iMyanmarHouse.com - Best Property Website for Myanmar
×

ေဘးေစာင္းအိပ္သူမ်ား အာရံုေၾကာဆိုင္ရာ ေရာဂါ ျဖစ္ႏုိင္ေျခ နည္းပါးသည္ဟု ေလ႔လာမႈ စစ္တမ္းတစ္ရပ္က ဆိုလိုက္သည္။

ေဘးေစာင္း အိပ္သည့္အခါ ဦးေႏွာက္တြင္း စြန္႔ပစ္ ဓာတုပစၥည္းမ်ား သြန္ထုတ္သည့္ ဂလင္ပတ္တစ္ လမ္းေၾကာင္း ပိုက်ယ္က်ယ္ ပြင္႔သျဖင္႔ ဦးေႏွာက္သည္ အညစ္အေၾကး ပိုကင္းေ၀းကာ အယ္လ္ဇိုင္းမားကဲ႔သို႔ အာ႐ံုေၾကာဆိုင္ရာ ေရာဂါမ်ား ျဖစ္ပြားႏိုင္ေျခ နည္းသြားေၾကာင္း အေမရိကန္ႏုိင္ငံရွိ စတိုနီဘရြတ္ခ္ တကၠသိုလ္ သုေတသနက ဆိုသည္။

ပက္လက္အိပ္ျခင္း၊ ေမွာက္လ်က္ အိပ္ျခင္းထက္ ေဘးေစာင္း အိပ္ျခင္းသည္ ဦးေႏွာက္ အညစ္အေၾကးမ်ားကို ပိုသန္႔စင္ေပးႏုိင္ေၾကာင္း ႂကြက္မ်ားနဲ႔ စမ္းသပ္ရင္း ေတြ႕ရွိခဲ႔ျခင္း ျဖစ္သည္ဟု သုေတသနက ဆိုသည္။ ၾကြက္မ်ားကို အေနအထား အမ်ဳိးမ်ဳိးျဖင့္ အိပ္ေစကာ ဦးေႏွာက္ကို သံလိုက္လိႈင္းသံုး ပံုရိပ္ေဖာ္စက္ (MRI) ျဖင့္ ေလ့လာခဲ့ၾကသည္။

အိပ္ေပ်ာ္ေနစဥ္တြင္ ဦးေႏွာက္ ရည္ၾကည္မ်ားသည္ ဦးေႏွာက္တြင္း အညစ္အေၾကးမ်ားကို ေဆးေၾကာသည္။ ေဆးေၾကာလိုက္သည့္ အခါ အညစ္အေၾကးအျဖစ္ အမ္ရိြဳက္ဘီတာႏွင္႔ တာရူ ပ႐ိုတိန္းတို႔ ထြက္လာသည္။ ထိုႏွစ္မ်ဳိးသည္ ဦးေႏွာက္ အတြက္ အညစ္အေၾကး ျဖစ္ၿပီး မ်ားမ်ား စုပံုေနလွ်င္ ဦးေႏွာက္ က်န္းမာေရး ထိခိုက္ေစသည္။ ေလ႔လာမႈ စစ္တမ္းကို Neuroscience ဂ်ာနယ္တြင္ ထည့္သြင္း ေဖာ္ျပထားသည္။

Credit:messenger
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဘေးစောင်းအိပ်သူများ အာရုံကြောဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေ နည်းပါးသည်ဟု လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

ဘေးစောင်း အိပ်သည့်အခါ ဦးနှောက်တွင်း စွန့်ပစ် ဓာတုပစ္စည်းများ သွန်ထုတ်သည့် ဂလင်ပတ်တစ် လမ်းကြောင်း ပိုကျယ်ကျယ် ပွင့်သဖြင့် ဦးနှောက်သည် အညစ်အကြေး ပိုကင်းဝေးကာ အယ်လ်ဇိုင်းမားကဲ့သို့ အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေ နည်းသွားကြောင်း အမေရိကန်နိုင်ငံရှိ စတိုနီဘရွတ်ခ် တက္ကသိုလ် သုတေသနက ဆိုသည်။

ပက်လက်အိပ်ခြင်း၊ မှောက်လျက် အိပ်ခြင်းထက် ဘေးစောင်း အိပ်ခြင်းသည် ဦးနှောက် အညစ်အကြေးများကို ပိုသန့်စင်ပေးနိုင်ကြောင်း ကြွက်များနဲ့ စမ်းသပ်ရင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သုတေသနက ဆိုသည်။ ကြွက်များကို အနေအထား အမျိုးမျိုးဖြင့် အိပ်စေကာ ဦးနှောက်ကို သံလိုက်လှိုင်းသုံး ပုံရိပ်ဖော်စက် (MRI) ဖြင့် လေ့လာခဲ့ကြသည်။

အိပ်ပျော်နေစဉ်တွင် ဦးနှောက် ရည်ကြည်များသည် ဦးနှောက်တွင်း အညစ်အကြေးများကို ဆေးကြောသည်။ ဆေးကြောလိုက်သည့် အခါ အညစ်အကြေးအဖြစ် အမ်ရွိုက်ဘီတာနှင့် တာရူ ပရိုတိန်းတို့ ထွက်လာသည်။ ထိုနှစ်မျိုးသည် ဦးနှောက် အတွက် အညစ်အကြေး ဖြစ်ပြီး များများ စုပုံနေလျှင် ဦးနှောက် ကျန်းမာရေး ထိခိုက်စေသည်။ လေ့လာမှု စစ်တမ်းကို Neuroscience ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Credit:messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top