iMyanmarHouse.com - Best Property Website for Myanmar
×

စမတ္ဖုန္းေတြနဲ႔ ရာသီဥတုက အိပ္စက္ခ်ိန္ကို အေတာ္ေလး အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ညဘက္ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ေတာ့ မနက္ဆုိလည္း အိပ္ရာကမထခ်င္ အလုပ္ေနာက္က်၊ ေက်ာင္းေနာက္က်ရတာမ်ိဳးလည္း ၾကံဳရျပန္ေရာေလ။ အိပ္ရာက ေစာေစာစီးစီးထေလ့မ႐ွိသူေတြ အေနနဲ႔ မနက္ေစာေစာ အိပ္ရာထရတာဟာ အေတာ္မလြယ္တဲ့ကိစၥႀကီးပါ။ ႏိုးၿပီးရင္ ျပန္အိပ္ေပ်ာ္သြားတတ္တာကိုး။ မနက္ေစာေစာ အိပ္ရာထဖုိ႔ လိုအပ္လာၿပီဆုိရင္ေတာ့ ဒီအခ်က္ေတြက အကူအညီျဖစ္ေစပါလိမ့္မယ္။

၁။ စိတ္လႈပ္႐ွားမႈ

အိပ္ရာက ႏုိးတာနဲ႔ ကိုယ္ဘာလုပ္ရမယ္၊ ဘယ္သူနဲ႔ေတြ႔ရမယ္ဆုိတာကို ေတြးၾကည့္ပါ။ ဒါဆုိရင္ ျပန္အိပ္ခ်င္စိတ္က ေပ်ာက္သြားပါလိမ့္မယ္။ ကိုယ့္စိတ္ကို လႈပ္ရွားေစမယ့္အရာ တစ္ခုခုကို ေတြးေတာၾကည့္လိုက္ရင္ အိပ္ခ်င္စိတ္ဆုိတာ ဘယ္ေရာက္သြားမွန္းကို မသိေတာ့ဘူး။

၂။ အလင္းေရာင္

ေတာက္ပတဲ့ အလင္းေရာင္က သင့္ကို သဘာဝအတုိင္း အလိုလိုႏုိးထလာေစပါတယ္။ မ်က္ႏွာကို ေနထိုးရင္လည္း ႏိုးလာပါလိမ့္မယ္။ အခန္းမ်က္ႏွာၾကက္ သို႔မဟုတ္ ကိုယ့္မ်က္ႏွာ အလင္းက်ေရာက္မယ့္ ေနရာမွာ မီးသီး၊ မီးေခ်ာင္းေတြကို တပ္ဆင္ထားပါ။ အလင္းေရာင္က မ်က္ႏွာေပၚကို ထိုးလာတဲ့အခါ တစ္နာရီမွႏွစ္နာရီအတြင္း အလိုလိုႏုိးလာပါတယ္။

၃။ ႏႈိးစက္

ကိုယ္ေတြ႔ အေနနဲ႔ ေျပာရရင္ေတာ့ နာရီႏႈိးစက္ကို အိပ္ရာနဲ႔ နီးနီးမွာ မထားတာ အေကာင္းဆံုး။ ဖုန္းဆုိရင္လည္း ကိုယ္နဲ႔လက္လွမ္းမမီတဲ့ေနရာမွာ ထားထားပါ။ မဟုတ္ရင္ ႏႈိးစက္ပိတ္ၿပီး ျပန္အိပ္ေပ်ာ္သြားႏိုင္တယ္။ လက္နဲ႔မမီတဲ့ေနရာမွာထားေတာ့ ႏႈိးစက္ပိတ္ဖို႔ ဘယ္လိုျဖစ္ျဖစ္ အိပ္ရာက ထရၿပီေလ။

၄။ တစ္ေယာက္ေယာက္ကိုမွာထား

အေမ့ကိုမွာထားလို႔ကေတာ့ ေနာက္မက်တဲ့အျပင္ ေစာေတာင္ေစာေနဦးမယ္။ မနက္ ၆ နာရီႏႈိးပါဆုိ မနက္ ၅ နာရီတည္းက ႏႈိးလိမ့္မယ္။ ဒါမွမဟုတ္လည္း ေစာေစာ အိပ္ရာထတတ္တဲ့လူကို ကိုယ့္ကိုႏႈိးေပးဖုိ႔ အကူအညီေတာင္းထားပါ။

၅။ အိပ္ေရးဝဝအိပ္

မနက္ ေစာေစာထရမယ္ဆုိ ညဘက္ေစာေစာအိပ္ထားပါ။ အိပ္ေရးမဝဘဲနဲ႔ ေစာေစာထဖုိ႔ဆုိတာ လြယ္ကူတဲ့အရာမဟုတ္ဘူးေလ။ ကိုယ့္အတြက္ လိုအပ္တဲ့အိပ္ခ်ိန္ပမာဏကို ကိုယ္တုိင္အသိဆံုးျဖစ္ပါလိမ့္မယ္။ ၇ နာရီအိပ္မွ အိပ္ေရးဝမယ္၊ မနက္ ၆ နာရီ ထရမယ္ဆုိ ည ၁၁ နာရီတည္းက အိပ္ေပ်ာ္ေအာင္ႀကိဳးစားထားတာ အေကာင္းဆံံုးပါပဲ။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
စမတ်ဖုန်းတွေနဲ့ ရာသီဥတုက အိပ်စက်ချိန်ကို အတော်လေး အနှောင့်အယှက်ဖြစ်စေပါတယ်။ ညဘက် တော်တော်နဲ့ အိပ်မပျော်တော့ မနက်ဆိုလည်း အိပ်ရာကမထချင် အလုပ်နောက်ကျ၊ ကျောင်းနောက်ကျရတာမျိုးလည်း ကြုံရပြန်ရောလေ။ အိပ်ရာက စောစောစီးစီးထလေ့မရှိသူတွေ အနေနဲ့ မနက်စောစော အိပ်ရာထရတာဟာ အတော်မလွယ်တဲ့ကိစ္စကြီးပါ။ နိုးပြီးရင် ပြန်အိပ်ပျော်သွားတတ်တာကိုး။ မနက်စောစော အိပ်ရာထဖို့ လိုအပ်လာပြီဆိုရင်တော့ ဒီအချက်တွေက အကူအညီဖြစ်စေပါလိမ့်မယ်။

၁။ စိတ်လှုပ်ရှားမှု

အိပ်ရာက နိုးတာနဲ့ ကိုယ်ဘာလုပ်ရမယ်၊ ဘယ်သူနဲ့တွေ့ရမယ်ဆိုတာကို တွေးကြည့်ပါ။ ဒါဆိုရင် ပြန်အိပ်ချင်စိတ်က ပျောက်သွားပါလိမ့်မယ်။ ကိုယ့်စိတ်ကို လှုပ်ရှားစေမယ့်အရာ တစ်ခုခုကို တွေးတောကြည့်လိုက်ရင် အိပ်ချင်စိတ်ဆိုတာ ဘယ်ရောက်သွားမှန်းကို မသိတော့ဘူး။

၂။ အလင်းရောင်

တောက်ပတဲ့ အလင်းရောင်က သင့်ကို သဘာဝအတိုင်း အလိုလိုနိုးထလာစေပါတယ်။ မျက်နှာကို နေထိုးရင်လည်း နိုးလာပါလိမ့်မယ်။ အခန်းမျက်နှာကြက် သို့မဟုတ် ကိုယ့်မျက်နှာ အလင်းကျရောက်မယ့် နေရာမှာ မီးသီး၊ မီးချောင်းတွေကို တပ်ဆင်ထားပါ။ အလင်းရောင်က မျက်နှာပေါ်ကို ထိုးလာတဲ့အခါ တစ်နာရီမှနှစ်နာရီအတွင်း အလိုလိုနိုးလာပါတယ်။

၃။ နှိုးစက်

ကိုယ်တွေ့ အနေနဲ့ ပြောရရင်တော့ နာရီနှိုးစက်ကို အိပ်ရာနဲ့ နီးနီးမှာ မထားတာ အကောင်းဆုံး။ ဖုန်းဆိုရင်လည်း ကိုယ်နဲ့လက်လှမ်းမမီတဲ့နေရာမှာ ထားထားပါ။ မဟုတ်ရင် နှိုးစက်ပိတ်ပြီး ပြန်အိပ်ပျော်သွားနိုင်တယ်။ လက်နဲ့မမီတဲ့နေရာမှာထားတော့ နှိုးစက်ပိတ်ဖို့ ဘယ်လိုဖြစ်ဖြစ် အိပ်ရာက ထရပြီလေ။

၄။ တစ်ယောက်ယောက်ကိုမှာထား

အမေ့ကိုမှာထားလို့ကတော့ နောက်မကျတဲ့အပြင် စောတောင်စောနေဦးမယ်။ မနက် ၆ နာရီနှိုးပါဆို မနက် ၅ နာရီတည်းက နှိုးလိမ့်မယ်။ ဒါမှမဟုတ်လည်း စောစော အိပ်ရာထတတ်တဲ့လူကို ကိုယ့်ကိုနှိုးပေးဖို့ အကူအညီတောင်းထားပါ။

၅။ အိပ်ရေးဝဝအိပ်

မနက် စောစောထရမယ်ဆို ညဘက်စောစောအိပ်ထားပါ။ အိပ်ရေးမဝဘဲနဲ့ စောစောထဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူးလေ။ ကိုယ့်အတွက် လိုအပ်တဲ့အိပ်ချိန်ပမာဏကို ကိုယ်တိုင်အသိဆုံးဖြစ်ပါလိမ့်မယ်။ ၇ နာရီအိပ်မှ အိပ်ရေးဝမယ်၊ မနက် ၆ နာရီ ထရမယ်ဆို ည ၁၁ နာရီတည်းက အိပ်ပျော်အောင်ကြိုးစားထားတာ အကောင်းဆံုံးပါပဲ။


Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top