ေခါင္းကို တစ္ပတ္မွာ ဘယ္ႏွစ္ႀကိမ္ေလွ်ာ္ရမယ္ဆုိတာကို အလွအပေရးရာ ပညာ႐ွင္ေတြက အမ်ိဳးမ်ိဳး အၾကံေပးၾကပါတယ္။ ေခါင္းမေလွ်ာ္ဘဲနဲ႔ ဦးေရျပားအဆီေတြကိုပဲ စုပ္ယူလိုက္တာမ်ိဳးဟာ ဆံပင္ပ်က္စီးမႈကို ေလ်ာ့ပါးေစမယ္လို႔လည္း ေျပာၾကပါေသးတယ္။ ေခါင္းကေတာ့ မျဖစ္မေန ေလွ်ာ္ေပးဖုိ႔ လိုတယ္မဟုတ္လား။ ကိုယ့္ရဲ႕ဆံပင္အေနအထား ေနထုိင္ရာ ပတ္ဝန္းက်င္ရဲ႕ ဆံပင္အေပၚ သက္ေရာက္မႈ (ဖုန္၊ အညစ္အေၾကး) ေတြေပၚ မူတည္ၿပီး ေခါင္းကို သန္႔႐ွင္းေအာင္ ေလွ်ာ္ေပးေနရပါမယ္။ တကယ္လို႔ ေခါင္းေလွ်ာ္သင့္ပါလ်က္နဲ႔ မေလွ်ာ္ဘူးဆုိရင္ေတာ့ ဒါေတြ ျဖစ္လာမွာပါ။
၁။ ဖုန္၊ အဆီနဲ႔ အညစ္အေၾကးေတြက ဦးေရျပားမွာ အလႊာႀကီးတစ္ခုလို ကပ္တင္ေနပါလိမ့္မယ္။ ဆံပင္အရင္းက ေမြးညႇင္းေပါက္ေလးေတြကို ပိတ္ဆို႔မႈ ျဖစ္ေစၿပီး ဆံပင္ေတြလည္း မေကာင္းေတာ့ဘူး။
၂။ ဦးေရျပားကထြက္တဲ့ အဆီေတြက ေခါင္းမွာကပ္ေနခ်ိန္ ေခါင္းကိုမေလွ်ာ္ဘဲထားတဲ့အခါ ဖုန္ေတြပိုမိုကပ္ၿငိလာပါတယ္။ ေဗာက္ထတယ္လို႔ ထင္မိေကာင္း ထင္မိလိမ့္မယ္။ တကယ္ေတာ့ ဆီနဲ႔ကပ္ေနတဲ့ ဖုန္ေတြသာ ျဖစ္ပါတယ္။
၃။ အဆိုးဆံုးကေတာ့ အနံ႔ဆုိးေတြထြက္ေနတာပဲ။ ပံုမွန္ မေလွ်ာ္တဲ့ ေခါင္းကေန အနံ႔ဆိုးေတြထြက္ေနတဲ့အခါ လူၾကားထဲ သြားလာလို႔ အဆင္မေျပပါဘူး။
၄။ ပထမဆံုးအခ်က္မွာ ေျပာထားသလို ဆံပင္ေမြးညႇင္းေပါက္ေလးေတြမွာ ပိတ္ဆုိ႔မႈေတြ ျဖစ္လာၿပီး ဆံပင္ေတြကၽြတ္လာပါတယ္။ ဒါေၾကာင့္မို႔လို႔ ေမြးညႇင္းေပါက္ေလးေတြ မပိတ္ဆုိ႔ရေအာင္နဲ႔ ဦးေရျပားေသြးလည္ပတ္မႈ အားေကာင္းေအာင္ ေခါင္းမေလွ်ာ္မီ ဦးေရျပားကို ႏွိပ္နယ္ရတာေပါ့။
၅။ ဆံပင္တစ္ေခ်ာင္းခ်င္းစီကို သတိထားၾကည့္ပါ။ အရင္ကလို မဟုတ္ေတာ့ဘဲ ပါးလ်ေသးသိမ္သြားတာ ေတြ႔ရပါလိမ့္မယ္။ အေၾကာင္းကေတာ့ ဆံပင္အျမစ္ေတြမွာ ကပ္ေနတဲ့ အဆီေတြေၾကာင့္ပါပဲ။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ခေါင်းကို တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လျှော်ရမယ်ဆိုတာကို အလှအပရေးရာ ပညာရှင်တွေက အမျိုးမျိုး အကြံပေးကြပါတယ်။ ခေါင်းမလျှော်ဘဲနဲ့ ဦးရေပြားအဆီတွေကိုပဲ စုပ်ယူလိုက်တာမျိုးဟာ ဆံပင်ပျက်စီးမှုကို လျော့ပါးစေမယ်လို့လည်း ပြောကြပါသေးတယ်။ ခေါင်းကတော့ မဖြစ်မနေ လျှော်ပေးဖို့ လိုတယ်မဟုတ်လား။ ကိုယ့်ရဲ့ဆံပင်အနေအထား နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ ဆံပင်အပေါ် သက်ရောက်မှု (ဖုန်၊ အညစ်အကြေး) တွေပေါ် မူတည်ပြီး ခေါင်းကို သန့်ရှင်းအောင် လျှော်ပေးနေရပါမယ်။ တကယ်လို့ ခေါင်းလျှော်သင့်ပါလျက်နဲ့ မလျှော်ဘူးဆိုရင်တော့ ဒါတွေ ဖြစ်လာမှာပါ။
၁။ ဖုန်၊ အဆီနဲ့ အညစ်အကြေးတွေက ဦးရေပြားမှာ အလွှာကြီးတစ်ခုလို ကပ်တင်နေပါလိမ့်မယ်။ ဆံပင်အရင်းက မွေးညှင်းပေါက်လေးတွေကို ပိတ်ဆို့မှု ဖြစ်စေပြီး ဆံပင်တွေလည်း မကောင်းတော့ဘူး။
၂။ ဦးရေပြားကထွက်တဲ့ အဆီတွေက ခေါင်းမှာကပ်နေချိန် ခေါင်းကိုမလျှော်ဘဲထားတဲ့အခါ ဖုန်တွေပိုမိုကပ်ငြိလာပါတယ်။ ဗောက်ထတယ်လို့ ထင်မိကောင်း ထင်မိလိမ့်မယ်။ တကယ်တော့ ဆီနဲ့ကပ်နေတဲ့ ဖုန်တွေသာ ဖြစ်ပါတယ်။
၃။ အဆိုးဆုံးကတော့ အနံ့ဆိုးတွေထွက်နေတာပဲ။ ပုံမှန် မလျှော်တဲ့ ခေါင်းကနေ အနံ့ဆိုးတွေထွက်နေတဲ့အခါ လူကြားထဲ သွားလာလို့ အဆင်မပြေပါဘူး။
၄။ ပထမဆုံးအချက်မှာ ပြောထားသလို ဆံပင်မွေးညှင်းပေါက်လေးတွေမှာ ပိတ်ဆို့မှုတွေ ဖြစ်လာပြီး ဆံပင်တွေကျွတ်လာပါတယ်။ ဒါကြောင့်မို့လို့ မွေးညှင်းပေါက်လေးတွေ မပိတ်ဆို့ရအောင်နဲ့ ဦးရေပြားသွေးလည်ပတ်မှု အားကောင်းအောင် ခေါင်းမလျှော်မီ ဦးရေပြားကို နှိပ်နယ်ရတာပေါ့။
၅။ ဆံပင်တစ်ချောင်းချင်းစီကို သတိထားကြည့်ပါ။ အရင်ကလို မဟုတ်တော့ဘဲ ပါးလျသေးသိမ်သွားတာ တွေ့ရပါလိမ့်မယ်။ အကြောင်းကတော့ ဆံပင်အမြစ်တွေမှာ ကပ်နေတဲ့ အဆီတွေကြောင့်ပါပဲ။
Credit:duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ပံုမွန္အတုိင္း ေခါင္းမေလွ်ာ္ဘူးဆိုရင္ ဒါေတြျဖစ္လာမယ္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။