iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြကို ဘယ္အခ်ိန္မွာ အေပ်ာ္ဆံုးလဲလုိ႔ ေမးလိုက္ရင္ သူတုိ႔ဟာ သူတုိ႕ရဲ႕ကေလးဘ၀ကိုသာ ျပန္လည္ေျပာဆုိေလ့ရွိၾကပါတယ္။ ကေလးဘ၀ဟာ တာ၀န္ယူစရာေတြ မရွိသလို အပူအပင္လည္း ကင္းတယ္ မဟုတ္လား။ အသက္ႀကီးလာေလေလ ေပ်ာ္ရႊင္စရာေတြ နည္းပါးလာတယ္လို႔ အားလံုးက ထင္တတ္ၾကေပမယ့္ ေလ့လာေတြ႕ရွိခ်က္ေတြ၊ သိပၸံပညာရွင္ေတြရဲ႕ အဆိုအရကေတာ့  လူေတြဟာ အသက္ႀကီးလာေလေလ ပိုမို ေပ်ာ္ရႊင္စြာ ေနတတ္လာၾကေလေလ ပါပဲတဲ့။

ဒါဆို ဘယ္အသက္အရြယ္ဟာ အေပ်ာ္ရႊင္ရဆံုး ျဖစ္လိမ့္မလဲ။ Happify က ေဖာ္ျပခ်က္အရ လူေတြဟာ အသက္ ၁၈ႏွစ္မွာ ေပ်ာ္ရႊင္လာတတ္ၾကပါတယ္။ အဲ့ဒီေနာက္ အသက္ ၃၅ႏွစ္ေလာက္ က်ျပန္ေတာ့ ေပ်ာ္ရႊင္သလိုလို၊ မေပ်ာ္ရႊင္သလိုလို ခံစားလာရျပန္ေရာ။ ေနာက္တစ္ခါ ေပ်ာ္ရႊင္မႈေတြ ျပန္လည္ ခံစားရတဲ့အရြယ္ဟာ အသက္ ၆၀ျပည့္ခါနီး အခ်ိန္ေတြပဲလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ အဲ့ဒီေနာက္ပိုင္းမွာလည္း သင့္ေပ်ာ္ရႊင္မႈဟာ ျပန္လည္ ေလ်ာ့က်သြားမွာ မဟုတ္ပါဘူး။ ဒီေပ်ာ္ရႊင္မႈဟာ အသက္ ၈၅ႏွစ္ မတုိင္ခင္ထိ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါဟာ သတင္းေကာင္းလို႔ ဆုိရပါလိမ့္မယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သင္ဟာ အသက္ ၇၅ႏွစ္တုိင္ အသက္ရွည္မယ္ဆိုရင္ေတာင္ အဲ့ဒီအခ်ိန္ထိ ေပ်ာ္ရႊင္မႈေတြ ပိုင္ဆုိင္ႏိုင္ဦးမွာ မို႔လို႔ပါ။

ဒီအခ်က္အလက္၊ ေလ့လာေတြ႕ရွိခ်က္ေတြဟာ အျခား အိမ္ေထာင္ေရးနဲ႔သက္ဆုိင္တဲ့ အခ်က္အလက္ေတြနဲ႔လည္း ပတ္သက္ဆက္ႏြယ္ေနပါတယ္။ အသက္ ၅၅ေက်ာ္လာတဲ့ အိမ္ေထာင္ရွင္ေတြဟာ သူတုိ႔ မိသားစု၊ က်န္းမာေရး စတာေတြနဲ႔ ပတ္သက္ၿပီး ေက်နပ္မႈေတြရွိလာတယ္လို႔ ဆုိထားတာေၾကာင့္ပါ။ တကယ္လုိ႔သာ သင္ဟာ ေပ်ာ္ေပ်ာ္ေနတတ္သူ၊ မပူမပင္ေနတတ္သူဆုိရင္ လူမႈကူညီေရးအလုပ္ေတြ လုပ္သြားမယ္၊ ခရီးေတြသြားမယ္၊ လူငယ္ေတြအတြက္ အက်ိဳးရွိမယ့္ အရာေတြကို ျပဳလုပ္ေဆာင္ရြက္သြားမယ္ စတာေတြကိုလည္း လုပ္ေဆာင္ႏိုင္ဦးမွာပါ။

ဒါ့ေၾကာင့္ဘ၀ရဲ႕အႏွစ္သာရေတြကို ရရွိခံစားႏိုင္ေအာင္ ႀကိဳးစားျပီး ေပ်ာ္ေပ်ာ္ေနရင္း ျဖတ္သန္းဖုိ႔ ႀကိဳးစားပါ။ ဒီအတုိင္းသာ တကယ္မွန္တယ္ဆုိရင္ လူငယ္ဘ၀၊ လူလတ္နဲ႔ လူႀကီးပိုင္း ျဖစ္လာရင္ေတာင္ သင္ဟာ ေပ်ာ္ရႊင္ေနရဦးမွာ အေသအခ်ာပါပဲ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတွေကို ဘယ်အချိန်မှာ အပျော်ဆုံးလဲလို့ မေးလိုက်ရင် သူတို့ဟာ သူတို့ရဲ့ကလေးဘဝကိုသာ ပြန်လည်ပြောဆိုလေ့ရှိကြပါတယ်။ ကလေးဘဝဟာ တာဝန်ယူစရာတွေ မရှိသလို အပူအပင်လည်း ကင်းတယ် မဟုတ်လား။ အသက်ကြီးလာလေလေ ပျော်ရွှင်စရာတွေ နည်းပါးလာတယ်လို့ အားလုံးက ထင်တတ်ကြပေမယ့် လေ့လာတွေ့ရှိချက်တွေ၊ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရကတော့  လူတွေဟာ အသက်ကြီးလာလေလေ ပိုမို ပျော်ရွှင်စွာ နေတတ်လာကြလေလေ ပါပဲတဲ့။

ဒါဆို ဘယ်အသက်အရွယ်ဟာ အပျော်ရွှင်ရဆုံး ဖြစ်လိမ့်မလဲ။ Happify က ဖော်ပြချက်အရ လူတွေဟာ အသက် ၁၈နှစ်မှာ ပျော်ရွှင်လာတတ်ကြပါတယ်။ အဲ့ဒီနောက် အသက် ၃၅နှစ်လောက် ကျပြန်တော့ ပျော်ရွှင်သလိုလို၊ မပျော်ရွှင်သလိုလို ခံစားလာရပြန်ရော။ နောက်တစ်ခါ ပျော်ရွှင်မှုတွေ ပြန်လည် ခံစားရတဲ့အရွယ်ဟာ အသက် ၆၀ပြည့်ခါနီး အချိန်တွေပဲလို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာလည်း သင့်ပျော်ရွှင်မှုဟာ ပြန်လည် လျော့ကျသွားမှာ မဟုတ်ပါဘူး။ ဒီပျော်ရွှင်မှုဟာ အသက် ၈၅နှစ် မတိုင်ခင်ထိ ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ သတင်းကောင်းလို့ ဆိုရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ အသက် ၇၅နှစ်တိုင် အသက်ရှည်မယ်ဆိုရင်တောင် အဲ့ဒီအချိန်ထိ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ဦးမှာ မို့လို့ပါ။

ဒီအချက်အလက်၊ လေ့လာတွေ့ရှိချက်တွေဟာ အခြား အိမ်ထောင်ရေးနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေနဲ့လည်း ပတ်သက်ဆက်နွယ်နေပါတယ်။ အသက် ၅၅ကျော်လာတဲ့ အိမ်ထောင်ရှင်တွေဟာ သူတို့ မိသားစု၊ ကျန်းမာရေး စတာတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှုတွေရှိလာတယ်လို့ ဆိုထားတာကြောင့်ပါ။ တကယ်လို့သာ သင်ဟာ ပျော်ပျော်နေတတ်သူ၊ မပူမပင်နေတတ်သူဆိုရင် လူမှုကူညီရေးအလုပ်တွေ လုပ်သွားမယ်၊ ခရီးတွေသွားမယ်၊ လူငယ်တွေအတွက် အကျိုးရှိမယ့် အရာတွေကို ပြုလုပ်ဆောင်ရွက်သွားမယ် စတာတွေကိုလည်း လုပ်ဆောင်နိုင်ဦးမှာပါ။

ဒါ့ကြောင့်ဘဝရဲ့အနှစ်သာရတွေကို ရရှိခံစားနိုင်အောင် ကြိုးစားပြီး ပျော်ပျော်နေရင်း ဖြတ်သန်းဖို့ ကြိုးစားပါ။ ဒီအတိုင်းသာ တကယ်မှန်တယ်ဆိုရင် လူငယ်ဘဝ၊ လူလတ်နဲ့ လူကြီးပိုင်း ဖြစ်လာရင်တောင် သင်ဟာ ပျော်ရွှင်နေရဦးမှာ အသေအချာပါပဲ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top