iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းတစ္ျခမ္းကိုက္ေဝဒနာခံစားရသူတုိင္းအတြင္ေတယျ မိမိတို႔ေရာဂါေဝဒနာထိန္းခ်ဳပ္နည္းတစ္ခု သိပၸံပညာရွင္ေတြ ေလ့လာေတြ႔ရိွခဲ့ေၾကာင္း ၾကားသိရတာ စိတ္သက္သာရာရၾကပါလိမ့္မယ္။ ေခါင္းတစ္ျခမ္းကုိက္ေဝဒနာဟာ ကိုယ္အေလးခ်ိန္နဲ႔ ဆက္စပ္တယ္လို႔ ဆုိပါတယ္။

က်န္းမာေရးနဲ႔ညီညြတ္တဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းျခင္းက migraine ေရာဂါၾကိဳတင္ကာကြယ္မႈ လ်ဳိ႕ဝွက္ခ်က္ျဖစ္ႏုိင္တယ္လုိ႔ ေလ့လာမႈအသစ္တစ္ခုုက ေဖာ္ျပခဲ့ပါတယ္။ John Hopkins ေဆးတကၠသုိလ္က သုေတသီေတြဟာ ေဝဒနာခံစားရသူေပါင္း ၃၀၀,၀၀၀ နီးပါးအေပၚ ေလ့လာမႈ ၁၂ ခုကုိ စစ္ေဆးျပီးေနာက္ ကုိယ္အေလးခ်ိန္လြန္ကဲမႈက migraine အႏၱရာယ္တုိးျမင့္ေစႏုိင္ေၾကာင္း ရွာေဖြေတြ႔ရိွခဲ့ပါတယ္။

ေလ့လာမႈေတြအရ အမ်ဳိးသမီးေတြ migraine ျဖစ္ႏုိင္ေျခ ၃ဆ ပိုမ်ားၾကတယ္လုိ႔ ဆိုပါတယ္။ ဒါဟာ အမ်ဳိးသားမ်ားထက္ ဗုိက္သားတစ္ဝုိက္ အဆီစုႏုိင္ေျခပိုမ်ားျပီး ျပင္းထန္တဲ့ေခါင္းကိုက္ေဝဒနာေတြ ျဖစ္ပြားေစကာ ေမာ္လီက်ဴးထုတ္လုပ္မႈ ျဖစ္ေပၚေစႏုိုင္လုိ႔ ျဖစ္ႏုိင္ပါတယ္။

ကုိယ္အေလးခ်ိန္လြန္ကဲသူေတြသာ မဟုတ္ပါဘူး။ ပုံမွန္ေအာက္ ကုိယ္အေလးခ်ိန္ရိွသူအမ်ဳိးသမီးေတြ migraine ေရာဂါေဝဒနာ ၁၃% ပိုမိုခံစားႏုိင္ေျခရိွၾကပါတယ္။

အဝလြန္ျခင္းနဲ႔ ပုံမွန္ထက္ ကိုယ္အေလးခ်ိန္ေလွ်ာ့နည္းျခင္းတုိ႔က migraine အႏၱရာယ္ျဖစ္ႏုိင္ေျခအခ်က္ေတြမို႔ migraine ရိွသူေတြ ဒီအခ်က္ေတြ အထူးသတိထားဖုိ႔ အလြန္အေရးၾကီးပါတယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
 ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရသူတိုင်းအတွင်တေယြ မိမိတို့ရောဂါဝေဒနာထိန်းချုပ်နည်းတစ်ခု သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ကြောင်း ကြားသိရတာ စိတ်သက်သာရာရကြပါလိမ့်မယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဟာ ကိုယ်အလေးချိန်နဲ့ ဆက်စပ်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းက migraine ရောဂါကြိုတင်ကာကွယ်မှု လျို့ဝှက်ချက်ဖြစ်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုုက ဖော်ပြခဲ့ပါတယ်။ John Hopkins ဆေးတက္ကသိုလ်က သုတေသီတွေဟာ ဝေဒနာခံစားရသူပေါင်း ၃၀၀,၀၀၀ နီးပါးအပေါ် လေ့လာမှု ၁၂ ခုကို စစ်ဆေးပြီးနောက် ကိုယ်အလေးချိန်လွန်ကဲမှုက migraine အန္တရာယ်တိုးမြင့်စေနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လေ့လာမှုတွေအရ အမျိုးသမီးတွေ migraine ဖြစ်နိုင်ခြေ ၃ဆ ပိုများကြတယ်လို့ ဆိုပါတယ်။ ဒါဟာ အမျိုးသားများထက် ဗိုက်သားတစ်ဝိုက် အဆီစုနိုင်ခြေပိုများပြီး ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာတွေ ဖြစ်ပွားစေကာ မော်လီကျူးထုတ်လုပ်မှု ဖြစ်ပေါ်စေနိုင်လို့ ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်လွန်ကဲသူတွေသာ မဟုတ်ပါဘူး။ ပုံမှန်အောက် ကိုယ်အလေးချိန်ရှိသူအမျိုးသမီးတွေ migraine ရောဂါဝေဒနာ ၁၃% ပိုမိုခံစားနိုင်ခြေရှိကြပါတယ်။

အဝလွန်ခြင်းနဲ့ ပုံမှန်ထက် ကိုယ်အလေးချိန်လျှော့နည်းခြင်းတို့က migraine အန္တရာယ်ဖြစ်နိုင်ခြေအချက်တွေမို့ migraine ရှိသူတွေ ဒီအချက်တွေ အထူးသတိထားဖို့ အလွန်အရေးကြီးပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top