iMyanmarHouse.com - Best Property Website for Myanmar
×

သင္ေန႔တုိင္းအသံုးျပဳေနတဲ့ သြားတိုက္တံဟာ သြားတိုက္ရံုတင္မဟုတ္ဘဲ အလွအပေရးရာေတြမွာလည္း ေကာင္းေကာင္းအသံုးျပဳႏိုင္တယ္လို႔ ေျပာရင္ နည္းနည္းမ်ား အံ့ၾသသြားမလား။ တကယ္လုိ႔ သြားတိုက္တံသံုးၿပီး အလွအပအတြက္ လိုတဲ့ေနရာေတြမွာ သံုးမယ္ဆုိရင္ေတာ့ ကိုယ္ေန႔တုိင္းတိုက္ေနတဲ့ သြားတုိက္တံအစား ေနာက္ထပ္တစ္ေခ်ာင္းေတာ့ ရွိသင့္ၿပီေပါ့။

၁။မ်က္ခံုးေမႊးေပၚက ကပ္ၿငိေနတဲ့ အမႈန္အမႊားေတြကို ဖယ္ပစ္ႏိုင္ပါတယ္။

ဒီနည္းကေတာ့ သိၿပီးသားျဖစ္ရင္ ျဖစ္ပါလိမ့္မယ္။ သနပ္ခါးလိမ္းတတ္တဲ့ ပ်ိဳေမေတြအတြက္ေတာ့ အံကိုက္ေပါ့။ မ်က္ခံုးေမႊးေပၚ ကပ္ျငိေနတဲ့ သနပ္ခါးေတြ၊ ဒါမွမဟုတ္ အမႈန္အမႊားေတြကို သြားတိုက္တံ ဘရက္ရွ္ေလးနဲ႔ ပြတ္တုိက္ၿပီး ဖယ္ပစ္ႏိုင္တယ္ေလ။ ပိုၿပီးသပ္ရပ္တဲ့ မ်က္ခံုးေမႊးလိုခ်င္တယ္ဆိုရင္ေတာ့ hairspary ကို သြားတုိက္တံဘရက္ရွ္ေပၚ ဖ်န္းလိုက္ၿပီး အဲ့ဒီဘရက္ရွ္နဲ႔ မ်က္ခံုးေမႊး ဆြဲၾကည့္လိုက္ပါ။ လွပေသသပ္တဲ့ မ်က္ခံုးေမႊးရၿပီေပါ့။

၂။ႏႈတ္ခမ္းသားေတြ နူးညံ႔ေစဖုိ႔အတြက္လည္း သူ႕ကို သံုးနိုင္ပါတယ္။

ႏႈတ္ခမ္းသားေတြ ေခ်ာေမြ႕ေစဖုိ႔ ေခ်ာဆီတစ္မ်ိဳးမ်ိဳးကို ဘရက္ရွ္ေလးေပၚ တင္ၿပီး ႏႈတ္ခမ္းေတြေပၚ ဖြဖြေလး ပြတ္တုိက္ပါ။ ဒါဆို ႏူးညံ႔တဲ့ ႏႈတ္ခမ္းသားေတြ ပိုင္ဆိုင္ႏိုင္ၿပီေပါ့။

၃။အညစ္အေၾကးေတြကိုလည္း ဖယ္ရွားပစ္ႏိုင္ပါေသးတယ္။

အလွအပအတြက္ သံုးတဲ့ ဘီး၊ ေခါင္းၿဖီး ဘရက္ရွ္အႀကီး နဲ႔ ဒရိုင္ယာေတြကို သန္႔ရွင္းေရးလုုပ္မယ္ဆုိရင္လည္း သြားတိုက္တံကို သံုးလို႔ရတယ္ေနာ္။

၄။mascara ဆိုးၿပီးတဲ့ေနာက္ မ်က္ေတာင္ေမႊးအလွအတြက္လည္း သူက အေရးပါေနျပန္ပါတယ္။

မ်က္ေတာင္ေမႊးမွာ mascara ဆိုးၿပီးသြားတဲ့အခါ မ်က္ေတာင္ေမႊးေတြက တစ္ခုနဲ႔တစ္ခု ကပ္ၿပီး ၾကည့္လို႔မေကာင္းဘူးျဖစ္ေနတယ္ဆိုရင္ သြားတိုက္တံဘရက္ရွ္ေလးကိုယူၿပီး မ်က္ေတာင္ေမႊးေတြကို ျဖီးေပးလိုက္တာနဲ႔ ၾကည့္ေကာင္းသြားမွာပါ။

၅။လက္သည္းသန္႔ရွင္းေရး လုုပ္တဲ့အခါလည္း သူ႕ကို သံုးႏိုင္ပါတယ္။

လက္သည္းၾကားမွာ ေခ်းေတြရွင္းေအာင္၊ လက္သည္းေတြ သန္႔ရွင္းေနေအာင္ ဘရက္ရွ္နဲ႔ သန္႔ရွင္းေရးလုပ္ႏိုင္တယ္ေနာ္။

၆။Nail Art အတြက္လည္း သြားတိုက္တံေလးရဲ႕ အကူအညီကို ယူႏိုင္ပါတယ္။

လက္သည္းခြံေပၚမွာ Nail Art လုပ္ရတာ ၀ါသနာပါတယ္ဆုိရင္ေတာ့ လွပတဲ့ ဒီဇုိင္း pattern ေလးေတြ ရရွိႏိုင္ဖုိ႔ သြားတိုက္တံဘရက္ရွ္ေလးကို သံုးႏိုင္ပါတယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version


သင်နေ့တိုင်းအသုံးပြုနေတဲ့ သွားတိုက်တံဟာ သွားတိုက်ရုံတင်မဟုတ်ဘဲ အလှအပရေးရာတွေမှာလည်း ကောင်းကောင်းအသုံးပြုနိုင်တယ်လို့ ပြောရင် နည်းနည်းများ အံ့သြသွားမလား။ တကယ်လို့ သွားတိုက်တံသုံးပြီး အလှအပအတွက် လိုတဲ့နေရာတွေမှာ သုံးမယ်ဆိုရင်တော့ ကိုယ်နေ့တိုင်းတိုက်နေတဲ့ သွားတိုက်တံအစား နောက်ထပ်တစ်ချောင်းတော့ ရှိသင့်ပြီပေါ့။

၁။မျက်ခုံးမွှေးပေါ်က ကပ်ငြိနေတဲ့ အမှုန်အမွှားတွေကို ဖယ်ပစ်နိုင်ပါတယ်။

ဒီနည်းကတော့ သိပြီးသားဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ သနပ်ခါးလိမ်းတတ်တဲ့ ပျိုမေတွေအတွက်တော့ အံကိုက်ပေါ့။ မျက်ခုံးမွှေးပေါ် ကပ်ငြိနေတဲ့ သနပ်ခါးတွေ၊ ဒါမှမဟုတ် အမှုန်အမွှားတွေကို သွားတိုက်တံ ဘရက်ရှ်လေးနဲ့ ပွတ်တိုက်ပြီး ဖယ်ပစ်နိုင်တယ်လေ။ ပိုပြီးသပ်ရပ်တဲ့ မျက်ခုံးမွှေးလိုချင်တယ်ဆိုရင်တော့ hairspary ကို သွားတိုက်တံဘရက်ရှ်ပေါ် ဖျန်းလိုက်ပြီး အဲ့ဒီဘရက်ရှ်နဲ့ မျက်ခုံးမွှေး ဆွဲကြည့်လိုက်ပါ။ လှပသေသပ်တဲ့ မျက်ခုံးမွှေးရပြီပေါ့။

၂။နှုတ်ခမ်းသားတွေ နူးညံ့စေဖို့အတွက်လည်း သူ့ကို သုံးနိုင်ပါတယ်။

နှုတ်ခမ်းသားတွေ ချောမွေ့စေဖို့ ချောဆီတစ်မျိုးမျိုးကို ဘရက်ရှ်လေးပေါ် တင်ပြီး နှုတ်ခမ်းတွေပေါ် ဖွဖွလေး ပွတ်တိုက်ပါ။ ဒါဆို နူးညံ့တဲ့ နှုတ်ခမ်းသားတွေ ပိုင်ဆိုင်နိုင်ပြီပေါ့။

၃။အညစ်အကြေးတွေကိုလည်း ဖယ်ရှားပစ်နိုင်ပါသေးတယ်။

အလှအပအတွက် သုံးတဲ့ ဘီး၊ ခေါင်းဖြီး ဘရက်ရှ်အကြီး နဲ့ ဒရိုင်ယာတွေကို သန့်ရှင်းရေးလုုပ်မယ်ဆိုရင်လည်း သွားတိုက်တံကို သုံးလို့ရတယ်နော်။

၄။mascara ဆိုးပြီးတဲ့နောက် မျက်တောင်မွှေးအလှအတွက်လည်း သူက အရေးပါနေပြန်ပါတယ်။

မျက်တောင်မွှေးမှာ mascara ဆိုးပြီးသွားတဲ့အခါ မျက်တောင်မွှေးတွေက တစ်ခုနဲ့တစ်ခု ကပ်ပြီး ကြည့်လို့မကောင်းဘူးဖြစ်နေတယ်ဆိုရင် သွားတိုက်တံဘရက်ရှ်လေးကိုယူပြီး မျက်တောင်မွှေးတွေကို ဖြီးပေးလိုက်တာနဲ့ ကြည့်ကောင်းသွားမှာပါ။

၅။လက်သည်းသန့်ရှင်းရေး လုုပ်တဲ့အခါလည်း သူ့ကို သုံးနိုင်ပါတယ်။

လက်သည်းကြားမှာ ချေးတွေရှင်းအောင်၊ လက်သည်းတွေ သန့်ရှင်းနေအောင် ဘရက်ရှ်နဲ့ သန့်ရှင်းရေးလုပ်နိုင်တယ်နော်။

၆။Nail Art အတွက်လည်း သွားတိုက်တံလေးရဲ့ အကူအညီကို ယူနိုင်ပါတယ်။

လက်သည်းခွံပေါ်မှာ Nail Art လုပ်ရတာ ဝါသနာပါတယ်ဆိုရင်တော့ လှပတဲ့ ဒီဇိုင်း pattern လေးတွေ ရရှိနိုင်ဖို့ သွားတိုက်တံဘရက်ရှ်လေးကို သုံးနိုင်ပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top