iMyanmarHouse.com - Best Property Website for Myanmar
×

လက္ထပ္ထိမ္းျမားတယ္ဆိုတာ မဂၤလာတစ္ပါးပါပဲ။ လက္ထပ္ထိမ္းျမားၿပီးလုိ႔ ခင္ပြန္းျဖစ္လာတဲ့ ကိုယ့္အမ်ိဳးသားကို ခ်စ္ဇနီးတို႔ ဘာေတြလုပ္ေပးၾကပါသလဲ။ သိပ္အထူးအဆန္းႀကီးလုပ္ဖို႔မလိုပါဘူး။ သာယာတဲ့အိမ္ေထာင္ေရးအတြက္ နည္းမလမ္းေကာင္းေလးေတြကို မွ်ေ၀လိုက္ပါတယ္။

မနက္ခင္းတိုင္း ေကာ္ဖီတစ္ခြက္ေဖ်ာ္တိုက္ပါ။

မိတ္ကပ္မလိမ္းေပမဲ့ သူ႔အတြက္ ေကာ္ဖီတစ္ခြက္မနက္ခင္းတိုင္းမွာအဆင္သင့္လုပ္ေပးပါ။ ေကာ္ဖီမႀကိဳက္ဘူးဆိုလည္း သူႀကိဳက္တဲ့ အသီးေဖ်ာ္ရည္ျဖစ္ျဖစ္ တစ္ခုခု ေဖ်ာ္တိုက္ပါ။ တစ္ေန႔တာလံုးအတြက္ လိုအပ္သမွ် အားအင္ေတြကို ခ်စ္ဇနီးကေပးတဲ့ ေပးလိုက္ပါ။

ေနာက္ထပ္ ကၽြန္မဘာလုပ္ေပးရဦးမလဲလို႔ ေမးပါ။

အရာအားလံုး တစ္ခုခ်င္းအေသးစိတ္ေတာ့ သူ သင့္ကိုလုပ္ခိုင္းမွာမဟုတ္ပါဘူး။ ဒါေပမဲ့ ဒီလိုေမးတဲ့အတြက္ သင့္ရဲ့ ခ်စ္ျခင္းေမတၱာကိုသူသိႏိုင္ပါတယ္။ သင့္ရဲ့ သူ႔အေပၚ ဂရုစိုက္မႈ ပံ့ပိုးကူညီမႈေတြကို သူအသိအမွတ္ျပဳလာပါလိမ့္မယ္။

ကဗ်ာဆန္ဆန္ ဖန္တီးေပးပါ။

သူျပန္လာမဲ့ အ၀င္လမ္းေလးမွာ ႏွင္းဆီပန္းေတြ ခင္းထားတာပဲျဖစ္ျဖစ္၊ သူႀကိဳက္တဲ့ ညစာကိုခ်က္ျပဳတ္ၿပီး ရိုမန္းတစ္ဆန္ဆန္ ျဖတ္သန္းတာပဲျဖစ္ျဖစ္ လုပ္ပါ။

သူနဲ႔ အိမ္မွာမဟုတ္ဘဲ ခ်ိန္းေတြ႔ပါ။

အိမ္ေထာင္ရွင္ေတြျဖစ္သြားၿပီးပဲ။ မလိုပါဘူးလို႔ ေတြးခ်င္ေတြးၾကပါလိမ့္မယ္။ ဒါေပမဲ့ အခ်စ္ဆိုတာ အျမဲတမ္း ႏုပ်ိဳေနတဲ့အရာပါ။ သူ႔ကို မေျပာဘဲ တိတ္တိတ္ေလး ရုပ္ရွင္လက္မွတ္၀ယ္ထားၿပီး ရုပ္ရွင္ၾကည့္တာပဲျဖစ္ျဖစ္၊ သူသေဘာက်တဲ့ေနရာကို သြားတာပဲျဖစ္ျဖစ္ လုပ္ေပးပါ။

သူ႔ရဲ့ အိတ္ကပ္ထဲမွာ စာတိုေလးထည့္ပါ။

အရမ္းခ်စ္တယ္၊ အနားမွာရွိေနေပးမွာမို႔ ေက်းဇဴးတင္တယ္။ စသျဖင့္ သူ႔ကိုရင္ခုန္ေစမဲ့ စာသားေတြကို ေရးၿပီး သူ႔အိတ္ကပ္ထဲကိုတိတ္တိတ္ေလးထည့္ေပးပါ။

လျပည့္ည ေအာက္မွာ ခ်ိန္းေတြ႔ပါ။

လမင္းႀကီးကသာၿပီး မီးအိမ္မွိန္မွိန္ေလးလင္းတဲ့ေနရာမွာ ဇနီးေမာင္ႏွံႏွစ္ဦး ခ်ိန္းေတြ႔ၿပီး ညစာစားပါ။ စိတ္ေတြၾကည္လင္လန္းဆန္းၿပီး ႏွစ္ဦးလံုး ၾကည္ႏူးေနမွာအမွန္ပါပဲ။

သူ႔ရဲ့ ၀ါသနာေတြကို ခ်စ္ျမတ္ႏိုးပါ။

သူ သေဘာက်ခုန္မင္တဲ့ ၀ါသနာေတြကို ကိုယ္လည္းခ်စ္ျမတ္ႏိုးပါ။ သူဘာလို႔ အဲဒီအရာကို ႀကိဳက္ႏွစ္သက္ရသလဲဆိုတာကို ရွာေဖြပါ။

သူ႔အတြက္ ေန႔လည္စာလုပ္ၿပီး ရံုးခန္းကို သြားပို႔ေပးပါ။

သူႀကိဳက္ႏွစ္သက္တဲ့ ေန႔လည္စာကိုတိတ္တိတ္ေလးလုပ္ၿပီး သူ႔အလုပ္ရံုးခန္းကို သြားပို႔ေပးပါ။ သူကမအားဘူး။ သူနဲ႔အတူတူစားဖို႔အခြင့္အေရးမရဘူးဆိုရင္လည္း စာတိုေလးတစ္ေစာင္ေရးထားခဲ့ပါ။

သူအရမ္းခင္မင္ရတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြကို အိမ္မွာ ထမင္းဖိတ္ေကၽြးပါ။

သူ႔ရဲ့ လုပ္ေဖာ္ကိုင္ဖက္ မိတ္ေဆြသူငယ္ခ်င္းေတြကို ညစာဖိတ္ေကၽြးပါ။ သူ႔မိတ္ေဆြေတြကို တန္ဖိုးထားပါ။
Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

လက်ထပ်ထိမ်းမြားတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ လက်ထပ်ထိမ်းမြားပြီးလို့ ခင်ပွန်းဖြစ်လာတဲ့ ကိုယ့်အမျိုးသားကို ချစ်ဇနီးတို့ ဘာတွေလုပ်ပေးကြပါသလဲ။ သိပ်အထူးအဆန်းကြီးလုပ်ဖို့မလိုပါဘူး။ သာယာတဲ့အိမ်ထောင်ရေးအတွက် နည်းမလမ်းကောင်းလေးတွေကို မျှဝေလိုက်ပါတယ်။

မနက်ခင်းတိုင်း ကော်ဖီတစ်ခွက်ဖျော်တိုက်ပါ။

မိတ်ကပ်မလိမ်းပေမဲ့ သူ့အတွက် ကော်ဖီတစ်ခွက်မနက်ခင်းတိုင်းမှာအဆင်သင့်လုပ်ပေးပါ။ ကော်ဖီမကြိုက်ဘူးဆိုလည်း သူကြိုက်တဲ့ အသီးဖျော်ရည်ဖြစ်ဖြစ် တစ်ခုခု ဖျော်တိုက်ပါ။ တစ်နေ့တာလုံးအတွက် လိုအပ်သမျှ အားအင်တွေကို ချစ်ဇနီးကပေးတဲ့ ပေးလိုက်ပါ။

နောက်ထပ် ကျွန်မဘာလုပ်ပေးရဦးမလဲလို့ မေးပါ။

အရာအားလုံး တစ်ခုချင်းအသေးစိတ်တော့ သူ သင့်ကိုလုပ်ခိုင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမေးတဲ့အတွက် သင့်ရဲ့ ချစ်ခြင်းမေတ္တာကိုသူသိနိုင်ပါတယ်။ သင့်ရဲ့ သူ့အပေါ် ဂရုစိုက်မှု ပံ့ပိုးကူညီမှုတွေကို သူအသိအမှတ်ပြုလာပါလိမ့်မယ်။

ကဗျာဆန်ဆန် ဖန်တီးပေးပါ။

သူပြန်လာမဲ့ အဝင်လမ်းလေးမှာ နှင်းဆီပန်းတွေ ခင်းထားတာပဲဖြစ်ဖြစ်၊ သူကြိုက်တဲ့ ညစာကိုချက်ပြုတ်ပြီး ရိုမန်းတစ်ဆန်ဆန် ဖြတ်သန်းတာပဲဖြစ်ဖြစ် လုပ်ပါ။

သူနဲ့ အိမ်မှာမဟုတ်ဘဲ ချိန်းတွေ့ပါ။

အိမ်ထောင်ရှင်တွေဖြစ်သွားပြီးပဲ။ မလိုပါဘူးလို့ တွေးချင်တွေးကြပါလိမ့်မယ်။ ဒါပေမဲ့ အချစ်ဆိုတာ အမြဲတမ်း နုပျိုနေတဲ့အရာပါ။ သူ့ကို မပြောဘဲ တိတ်တိတ်လေး ရုပ်ရှင်လက်မှတ်ဝယ်ထားပြီး ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ သူသဘောကျတဲ့နေရာကို သွားတာပဲဖြစ်ဖြစ် လုပ်ပေးပါ။

သူ့ရဲ့ အိတ်ကပ်ထဲမှာ စာတိုလေးထည့်ပါ။

အရမ်းချစ်တယ်၊ အနားမှာရှိနေပေးမှာမို့ ကျေးဇူးတင်တယ်။ စသဖြင့် သူ့ကိုရင်ခုန်စေမဲ့ စာသားတွေကို ရေးပြီး သူ့အိတ်ကပ်ထဲကိုတိတ်တိတ်လေးထည့်ပေးပါ။

လပြည့်ည အောက်မှာ ချိန်းတွေ့ပါ။

လမင်းကြီးကသာပြီး မီးအိမ်မှိန်မှိန်လေးလင်းတဲ့နေရာမှာ ဇနီးမောင်နှံနှစ်ဦး ချိန်းတွေ့ပြီး ညစာစားပါ။ စိတ်တွေကြည်လင်လန်းဆန်းပြီး နှစ်ဦးလုံး ကြည်နူးနေမှာအမှန်ပါပဲ။

သူ့ရဲ့ ဝါသနာတွေကို ချစ်မြတ်နိုးပါ။

သူ သဘောကျခုန်မင်တဲ့ ဝါသနာတွေကို ကိုယ်လည်းချစ်မြတ်နိုးပါ။ သူဘာလို့ အဲဒီအရာကို ကြိုက်နှစ်သက်ရသလဲဆိုတာကို ရှာဖွေပါ။

သူ့အတွက် နေ့လည်စာလုပ်ပြီး ရုံးခန်းကို သွားပို့ပေးပါ။

သူကြိုက်နှစ်သက်တဲ့ နေ့လည်စာကိုတိတ်တိတ်လေးလုပ်ပြီး သူ့အလုပ်ရုံးခန်းကို သွားပို့ပေးပါ။ သူကမအားဘူး။ သူနဲ့အတူတူစားဖို့အခွင့်အရေးမရဘူးဆိုရင်လည်း စာတိုလေးတစ်စောင်ရေးထားခဲ့ပါ။

သူအရမ်းခင်မင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အိမ်မှာ ထမင်းဖိတ်ကျွေးပါ။

သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေသူငယ်ချင်းတွေကို ညစာဖိတ်ကျွေးပါ။ သူ့မိတ်ဆွေတွေကို တန်ဖိုးထားပါ။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top