iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္တိုင္းအိမ္တိုင္းရဲ႕မီးဖိုေခ်ာင္ထဲမွာ မရွိမျဖစ္ ေနရာယူထားတဲ႔ ခရမ္းခ်ဥ္သီးရဲ႕ ေဆးဘက္ဝင္ပံုကေတာ့ အံ့မခန္းပါပဲ။ ဟင္းပြဲေတြမွာ စြယ္စံုသံုးလို႔ရတဲ႔ ခရမ္းခ်ဥ္သီးဟာ အာဟာရဓာတ္ေတြရဲ႕ အေျခခံျဖစ္သလို ေရာဂါေတာ္ေတာ္မ်ားမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။
(၁) ကင္ဆာေရာဂါကိုကာကြယ္ေပးႏိုင္ျခင္း
ခရမ္းခ်ဥ္သီးမွာ ဗီတာမင္စီနဲ႔ အန္တီေအာက္ဆီဒန္႔ (antioxidant) အမ်ားအျပား ပါဝင္တာေၾကာင့္ ကင္ဆာေရာဂါကို အဓိကျဖစ္ေစတဲ႔ အေၾကာင္းအရင္းေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

(၂) ေသြးေပါင္ခ်ိန္ကိုထိန္းညွိေပးႏိုင္ျခင္း
ခရမ္းခ်ဥ္သီးမွာ ပိုတက္ဆီယမ္ဓာတ္ပမာဏမ်ားစြာပါဝင္တဲ႔အတြက္ အသက္ဆံုးပါးႏိုင္တဲ႔ ေရာဂါျဖစ္ေစတဲ႔ အေၾကာင္းအရင္းေတြကို ၂၀% အထိေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
(၃) ႏွလံုးက်န္းမာေရးေကာင္းမြန္ျခင္း
ပိုတက္ဆီယမ္၊ ဗီတာမင္စီ၊ ကာလိုင္း နဲ႔ အမွ်င္ဓာတ္မ်ားစြာပါဝင္တဲ႔ ခရမ္းခ်ဥ္သီးဟာ ႏွလံုးက်န္္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။ ေဖာလစ္အက္ဆစ္ ပါဝင္တာေၾကာင့္လည္း ႏွလံုးေရာဂါျဖစ္ေစမႈကို ေလွ်ာ့ခ်ေပးပါတယ္။
(၄) ဆီးခ်ိဳေရာဂါကို ထိန္းညွိေပးႏိုင္ျခင္း
ဆီးခ်ိဳေရာဂါ အမ်ိဳးအစားႏွစ္မ်ိဳးရွိတဲ႔အနက္မွ Type 1 Diabete အတြက္ သင့္ေလ်ာ္ျခင္းျဖစ္ပါတယ္။ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္တစ္ခြက္မွာ အမွ်င္ဓာတ္ (၂) ဂရမ္ပါဝင္တာေၾကာင့္ ဂလူးကို႔စ္ ကို ေလ်ာ့နည္းေစျခင္းျဖစ္ပါတယ္။ ( Type 2 Diabete ကေတာ့ အမွ်င္ဓာတ္မ်ားစြာ ပါျခင္းဟာ ဂလူးကို႔စ္ကို တိုးေစပါတယ္။

(၅) မ်က္လံုးအားကာကြယ္ေပးႏိုင္ျခင္း
ခရမ္းခ်ဥ္သီးမွာ လစ္ကိုဖင္း၊ လူတိန္း နဲ႔ ဘီတာကာရိုတင္း ဓာတ္ေတြပါဝင္တာေၾကာင့္ အလင္းေၾကာင့္မ်က္လံုးထိခိုက္ျခင္းဒဏ္မွ ကာကြယ္ေပးႏိုင္ပါတယ္။

(၆) အသားအေရလွပျခင္း
အသားအေရ ဆံပင္ နဲ႔ လက္သည္း နဲ႔ ပတ္သက္တဲ႔ ဆဲလ္ေတြအတြက္ အရွိမျဖစ္လိုအပ္တဲ႔ collagen လို႔ေခၚတဲ႔ ပရိုတင္းဓာတ္တစ္မ်ိဳးဟာ ဗီတာမင္စီပါဝင္မႈအေပၚ မူတည္ေနပါတယ္။ ဗီတာစီဓာတ္မ်ားစြာ ပါဝင္တဲ႔ ခရမ္းခ်ဥ္သီးဟာ အသားအေရတြန္႔ျခင္း၊ အသားအေရ ေလွ်ာ့တိေလွ်ာ့ရဲျဖစ္ျခင္း ႏွင့္ အသားအေရပ်က္ဆီးျခင္းတို႔ကို ကာကြယ္ေပးပါတယ္။

Credit:မိုမိုေလး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိမ်တိုင်းအိမ်တိုင်းရဲ့မီးဖိုချောင်ထဲမှာ မရှိမဖြစ် နေရာယူထားတဲ့ ခရမ်းချဉ်သီးရဲ့ ဆေးဘက်ဝင်ပုံကတော့ အံ့မခန်းပါပဲ။ ဟင်းပွဲတွေမှာ စွယ်စုံသုံးလို့ရတဲ့ ခရမ်းချဉ်သီးဟာ အာဟာရဓာတ်တွေရဲ့ အခြေခံဖြစ်သလို ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။
(၁) ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ခြင်း
ခရမ်းချဉ်သီးမှာ ဗီတာမင်စီနဲ့ အန်တီအောက်ဆီဒန့် (antioxidant) အများအပြား ပါဝင်တာကြောင့် ကင်ဆာရောဂါကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေကို လျှော့ချပေးနိုင်ပါတယ်။

(၂) သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ခြင်း
ခရမ်းချဉ်သီးမှာ ပိုတက်ဆီယမ်ဓာတ်ပမာဏများစွာပါဝင်တဲ့အတွက် အသက်ဆုံးပါးနိုင်တဲ့ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ၂၀% အထိလျှော့ချပေးနိုင်ပါတယ်။
(၃) နှလုံးကျန်းမာရေးကောင်းမွန်ခြင်း
ပိုတက်ဆီယမ်၊ ဗီတာမင်စီ၊ ကာလိုင်း နဲ့ အမျှင်ဓာတ်များစွာပါဝင်တဲ့ ခရမ်းချဉ်သီးဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဖောလစ်အက်ဆစ် ပါဝင်တာကြောင့်လည်း နှလုံးရောဂါဖြစ်စေမှုကို လျှော့ချပေးပါတယ်။
(၄) ဆီးချိုရောဂါကို ထိန်းညှိပေးနိုင်ခြင်း
ဆီးချိုရောဂါ အမျိုးအစားနှစ်မျိုးရှိတဲ့အနက်မှ Type 1 Diabete အတွက် သင့်လျော်ခြင်းဖြစ်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်မှာ အမျှင်ဓာတ် (၂) ဂရမ်ပါဝင်တာကြောင့် ဂလူးကို့စ် ကို လျော့နည်းစေခြင်းဖြစ်ပါတယ်။ ( Type 2 Diabete ကတော့ အမျှင်ဓာတ်များစွာ ပါခြင်းဟာ ဂလူးကို့စ်ကို တိုးစေပါတယ်။

(၅) မျက်လုံးအားကာကွယ်ပေးနိုင်ခြင်း
ခရမ်းချဉ်သီးမှာ လစ်ကိုဖင်း၊ လူတိန်း နဲ့ ဘီတာကာရိုတင်း ဓာတ်တွေပါဝင်တာကြောင့် အလင်းကြောင့်မျက်လုံးထိခိုက်ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။

(၆) အသားအရေလှပခြင်း
အသားအရေ ဆံပင် နဲ့ လက်သည်း နဲ့ ပတ်သက်တဲ့ ဆဲလ်တွေအတွက် အရှိမဖြစ်လိုအပ်တဲ့ collagen လို့ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးဟာ ဗီတာမင်စီပါဝင်မှုအပေါ် မူတည်နေပါတယ်။ ဗီတာစီဓာတ်များစွာ ပါဝင်တဲ့ ခရမ်းချဉ်သီးဟာ အသားအရေတွန့်ခြင်း၊ အသားအရေ လျှော့တိလျှော့ရဲဖြစ်ခြင်း နှင့် အသားအရေပျက်ဆီးခြင်းတို့ကို ကာကွယ်ပေးပါတယ်။

Credit:မိုမိုလေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top