iMyanmarHouse.com - Best Property Website for Myanmar
×


ကိုယ္ေန႔စဥ္၀တ္ဆင္ေနတဲ့ အ၀တ္အစားေတြ အသံုးအေဆာင္ပစၥည္းေတြဟာ က်န္းမာေရးနဲ႔လည္း ဆက္စပ္ေနပါတယ္။

ကိုယ္ေန႔စဥ္ အၿမဲလိုလို ၀တ္ေနတဲ့အရာေတြ က်န္းမာေရးကို ထိခိုက္ေစတယ္ဆိုတာ သိပါသလား။

ေဒါက္ဖိနပ္

ေဒါက္ဖိနပ္ေတြကို အမ်ိဳးသမီးေတြ ေတာ္ေတာ္မ်ားမ်ား ႀကိဳက္ၾကပါတယ္။ ဒါေပမယ့္ ေဒါက္ျမင့္ဖိနပ္ကို စြဲစြဲၿမဲၿမဲစီးတာဟာ ေက်ာရိုး၊ ခါးနဲ႔ ဒူးေတြအေပၚ မလိုအပ္တဲံ ဖိအားေတြျဖစ္ေစၿပီး ေျခသလံုးသားကိုလည္း နာက်င္ေစပါတယ္။ ဒါ့အျပင္ အခန္႔မသင့္ရင္ ေခ်ာ္လဲႏိုင္ပါတယ္။ ေဒါက္ဖိနပ္ကို မစီးရဘူးလို႔ မဆိုလိုပါဘူး။ စီးပါ။ ဒါေပမယ့္လည္း စြဲစြဲၿမဲၿမဲ မစီးသင့္ပါဘူး။

ၾကပ္ထုတ္ေနတဲ့ အတြင္းခံ

အတြင္းခံ ၾကပ္ၾကပ္ကို၀တ္ဆင္တာဟာ က်န္းမာေရးအတြက္မေကာင္းပါဘူး။ သင့္ရဲ့ အဂၤါထဲကို ဘက္တီးရီးယားေတြ ၀င္ေရာက္ေစႏိုင္ပါတယ္။ ညဖက္ဆိုရင္ အတြင္းခံ ခၽြတ္အိပ္တာ အေကာင္းဆံုးပါပဲ။

အဖ်ားေသးေသးခၽြန္ခၽြန္ဖိနပ္

အဖ်ားေသးေသးခၽြန္ခၽြန္ဖိနပ္ေတြဟာ ေျခေခ်ာင္းေလးေတြကို စည္းထားသလိုျဖစ္ၿပီး ေျခေခ်ာင္းေလးေတြၾကားထဲက ၾကြက္သားေတြကို နာက်င္ေစပါတယ္။

ဂ်င္းေဘာင္းဘီၾကပ္ၾကပ္

ဂ်င္းေဘာင္းဘီၾကပ္ၾကပ္ေတြဟာ ဒီကေန႔ေခတ္မွာ အရမ္းကိုေခတ္စားတ့ဲ ေဘာင္းဘီမ်ိဳးျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲလိုေဘာင္းဘီကို မၾကာခဏ၀တ္တာဟာ ေျခေထာက္ကို ထံုေစၿပီး ခါးကိုလည္းၾကပ္ၾကပ္စည္းထားလို႔ ခါးမွာ အရာႀကီးက်န္ခဲ့တာမ်ိဳးျဖစ္ေစပါတယ္။ အခုဆိုရင္ ပိုၿပီးသက္ေသာင့္သက္သာရွိၿပီး က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ ေဘာင္းဘီေတြ အမ်ားအျပားထုတ္လုပ္လာၾကၿပီျဖစ္ပါတယ္။

ေလလံတဲ့ လက္၀တ္လက္စားေတြ

လက္စြတ္၊ စြဲႀကိဳး၊ နားကပ္ စတဲ့ေလးလံတဲ့ လက္၀တ္လက္စာေးတြ ၀တ္စင္တာဟာ က်န္းမာေရးနဲ႔ မညီညႊတ္ပါဘူး။ လည္ပတ္၊ ခါးနဲ႔ ရင္ဘတ္ကို ဖိအားေတြျဖစ္ေစၿပီးေတာ့ လက္စြပ္ႀကီးႀကီးေလးေလးႀကီး၀တ္မယ္ဆိုရင္လည္း လက္ကိုနာက်င္ေစပါတယ္။  လက္၀တ္လ္စားေတြကို ခပ္ေသးေသး၀တ္တာဟာ က်န္းမာေရးနဲ႔ ညီညႊတ္ပါတယ္။

အတြင္းအိက်ၤ ီၾကပ္ၾကပ္

အတြင္းအိက်ၤ ီၾကပ္ၾကပ္ကို အၿမဲတမ္း၀တ္ထားမယ္ဆိုရင္ ခါးနာတာ လည္ပင္းနာတာမ်ိဳးျဖစ္ေစသလို ရင္သားနားမွာလည္း အနာရြတ္ေတြျဖစ္ေစပါတယ္။ ဒါ့အျပင္ ရင္သားကင္ဆာျဖစ္ႏိုင္ေခ်ကိုလည္း ျမင့္တင္ေပးႏိုင္ပါတယ္။ ကိုယ္နဲ႔ မေတာ္တဲ့ ဘရာဇီယာေတြကို ၀တ္ဆင္တာဟာ ပိုၿပီးအႏၱရာယ္မ်ားပါတယ္။

အေရျပားယားယံေစတဲ့အ၀တ္အစား

အ၀တ္အစားသစ္ေတြကို မေလွ်ာ္ဘဲ၀တ္တာ၊ အိက်ီ ၤၾကပ္ၾကပ္ကို ၀တ္တာဟာ အေရျပားယားယံတာမ်ိဳးျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ အ၀တ္အစားေတြကို ၀ယ္ၿပီးရင္ ေလွ်ာ္ဖြတ္ၿပီး၀တ္သင့္ပါတယ္။ တခ်ိဳ႕အိက်ီ ၤၾကပ္ၾကပ္ေတြ တခ်ိဳ႕အ၀တ္အစားေတြဆိုရင္ အေရျပားကိုယားယံေစပါတယ္။ က်န္းမာေရးအတြက္ စဥ္းစားတယ္ဆိရင္ေတာ ခ်ည္သား၊ ပိုးသား၊ ၀ါဂြမ္းနဲ႔လု္ပထားတဲ့အသားေတြကို ၀တ္ဆင္သင့္ပါတယ္။

Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်နေ့စဉ်ဝတ်ဆင်နေတဲ့ အဝတ်အစားတွေ အသုံးအဆောင်ပစ္စည်းတွေဟာ ကျန်းမာရေးနဲ့လည်း ဆက်စပ်နေပါတယ်။

ကိုယ်နေ့စဉ် အမြဲလိုလို ဝတ်နေတဲ့အရာတွေ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိပါသလား။

ဒေါက်ဖိနပ်

ဒေါက်ဖိနပ်တွေကို အမျိုးသမီးတွေ တော်တော်များများ ကြိုက်ကြပါတယ်။ ဒါပေမယ့် ဒေါက်မြင့်ဖိနပ်ကို စွဲစွဲမြဲမြဲစီးတာဟာ ကျောရိုး၊ ခါးနဲ့ ဒူးတွေအပေါ် မလိုအပ်တဲံ ဖိအားတွေဖြစ်စေပြီး ခြေသလုံးသားကိုလည်း နာကျင်စေပါတယ်။ ဒါ့အပြင် အခန့်မသင့်ရင် ချော်လဲနိုင်ပါတယ်။ ဒေါက်ဖိနပ်ကို မစီးရဘူးလို့ မဆိုလိုပါဘူး။ စီးပါ။ ဒါပေမယ့်လည်း စွဲစွဲမြဲမြဲ မစီးသင့်ပါဘူး။

ကြပ်ထုတ်နေတဲ့ အတွင်းခံ

အတွင်းခံ ကြပ်ကြပ်ကိုဝတ်ဆင်တာဟာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ သင့်ရဲ့ အင်္ဂါထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်စေနိုင်ပါတယ်။ ညဖက်ဆိုရင် အတွင်းခံ ချွတ်အိပ်တာ အကောင်းဆုံးပါပဲ။

အဖျားသေးသေးချွန်ချွန်ဖိနပ်

အဖျားသေးသေးချွန်ချွန်ဖိနပ်တွေဟာ ခြေချောင်းလေးတွေကို စည်းထားသလိုဖြစ်ပြီး ခြေချောင်းလေးတွေကြားထဲက ကြွက်သားတွေကို နာကျင်စေပါတယ်။

ဂျင်းဘောင်းဘီကြပ်ကြပ်

ဂျင်းဘောင်းဘီကြပ်ကြပ်တွေဟာ ဒီကနေ့ခေတ်မှာ အရမ်းကိုခေတ်စားတဲ့ ဘောင်းဘီမျိုးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလိုဘောင်းဘီကို မကြာခဏဝတ်တာဟာ ခြေထောက်ကို ထုံစေပြီး ခါးကိုလည်းကြပ်ကြပ်စည်းထားလို့ ခါးမှာ အရာကြီးကျန်ခဲ့တာမျိုးဖြစ်စေပါတယ်။ အခုဆိုရင် ပိုပြီးသက်သောင့်သက်သာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဘောင်းဘီတွေ အများအပြားထုတ်လုပ်လာကြပြီဖြစ်ပါတယ်။

လေလံတဲ့ လက်ဝတ်လက်စားတွေ

လက်စွတ်၊ စွဲကြိုး၊ နားကပ် စတဲ့လေးလံတဲ့ လက်ဝတ်လက်စာေးတွ ဝတ်စင်တာဟာ ကျန်းမာရေးနဲ့ မညီညွှတ်ပါဘူး။ လည်ပတ်၊ ခါးနဲ့ ရင်ဘတ်ကို ဖိအားတွေဖြစ်စေပြီးတော့ လက်စွပ်ကြီးကြီးလေးလေးကြီးဝတ်မယ်ဆိုရင်လည်း လက်ကိုနာကျင်စေပါတယ်။  လက်ဝတ်လ်စားတွေကို ခပ်သေးသေးဝတ်တာဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။

အတွင်းအိကျၤ ီကြပ်ကြပ်

အတွင်းအိကျၤ ီကြပ်ကြပ်ကို အမြဲတမ်းဝတ်ထားမယ်ဆိုရင် ခါးနာတာ လည်ပင်းနာတာမျိုးဖြစ်စေသလို ရင်သားနားမှာလည်း အနာရွတ်တွေဖြစ်စေပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာဖြစ်နိုင်ချေကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။ ကိုယ်နဲ့ မတော်တဲ့ ဘရာဇီယာတွေကို ဝတ်ဆင်တာဟာ ပိုပြီးအန္တရာယ်များပါတယ်။

အရေပြားယားယံစေတဲ့အဝတ်အစား

အဝတ်အစားသစ်တွေကို မလျှော်ဘဲဝတ်တာ၊ အိကျီ ၤကြပ်ကြပ်ကို ဝတ်တာဟာ အရေပြားယားယံတာမျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် အဝတ်အစားတွေကို ဝယ်ပြီးရင် လျှော်ဖွတ်ပြီးဝတ်သင့်ပါတယ်။ တချို့အိကျီ ၤကြပ်ကြပ်တွေ တချို့အဝတ်အစားတွေဆိုရင် အရေပြားကိုယားယံစေပါတယ်။ ကျန်းမာရေးအတွက် စဉ်းစားတယ်ဆိရင်တော ချည်သား၊ ပိုးသား၊ ဝါဂွမ်းနဲ့လု်ပထားတဲ့အသားတွေကို ဝတ်ဆင်သင့်ပါတယ်။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top