iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္း အတၱေတြကိုယ္စီနဲ႔ မိမိသေဘာအတုိင္း ေလာကႀကီးမွာ ရပ္တည္ေနၾကတာပါ။ တကယ္ေတာ့ တစ္စုံတစ္ေယာက္
ကို ခ်စ္တယ္ဆုိတာကလည္း သူ႕ရဲ႕အေျပာအဆုိ၊ အလွအပ၊ အခရာတာတာ အမူယာေလးေတြက ကိုယ့္ကို ေပ်ာ္ရႊင္တဲ့
စိတ္ေပးေနလုိ႔၊ ဒါေလးေတြဟာ ကိုယ့္ကုိ ေပ်ာ္စရာျဖစ္ေစလုိ႔ ခ်စ္ခင္လုိမႈ ပုိင္ဆုိင္လုိမႈဆုိတာ ျဖစ္လာတာပါဘဲ။ ဒါေပမယ့္ ဒီအခ်က္ေတြက ကင္းကြာသြားရင္ေတာ့ ကိုယ့္ရဲ႕ အတၱေတြ အလုိေတြ ျပည့္ေတာ့မွာ မဟုတ္ပါဘူး။ အဲဒီမွာ ဆက္ၿပီး မခံစားေနပါနဲ႔ေတာ့ .. သူ႕ကုိ အခ်စ္အေၾကာင္း ေကာင္းေကာင္းႀကီး ျပန္သင္ျပလုိက္ပါ။ နည္းလမ္းေလးေတြကုိ မွ်ေ၀ထား ပါတယ္။
(၁) အဆက္အဆံ မလုပ္နဲ႔ေတာ့

ရည္းစားေဟာင္းဆုိတာ ေနာက္ထပ္ ဆက္ၿပီး ပတ္သက္စရာမလုိေတာ့တဲ့ လူတစ္ေယာက္အျဖစ္ ေခါင္းထဲကို ထည့္လုိက္ပါ။ သူ႕ကုိ အဆက္အသြယ္ မလုပ္ပါနဲ႔။ သူ႕စိတ္ထဲမွာ သင္ဟာ လြတ္သြားတဲ့ ငါးႀကီးဆုိရင္ သူ႕ဘာသာ ျပန္ကပ္
မွာပါ။ ျပန္မကပ္ရင္လည္း ပုိေနၿမဲ က်ားေနၿမဲပါဘဲ။

(၂) ဆက္သြယ္လာရင္လည္း စိ္တ္မပါသလုိ ဟန္ေဆာင္ပါ

သူက ဆက္သြယ္လာရင္ စကားေျပာရတာ စိတ္မပါသလုိလုိ၊ စာျပန္ရတာ ညည္းေငြ႕သလုိလုိ လုပ္ပါ။ လူဆုိတာ အနည္းဆုံးေတာ့ ရန္သူပဲျဖစ္ျဖစ္ ကိုယ့္ကို ဂ႐ုစုိက္တာမ်ိဳးမွ ပုိသေဘာက်ၾကတယ္ေလ။ ဒီေတာ့ ကိုယ္ေတြက ရန္သူ အဆင့္မဟုတ္ေသးေတာ့ ဒီဆႏၵဟာ ပုိကဲေနပါလိမ့္မယ္။ ဂ႐ုမစို္က္ပါနဲ႔။

(၃) တစ္လတန္သည္ ႏွစ္လတန္သည္ ခရီးထြက္ပါ

သူရွိေနတဲ့ ၿမိဳ႕ကေန တစ္လတန္သည္ ႏွစ္လတန္သည္ ခရီးထြက္ပါ။ သူ႕စိတ္ထဲမွာ ငါရွိတဲ့ ၿမိဳ႕ေတာင္ မေနခ်င္ေတာ့တဲ့ သေဘာလားဆုိၿပီး၊ ႀကိတ္ေဆြးေနပါလိမ့္မယ္။ ျဖစ္ႏုိင္ရင္ ကုမၼဏီခရီးစဥ္လုိ လူအုပ္ႀကီးနဲ႔ သြားရတာမ်ိဳးက ပုိၿပီး သူ႕ကုိ ခံစားရေစပါလိမ့္မယ္။ သူ အသစ္ကေလးမ်ား ေတြ႕သြားေလမလားလုိ႔ စိတ္ေတြ ကေယာက္ကယက္ ျဖစ္ေနပါလိမ့္မယ္။သူ႕စိတ္ထဲမွာ သင့္ကုိသာ စိတ္မပ်က္ေသးဘူးဆုိရင္ေပါ့ေလ။

(၄) ျပန္ခ်ဥ္းကပ္ဖုိ႔ မစဥ္းစားနဲ႔

ကုိယ့္ဘက္ကေတာ့ ျပန္ခ်ဥ္းကပ္ဖုိ႔ မစဥ္းစားေလနဲ႔။ သူ႕ရဲ႕ စိတ္ခံစားခ်က္ မ႐ူိးမရြျဖစ္လာေလ သူကုိယ္တုိင္ သင့္ကို အငမ္းမရ ဆက္သြယ္ခ်င္ေလ ျဖစ္ပါလိမ့္မယ္။ ဒီလုိမွ သူ႕ဘက္က မခံစားရဘူးဆုိရင္လည္း သင္ သူ႕ကုိ စြန္႔လႊတ္လုိက္ရ
တာ တန္တယ္လုိ႔ မွတ္လုိက္ပါ။ ေနာက္တစ္ေယာက္ေပါ့။

(၅) သူနဲ႔နီးစပ္သူေတြဆုိရင္ သူ႔ကုိ ရစရာမရွိေအာင္ အျပစ္ေျပာပါ

သူ႕ကို စိတ္ထိခုိက္ေစမယ့္ စကားေတြနဲ႔ ပုိပုိသာသာေလး ေျပာေပးလုိက္ပါ။ ” ကၽြန္ေတာ္ကလည္း တကယ္မခ်စ္ပဲ တြဲခဲ့မိတာဆုိေတာ့ သူ႕ကုိ တန္ဖုိးထားရေကာင္းမွန္း မသိဘူးဗ် … သူက ဒီၾကားထဲ နည္းနည္း ႐ႈပ္ခ်င္ေပြခ်င္တယ္ … ေနာက္ဘဲကုိေတာ့ သနားပါတယ္ … အေတာ္ဒုကၡေရာက္မွာ “ဆုိၿပီး သူ႕ကုိ ပညာသားပါပါနဲ႔ ဆက္ဆက္ခါနာေအာင္ ေျပာလုိက္ပါ။ သူ သင့္ကုိ အဆုံး႐ႈံးမခံႏုိင္ေတာ့တဲ့အထိ ျဖစ္လာရင္ ျပန္လက္ခံသင့္ မခံသင့္ကေတာ့ သင့္ဆုံးျဖတ္ခ်က္ပါဘဲ။ သူေတာင္ ကိုယ့္ကို ထားသြားေသးတာပဲေလ။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတိုင်း အတ္တတွေကိုယ်စီနဲ့ မိမိသဘောအတိုင်း လောကကြီးမှာ ရပ်တည်နေကြတာပါ။ တကယ်တော့ တစ်စုံတစ်ယောက်
ကို ချစ်တယ်ဆိုတာကလည်း သူ့ရဲ့အပြောအဆို၊ အလှအပ၊ အခရာတာတာ အမူယာလေးတွေက ကိုယ့်ကို ပျော်ရွှင်တဲ့
စိတ်ပေးနေလို့၊ ဒါလေးတွေဟာ ကိုယ့်ကို ပျော်စရာဖြစ်စေလို့ ချစ်ခင်လိုမှု ပိုင်ဆိုင်လိုမှုဆိုတာ ဖြစ်လာတာပါဘဲ။ ဒါပေမယ့် ဒီအချက်တွေက ကင်းကွာသွားရင်တော့ ကိုယ့်ရဲ့ အတ္တတွေ အလိုတွေ ပြည့်တော့မှာ မဟုတ်ပါဘူး။ အဲဒီမှာ ဆက်ပြီး မခံစားနေပါနဲ့တော့ .. သူ့ကို အချစ်အကြောင်း ကောင်းကောင်းကြီး ပြန်သင်ပြလိုက်ပါ။ နည်းလမ်းလေးတွေကို မျှဝေထား ပါတယ်။
(၁) အဆက်အဆံ မလုပ်နဲ့တော့

ရည်းစားဟောင်းဆိုတာ နောက်ထပ် ဆက်ပြီး ပတ်သက်စရာမလိုတော့တဲ့ လူတစ်ယောက်အဖြစ် ခေါင်းထဲကို ထည့်လိုက်ပါ။ သူ့ကို အဆက်အသွယ် မလုပ်ပါနဲ့။ သူ့စိတ်ထဲမှာ သင်ဟာ လွတ်သွားတဲ့ ငါးကြီးဆိုရင် သူ့ဘာသာ ပြန်ကပ်
မှာပါ။ ပြန်မကပ်ရင်လည်း ပိုနေမြဲ ကျားနေမြဲပါဘဲ။

(၂) ဆက်သွယ်လာရင်လည်း စိတ်မပါသလို ဟန်ဆောင်ပါ

သူက ဆက်သွယ်လာရင် စကားပြောရတာ စိတ်မပါသလိုလို၊ စာပြန်ရတာ ညည်းငွေ့သလိုလို လုပ်ပါ။ လူဆိုတာ အနည်းဆုံးတော့ ရန်သူပဲဖြစ်ဖြစ် ကိုယ့်ကို ဂရုစိုက်တာမျိုးမှ ပိုသဘောကျကြတယ်လေ။ ဒီတော့ ကိုယ်တွေက ရန်သူ အဆင့်မဟုတ်သေးတော့ ဒီဆန္ဒဟာ ပိုကဲနေပါလိမ့်မယ်။ ဂရုမစိုက်ပါနဲ့။

(၃) တစ်လတန်သည် နှစ်လတန်သည် ခရီးထွက်ပါ

သူရှိနေတဲ့ မြို့ကနေ တစ်လတန်သည် နှစ်လတန်သည် ခရီးထွက်ပါ။ သူ့စိတ်ထဲမှာ ငါရှိတဲ့ မြို့တောင် မနေချင်တော့တဲ့ သဘောလားဆိုပြီး၊ ကြိတ်ဆွေးနေပါလိမ့်မယ်။ ဖြစ်နိုင်ရင် ကုမ္မဏီခရီးစဉ်လို လူအုပ်ကြီးနဲ့ သွားရတာမျိုးက ပိုပြီး သူ့ကို ခံစားရစေပါလိမ့်မယ်။ သူ အသစ်ကလေးများ တွေ့သွားလေမလားလို့ စိတ်တွေ ကယောက်ကယက် ဖြစ်နေပါလိမ့်မယ်။သူ့စိတ်ထဲမှာ သင့်ကိုသာ စိတ်မပျက်သေးဘူးဆိုရင်ပေါ့လေ။

(၄) ပြန်ချဉ်းကပ်ဖို့ မစဉ်းစားနဲ့

ကိုယ့်ဘက်ကတော့ ပြန်ချဉ်းကပ်ဖို့ မစဉ်းစားလေနဲ့။ သူ့ရဲ့ စိတ်ခံစားချက် မရိူးမရွဖြစ်လာလေ သူကိုယ်တိုင် သင့်ကို အငမ်းမရ ဆက်သွယ်ချင်လေ ဖြစ်ပါလိမ့်မယ်။ ဒီလိုမှ သူ့ဘက်က မခံစားရဘူးဆိုရင်လည်း သင် သူ့ကို စွန့်လွှတ်လိုက်ရ
တာ တန်တယ်လို့ မှတ်လိုက်ပါ။ နောက်တစ်ယောက်ပေါ့။

(၅) သူနဲ့နီးစပ်သူတွေဆိုရင် သူ့ကို ရစရာမရှိအောင် အပြစ်ပြောပါ

သူ့ကို စိတ်ထိခိုက်စေမယ့် စကားတွေနဲ့ ပိုပိုသာသာလေး ပြောပေးလိုက်ပါ။ ” ကျွန်တော်ကလည်း တကယ်မချစ်ပဲ တွဲခဲ့မိတာဆိုတော့ သူ့ကို တန်ဖိုးထားရကောင်းမှန်း မသိဘူးဗျ … သူက ဒီကြားထဲ နည်းနည်း ရှုပ်ချင်ပွေချင်တယ် … နောက်ဘဲကိုတော့ သနားပါတယ် … အတော်ဒုက္ခရောက်မှာ “ဆိုပြီး သူ့ကို ပညာသားပါပါနဲ့ ဆက်ဆက်ခါနာအောင် ပြောလိုက်ပါ။ သူ သင့်ကို အဆုံးရှုံးမခံနိုင်တော့တဲ့အထိ ဖြစ်လာရင် ပြန်လက်ခံသင့် မခံသင့်ကတော့ သင့်ဆုံးဖြတ်ချက်ပါဘဲ။ သူတောင် ကိုယ့်ကို ထားသွားသေးတာပဲလေ။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top