iMyanmarHouse.com - Best Property Website for Myanmar
×








၎ - မှတ်ဉာဏ်ဟောင်းတွေကို ဖျက်ပစ်ပါ။


၅ - အလုပ်ကြိုးစားပါ။

Credit:momolay

ပို့သပေးပါတယ်။

#Unicode Version

ရည်းစားနဲ့ ပြတ်သွားတယ်၊ ချစ်သူရဲ့ ထားခဲ့ခြင်းခံရတယ်ဆိုတာ မနှစ်မြို့စရာ ခံစားချက်တွေပါ။ ဒီလိုခံစားချက်တွေ၊ အတွေ့အကြုံတွေ၊ အတွေးတွေထံက ရုန်းထွက်ဖို့ဆိုတာလည်း အင်မတန်ခက်ခဲ့လေ့ ရှိကြပါတယ်။ ဒီတော့ ရည်းစားဟောင်းကို ဘယ်လိုမေ့ပစ်မလဲဆိုတဲ့ အကြောင်းအရာလေးကို ဒီနေ့မှာ ဖော်ပြပေးချင်ပါတယ်။

၁ - ဖြစ်သမျှကို လက်ခံလိုက်ပါ

အမှန်တကယ်တော့ ဒါဟာပြီးဆုံးသွားတဲ့ ကိစ္စတစ်ခုဖြစ်နေပါပြီ။ ငါသာဒီလိုဖြစ်ခဲ့ရင်၊ ဒီလိုသာ လုပ်ပေးခဲ့ရင်၊ ဟိုလိုလေးဖြစ်ရင် နဲ့အတွေးတွေကို ကွန့်မြူးမနေသင့်တော့ပါဘူး။ အတိတ်ဟောင်းတွေကို မတူးဆွပါနဲ့၊ မတွေးပါနဲ့၊ အတတ်နိုင်ဆုံး မေ့ပစ်နိုင်အောင် ကြိုးစားပါ။

၂ - အပြင်ထွက်ပါ၊ တက်တက်ကြွကြွနေပါ။

အိမ်ထဲမှာပဲ လှောင်ပိတ်နေခြင်းက သင့်အတွက် အလွမ်းစိတ်ကိုသာ တိုးပွားစေပါတယ်။ အပြင်ထွက်ပါ၊ လေကောင်းလေသန့်ရှုပါ။ သူငယ်ချင်းများနဲ့ လျှောက်လည်ပစ်ပါ။ မုန့်တွေ့စားရင်း အချိန်တွေကို ပေါ့ပေါ့ပါးပါး ကုန်လွန်စေလိုက်ပါ။ အကောင်းဆုံးက သူဟာကိုယ်နဲ့ မတန်လို့ နေမှာပါလေလို့ စိတ်ကိုသွင်းထားလိုက်ပေါ့။

၃ - သင့်ရဲ့ကောင်းတဲ့ အချက်၊ ရည်းစားဟောင်းရဲ့ မကောင်းတဲ့အချက်တွေကို ချရေးပါ။

မိမိရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို တွေးစသုံးသပ်ခြင်းက မိမိကိုယ်ကို ယုံကြည်မှု ပိုစေပါတယ်။ ဒီနောက်သူ့ရဲ့ မကောင်းတဲ့ အချက်တွေကို တွေးဆစဉ်းစားခြင်းက သူ့ကိုစွန့်လွှတ်နိုင်ဖို့ အဟာရကောင်းတစ်ခုပါပဲ။

၄ - မှတ်ဉာဏ်ဟောင်းတွေကို ဖျက်ပစ်ပါ။

အမှတ်တရပစ္စည်းတွေကို ဖျက်ပစ်ပါ။ အမှတ်တရနေရာတွေကို လုံးဝမသွားပါနဲ့။ ပျော်စရာအကြောင်းအရာတွေကို လုံးဝမတွေးပဲနေပါ။ ဘဝကို တစ်ယောက်တည်းလဲ ရင်ဆိုင်နိုင်တယ်ဆိုတဲ့ အသိရှိပါစေ။

၅ - အလုပ်ကြိုးစားပါ။

ကျောင်းသားဆိုလည်း စာတွေထဲမှာ စိတ်နှစ်ပါ။ အလုပ်ရှိပါကလည်း မိမိလုပ်ငန်းခွင်ထဲမှာသာ စိတ်နှစ်လို့ အလုပ်တွေ ကြိုးစားလိုက်ပါ။ ကံကောင်းရင် ရာထူးတွေ၊ လစာတွေတောင် တက်သွားနိုင်ပါတယ်။

Credit:momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top