iMyanmarHouse.com - Best Property Website for Myanmar
×



၁။ လီမင်ဟို (Lee Min Ho)
 
၂။ ဂျိုဝန်း (Joo Won)
 
၃။ ဘင်းဇီနို (Beenzino)
 

Credit:duwun

#Unicode Version
  ဒီကိုရီးယာားဆယ်လီ ၃ ဦးဟာ ပရိသတ်ကို ခေတ္တနှုတ်ဆက်ပြီး မေလထဲမှာ စစ်မှုထမ်းဖို့ သွားရတော့မှာ ဖြစ်ပါတယ်။ ရက်အနည်းငယ်အကြာမှာ မေလကိုရောက်တော့မှာပါ။ မကြာခင်မှာပဲ သူတို့ဟာ စစ်မှုထမ်းရင်း သူတို့ရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရပါတော့မယ်။

စစ်မှုထမ်းတယ်ဆိုတာ ဂုဏ်ယူစရာကောင်းတဲ့ကိစ္စဖြစ်ပေမဲ့ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဆယ်လီတွေအတွက်ပေါ့။ သူတို့ရဲ့ နိုင်ငံတာဝန်ကို ထမ်းဆောင်ရင်း သူတို့လိုပဲ နာမည်ကြီးတဲ့ ချစ်သူတွေနဲ့ ဝေးကွာရချိန်မှာ အချစ်ရေးအဆင်ပြေအောင်လည်း ကြိုးပမ်းရမယ်မဟုတ်လား။

၁။ လီမင်ဟို (Lee Min Ho)

လီမင်ဟိုဟာ အခု ဆူဇီနဲ့ ချစ်သူတွေဖြစ်နေကြတယ်လေ။ အခု သူက မေလ ၁၂ ရက်ဆိုရင် စစ်မှုထမ်းရတော့မယ်။ သူက ဆိုးလ်မြို့ ဂန်းနမ်းဒေသမှာ လူမှုဝန်ထမ်းအဖြစ် ထမ်းဆောင်ရမှာပါ။

၂။ ဂျိုဝန်း (Joo Won)

BoA ရဲ့ချစ်သူ ဂျိုဝန်းဟာ မေလ ၁၆ ရက်နေ့မှာ စစ်မှုထမ်းရပါမယ်။ သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်တာမကြာသေးတော့ အခုလို ခွဲရတော့မယ်ဆိုတေတာ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။

၃။ ဘင်းဇီနို (Beenzino)

Rapper ဘင်းဇီနိုဟာ ဂျာမန်မော်ဒယ် စတက်ဖနီမီချိုဗာ (Stefanie Michova) နဲ့ ချစ်သူတွေဖြစ်နေတာပါ။ သူကလည်း မေလ ၂၉ ရက်နေ့မှာ စစ်မှုထမ်းရတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ခွဲရတော့မယ်ဆိုတော့လည်း ပရိသတ်က စိတ်မကောင်းဖြစ်နေကြပါတယ်။


Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top