iMyanmarHouse.com - Best Property Website for Myanmar
×

 အခုလုိ ပူျပင္းတဲ့ေႏြရာသီမွာေတာ့ ပန္ကာနဲ႔ အိပ္စက္တာက ပိုုၿပီးအိပ္ေပ်ာ္ေစပါတယ္။ ဒါေပမယ့္ ဒီလို အိပ္စက္တာဟာဆုိရင္ေတာ့ ေဘးထြက္ဆိုးက်ိဳးေတြလည္း အမ်ားႀကီးရွိေနပါတယ္။ အိပ္စက္သူရဲ႕ အသက္အရြယ္ေပၚမူတည္ၿပီး ကြဲျပားေသာ က်န္းမာေရးဆိုးက်ိဳးမ်ားကို ျဖစ္ေပၚေစပါတယ္။ တစ္ခ်ိဳ႕က လက္ကပ္ျခင္း၊ ႏွာေစးျခင္း၊ ေက်ာေအာင့္ျခင္း၊ အဆုတ္အေအးမိျခင္း၊ ေခါင္းကိုက္ ျခင္း၊ ဇက္ခိုင္ျခင္း၊ ေျခေထာက္မ်ား ေလးျခင္းစသည္ျဖင့္ ခံစားရတတ္ပါတယ္။ ဒါ့အျပင္ ေအာက္ပါ ဆိုးက်ိဳးေတြလည္း ျဖစ္ေပၚႏုိင္ပါတယ္။

(၁) အိပ္စက္ရာမွာ အေႏွာင့္အယွက္ျဖစ္ေစတယ္ ပန္ကာကေန ထြက္တဲ့အသံေၾကာင့္ အိပ္ခ်ိန္မွာ ေႏွာင့္ယွက္မႈအေသးအမႊားကို ျဖစ္ေစပါတယ္။ ပန္ကာအေသးစားေတြကေတာ့ ေႏွာင့္ယွက္ မႈနည္းေပမယ့္ မ်က္ႏွာက်က္ ပန္ကာမ်ိဳးက ကိုယ့္ရဲ႕ အိပ္ခ်ိန္မွာ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

(၂) ႐ုတ္တရက္ ကေလးေတြေသဆံုးႏိုင္တယ္ က်န္းမာေရးေစာင့္ေရွာက္မႈ ကြပ္ကဲေရးအဖြဲ႕အစည္းတစ္ခုရဲ႕ ရွာေဖြေတြ႕ရွိခ်က္အရေတာ့ ကေလးအိပ္ခန္းမွာ ပန္ကာဖြင့္ထားရင္ ကေလးေတြဟာ ၇၀% အထိကို က်န္းမာေရးထိခိုက္မႈ ျမင့္တက္ေစပါတယ္။ဒီလုိက်န္းမာေရးျပႆနာေတြဟာ ေသဆံုးျခင္းတဲ့အထိ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

(၃)ေျခာက္ေသြ႕တဲ့ေလ ပန္ကာဟာ ေလကို ေျခာက္ေသြ႔ေစႏုိင္တာေၾကာင့္ အိပ္စက္တဲ့သူေတြရဲ႕ ပါးစပ္ေလျပြန္ကုိ ျမန္ျမန္ေျခာက္ေသြ႕ေစႏုိင္ပါတယ္။ ဒီလုိမ်ိဳး ပါးစပ္ေျခာက္ရင္ေတာ့ ေရခဏ ၊ ခဏ ထေသာက္ေနရတာေၾကာင့္ အိပ္ေရးပ်က္ေစမွာျဖစ္ပါတယ္။

(၄)ဦးေခါင္းခြံအတြင္းရွိ ေလလမ္းေၾကာင္းကို အေႏွာင့္အယွက္ေပးႏုိင္ျခင္း ေန႔အခ်ိန္ ပန္ကာမွာ ဖုန္ေတြ ကပ္ေနေလ့ရွိပါတယ္။ ပန္ကာကို ဖြင့္လိုက္တဲ့အခါမွာေတာ့ ဖုန္ကပ္ေနတဲ့ပန္ကာက ေလေတြဟာ အိပ္စက္သူ၏ ဦးေခါင္းခြံတြင္ ႏွာေခါင္းေပါက္ႏွင့္ဆက္သြယ္ထားေသာ ဦးေခါင္းအတြင္းေလလမ္းေၾကာင္းကို ပိတ္ေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ပန္ကာေတြကို ပံုမွန္ေဆးေၾကာေပးသင့္ပါတယ္။

Credit :thithtoolwin
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 အခုလို ပူပြင်းတဲ့နွေရာသီမှာတော့ ပန်ကာနဲ့ အိပ်စက်တာက ပိုုပြီးအိပ်ပျော်စေပါတယ်။ ဒါပေမယ့် ဒီလို အိပ်စက်တာဟာဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေလည်း အများကြီးရှိနေပါတယ်။ အိပ်စက်သူရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ တစ်ချို့က လက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်းစသည်ဖြင့် ခံစားရတတ်ပါတယ်။ ဒါ့အပြင် အောက်ပါ ဆိုးကျိုးတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

(၁) အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်စေတယ် ပန်ကာကနေ ထွက်တဲ့အသံကြောင့် အိပ်ချိန်မှာ နှောင့်ယှက်မှုအသေးအမွှားကို ဖြစ်စေပါတယ်။ ပန်ကာအသေးစားတွေကတော့ နှောင့်ယှက် မှုနည်းပေမယ့် မျက်နှာကျက် ပန်ကာမျိုးက ကိုယ့်ရဲ့ အိပ်ချိန်မှာ အနှောင့်အယှက်ဖြစ်စေပါတယ်။

(၂) ရုတ်တရက် ကလေးတွေသေဆုံးနိုင်တယ် ကျန်းမာရေးစောင့်ရှောက်မှု ကွပ်ကဲရေးအဖွဲ့အစည်းတစ်ခုရဲ့ ရှာဖွေတွေ့ရှိချက်အရတော့ ကလေးအိပ်ခန်းမှာ ပန်ကာဖွင့်ထားရင် ကလေးတွေဟာ ၇၀% အထိကို ကျန်းမာရေးထိခိုက်မှု မြင့်တက်စေပါတယ်။ဒီလိုကျန်းမာရေးပြဿနာတွေဟာ သေဆုံးခြင်းတဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

(၃)ခြောက်သွေ့တဲ့လေ ပန်ကာဟာ လေကို ခြောက်သွေ့စေနိုင်တာကြောင့် အိပ်စက်တဲ့သူတွေရဲ့ ပါးစပ်လေပြွန်ကို မြန်မြန်ခြောက်သွေ့စေနိုင်ပါတယ်။ ဒီလိုမျိုး ပါးစပ်ခြောက်ရင်တော့ ရေခဏ ၊ ခဏ ထသောက်နေရတာကြောင့် အိပ်ရေးပျက်စေမှာဖြစ်ပါတယ်။

(၄)ဦးခေါင်းခွံအတွင်းရှိ လေလမ်းကြောင်းကို အနှောင့်အယှက်ပေးနိုင်ခြင်း နေ့အချိန် ပန်ကာမှာ ဖုန်တွေ ကပ်နေလေ့ရှိပါတယ်။ ပန်ကာကို ဖွင့်လိုက်တဲ့အခါမှာတော့ ဖုန်ကပ်နေတဲ့ပန်ကာက လေတွေဟာ အိပ်စက်သူ၏ ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့်ဆက်သွယ်ထားသော ဦးခေါင်းအတွင်းလေလမ်းကြောင်းကို ပိတ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ပန်ကာတွေကို ပုံမှန်ဆေးကြောပေးသင့်ပါတယ်။

Credit :thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top