iMyanmarHouse.com - Best Property Website for Myanmar
×

ဆယ္ေက်ာ္သက္ အရြယ္ဆိုတာ အမ်ိဳးသမီး တစ္ေယာက္ရဲ႕ အလွအပေတြ ဖြံ႕ၿဖိဳးတဲ့အခ်ိန္၊ အသိညာဏ္ ဗဟုသုတေတြ ဖြံ႕ၿဖိဳးတဲ့အခ်ိန္ျဖစ္ပါတယ္။ တစ္ဖက္မွာလည္း သူမတို႔ရဲ႕အလွအပကို မည္သုိ႔မည္ပံု ထိန္းသိမ္းျခင္း အားျဖင့္ အျမဲတမ္း လွေနေစႏိုင္မလဲ ဆိုကာ စူးစမ္းၾကည့္ၾကတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။ ဒီေနရာမွာ မွန္ကန္တဲ့ အလွအပ ထိန္းသိမ္းနည္းကို သိရွိၿပီး မွန္ကန္တဲ့ နည္းလမ္းမ်ားႏွင့္ ထိန္းသိမ္းေနမွ သာ လွပေသာ မိန္းကေလး တစ္ေယာက္အျဖစ္ ရပ္ တည္ႏိုင္ၾကမွာပါ။

အလွအပ ထိန္းသိမ္းတယ္ ဆိုတဲ့ေနရာမွာလည္း ဦးေခါင္းတစ္မ်ိဳးတည္း၊ မ်က္ႏွာတစ္မ်ိဳးတည္း စသည္ျဖင့္ ထိန္းသိမ္းလို႔ အက်ိဳးထူးမည္ မဟုတ္ဘဲ ခႏၶာကိုယ္တစ္ခုလံုး နည္းစနစ္က်က် ထိန္းသိမ္းႏိုင္မွသာ အမ်ားနည္းတူ လွပေသာ မိန္းကေလးအျဖစ္ လူပံုအလယ္မွာ ၀င့္ႀကြားႏိုင္မွာျဖစ္သည့္အတြက္ ယခုတစ္ပါတ္ အလွအပႏွင့္ က်န္းမာေရး က႑ကေန မိန္းကေလးမ်ား အျမဲလိုက္နာသင့္တဲ့ အလွအပ ထိန္းသိမ္းနည္း ကို တင္ဆက္ေပးလိုက္ရပါတယ္။

ယခုေဖာ္ျပလိုက္တဲ့ အလွအပထိန္းသိမ္းနည္းကို ဆယ္ေက်ာ္သက္ မိန္းကေလးမ်ားသာမက အသက္အရြယ္မေရြး လိုက္နာက်င့္သံုးကာ လွပၿပီး က်န္းမာသန္႔ရွင္းေသာ အမ်ိဳးသမီးတစ္ေယာက္ အျဖစ္ ရပ္တည္ႏိုင္ၾကမွာပါ။

၁။ မ်က္ႏွာသစ္ပါ

ေန႔စဥ္ေန႔တိုင္း မ်က္ႏွာကို သက္ဆိုင္ရာ ဆပ္ျပာ(သို႔မဟုတ္) မ်က္ႏွာသစ္ေဆးမ်ားျဖင့္ ေဆးေၾကာသန္႔စင္ ေပးျခင္းႏွင့္ မိမိတို႔ လိမ္းခ်ယ္ထားခဲ့တဲ့ မိတ္ကပ္မ်ားကို ဖယ္ရွားေပးတဲ့ အက်င့္ေကာင္းကိုေမြးျမဴရပါမယ္။ မိတ္ကပ္ လိမ္းျခယ္လ်က္သား အိပ္ရာ၀င္လိုက္ျခင္းမ်ိဳး လံုး၀မလုပ္သင့္ပါဘူး။ တတ္ႏိုင္သမွ် မိမိတုိ႔၏ အိမ္ကိုျပန္ေရာက္လွ်င္ ျပန္ေရာက္ခ်င္း မိတ္ကပ္မ်ားကို စင္ၾကယ္စြာ ေဆးေၾကာပစ္ၿပီး မိမိတို႔၏ အသားရည္ကို ေလ၀င္ေလထြက္ ရရွိေအာင္ျပဳလုပ္ေပးပါ။ ေဆးေၾကာတဲ့အခါမွာလည္း မ်က္ႏွာ၏အေရျပားကို ကုတ္ဖဲ့ျခင္းမ်ိဳးမျပဳလုပ္ဘဲ ညွင္သာစြာ ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

၂။ မိတ္ကပ္အတူတကြ သံုးစြဲျခင္းမျပဳလုပ္ပါနဲ႔

ဆယ္ေက်ာ္သက္အရြယ္ မိဘမ်ားကလည္း ပိုက္ဆံအလံုအေလာက္မေပး၊ မိမိတို႔ကလည္း မိတ္ကပ္ေကာင္း ေကာင္း သံုးခ်င္ၾကတဲ့ ဆယ္ေက်ာ္သက္မိန္းကေလးအမ်ားစုဟာ မိတ္ကပ္မ်ားကို တစ္ဦးႏွင့္တစ္ဦး အတူတကြ သံုးစြဲၾကပါတယ္။ ၎ကဲ့သုိ႔အတူတကြသံုးစြဲျခင္းဟာ ဘတ္တီးရီးယားမ်ား တိုးပြားေစႏိုင္ၿပီး မ်က္ႏွာအရည္ျပားေပၚ တြင္ မလိုလားအပ္တဲ့ ယားယံမႈႏွင့္ ျပသနာမ်ားႀကံဳေတြ႕လာႏိုင္တာေၾကာင့္ မိတ္ကပ္တစ္ဘူးတည္း သံုးစြဲျခင္းကို ေရွာင္ရွားသင့္ပါတယ္။

၃။ သဘာ၀အလွကို ျမတ္ႏိုးပါ

မိတ္ကပ္ႏွင့္အျခား ဓါတုပစၥည္းအေျချပဳ အလွပဆိုင္ရာပစၥည္းမ်ားကို မလြဲသာလို႔သာသံုးစြဲရၾကေပမယ့္ တတ္ႏိုင္ သေလာက္ သဘ၀ အတိုင္းလွပတဲ့ မိမိရဲ႕ အလွအပကို ျမတ္ႏိုးတန္ဖိုးထားရၾကပါမယ္။ ခႏၶာကိုယ္သုိ႔ အဆိပ္ အေတာက္ျဖစ္ေစတဲ့ ဓါတုပစၥည္းနည္းႏိုင္သမွ်နည္းေအာင္ ထိေတြ႕မႈျပဳလုပ္ေပးေလေလ မိမိရဲ႕အလွအပကို အႏၱရာယ္ကင္းကင္း ထိန္းသိမ္းႏိုင္ေလေလ ျဖစ္ပါတယ္။ အဆိပ္အေတာက္ျဖစ္ေစတဲ့ ပစၥည္းမ်ားကို ၾကာရွည္ သံုးစြဲပါက မိမိတို႔ရဲ႕ ခႏၶာကိုယ္အရည္ျပားမ်ားတြင္ အဆိပ္အေတာက္ဓါတ္မ်ား စုစည္းခြင့္ေပးသလိုျဖစ္သြားၿပီး အႏၱရာယ္ရွိလာႏိုင္တာေၾကာင့္ တတ္ႏိုင္သမွ် သဘ၀ ပစၥည္းမ်ားမွ ထုတ္ယူထားေသာ ပစၥည္းမ်ားကို သံုးစြဲသင့္ ပါတယ္။

၄။ ခ်ိဳးေရ ကိုသတိျပဳပါ

မိမိတို႔ရဲ႕ ခ်ိဳးေရ ကိုသတိထားပါ။ ေန႔စဥ္ပံုမွန္ေရခ်ိဳးၾကေပမယ့္ မိမိတို႔ေန႔စဥ္ခ်ိဳးေနတဲ့ေရဟာ သန္႔ရွင္းမႈရွိမရွိ ႏွင့္ မိမိတို႔ႏွင့္ ကိုက္ညီမႈရွိမရွိဆိုတာ အင္မတန္အေရးႀကီးပါတယ္။ ခ်ိဳးေရဟာ ခႏၶာကိုယ္အသားရည္ ေရဓါတ္ခန္း ေျခာက္ျခင္းမွာ အေရးပါသလို အျခးေသာေနရာမ်ားမွာလည္း အထူးအေရးပါတာေၾကာင့္ ဂရုျပဳသင့္ပါတယ္။ ေရေႏြးပူကို ဆားအနည္းငယ္ခတ္ၿပီး မိမိတို႔ရဲ႕ ခ်ိဳးေရ အျဖစ္အသံုးျပဳပါက အက်ိဳးထူးျခားခ်က္ကို သိရွိလာပါလိမ့္ မယ္။

၅။ မိမိတို႔ႏွင့္ကိုက္ညီေသာ အ၀တ္အစားမ်ားကို ၀တ္ဆင္ပါ

မိန္းကေလးတစ္ေယာက္ လွပေနဖို႔ဆိုတာ သူတို႔ ၀တ္ဆင္တဲ့ အ၀တ္အစားေပၚမွာအမ်ားႀကီး မူတည္တာကိုေတာ့ ျငင္းလို႔မရပါဘူး။ ဒါ့အျပင္ မိန္းကေလးတစ္ေယာက္ရဲ႕ ၀တ္စားဆင္ယင္ပံုဟာ သူတုိ႔ရဲ႕ စိတ္ေနစိတ္ထားကို ထင္ဟပ္ ေစတယ္လို႔ လူေတြကယူဆထားတာေၾကာင့္ မိမိတို႔ရဲ႕ ခႏၶာကိုယ္ႏွင့္လိုက္ဖက္ညီမယ့္ အ၀တ္အစား မ်ားကို ၀တ္ဆင္ၾကဖုိ႔အေရးႀကီးပါတယ္။ မိမိတို႔ႏွင့္ လိုက္ဖက္တဲ့အ၀တ္အစားဆိုတဲ့ေနရာမွာ ခႏၶာကိုယ္ရဲ႕အစိတ္ အပိုင္း မ်ားကိုအလြန္အက်ဴး ေဖာ္ခြ်တ္စရာ မလိုအပ္ သလို အရမ္းက်ပ္လွသည့္ Skinny လို႔ေခၚတဲ့အ၀တ္စားမ်ားကို အျမဲတေစ မ၀တ္ဘဲ ေနရာတကာသုိ႔ သြားလာႏိုင္တဲ့အ၀တ္အစားမ်ားကိုေရြးခ်ယ္သင့္ပါတယ္။

၆။ ဆံပင္ကို သန္႔ရွင္းပါ

ဆံပင္ကို သန္႔ရွင္းေအာင္ျပဳလုပ္ပါဆိုတဲ့ေနရာမွာ မိန္းကေလးအမ်ားစုက ခဏခဏ ေခါင္းေလွ်ာ္ရမယ္လို႔ ေတြးရင္ ေတာ့ မွားသြားပါလိမ့္မယ္။ မိန္းကေလးတစ္ေယာက္အေနနဲ႔ တစ္ပတ္မွာ ဘယ္ႏွစ္ႀကိမ္ေလာက္ ေခါင္းေလွ်ာ္ရင္ မိမိတို႔အတြက္လံုေလာက္သလဲဆိုတာ သိၾကမွာျဖစ္ၿပီး အႀကိမ္အေရအတြက္မ်ားစြာေခါင္းေလွ်ာ္မယ္ဆိုရင္ေတာ့ ဆိုးက်ိဳးမ်ားစြာျဖစ္ေပၚေစႏိုင္ပါတယ္။ အႀကိမ္အေရတြက္မ်ားစြာ ေခါင္းေလွ်ာ္ျခင္းရဲ႕ဆိုးက်ိဳးအျဖစ္ ဆံသားမ်ားကို အကာအကြယ္ျပဳရာမွာမရွိမျဖစ္လိုအပ္တဲ့ ဦးရည္ျပားမွ အဆီမ်ား ခန္းေျခာက္ေစႏိုင္တာေၾကာင့္ သိတိျပဳသင့္ပါ တယ္။ တစ္ဖက္မွာလည္း ၾကာရွည္ေခါင္းမေလွ်ာ္ဘဲ အဆီဓါတ္မ်ားျပားေသာ ဦးရည္ျပားအျဖစ္ ျဖစ္ခြင့္ျပဳထားမယ္ ဆိုရင္ေတာ့ ယားယံျခင္းႏွင့္ အျခားေရာဂါေ၀ဒနာဆိုးမ်ားကို ျဖစ္ေစႏိုင္တာကိုလည္း သတိမူသင့္ပါတယ္။

၇။ လက္သည္းမ်ားကို ဂရုစိုက္ပါ

လက္သည္းမ်ားကိုဂရုစိုက္ဖုိ႔ဆိုတာ အလွျပင္ဆိုင္အထိသြားၿပီး Nail Art ေတြေရးဆြဲေပးဖုိ႔အထိ မလိုအပ္ပါဘူး။ လက္သည္းမ်ား ရွည္ေနပါက ပံုမွန္ညွပ္ေပးျခင္းႏွင့္ သန္႔ရွင္းေရးျပဳလုပ္ေပးၿပီး လိမ္းခ်ယ္ထားသည့္ လက္သည္းနီ မ်ား ပ်က္ျပယ္ေနပါက အသစ္ခ်ယ္သေပးမႈကို ျပဳလုပ္ေပးရံုႏွင့္တင္ လံုေလာက္ပါတယ္။ လက္သည္းနီမ်ား ၾကာရွည္ ခံႏိုင္ဖို႔ကိုေတာ့ အလႊာၾကည္တစ္ထပ္သုတ္လိမ္းကာျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ အခါအားေလ်ာ္စြာ လက္သည္းမ်ားကို သံပရာရည္အတြင္းသုိ႔ စိမ္ေပးျခင္းအားျဖင့္ လက္သည္းက်န္းမာေရးကို ျမင့္တင္ႏိုင္ၾကပါတယ္။

၈။ ဆံပင္မ်ားကို အလြန္အမင္း အေရာင္ဆိုးျခင္း မျပဳလုပ္ပါႏွင့္

ဆံပင္ဆိုးျခင္းဟာ မိမိရဲ႕ ဆံပင္ပံုစံႏွင့္ စတိုင္ကိုေျပာင္းလဲႏိုင္ၿပီး စတိုင္က်လွပႏိုင္ေသာ္လည္း တစ္ဖက္မွာ မိမိ တုိ႔ရဲ႕ ဆံပင္က်န္းမာေရးကို မ်ားစြာထိခိုက္ႏိုင္သည္ကိုေတာ့ သတိျပဳသင့္ပါတယ္။ ဆံပင္ေဆးဆိုးျခင္းကို ခဏခဏ ျပဳလုပ္ပါက ဦးေရျပားအတြင္းသို႔ ဓါတုပစၥည္းမ်ားရဲ႕ သက္ေရာက္မႈမ်ားေၾကာင့္ ဆံပင္ကြ်တ္ျခင္းႏွင့္ မိမိတို႔ရဲ႕ သဘ၀ ဆံပင္အေရာင္ကိုကြ်တ္ေစႏိုင္တေၾကာင့္ ဆံပင္ေဆးဆိုးျခင္းကို တတ္ႏိုင္သမွ်အႀကိမ္အေရအတြက္ နည္းေအာင္ႏွင့္ အေၾကာင္းေၾကာင္းေၾကာင့္ ေဆးဆိုးရမည္ဆိုပါကလည္း အႏၱရာယ္ကင္းေသာ ဆိုးေဆးမ်ား ကိုသာ အသံုးျပဳသင့္ပါတယ္။

၉။ ႏႈတ္ခမ္းႏွင့္ မ်က္စိ ကိုလည္း လိုက္ဖက္ေအာင္ လိမ္းခ်ယ္ပါ

မ်က္ႏွာကို မိတ္ကပ္ လိမ္းခ်ယ္ထားပါက မ်က္လံုးႏွင့္ ႏႈတ္ခမ္းကိုလည္း မိမိတို႔လိမ္းခ်ယ္ထားေသာ မိတ္ကပ္ အေရာင္ႏွင့္ လိုက္ဖက္မႈရွိေအာင္ လိမ္းခ်ယ္ဖုိ႔ အလြန္အေရးႀကီးပါတယ္။ ႏႈတ္ခမ္းနီအေရာင္ႏွင့္ မ်က္လံုး အေရာင္ တို႔ဟာ မိမိတို႔လိမ္းခ်ယ္ထားေသာမိတ္ကပ္အေရာင္ထက္ပိုမိုေတာက္ပေနပါက တစ္ပါးသူအျမင္မွာ တင့္တယ္မည္ မဟုတ္တာကိုလည္း သတိျပဳသင့္ပါတယ္။

၁၀။ မိတ္ကပ္ကို အလြန္အကြ်ံလိမ္းခ်ယ္ျခင္းမျပဳရန္

ဆယ္ေက်ာ္သက္မိန္းကေလးအမ်ားစုဟာ သူမတို႔ကို မိတ္ကပ္ပမာဏ အနည္းငယ္သာ လိမ္းခ်ယ္ရန္ တိုက္တြန္း ပါက စိတ္ဆိုးတတ္ၾကပါတယ္။ ဒါေပမယ့္ အသက္ရြယ္ႀကီးလာပါကလည္း ၎စိတ္ဆိုးတတ္တဲ့ အက်င့္မွာေျပာင္း လဲ သြားမွာမဟုတ္ဘဲ မိန္းကေလးအမ်ားစုကို မိတ္ကပ္အနည္းငယ္သာလိမ္းရန္ တိုက္တြန္းပါက အနည္းႏွင့္အမ်ား စိတ္ဆိုးတတ္ၾကစျမဲပါ။ အမွန္တကယ္မွာေတာ့ မိတ္ကပ္မ်ားကိုအလြန္အကြ်ံလိမ္းခ်ယ္ျခင္းဟာ အျခားလူမ်ားကို သင့္အေနျဖင့္ မိတ္ကပ္ကိုအလြန္အကြ်ံလိမ္းခ်ယ္တတ္တဲ့မိန္းကေလးတစ္ေယာက္အျဖစ္ သိေစရံုအျပင္ ဘာေကာင္းက်ိဳးမွ မျဖစ္ထြန္းေစပါဘူး။ ယေန႔ေခတ္ မိန္းကေလးအမ်ားစုဟာ သူမတို႔ရဲ႕ မိတ္ကပ္၊ ေပါင္ဒါ ႏွင့္ eye liner တို႔ရဲ႕ေအာက္က အလွအပေတြကို ေမ့ေလ်ာ့ေနၾကပါတယ္။
Credit:News Watch
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဆယ်ကျော်သက် အရွယ်ဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ အလှအပတွေ ဖွံ့ဖြိုးတဲ့အချိန်၊ အသိညာဏ် ဗဟုသုတတွေ ဖွံ့ဖြိုးတဲ့အချိန်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူမတို့ရဲ့အလှအပကို မည်သို့မည်ပုံ ထိန်းသိမ်းခြင်း အားဖြင့် အမြဲတမ်း လှနေစေနိုင်မလဲ ဆိုကာ စူးစမ်းကြည့်ကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီနေရာမှာ မှန်ကန်တဲ့ အလှအပ ထိန်းသိမ်းနည်းကို သိရှိပြီး မှန်ကန်တဲ့ နည်းလမ်းများနှင့် ထိန်းသိမ်းနေမှ သာ လှပသော မိန်းကလေး တစ်ယောက်အဖြစ် ရပ် တည်နိုင်ကြမှာပါ။

အလှအပ ထိန်းသိမ်းတယ် ဆိုတဲ့နေရာမှာလည်း ဦးခေါင်းတစ်မျိုးတည်း၊ မျက်နှာတစ်မျိုးတည်း စသည်ဖြင့် ထိန်းသိမ်းလို့ အကျိုးထူးမည် မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး နည်းစနစ်ကျကျ ထိန်းသိမ်းနိုင်မှသာ အများနည်းတူ လှပသော မိန်းကလေးအဖြစ် လူပုံအလယ်မှာ ဝင့်ကြွားနိုင်မှာဖြစ်သည့်အတွက် ယခုတစ်ပါတ် အလှအပနှင့် ကျန်းမာရေး ကဏ္ဍကနေ မိန်းကလေးများ အမြဲလိုက်နာသင့်တဲ့ အလှအပ ထိန်းသိမ်းနည်း ကို တင်ဆက်ပေးလိုက်ရပါတယ်။

ယခုဖော်ပြလိုက်တဲ့ အလှအပထိန်းသိမ်းနည်းကို ဆယ်ကျော်သက် မိန်းကလေးများသာမက အသက်အရွယ်မရွေး လိုက်နာကျင့်သုံးကာ လှပပြီး ကျန်းမာသန့်ရှင်းသော အမျိုးသမီးတစ်ယောက် အဖြစ် ရပ်တည်နိုင်ကြမှာပါ။

၁။ မျက်နှာသစ်ပါ

နေ့စဉ်နေ့တိုင်း မျက်နှာကို သက်ဆိုင်ရာ ဆပ်ပြာ(သို့မဟုတ်) မျက်နှာသစ်ဆေးများဖြင့် ဆေးကြောသန့်စင် ပေးခြင်းနှင့် မိမိတို့ လိမ်းချယ်ထားခဲ့တဲ့ မိတ်ကပ်များကို ဖယ်ရှားပေးတဲ့ အကျင့်ကောင်းကိုမွေးမြူရပါမယ်။ မိတ်ကပ် လိမ်းခြယ်လျက်သား အိပ်ရာဝင်လိုက်ခြင်းမျိုး လုံးဝမလုပ်သင့်ပါဘူး။ တတ်နိုင်သမျှ မိမိတို့၏ အိမ်ကိုပြန်ရောက်လျှင် ပြန်ရောက်ချင်း မိတ်ကပ်များကို စင်ကြယ်စွာ ဆေးကြောပစ်ပြီး မိမိတို့၏ အသားရည်ကို လေဝင်လေထွက် ရရှိအောင်ပြုလုပ်ပေးပါ။ ဆေးကြောတဲ့အခါမှာလည်း မျက်နှာ၏အရေပြားကို ကုတ်ဖဲ့ခြင်းမျိုးမပြုလုပ်ဘဲ ညှင်သာစွာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၂။ မိတ်ကပ်အတူတကွ သုံးစွဲခြင်းမပြုလုပ်ပါနဲ့

ဆယ်ကျော်သက်အရွယ် မိဘများကလည်း ပိုက်ဆံအလုံအလောက်မပေး၊ မိမိတို့ကလည်း မိတ်ကပ်ကောင်း ကောင်း သုံးချင်ကြတဲ့ ဆယ်ကျော်သက်မိန်းကလေးအများစုဟာ မိတ်ကပ်များကို တစ်ဦးနှင့်တစ်ဦး အတူတကွ သုံးစွဲကြပါတယ်။ ၎င်းကဲ့သို့အတူတကွသုံးစွဲခြင်းဟာ ဘတ်တီးရီးယားများ တိုးပွားစေနိုင်ပြီး မျက်နှာအရည်ပြားပေါ် တွင် မလိုလားအပ်တဲ့ ယားယံမှုနှင့် ပြသနာများကြုံတွေ့လာနိုင်တာကြောင့် မိတ်ကပ်တစ်ဘူးတည်း သုံးစွဲခြင်းကို ရှောင်ရှားသင့်ပါတယ်။

၃။ သဘာဝအလှကို မြတ်နိုးပါ

မိတ်ကပ်နှင့်အခြား ဓါတုပစ္စည်းအခြေပြု အလှပဆိုင်ရာပစ္စည်းများကို မလွဲသာလို့သာသုံးစွဲရကြပေမယ့် တတ်နိုင် သလောက် သဘ၀ အတိုင်းလှပတဲ့ မိမိရဲ့ အလှအပကို မြတ်နိုးတန်ဖိုးထားရကြပါမယ်။ ခန္ဓာကိုယ်သို့ အဆိပ် အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းနည်းနိုင်သမျှနည်းအောင် ထိတွေ့မှုပြုလုပ်ပေးလေလေ မိမိရဲ့အလှအပကို အန္တရာယ်ကင်းကင်း ထိန်းသိမ်းနိုင်လေလေ ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းများကို ကြာရှည် သုံးစွဲပါက မိမိတို့ရဲ့ ခန္ဓာကိုယ်အရည်ပြားများတွင် အဆိပ်အတောက်ဓါတ်များ စုစည်းခွင့်ပေးသလိုဖြစ်သွားပြီး အန္တရာယ်ရှိလာနိုင်တာကြောင့် တတ်နိုင်သမျှ သဘ၀ ပစ္စည်းများမှ ထုတ်ယူထားသော ပစ္စည်းများကို သုံးစွဲသင့် ပါတယ်။

၄။ ချိုးရေ ကိုသတိပြုပါ

မိမိတို့ရဲ့ ချိုးရေ ကိုသတိထားပါ။ နေ့စဉ်ပုံမှန်ရေချိုးကြပေမယ့် မိမိတို့နေ့စဉ်ချိုးနေတဲ့ရေဟာ သန့်ရှင်းမှုရှိမရှိ နှင့် မိမိတို့နှင့် ကိုက်ညီမှုရှိမရှိဆိုတာ အင်မတန်အရေးကြီးပါတယ်။ ချိုးရေဟာ ခန္ဓာကိုယ်အသားရည် ရေဓါတ်ခန်း ခြောက်ခြင်းမှာ အရေးပါသလို အခြးသောနေရာများမှာလည်း အထူးအရေးပါတာကြောင့် ဂရုပြုသင့်ပါတယ်။ ရေနွေးပူကို ဆားအနည်းငယ်ခတ်ပြီး မိမိတို့ရဲ့ ချိုးရေ အဖြစ်အသုံးပြုပါက အကျိုးထူးခြားချက်ကို သိရှိလာပါလိမ့် မယ်။

၅။ မိမိတို့နှင့်ကိုက်ညီသော အဝတ်အစားများကို ဝတ်ဆင်ပါ

မိန်းကလေးတစ်ယောက် လှပနေဖို့ဆိုတာ သူတို့ ဝတ်ဆင်တဲ့ အဝတ်အစားပေါ်မှာအများကြီး မူတည်တာကိုတော့ ငြင်းလို့မရပါဘူး။ ဒါ့အပြင် မိန်းကလေးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်ပုံဟာ သူတို့ရဲ့ စိတ်နေစိတ်ထားကို ထင်ဟပ် စေတယ်လို့ လူတွေကယူဆထားတာကြောင့် မိမိတို့ရဲ့ ခန္ဓာကိုယ်နှင့်လိုက်ဖက်ညီမယ့် အဝတ်အစား များကို ဝတ်ဆင်ကြဖို့အရေးကြီးပါတယ်။ မိမိတို့နှင့် လိုက်ဖက်တဲ့အဝတ်အစားဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ရဲ့အစိတ် အပိုင်း များကိုအလွန်အကျူး ဖော်ချွတ်စရာ မလိုအပ် သလို အရမ်းကျပ်လှသည့် Skinny လို့ခေါ်တဲ့အဝတ်စားများကို အမြဲတစေ မဝတ်ဘဲ နေရာတကာသို့ သွားလာနိုင်တဲ့အဝတ်အစားများကိုရွေးချယ်သင့်ပါတယ်။

၆။ ဆံပင်ကို သန့်ရှင်းပါ

ဆံပင်ကို သန့်ရှင်းအောင်ပြုလုပ်ပါဆိုတဲ့နေရာမှာ မိန်းကလေးအများစုက ခဏခဏ ခေါင်းလျှော်ရမယ်လို့ တွေးရင် တော့ မှားသွားပါလိမ့်မယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လောက် ခေါင်းလျှော်ရင် မိမိတို့အတွက်လုံလောက်သလဲဆိုတာ သိကြမှာဖြစ်ပြီး အကြိမ်အရေအတွက်များစွာခေါင်းလျှော်မယ်ဆိုရင်တော့ ဆိုးကျိုးများစွာဖြစ်ပေါ်စေနိုင်ပါတယ်။ အကြိမ်အရေတွက်များစွာ ခေါင်းလျှော်ခြင်းရဲ့ဆိုးကျိုးအဖြစ် ဆံသားများကို အကာအကွယ်ပြုရာမှာမရှိမဖြစ်လိုအပ်တဲ့ ဦးရည်ပြားမှ အဆီများ ခန်းခြောက်စေနိုင်တာကြောင့် သိတိပြုသင့်ပါ တယ်။ တစ်ဖက်မှာလည်း ကြာရှည်ခေါင်းမလျှော်ဘဲ အဆီဓါတ်များပြားသော ဦးရည်ပြားအဖြစ် ဖြစ်ခွင့်ပြုထားမယ် ဆိုရင်တော့ ယားယံခြင်းနှင့် အခြားရောဂါဝေဒနာဆိုးများကို ဖြစ်စေနိုင်တာကိုလည်း သတိမူသင့်ပါတယ်။

၇။ လက်သည်းများကို ဂရုစိုက်ပါ

လက်သည်းများကိုဂရုစိုက်ဖို့ဆိုတာ အလှပြင်ဆိုင်အထိသွားပြီး Nail Art တွေရေးဆွဲပေးဖို့အထိ မလိုအပ်ပါဘူး။ လက်သည်းများ ရှည်နေပါက ပုံမှန်ညှပ်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ပေးပြီး လိမ်းချယ်ထားသည့် လက်သည်းနီ များ ပျက်ပြယ်နေပါက အသစ်ချယ်သပေးမှုကို ပြုလုပ်ပေးရုံနှင့်တင် လုံလောက်ပါတယ်။ လက်သည်းနီများ ကြာရှည် ခံနိုင်ဖို့ကိုတော့ အလွှာကြည်တစ်ထပ်သုတ်လိမ်းကာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ လက်သည်းများကို သံပရာရည်အတွင်းသို့ စိမ်ပေးခြင်းအားဖြင့် လက်သည်းကျန်းမာရေးကို မြင့်တင်နိုင်ကြပါတယ်။

၈။ ဆံပင်များကို အလွန်အမင်း အရောင်ဆိုးခြင်း မပြုလုပ်ပါနှင့်

ဆံပင်ဆိုးခြင်းဟာ မိမိရဲ့ ဆံပင်ပုံစံနှင့် စတိုင်ကိုပြောင်းလဲနိုင်ပြီး စတိုင်ကျလှပနိုင်သော်လည်း တစ်ဖက်မှာ မိမိ တို့ရဲ့ ဆံပင်ကျန်းမာရေးကို များစွာထိခိုက်နိုင်သည်ကိုတော့ သတိပြုသင့်ပါတယ်။ ဆံပင်ဆေးဆိုးခြင်းကို ခဏခဏ ပြုလုပ်ပါက ဦးရေပြားအတွင်းသို့ ဓါတုပစ္စည်းများရဲ့ သက်ရောက်မှုများကြောင့် ဆံပင်ကျွတ်ခြင်းနှင့် မိမိတို့ရဲ့ သဘ၀ ဆံပင်အရောင်ကိုကျွတ်စေနိုင်တကြောင့် ဆံပင်ဆေးဆိုးခြင်းကို တတ်နိုင်သမျှအကြိမ်အရေအတွက် နည်းအောင်နှင့် အကြောင်းကြောင်းကြောင့် ဆေးဆိုးရမည်ဆိုပါကလည်း အန္တရာယ်ကင်းသော ဆိုးဆေးများ ကိုသာ အသုံးပြုသင့်ပါတယ်။

၉။ နှုတ်ခမ်းနှင့် မျက်စိ ကိုလည်း လိုက်ဖက်အောင် လိမ်းချယ်ပါ

မျက်နှာကို မိတ်ကပ် လိမ်းချယ်ထားပါက မျက်လုံးနှင့် နှုတ်ခမ်းကိုလည်း မိမိတို့လိမ်းချယ်ထားသော မိတ်ကပ် အရောင်နှင့် လိုက်ဖက်မှုရှိအောင် လိမ်းချယ်ဖို့ အလွန်အရေးကြီးပါတယ်။ နှုတ်ခမ်းနီအရောင်နှင့် မျက်လုံး အရောင် တို့ဟာ မိမိတို့လိမ်းချယ်ထားသောမိတ်ကပ်အရောင်ထက်ပိုမိုတောက်ပနေပါက တစ်ပါးသူအမြင်မှာ တင့်တယ်မည် မဟုတ်တာကိုလည်း သတိပြုသင့်ပါတယ်။

၁၀။ မိတ်ကပ်ကို အလွန်အကျွံလိမ်းချယ်ခြင်းမပြုရန်

ဆယ်ကျော်သက်မိန်းကလေးအများစုဟာ သူမတို့ကို မိတ်ကပ်ပမာဏ အနည်းငယ်သာ လိမ်းချယ်ရန် တိုက်တွန်း ပါက စိတ်ဆိုးတတ်ကြပါတယ်။ ဒါပေမယ့် အသက်ရွယ်ကြီးလာပါကလည်း ၎င်းစိတ်ဆိုးတတ်တဲ့ အကျင့်မှာပြောင်း လဲ သွားမှာမဟုတ်ဘဲ မိန်းကလေးအများစုကို မိတ်ကပ်အနည်းငယ်သာလိမ်းရန် တိုက်တွန်းပါက အနည်းနှင့်အများ စိတ်ဆိုးတတ်ကြစမြဲပါ။ အမှန်တကယ်မှာတော့ မိတ်ကပ်များကိုအလွန်အကျွံလိမ်းချယ်ခြင်းဟာ အခြားလူများကို သင့်အနေဖြင့် မိတ်ကပ်ကိုအလွန်အကျွံလိမ်းချယ်တတ်တဲ့မိန်းကလေးတစ်ယောက်အဖြစ် သိစေရုံအပြင် ဘာကောင်းကျိုးမှ မဖြစ်ထွန်းစေပါဘူး။ ယနေ့ခေတ် မိန်းကလေးအများစုဟာ သူမတို့ရဲ့ မိတ်ကပ်၊ ပေါင်ဒါ နှင့် eye liner တို့ရဲ့အောက်က အလှအပတွေကို မေ့လျော့နေကြပါတယ်။
Credit:News Watch

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top