iMyanmarHouse.com - Best Property Website for Myanmar
×

ဥေရာပ ႏုိင္ငံမ်ားတြင္ ကေလးငယ္မ်ားကို မိခင္ႏွင့္အတူ အနီးကပ္ အိပ္စက္ေစမႈ တျဖည္းျဖည္း တြင္က်ယ္လာသည့္ေနာက္ ဆြီဒင္အမ်ိုးသား က်န္းမာေရးႏွင့္ လူမႈဖူလံုေရး ဘုတ္အဖဲြ႕က ယင္းအေလ့အက်င့္သည္ ကေလး၏ အသက္အႏၱရာယ္ကို ၿခိမ္းေျခာက္ေနေၾကာင္း သတိေပးခဲ့သည္။

ေမြးကင္းစ ကေလးမ်ားကို သီးျခားေမြ႕ရာငယ္ႏွင့္သာ အိပ္စက္ေစသင့္ေၾကာင္း ဆြီဒင္ႏုိင္ငံမွ က်န္းမာေရး သုေတသီမ်ားက အေလးအနက္ တိုက္တြန္းလိုက္သည္။ ဥေရာပ ႏုိင္ငံမ်ားတြင္ ကေလးငယ္မ်ားကို မိခင္ႏွင့္အတူ အနီးကပ္ အိပ္စက္ေစမႈ တျဖည္းျဖည္း တြင္က်ယ္လာသည့္ေနာက္ ဆြီဒင္အမ်ိုးသား က်န္းမာေရးႏွင့္ လူမႈဖူလံုေရး ဘုတ္အဖဲြ႕က ယင္းအေလ့အက်င့္သည္ ကေလး၏ အသက္အႏၱရာယ္ကို ၿခိမ္းေျခာက္ေနေၾကာင္း သတိေပးခဲ့သည္။ ကေလးငယ္ကို အသက္(၃)လ အရြယ္ထိ သီးျခား ေမြ႕ရာေလးျဖင့္ ထားရွိသင့္ၿပီး ငယ္ရြယ္လြန္းသည့္ ကေလးမ်ား အေနျဖင့္ မိခင္ႏွင့္ အနီးကပ္ အိပ္စက္ျခင္းေၾကာင့္ ရုတ္တရက္ ေသဆံုးႏုိင္ေျခ ျမင့္မားလာတတ္ေၾကာင္း ပညာရွင္မ်ားက ေျပာဆိုခဲ့သည္။

အေစာပိုင္းက ယင္းဘုတ္အဖြဲ႕သည္ ကေလးမ်ား ထားရွိသည့္ အခန္းထဲတြင္ ေဆးလိပ္ေသာက္ျခင္းမ်ိဳးကို လံုးဝေရွာင္ၾကည္ရန္ အႀကံျပဳခဲ့ဖူးၿပီး အရက္ေသာက္ထားသည့္ မိဘမ်ားႏွင့္ အတူမအိပ္သင့္ဟု သတိေပးခဲ့ေသးသည္။ သို႔ေသာ္ မိဘမ်ားအေနျဖင့္ အရက္ေသာက္မထားသည့္တိုင္ ကေလးႏွင့္အတူ အိပ္စက္သည့္အခါ အေကာင္းပကတိ အေျခအေနမွ ရုတ္တရက္ ကေလးေသဆံုးမႈမွာ သာမန္ထက္ (၅)ဆမွ် ျမင့္တက္ႏိုင္ေျခ ရွိေနေၾကာင္း သိရသည္။ "(၃)လေအာက္ ကေလးေတြကို သီးျခားခြဲသိပ္ဖို႔က အရမ္း အေရးႀကီးပါတယ္"ဟု အဆိုပါ ဘုတ္အဖြဲ႕မွ သုေတသီ ခရစၥတိန္း ေနာ့ဒ္စထရန္းက ဆိုသည္။

"အေကာင္းပကတိကေန ကေလးက ရုတ္တရက္ ေသဆံုးသြားႏုိင္ပါတယ္။ ကၽြန္ေတာ္တုိ႔ အေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းေတြမွာ ဒီလိုျဖစ္ရပ္ေတြအေပၚ အႏုစိတ္ သုေတသနျပဳ ေလ့လာခဲ့ပါတယ္။ ငယ္လြန္းေသးတဲ့ ကေလးတစ္ေယာက္အတြက္ မိဘနဲ႔အတူ တြဲအိပ္တာဟာ ရုတ္တရက္ ကေလးငယ္ ေသဆံုးျခင္း လကၡဏာစု (SIDS)ကို ျဖစ္ႏုိင္ေျခ သိသိသာသာ ျမင့္တက္သြားေစပါတယ္"ဟု ဂိုသင္ဘာ့ဂ္ တကၠသိုလ္မွ ကေလးေဆးပညာ ပါေမာကၡ ဂိုရန္ဝန္နာဂရန္ကလည္း ေျပာၾကားခဲ့သည္။ သုေတသီမ်ားက မိဘထံတြင္ ရွိေနေသာ သာမန္ အေပ်ာ့စား ေရာဂါပိုးမႊား တစ္ခုခုသည္ အိပ္စက္ေနခ်ိန္မ်ားတြင္ ကေလးကို ကူးစက္ႏုိင္ၿပီး ယင္းအေျခအေနသည္ ႏုနယ္လြန္းေသာ အရြယ္တြင္မူ အႏၱရာယ္ ႀကီးသြားေစႏုိင္ေၾကာင္းလည္း ေထာက္ျပထားသည္။ ထို႔အျပင္ ကေလးကို မေတာ္တဆ ဖိမိမႈမ်ိုး ႀကံဳႏုိင္သည္ဟုလည္း သတိေပးထားသည္။

ဆြီဒင္သည္ အေနာက္ဥေရာပတြင္ ေမြးကင္းစ ကေလးမ်ား မိခင္ႏွင့္ အတူအိပ္စက္သည့္ႏႈန္း အျမင့္ဆံုး ႏုိင္ငံျဖစ္သည္။ ျပင္သစ္ႏွင့္ အေမရိကန္တို႔တြင္ ကေလးကို မိဘမ်ားႏွင့္ တစ္ခန္းတည္း အိပ္စက္ရန္ ေထာက္ခံေသာ္လည္း သီးျခားအိပ္ရာျဖင့္ ထားရွိရန္ ေထာက္ခံထားသည္။ SIDSဟုေခၚေသာ အေျခအေနသည္ အသက္အလြန္ငယ္ေသးသည့္ ကေလးမ်ား ရုတ္တရက္ ေသဆံုးျခင္းႏွင့္ ဆက္စပ္ေသာ လကၡဏာမ်ားကို ဆိုလိုၿပီး ယင္းျဖစ္စဥ္၌ ရင္ခြဲစစ္ေဆးမႈ ရလဒ္တစ္ခုခုျဖင့္ မည္သည့္အတြက္ေၾကာင့္ ကေလးငယ္ ေသဆံုးေၾကာင္း ရွင္းျပႏိုင္ေလ့ မရွိေခ်။ ယင္းအေျခအေနကို Cot Deathဟုလည္း ေခၚေဝၚေလ့ရွိသည္။

SIDSျဖင့္ ေသဆံုးေသာ ကေလးအေတာ္မ်ားမ်ားသည္ အသက္မဆံုးရံႈးမီတြင္ မည္သည့္ ေဝဒနာ လကၡဏာမ်ိဳးမွ မျပသဘဲ အိပ္ေနရင္း ေသဆံုးသြားမႈမ်ိဳး ျဖစ္ေလ့ရွိသည္။ သုေတသီမ်ားက SIDS အေျခအေနကို ေရွာင္လႊဲႏိုင္ရန္ ကေလးကို ေက်ာခင္းအိပ္စက္ေစျခင္း၊ လြတ္လြတ္လပ္လပ္ လႈပ္ရွားႏိုင္ေလာက္သည့္ ေနရာမ်ိဳး ဖန္တီးေပးျခင္း၊ ကေလးအနီးတြင္ ေဆးလိပ္ေသာက္မႈကို ေရွာင္ၾကဥ္ျခင္း၊ ကေလးအိပ္သည့္ ေနရာအနီးတဝိုက္တြင္ အပူလြန္ကဲမႈ မျဖစ္ေအာင္ ဂရုျပဳျခင္းတို႔ ေဆာင္ရြက္ရန္ အႀကံျပဳထားသည္။

Credit: Planet Myanmar Network

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ဥရောပ နိုင်ငံများတွင် ကလေးငယ်များကို မိခင်နှင့်အတူ အနီးကပ် အိပ်စက်စေမှု တဖြည်းဖြည်း တွင်ကျယ်လာသည့်နောက် ဆွီဒင်အမျိုးသား ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဘုတ်အဖွဲ့က ယင်းအလေ့အကျင့်သည် ကလေး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြောင်း သတိပေးခဲ့

မွေးကင်းစ ကလေးများကို သီးခြားမွေ့ရာငယ်နှင့်သာ အိပ်စက်စေသင့်ကြောင်း ဆွီဒင်နိုင်ငံမှ ကျန်းမာရေး သုတေသီများက အလေးအနက် တိုက်တွန်းလိုက်သည်။ ဥရောပ နိုင်ငံများတွင် ကလေးငယ်များကို မိခင်နှင့်အတူ အနီးကပ် အိပ်စက်စေမှု တဖြည်းဖြည်း တွင်ကျယ်လာသည့်နောက် ဆွီဒင်အမျိုးသား ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဘုတ်အဖွဲ့က ယင်းအလေ့အကျင့်သည် ကလေး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြောင်း သတိပေးခဲ့သည်။ ကလေးငယ်ကို အသက်(၃)လ အရွယ်ထိ သီးခြား မွေ့ရာလေးဖြင့် ထားရှိသင့်ပြီး ငယ်ရွယ်လွန်းသည့် ကလေးများ အနေဖြင့် မိခင်နှင့် အနီးကပ် အိပ်စက်ခြင်းကြောင့် ရုတ်တရက် သေဆုံးနိုင်ခြေ မြင့်မားလာတတ်ကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။

အစောပိုင်းက ယင်းဘုတ်အဖွဲ့သည် ကလေးများ ထားရှိသည့် အခန်းထဲတွင် ဆေးလိပ်သောက်ခြင်းမျိုးကို လုံးဝရှောင်ကြည်ရန် အကြံပြုခဲ့ဖူးပြီး အရက်သောက်ထားသည့် မိဘများနှင့် အတူမအိပ်သင့်ဟု သတိပေးခဲ့သေးသည်။ သို့သော် မိဘများအနေဖြင့် အရက်သောက်မထားသည့်တိုင် ကလေးနှင့်အတူ အိပ်စက်သည့်အခါ အကောင်းပကတိ အခြေအနေမှ ရုတ်တရက် ကလေးသေဆုံးမှုမှာ သာမန်ထက် (၅)ဆမျှ မြင့်တက်နိုင်ခြေ ရှိနေကြောင်း သိရသည်။ "(၃)လအောက် ကလေးတွေကို သီးခြားခွဲသိပ်ဖို့က အရမ်း အရေးကြီးပါတယ်"ဟု အဆိုပါ ဘုတ်အဖွဲ့မှ သုတေသီ ခရစ္စတိန်း နော့ဒ်စထရန်းက ဆိုသည်။

"အကောင်းပကတိကနေ ကလေးက ရုတ်တရက် သေဆုံးသွားနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဒီလိုဖြစ်ရပ်တွေအပေါ် အနုစိတ် သုတေသနပြု လေ့လာခဲ့ပါတယ်။ ငယ်လွန်းသေးတဲ့ ကလေးတစ်ယောက်အတွက် မိဘနဲ့အတူ တွဲအိပ်တာဟာ ရုတ်တရက် ကလေးငယ် သေဆုံးခြင်း လက္ခဏာစု (SIDS)ကို ဖြစ်နိုင်ခြေ သိသိသာသာ မြင့်တက်သွားစေပါတယ်"ဟု ဂိုသင်ဘာ့ဂ် တက္ကသိုလ်မှ ကလေးဆေးပညာ ပါမောက္ခ ဂိုရန်ဝန်နာဂရန်ကလည်း ပြောကြားခဲ့သည်။ သုတေသီများက မိဘထံတွင် ရှိနေသော သာမန် အပျော့စား ရောဂါပိုးမွှား တစ်ခုခုသည် အိပ်စက်နေချိန်များတွင် ကလေးကို ကူးစက်နိုင်ပြီး ယင်းအခြေအနေသည် နုနယ်လွန်းသော အရွယ်တွင်မူ အန္တရာယ် ကြီးသွားစေနိုင်ကြောင်းလည်း ထောက်ပြထားသည်။ ထို့အပြင် ကလေးကို မတော်တဆ ဖိမိမှုမျိုး ကြုံနိုင်သည်ဟုလည်း သတိပေးထားသည်။

ဆွီဒင်သည် အနောက်ဥရောပတွင် မွေးကင်းစ ကလေးများ မိခင်နှင့် အတူအိပ်စက်သည့်နှုန်း အမြင့်ဆုံး နိုင်ငံဖြစ်သည်။ ပြင်သစ်နှင့် အမေရိကန်တို့တွင် ကလေးကို မိဘများနှင့် တစ်ခန်းတည်း အိပ်စက်ရန် ထောက်ခံသော်လည်း သီးခြားအိပ်ရာဖြင့် ထားရှိရန် ထောက်ခံထားသည်။ SIDSဟုခေါ်သော အခြေအနေသည် အသက်အလွန်ငယ်သေးသည့် ကလေးများ ရုတ်တရက် သေဆုံးခြင်းနှင့် ဆက်စပ်သော လက္ခဏာများကို ဆိုလိုပြီး ယင်းဖြစ်စဉ်၌ ရင်ခွဲစစ်ဆေးမှု ရလဒ်တစ်ခုခုဖြင့် မည်သည့်အတွက်ကြောင့် ကလေးငယ် သေဆုံးကြောင်း ရှင်းပြနိုင်လေ့ မရှိချေ။ ယင်းအခြေအနေကို Cot Deathဟုလည်း ခေါ်ဝေါ်လေ့ရှိသည်။

SIDSဖြင့် သေဆုံးသော ကလေးအတော်များများသည် အသက်မဆုံးရှုံးမီတွင် မည်သည့် ဝေဒနာ လက္ခဏာမျိုးမှ မပြသဘဲ အိပ်နေရင်း သေဆုံးသွားမှုမျိုး ဖြစ်လေ့ရှိသည်။ သုတေသီများက SIDS အခြေအနေကို ရှောင်လွှဲနိုင်ရန် ကလေးကို ကျောခင်းအိပ်စက်စေခြင်း၊ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လောက်သည့် နေရာမျိုး ဖန်တီးပေးခြင်း၊ ကလေးအနီးတွင် ဆေးလိပ်သောက်မှုကို ရှောင်ကြဉ်ခြင်း၊ ကလေးအိပ်သည့် နေရာအနီးတဝိုက်တွင် အပူလွန်ကဲမှု မဖြစ်အောင် ဂရုပြုခြင်းတို့ ဆောင်ရွက်ရန် အကြံပြုထားသည်။
Credit: Planet Myanmar Network
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top