဘူးဆိုရင် နှလုံးမှာ ပြဿနာရှိနေတဲ့လက္ခဏာဖြစ်ကြောင်း အီလီနွိုက်တက္ကသိုလ်ဆေးကျောင်းရဲ့ တွဲဖက်ပါမောက္ခ Tobias Köhler ကလည်း ဆိုပါတယ်။

နှလုံးကနေ ကျားအင်္ဂါကို စီးဆင်းတဲ့ သွေးကြောလေးတွေက အရမ်းကိုသေးပါတယ်။ ယင်းသွေးကြောလေးတွေ ပိတ်ဆို့နေရင် လိင်တံက တောင့်တင့်မှုအားနည်းသွားပါတယ်။ လေ့ကျင့်ခန်းမလုပ်ခြင်း၊ အစားအသောက်မမှန်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေကြောင့် အဆိုပါသွေးကြောမျှင်လေးတွေကို ပိတ်ဆို့မှုဖြစ်စေပါတယ်။ ပိတ်ဆို့မှုအချိန်ကြာမြင့်လာတဲ့အခါ ပိုကြီးမားတဲ့ သွေးကြောကိုပါ ကူးစက်သွားပါတယ်။ ရုတ်တရက်နှလုံးရပ်တန့်မှု (heart attack) ဖြစ်နိုင်ခြေလည်း များပြားတာမို့ ကျားအင်္ဂါတောင့်တင်းမှု မရှိဘူးဆိုရင် ဆရာဝန်နဲ့ပြသပြီး နှလုံးကျန်းမာရေးကိုပါ စစ်ဆေးသင့်ပါတယ်။

Credit:duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top