ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဒီေန႔ ေရႊတိဂံုဘုရားကိုေရာက္လို႔ ဘုရားဝတ္ျပဳအၿပီး ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ရင္းနဲ႔ အေတြးတစ္ခုဝင္လာတယ္။ တျခားေတာ့မဟုတ္ပါဘူး။ ကံၾကမၼာဆိုတာေပါ့။ ဘာလို႔လဲဆိုေတာ့ ေရာက္လာသူေတြထဲမွာ ကိုယ္အပါအဝင္ အားလံုးက ယံုၾကည္မႈအမ်ိဳးမ်ိဳး၊ ရည္ရြယ္ခ်က္အေထြေထြနဲ႔ ေရာက္လာၾကတာခ်ည္းပဲေလ။

တခ်ိဳ႕က ကံေကာင္းဖို႔အတြက္ လွဴဒါန္းျခင္း၊ ဝတ္ျပဳဆုေတာင္းျခင္းေတြနဲ႔ ကံၾကမၼာဘီးႀကီးကို လည္ေအာင္ လွည့္ေနၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း ယၾတာေခ်သူကေခ်၊ တရားထိုင္သူက ထိုင္ေပါ့ဗ်ာ။ တခ်ိဳ႕ၾကျပန္ေတာ့ ကိုယ့္ကံၾကမၼာ အခ်ိဳးအေျပာင္း အဆိုးအေကာင္းေတြအတြက္ ဟူးရားပညာရွင္ ေဗဒင္ဆရာေတြဆီမွာ အလွ်ိဳလွ်ိဳဝင္ေမးေနၾကတာကို ေတြ႔ရတယ္။ အဲဒီမွာ ကံၾကမၼာဆိုတာနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ ဇာတ္ေၾကာင္းေလးတစ္ခုကို သြားသတိရတယ္ဗ်။ ဟူးရားပညာရွင္ႀကီးနဲ႔ ခ်ာတိတ္ေလးတစ္ေယာက္ အေၾကာင္းေပါ့ဗ်ာ။

တစ္ေန႔မွာ ခ်ာတိတ္ေလးက သူ႔ရဲ႕အနာဂတ္မွာ ႀကံဳလာမယ့္ ကံၾကမၼာအေျခအေနကိုသိခ်င္စိတ္ျပင္းျပလာတာနဲ႔ အရမ္းကို နာမည္ေက်ာ္ၾကားၿပီး သိပ္ကို မွန္ကန္အစြမ္းထက္တဲ့ ဟူးရားပညာရွင္ႀကီးတစ္ေယာက္ဆီ သြားေမးတယ္ဗ်။ အဲဒီမွာ ပညာရွင္ႀကီးက သူ႔ေရွ႕မွာတင္ပဲ သူ႔ရဲ႕အစြမ္းေတြနဲ႔ စက္ဝိုင္းႏွစ္ခုကို ေရးဆြဲလိုက္တယ္။ တစ္ခုကအျဖဴ၊ တစ္ခုက အနက္ေပါ့ဗ်ာ။

ဆြဲလည္းၿပီးေရာ ပညာရွင္ႀကီးက ပိုးနားသန္ေကာင္ေလးတစ္ေကာင္ကို ယူၿပီး “ဒီအေကာင္ေလးဟာ စက္ဝိုင္းအျဖဴထဲကိုသြားရင္ ေမာင္ရင့္ကံၾကမၼာဟာ သိပ္ကိုေကာင္းတယ္ဆိုတဲ့ နိမိတ္သေဘာကိုေျပာတာပဲ။ ဆန္႔က်င္ဘက္ျဖစ္တဲ့ စက္ဝိုင္းအမည္းဘက္ကို သြားမယ္ဆိုရင္ေတာ့ ဒါဟာ ပ်က္စီးျခင္းရဲ႕ နိမိတ္ျပပဲ ေမာင္ရင္”လို႔ ေျပာရင္းဆိုရင္းပဲ အဲဒီအေကာင္ေလးကို စက္ဝိုင္းႏွစ္ခုရဲ႕ၾကား အလယ္မွာတည့္တည့္မွာ ခ်လိုက္တယ္ဗ်။

ခ်ၿပီးတာနဲ႔တစ္ၿပိဳင္တည္းမွာပဲ ပိုးနားသန္ေကာင္ေလးဟာ အျဖဴေရာင္စက္ဝိုင္းဆီကို တန္းတန္းႀကီး သြားပါေလေရာ။ အဲဒါကိုၾကည့္ၿပီး ခ်ာတိတ္ေလးက သူ႔ရဲ႕ ေမွ်ာ္လင့္ရည္မွန္းခ်က္ေတြအတြက္ အေတာ္ေလး စိတ္လႈပ္ရွားသြားၿပီး ဘုရားသခင္ကို ဝမ္းသာပီတိေတြနဲ႔အတူ ေက်းဇူးအတင္ႀကီးတင္လိုက္တယ္ဗ်။ တင္လို႔မွ မၿပီးေသးဘူး၊ ပိုးနားသန္ေကာင္ေလးက အျဖဴးေရာင္ စက္ဝိုင္းအနားစပ္လည္းေရာက္ေရာ ခ်ာကနည္းလွည့္ၿပီး အနက္ေရာင္ စက္ဝိုင္းဘက္ဆီကို ဦးတည္ စိုင္းပါေလေရာ။ အဲဒီမွာ ခ်ာတိတ္ေလးက သူ႔ရည္မွန္းခ်က္ေတြ၊ ကံေကာင္းျခင္းေတြနဲ႔ ေဝးရာကိုသြားေနၿပီ၊ သူေတာ့ ကံၾကမၼာဆိုးေတြ ႀကံဳရေတာ့မွာပဲဆိုတဲ့အသိနဲ႔ အနက္ေရာင္စက္ဝိုင္းစပ္အေရာက္မွာ အေကာင္ေလးကိုေကာက္ၿပီး အျဖဴေရာင္စက္ဝိုင္းထဲကို ေသခ်ာကို ထည့္ေပးလိုက္တာေပါ့ဗ်ာ။

ဒါနဲ႔ပဲ ဟူးရားပညာရွင္ႀကီးလည္း စိတ္အဆိုးႀကီးဆိုးၿပီး “ေဟ့…ေမာင္ရင္၊ မင္းဒါ ဘာလုပ္တာလဲကြ” ဆိုၿပီး တိုျပတ္ျပတ္ေမးလိုက္တယ္ဗ်။ ပညာရွင္ႀကီးရဲ႕ ေဒါမာန္အျပည့္နဲ႔ေမးခြန္းကို သူကလည္း မာန္ပါပါနဲ႔ပဲ ျပန္ေျဖလိုက္တယ္။ အဲဒီမွာ ခ်ာတိတ္ေလး ဘာျပန္ေျဖလိုက္တယ္ထင္လဲ။ သူေျဖလိုက္တာက သိပ္ကို မွတ္သားစရာပဲဗ်။ ဘယ္လိုေျဖလဲဆိုေတာ့ -

“က်ဳပ္ကိုယ္တိုင္ ေျပာင္းလဲသြားေအာင္ လုပ္လို႔ရေနတုန္းမွာ က်ဳပ္ကံၾကမၼာေတြ ဆိုးသြားမွာကို ထိုင္ၿပီးၾကည့္မေနႏိုင္ဘူးဗ်။ တကယ္ေတာ့ က်ဳပ္ကံၾကမၼာက က်ဳပ္လက္ထဲမွာပဲ ရွိတယ္” လို႔ ေျဖလိုက္တယ္ဗ်။

ဟူးရားပညာရွင္ႀကီးလည္း ဘာမွ မေျပာသာျဖစ္သြားတာေပါ့။ အဲဒီအခ်ိန္မွာ ခ်ာတိတ္ေလးလည္း သူ႔ကံၾကမၼာေတြအတြက္ သူ႔ကိုယ္သူယံုၾကည္မႈအျပည့္နဲ႔ ထထြက္သြားေတာ့တာပဲ။

ဟုတ္တယ္ဗ်။ ကၽြန္ေတာ္တို႔ေတြဟာ ကိုယ့္ကံၾကမၼာက ကိုယ့္လက္ထဲမွာရွိေနတာကို ဘယ္သူမွ မေတြးမိၾကဘူး။ ဒါေၾကာင့္လည္း ဟိုဟာအားကိုး၊ ဒီဟာအားကိုး ျဖစ္ေနၾကတာထင္ပါရဲ႕ဗ်ာ။ တကယ့္လက္ေတြ႔မွာ ကိုယ္ကိုယ္တိုင္ကသာ ကိုယ့္ကံၾကမၼာကို ေကာင္းျခင္း၊ ဆိုးျခင္းျဖစ္ေအာင္ ဖန္တီးေနၾကတာပဲဗ်။ ဒါေၾကာင့္ “ကံၾကမၼာေကာင္းျခင္း၊ ဆိုးျခင္းဆိုတာ ကိုယ္လုပ္လိုက္တဲ့ အေၾကာင္းတရားေတြ ေကာင္းျခင္း၊ ဆိုးျခင္းေပၚက ထြက္လာတဲ့ အက်ိဳးရလဒ္ေတြပဲ” ဆိုတာ ကၽြန္ေတာ္တို႔အားလံုး သတိေလးနဲ႔ ၾကည့္ျမင္ႏိုင္ဖို႔လိုပါတယ္။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဒီနေ့ ရွှေတိဂုံဘုရားကိုရောက်လို့ ဘုရားဝတ်ပြုအပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ရင်းနဲ့ အတွေးတစ်ခုဝင်လာတယ်။ တခြားတော့မဟုတ်ပါဘူး။ ကံကြမ္မာဆိုတာပေါ့။ ဘာလို့လဲဆိုတော့ ရောက်လာသူတွေထဲမှာ ကိုယ်အပါအဝင် အားလုံးက ယုံကြည်မှုအမျိုးမျိုး၊ ရည်ရွယ်ချက်အထွေထွေနဲ့ ရောက်လာကြတာချည်းပဲလေ။

တချို့က ကံကောင်းဖို့အတွက် လှူဒါန်းခြင်း၊ ဝတ်ပြုဆုတောင်းခြင်းတွေနဲ့ ကံကြမ္မာဘီးကြီးကို လည်အောင် လှည့်နေကြတယ်။ တချို့ကျတော့လည်း ယတြာချေသူကချေ၊ တရားထိုင်သူက ထိုင်ပေါ့ဗျာ။ တချို့ကြပြန်တော့ ကိုယ့်ကံကြမ္မာ အချိုးအပြောင်း အဆိုးအကောင်းတွေအတွက် ဟူးရားပညာရှင် ဗေဒင်ဆရာတွေဆီမှာ အလျှိုလျှိုဝင်မေးနေကြတာကို တွေ့ရတယ်။ အဲဒီမှာ ကံကြမ္မာဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် ဇာတ်ကြောင်းလေးတစ်ခုကို သွားသတိရတယ်ဗျ။ ဟူးရားပညာရှင်ကြီးနဲ့ ချာတိတ်လေးတစ်ယောက် အကြောင်းပေါ့ဗျာ။

တစ်နေ့မှာ ချာတိတ်လေးက သူ့ရဲ့အနာဂတ်မှာ ကြုံလာမယ့် ကံကြမ္မာအခြေအနေကိုသိချင်စိတ်ပြင်းပြလာတာနဲ့ အရမ်းကို နာမည်ကျော်ကြားပြီး သိပ်ကို မှန်ကန်အစွမ်းထက်တဲ့ ဟူးရားပညာရှင်ကြီးတစ်ယောက်ဆီ သွားမေးတယ်ဗျ။ အဲဒီမှာ ပညာရှင်ကြီးက သူ့ရှေ့မှာတင်ပဲ သူ့ရဲ့အစွမ်းတွေနဲ့ စက်ဝိုင်းနှစ်ခုကို ရေးဆွဲလိုက်တယ်။ တစ်ခုကအဖြူ၊ တစ်ခုက အနက်ပေါ့ဗျာ။

ဆွဲလည်းပြီးရော ပညာရှင်ကြီးက ပိုးနားသန်ကောင်လေးတစ်ကောင်ကို ယူပြီး “ဒီအကောင်လေးဟာ စက်ဝိုင်းအဖြူထဲကိုသွားရင် မောင်ရင့်ကံကြမ္မာဟာ သိပ်ကိုကောင်းတယ်ဆိုတဲ့ နိမိတ်သဘောကိုပြောတာပဲ။ ဆန့်ကျင်ဘက်ဖြစ်တဲ့ စက်ဝိုင်းအမည်းဘက်ကို သွားမယ်ဆိုရင်တော့ ဒါဟာ ပျက်စီးခြင်းရဲ့ နိမိတ်ပြပဲ မောင်ရင်”လို့ ပြောရင်းဆိုရင်းပဲ အဲဒီအကောင်လေးကို စက်ဝိုင်းနှစ်ခုရဲ့ကြား အလယ်မှာတည့်တည့်မှာ ချလိုက်တယ်ဗျ။

ချပြီးတာနဲ့တစ်ပြိုင်တည်းမှာပဲ ပိုးနားသန်ကောင်လေးဟာ အဖြူရောင်စက်ဝိုင်းဆီကို တန်းတန်းကြီး သွားပါလေရော။ အဲဒါကိုကြည့်ပြီး ချာတိတ်လေးက သူ့ရဲ့ မျှော်လင့်ရည်မှန်းချက်တွေအတွက် အတော်လေး စိတ်လှုပ်ရှားသွားပြီး ဘုရားသခင်ကို ဝမ်းသာပီတိတွေနဲ့အတူ ကျေးဇူးအတင်ကြီးတင်လိုက်တယ်ဗျ။ တင်လို့မှ မပြီးသေးဘူး၊ ပိုးနားသန်ကောင်လေးက အဖြူးရောင် စက်ဝိုင်းအနားစပ်လည်းရောက်ရော ချာကနည်းလှည့်ပြီး အနက်ရောင် စက်ဝိုင်းဘက်ဆီကို ဦးတည် စိုင်းပါလေရော။ အဲဒီမှာ ချာတိတ်လေးက သူ့ရည်မှန်းချက်တွေ၊ ကံကောင်းခြင်းတွေနဲ့ ဝေးရာကိုသွားနေပြီ၊ သူတော့ ကံကြမ္မာဆိုးတွေ ကြုံရတော့မှာပဲဆိုတဲ့အသိနဲ့ အနက်ရောင်စက်ဝိုင်းစပ်အရောက်မှာ အကောင်လေးကိုကောက်ပြီး အဖြူရောင်စက်ဝိုင်းထဲကို သေချာကို ထည့်ပေးလိုက်တာပေါ့ဗျာ။

ဒါနဲ့ပဲ ဟူးရားပညာရှင်ကြီးလည်း စိတ်အဆိုးကြီးဆိုးပြီး “ဟေ့…မောင်ရင်၊ မင်းဒါ ဘာလုပ်တာလဲကွ” ဆိုပြီး တိုပြတ်ပြတ်မေးလိုက်တယ်ဗျ။ ပညာရှင်ကြီးရဲ့ ဒေါမာန်အပြည့်နဲ့မေးခွန်းကို သူကလည်း မာန်ပါပါနဲ့ပဲ ပြန်ဖြေလိုက်တယ်။ အဲဒီမှာ ချာတိတ်လေး ဘာပြန်ဖြေလိုက်တယ်ထင်လဲ။ သူဖြေလိုက်တာက သိပ်ကို မှတ်သားစရာပဲဗျ။ ဘယ်လိုဖြေလဲဆိုတော့ -

“ကျုပ်ကိုယ်တိုင် ပြောင်းလဲသွားအောင် လုပ်လို့ရနေတုန်းမှာ ကျုပ်ကံကြမ္မာတွေ ဆိုးသွားမှာကို ထိုင်ပြီးကြည့်မနေနိုင်ဘူးဗျ။ တကယ်တော့ ကျုပ်ကံကြမ္မာက ကျုပ်လက်ထဲမှာပဲ ရှိတယ်” လို့ ဖြေလိုက်တယ်ဗျ။

ဟူးရားပညာရှင်ကြီးလည်း ဘာမှ မပြောသာဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ ချာတိတ်လေးလည်း သူ့ကံကြမ္မာတွေအတွက် သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ ထထွက်သွားတော့တာပဲ။

ဟုတ်တယ်ဗျ။ ကျွန်တော်တို့တွေဟာ ကိုယ့်ကံကြမ္မာက ကိုယ့်လက်ထဲမှာရှိနေတာကို ဘယ်သူမှ မတွေးမိကြဘူး။ ဒါကြောင့်လည်း ဟိုဟာအားကိုး၊ ဒီဟာအားကိုး ဖြစ်နေကြတာထင်ပါရဲ့ဗျာ။ တကယ့်လက်တွေ့မှာ ကိုယ်ကိုယ်တိုင်ကသာ ကိုယ့်ကံကြမ္မာကို ကောင်းခြင်း၊ ဆိုးခြင်းဖြစ်အောင် ဖန်တီးနေကြတာပဲဗျ။ ဒါကြောင့် “ကံကြမ္မာကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ကိုယ်လုပ်လိုက်တဲ့ အကြောင်းတရားတွေ ကောင်းခြင်း၊ ဆိုးခြင်းပေါ်က ထွက်လာတဲ့ အကျိုးရလဒ်တွေပဲ” ဆိုတာ ကျွန်တော်တို့အားလုံး သတိလေးနဲ့ ကြည့်မြင်နိုင်ဖို့လိုပါတယ်။
Credit:duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top