iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိ ဳးသမီးေတြဟာ ဓမၼတာရက္အတြင္းမွာ စိတ္အလိုမက်ျဖစ္တာမ်ိ ဳးေတြ၊ အေၾကာင္းမရွိ ၀မ္းနည္းတတ္တာမ်ိဳးေတြ၊ အလုပ္မွာ အဆင္မေျပတာမ်ိဳးေတြ ရွိတတ္ၾကပါတယ္။ တစ္လမွာတစ္ခါ စိတ္ခ်ဳပ္တည္းမႈေတြ၊ နာက်င္ကိုက္ခဲမႈေတြ ႀကံဳေတြ႕ရၿမဲျဖစ္တဲ့ အမ်ိဳးသမီးေတြရဲ႕ ရာသီလာခ်ိန္ခံစားရဲ႕ဖီလင္နဲ႔ အေတြးေတြကေတာ့ တူညီေနတတ္ပါတယ္။ ဒါ့ေၾကာင့္ သူတုိ႔ဒီလိုခံစားမႈေတြ ရွိေနခ်ိန္ ေဘးနားက လူေတြရဲ႕ နားလည္မႈနဲ႔အားေပးမႈကို လိုအပ္ၾကပါတယ္။ ဒီလုိအခ်ိန္ေတြမွာ သူတုိ႔ေတြးေလ့၊ ခံစားရေလ့ရွိတဲ့ အရာေတြကေတာ့

၁။ ၾကည့္ ဒီလိုေန႔မ်ိဳးမွ ရာသီလာရသလား။ ခရီးသြားမယ့္ရက္နဲ႔ေတာ့ တိုက္ပါၿပီ။

ခရီးတစ္ခုခုသြားေတာ့မယ္ဆုိ အဲ့ဒီရက္က ရာသီလာမယ့္အခ်ိန္နဲ႔မွ လြတ္ရဲ႕လား။ ကြက္တိျဖစ္ေနၿပီလား ဆိုတာလည္း စဥ္းစားရတာအေမာပါ။ ရက္တိုက္ၿပီဆိုရင္ေတာ့ အမ်ိ ဳးသမီးေတြအတြက္ စိတ္ပ်က္ရၿပီေပါ့။

၂။ရာသီလာရမယ့္ေန႔ျဖစ္ေနၿပီ။ ရက္ေတြေနာက္က်သြားတာလား ဒါမွမဟုတ္ ကိုယ္၀န္ေတြ ဘာေတြမ်ားရွိေနၿပီလား။

ရည္းစားခ်စ္သူရွိတဲ့သူ၊ ကိုယ့္ရည္းစားနဲ႔အတူေနၿပီးသြားတဲ့ မိန္းကေလးေတြရဲ႕ ဆိုက္ကို ပါပဲ။ လာမယ့္ရက္ထက္ ေနာက္က်ေနၿပီဆို ေခါင္းေျခာက္စရာကိစၥေတြ ျဖစ္လာၿပီေပါ့။

၃။ဗိုက္ေတြ တစ္ခ်ိန္လံုးေအာင့္ၿပီး ေနလို႔မေကာင္းဘူး။ ဘယ္လုိလုပ္ရပါ့မလဲ။

သူငယ္ခ်င္းေတြနဲ႔ ပါတီလား၊ ႏိုး မသြားႏိုင္ပါဘူး။ ေမြးေန႔ပြဲလား။ ျဖစ္ႏိုင္ရင္ မလာပါရေစနဲ႔။ ဗိုက္ေတြက တစ္ခ်က္ခ်က္ထိုးေအာင့္လာတာ မခံစားႏိုင္ဘူး ဆိုတာမ်ိဳးကလည္း အမ်ိဳးသမီးေတြ ဓမၼတာအတြင္း ခံစားရတဲ့ ေ၀ဒနာေပါ့။

၄။စားရတာလည္း ဘာမွအရသာမရွိေတာ့သလိုပါပဲလား။

တစ္ခုခုစားမိတုိင္းလည္း အရသာမရွိသလိုလို၊ စားခ်င္စိတ္မရွိသလိုလိုနဲ႔ စိတ္ကအလိုလို ထုိင္းမႈိင္းေနတတ္ပါတယ္။

၅။ဘာ၀တ္၀တ္ တစ္ခုမွ အဆင္မေျပဘူး။ ၀တ္စရာလည္း မရွိေတာ့ဘူး။

အျပင္သြားခါနီး ဘာအက်ႍ၀တ္ရမွန္း မသိတာမ်ိဳး၊ ၀တ္တုိင္းလည္း အဆင္ေျပတယ္လုိ႕ မခံစားမိတာမ်ိဳးေတြေၾကာင့္ စိတ္ရႈပ္ရတာမ်ိဳးေတြ ျဖစ္တတ္ျပန္ေရာ။

၆။ၾကည့္လုိက္တုိင္းဇာတ္ကားေတြကလည္း စိတ္မေကာင္းစရာခ်ည္းပဲ။ ငိုပဲငိုေနရေတာ့တာပဲ။

ဓမၼတာရက္အတြင္း မိန္းကေလးေတြဟာ စိတ္အားငယ္တာ၊ ၀မ္းနည္းေနတတ္တာမ်ိဳးေတြ ျဖစ္ေနတတ္တာမို႔ အရင္တုန္းက အားငယ္စရာလုိ႔ မခံစားမိတဲ့အရာေတြကိုေတာင္ ၀မ္းနည္းစရာလို႔ ျမင္ေနတတ္ပါတယ္။

၇။GYM ဘယ္လို႔သြားေဆာ့ရေတာ့မွာလဲ။

ဒီလိုအခ်ိန္မွာ ဘယ္သူက ေလ့က်င့္ခန္းလုပ္ခ်င္မွာလဲေနာ္။

၈။ရာသီလာတာရပ္သြားၿပီလို႔ ထင္တာ ဟာ မၿပီးေသးဘူး။ ေသခ်င္တယ္။

ကိုယ္က ရာသီၿပီးသြားၿပီအမွတ္နဲ႔ ေအးေဆးေနလုိက္ကာမွ မၿပီးေသးမွန္းသိသြားရလုိ႔ စိတ္ပ်က္သြားရတာမ်ိဳးကလည္း အာရံုေနာက္စရာတစ္မ်ိဳးပါပဲ။

၉။ခုေတာ့ လြတ္လပ္သြားၿပီ။ ေပ်ာ္စရာႀကီး။

ဓမၼတာၿပီးသြားတဲ့အခ်ိန္ ခံစားရတဲ့ လြတ္လပ္ေပ်ာ္ရႊင္မႈဟာ အမ်ိဳးသမီးေတြအတြက္ေတာ့ တကယ့္ကို အဖိုးမျဖတ္ႏိုင္တဲ့အရာပါပဲ။

၁၀။ဟာ ရက္ကနီးလာၿပီ။ ေဆာင္စရာရွိတာေတြ ဘယ္သြားသြားယူသြားမွျဖစ္မယ္။

စိုးရိမ္ပူပန္စရာေတြထဲမွာ ရာသီလာခါနီး ဘယ္သြားသြား စိတ္မေျဖာင့္တာမ်ိဳးကလည္း တစ္ခုအပါအ၀င္ေပါ့။ ဘယ္သြားသြား အမ်ိဳးသမီးသံုးပစၥည္းေတြ ထည့္သယ္သယ္သြားေနရတာကိုက အာရံုေနာက္စရာေပါ့။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိ ုးသမီးတွေဟာ ဓမ္မတာရက်အတွင်းမှာ စိတ်အလိုမကျဖြစ်တာမျိ ုးတွေ၊ အကြောင်းမရှိ ဝမ်းနည်းတတ်တာမျိုးတွေ၊ အလုပ်မှာ အဆင်မပြေတာမျိုးတွေ ရှိတတ်ကြပါတယ်။ တစ်လမှာတစ်ခါ စိတ်ချုပ်တည်းမှုတွေ၊ နာကျင်ကိုက်ခဲမှုတွေ ကြုံတွေ့ရမြဲဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ရာသီလာချိန်ခံစားရဲ့ဖီလင်နဲ့ အတွေးတွေကတော့ တူညီနေတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ဒီလိုခံစားမှုတွေ ရှိနေချိန် ဘေးနားက လူတွေရဲ့ နားလည်မှုနဲ့အားပေးမှုကို လိုအပ်ကြပါတယ်။ ဒီလိုအချိန်တွေမှာ သူတို့တွေးလေ့၊ ခံစားရလေ့ရှိတဲ့ အရာတွေကတော့

၁။ ကြည့် ဒီလိုနေ့မျိုးမှ ရာသီလာရသလား။ ခရီးသွားမယ့်ရက်နဲ့တော့ တိုက်ပါပြီ။

ခရီးတစ်ခုခုသွားတော့မယ်ဆို အဲ့ဒီရက်က ရာသီလာမယ့်အချိန်နဲ့မှ လွတ်ရဲ့လား။ ကွက်တိဖြစ်နေပြီလား ဆိုတာလည်း စဉ်းစားရတာအမောပါ။ ရက်တိုက်ပြီဆိုရင်တော့ အမျိ ုးသမီးတွေအတွက် စိတ်ပျက်ရပြီပေါ့။

၂။ရာသီလာရမယ့်နေ့ဖြစ်နေပြီ။ ရက်တွေနောက်ကျသွားတာလား ဒါမှမဟုတ် ကိုယ်ဝန်တွေ ဘာတွေများရှိနေပြီလား။

ရည်းစားချစ်သူရှိတဲ့သူ၊ ကိုယ့်ရည်းစားနဲ့အတူနေပြီးသွားတဲ့ မိန်းကလေးတွေရဲ့ ဆိုက်ကို ပါပဲ။ လာမယ့်ရက်ထက် နောက်ကျနေပြီဆို ခေါင်းခြောက်စရာကိစ္စတွေ ဖြစ်လာပြီပေါ့။

၃။ဗိုက်တွေ တစ်ချိန်လုံးအောင့်ပြီး နေလို့မကောင်းဘူး။ ဘယ်လိုလုပ်ရပါ့မလဲ။

သူငယ်ချင်းတွေနဲ့ ပါတီလား၊ နိုး မသွားနိုင်ပါဘူး။ မွေးနေ့ပွဲလား။ ဖြစ်နိုင်ရင် မလာပါရစေနဲ့။ ဗိုက်တွေက တစ်ချက်ချက်ထိုးအောင့်လာတာ မခံစားနိုင်ဘူး ဆိုတာမျိုးကလည်း အမျိုးသမီးတွေ ဓမ္မတာအတွင်း ခံစားရတဲ့ ဝေဒနာပေါ့။

၄။စားရတာလည်း ဘာမှအရသာမရှိတော့သလိုပါပဲလား။

တစ်ခုခုစားမိတိုင်းလည်း အရသာမရှိသလိုလို၊ စားချင်စိတ်မရှိသလိုလိုနဲ့ စိတ်ကအလိုလို ထိုင်းမှိုင်းနေတတ်ပါတယ်။

၅။ဘာဝတ်ဝတ် တစ်ခုမှ အဆင်မပြေဘူး။ ဝတ်စရာလည်း မရှိတော့ဘူး။

အပြင်သွားခါနီး ဘာအကျႍဝတ်ရမှန်း မသိတာမျိုး၊ ဝတ်တိုင်းလည်း အဆင်ပြေတယ်လို့ မခံစားမိတာမျိုးတွေကြောင့် စိတ်ရှုပ်ရတာမျိုးတွေ ဖြစ်တတ်ပြန်ရော။

၆။ကြည့်လိုက်တိုင်းဇာတ်ကားတွေကလည်း စိတ်မကောင်းစရာချည်းပဲ။ ငိုပဲငိုနေရတော့တာပဲ။

ဓမ္မတာရက်အတွင်း မိန်းကလေးတွေဟာ စိတ်အားငယ်တာ၊ ဝမ်းနည်းနေတတ်တာမျိုးတွေ ဖြစ်နေတတ်တာမို့ အရင်တုန်းက အားငယ်စရာလို့ မခံစားမိတဲ့အရာတွေကိုတောင် ဝမ်းနည်းစရာလို့ မြင်နေတတ်ပါတယ်။

၇။GYM ဘယ်လို့သွားဆော့ရတော့မှာလဲ။

ဒီလိုအချိန်မှာ ဘယ်သူက လေ့ကျင့်ခန်းလုပ်ချင်မှာလဲနော်။

၈။ရာသီလာတာရပ်သွားပြီလို့ ထင်တာ ဟာ မပြီးသေးဘူး။ သေချင်တယ်။

ကိုယ်က ရာသီပြီးသွားပြီအမှတ်နဲ့ အေးဆေးနေလိုက်ကာမှ မပြီးသေးမှန်းသိသွားရလို့ စိတ်ပျက်သွားရတာမျိုးကလည်း အာရုံနောက်စရာတစ်မျိုးပါပဲ။

၉။ခုတော့ လွတ်လပ်သွားပြီ။ ပျော်စရာကြီး။

ဓမ္မတာပြီးသွားတဲ့အချိန် ခံစားရတဲ့ လွတ်လပ်ပျော်ရွှင်မှုဟာ အမျိုးသမီးတွေအတွက်တော့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့အရာပါပဲ။

၁၀။ဟာ ရက်ကနီးလာပြီ။ ဆောင်စရာရှိတာတွေ ဘယ်သွားသွားယူသွားမှဖြစ်မယ်။

စိုးရိမ်ပူပန်စရာတွေထဲမှာ ရာသီလာခါနီး ဘယ်သွားသွား စိတ်မဖြောင့်တာမျိုးကလည်း တစ်ခုအပါအဝင်ပေါ့။ ဘယ်သွားသွား အမျိုးသမီးသုံးပစ္စည်းတွေ ထည့်သယ်သယ်သွားနေရတာကိုက အာရုံနောက်စရာပေါ့။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top