iMyanmarHouse.com - Best Property Website for Myanmar
×

အေၾကာျပတ္ျခင္းဟာ ေရာဂါမဟုတ္ေပမယ့္ က်န္းမာေရး ျပႆနာလို႔ ေျပာရပါမယ္။ အေၾကာျပတ္ျခင္းဟာ ဗိုက္၊ ရင္သား၊ တင္ပါးနဲ႔ ေပါင္ စတဲ့ ေနရာေတြမွာ ျဖစ္တတ္ပါတယ္။
ကိုယ္၀န္ေဆာင္ေတြမွာ ျဖစ္တာ အမ်ားဆံုးပါ။ ကိုယ္၀န္ရင့္လာခ်ိန္မွာ ျဖစ္တတ္ၾကပါတယ္။
အျခား ျဖစ္ေစတဲ့ အေၾကာင္းအရာေတြကေတာ့ ရုတ္တရက္ ၀လာတာ၊ ပိန္သြားတာ၊ ေဆးေတြ ၾကာၾကာလိမ္းတာ၊ ဆီးခ်ိဳေရာဂါ
ေၾကာင့္ ျဖစ္တာ၊ ကိုယ္ခႏၶာ အခ်ိဳးအစား ေျပာင္းလာခ်ိန္ေတြမွာ ျဖစ္တတ္ၾကပါတယ္။ Collagen (ကိုလာဂ်င္) ေတြ ပံုမွန္မဟုတ္ ျဖစ္လာလို႔၊ အေရျပားရဲ႕ အလည္ထပ္ Dermis မွာ သြားျဖစ္ပါတယ္။ Glucocorticoid ေဟာ္မုန္းနဲ႔ ဆိုင္ပါေသးတယ္။
(Dr တင့္ေဆြ ေဆာင္းပါးမွ ေကာက္ႏုတ္ခ်က္)
အေၾကာျပတ္ျခင္းဟာ အေရျပားေပၚမွာ ျဖစ္တတ္တဲ့ အမာရြတ္နဲ႔ သေဘာတရားျခင္း ဆင္ပါတယ္။ ေပ်ာက္ကင္းေအာင္ ကုသဖို႔ အခ်ိန္ယူရပါမယ္။ လြယ္လြယ္ကူကူနဲ႔ ေလွ်ာ့ခ်ခ်င္တယ္ဆိုရင္ေတာ့ အိမ္တြင္းနည္းေလးတစ္ခုကို ေျပာျပပါမယ္။
apple vinegar
လိုအပ္တဲ့ ပစၥည္းေတြကေတာ့
– ပန္းသီးရွာလကာရည္ စားပြဲတင္ဇြန္း ၃ဇြန္း
– ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္ စားပြဲတင္ဇြန္း ၄ဇြန္း
ျပင္ဆင္ပံု
ပန္းသီးရွာလကာရည္နဲ႔ ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္ကို ေရာလိုက္ပါ။
tomato juice
ေသာက္သံုးပံု
တစ္ေန႔ကို တစ္ခြက္ေသာက္ေပးပါ။ အနည္းငယ္ ၂လေလာက္ထိေတာ့ ေသာက္ရပါမယ္။
ကိုယ္၀န္ေဆာင္ေတြကေတာ့ မေသာက္ပါနဲ႔။ အျခားနည္းလမ္းကေတာ့ Dr တင့္ေဆြရဲ႕ အႀကံဥာဏ္ပါ။ ေရနဲ႔ အာဟာရဓါတ္ျပည့္၀ေနတဲ့ အေရျပားဆိုရင္ အေၾကာျပတ္တာဟာ အျဖစ္နည္းတယ္။ ေရေသာက္ မနည္းေစနဲ႔။ မွ်တတဲ့ အစားအစာစားပါ။ အသား-ငါး၊ အသီးအရြက္-အသီးအႏွံ၊ ပဲေတြ စံုေအာင္စားရတာမ်ိဳးေျပာတာပါ။ လႈတ္ရွား ရံုးကန္ႏိုင္ဘို႔ Energy အား ျဖစ္ေစတဲ့အစာ၊ ၾကီးထြားဘို႔၊ ပ်က္တာေတြျပဳျပင္ဘို႔ Protein (ပရိုတင္း)၊ နည္းနည္းစီနဲ႔ ေန႔တိုင္း မပါမျဖစ္တာေတြက ဆီ၊ ဗီတာမင္ေတြနဲ႔ ဓါတ္ဆားေတြျဖစ္တယ္။
ဗီတာမင္ A နဲ႔ E ကို ေသာက္သင့္တယ္။ သူနည္းေနရင္ ေျပာ့ဖတ္ဖတ္ ျဖစ္ေနတာမို႔ (ပိုတက္ဆီယံ) ပါ ျဖည့္ေပးဘို႔ လိုတယ္။ အေၾကာျပတ္ျပီးသူေတြအတြက္ပါ ေကာင္းပါတယ္။

Credit: myfoodmyanmar.com
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 အကြောပြတ်ခြင်းဟာ ရောဂါမဟုတ်ပေမယ့် ကျန်းမာရေး ပြဿနာလို့ ပြောရပါမယ်။ အကြောပြတ်ခြင်းဟာ ဗိုက်၊ ရင်သား၊ တင်ပါးနဲ့ ပေါင် စတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တာ အများဆုံးပါ။ ကိုယ်ဝန်ရင့်လာချိန်မှာ ဖြစ်တတ်ကြပါတယ်။
အခြား ဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ ရုတ်တရက် ဝလာတာ၊ ပိန်သွားတာ၊ ဆေးတွေ ကြာကြာလိမ်းတာ၊ ဆီးချိုရောဂါ
ကြောင့် ဖြစ်တာ၊ ကိုယ်ခန္ဓာ အချိုးအစား ပြောင်းလာချိန်တွေမှာ ဖြစ်တတ်ကြပါတယ်။ Collagen (ကိုလာဂျင်) တွေ ပုံမှန်မဟုတ် ဖြစ်လာလို့၊ အရေပြားရဲ့ အလည်ထပ် Dermis မှာ သွားဖြစ်ပါတယ်။ Glucocorticoid ဟော်မုန်းနဲ့ ဆိုင်ပါသေးတယ်။
(Dr တင့်ဆွေ ဆောင်းပါးမှ ကောက်နုတ်ချက်)

အကြောပြတ်ခြင်းဟာ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ အမာရွတ်နဲ့ သဘောတရားခြင်း ဆင်ပါတယ်။ ပျောက်ကင်းအောင် ကုသဖို့ အချိန်ယူရပါမယ်။ လွယ်လွယ်ကူကူနဲ့ လျှော့ချချင်တယ်ဆိုရင်တော့ အိမ်တွင်းနည်းလေးတစ်ခုကို ပြောပြပါမယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့

– ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၃ဇွန်း
– ခရမ်းချဉ်သီး ဖျော်ရည် စားပွဲတင်ဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ

ပန်းသီးရှာလကာရည်နဲ့ ခရမ်းချဉ်သီး ဖျော်ရည်ကို ရောလိုက်ပါ။

သောက်သုံးပုံ

တစ်နေ့ကို တစ်ခွက်သောက်ပေးပါ။ အနည်းငယ် ၂လလောက်ထိတော့ သောက်ရပါမယ်။

ကိုယ်ဝန်ဆောင်တွေကတော့ မသောက်ပါနဲ့။ အခြားနည်းလမ်းကတော့ Dr တင့်ဆွေရဲ့ အကြံဉာဏ်ပါ။ ရေနဲ့ အာဟာရဓါတ်ပြည့်ဝနေတဲ့ အရေပြားဆိုရင် အကြောပြတ်တာဟာ အဖြစ်နည်းတယ်။ ရေသောက် မနည်းစေနဲ့။ မျှတတဲ့ အစားအစာစားပါ။ အသား-ငါး၊ အသီးအရွက်-အသီးအနှံ၊ ပဲတွေ စုံအောင်စားရတာမျိုးပြောတာပါ။ လှုတ်ရှား ရုံးကန်နိုင်ဘို့ Energy အား ဖြစ်စေတဲ့အစာ၊ ကြီးထွားဘို့၊ ပျက်တာတွေပြုပြင်ဘို့ Protein (ပရိုတင်း)၊ နည်းနည်းစီနဲ့ နေ့တိုင်း မပါမဖြစ်တာတွေက ဆီ၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေဖြစ်တယ်။
ဗီတာမင် A နဲ့ E ကို သောက်သင့်တယ်။ သူနည်းနေရင် ပြော့ဖတ်ဖတ် ဖြစ်နေတာမို့ (ပိုတက်ဆီယံ) ပါ ဖြည့်ပေးဘို့ လိုတယ်။ အကြောပြတ်ပြီးသူတွေအတွက်ပါ ကောင်းပါတယ်။
Credit: myfoodmyanmar.com
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top